Mon LayJanuary 3, 20171min902
ခရီးသွားခြင်းရဲ့အကျိုးကျေးဇူးတွေကတော့ အလွန်ပင်များပြားလှပါတယ်။ သင့်ကိုအမြင်ကျယ်လာစေမယ်၊ မတူညီကွဲပြားတဲ့ဓလေ့စရိုက်၊ယဉ်ကျေးမှုတွေကို လေ့လာခွင့်ရမယ် စသည့်ဖြင့်အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။ ခရီးသွားခြင်းကသင့်ကို ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်လာအောင်လည်းပြုလုပ်ပေးနိုင်ပြီး ခရီးသွားခြင်းကသင်ပေးတဲ့အရာများကိုဖော်ပြလိုက်ရပါတယ်။ . (၁) အပေါင်းအသင်းတွေ၊မိတ်ဆွေတွေရဲ့တန်ဖိုးကို သိလာစေပါတယ်။ ————————————————————————– ခရီးသွားပြီးအိမ်နဲ့အဝေးရောက်နေတဲ့အချိန်မှာ အပေါင်းအသင်းတွေနဲ့လူ့အဖွဲ့အစည်းအကြောင်းပိုမိုနားလည်လာပါလိမ့်မယ်။ မိမိအတွက်မိတ်ဆွေကောင်းတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေး၊ပတ်ဝန်းကျင်တည်ဆောက်ခြင်းဟာပျော်စရာကောင်းကြောင်းပိုမိုသိသာထင်ရှားလာပါတယ်။ . (၂) သည်းခံတတ်အောင်သင်ကြားပေးပါတယ်။ —————————————————- ခရီးသွားပြီဆိုလျှင် ဖြတ်သန်းနေကျ ပုံမှန်ဘဝ၊နေ့စဉ်ဘဝထဲကထွက်ပြီး အသစ်အဆန်းတွေ အတွေ့ကြုံသစ်တွေကြုံတွေ့ရတော့မှာဖြစ်ပါတယ်။ အဲ့အတွက် ကြိုတင်ပြင်ဆင်ထားတာမရှိပဲ လုပ်ရတာတွေရှိလာပါမယ်။ မိမိထင်ထားသလို၊ စီစဉ်ထားသလိုမဟုတ်ပဲဖြစ်လာမှာတွေရှိလာပါမယ်။ အဲ့အတွက် သည်းခံရပါမယ်။ လေယာဉ်စောင့်ရခြင်း၊ ကားစောင့်ရခြင်း၊ ရထားစောင့်ရခြင်းစသည့်တို့အပြင် ဒေသမတူပါက ဘာသာစကားနားလည်မှုအခက်အခဲ စသည့်အခက်အခဲတွေ သည်းခံရမှာဖြစ်ပါတယ်။ . (၃) မေးမြန်းအကူအညီတောင်းတတ်အောင် သင်ပေးပါတယ်။ —————————————————————– သင်ဟာ ကိုယ့်ဒေသမဟုတ်တဲ့နေရာကိုရောက်နေပြီဆိုရင် တစ်ခုခုသိချင်၊သွားချင်ရင် အကူအညီတောင်းရပါတော့မယ်။ လူတွေကိုစကားပြောဆို၊ အကူအညီတောင်းတတ်လာမယ်။ ခရီးသွားခြင်းဟာ သင်ဟာဘယ်တော့မှတစ်ယောက်တည်းအထီးကျန်မဟုတ်ဘူးဆိုတာ သင်ပေးပါလိမ့်မယ်။”ပါးစပ်ပါ ရွာရောက်” […]


Mon LayJanuary 2, 20176min1444
ဒီတစ်ခေါက်ခရီးစဉ်လေးကတော့ ရန်ကုန်မြို ့နဲ ့လည်းမနီးမဝေးမှာရှိပြီးနေ ့ချင်းပြန်သွားလို့လည်းရ၊ဘုရားလည်းဖူး၊လိပ်ဥလည်းတူးနိုင်တဲ့အခွင့်အရေးမျို းရရှိမယ့်ကျိုက်ထီးရိုးနေ ့ချင်းပြန်ခရီးစဉ်လေးပါ။??? ☘28ရက်နေ ့ဇန်နဝါရီ ည (၁၁)နာရီရန်ကုန်ကနေစထွက်ပါမယ်။☘ ☘29ရက်နေ့ညဘက်ပြန်ရောက်ပါမယ် တစ်ယောက်ကို မြန်မာငွေကျပ် (၃၀၀၀၀) ထဲရယ်။??? ဘယ်တွေရောက်မလဲဆိုရင်……… ?ကျိုက်ထီးရိုးဘုရား ?စိ်မ်းလဲ့တင်သဘာဝအပန်းဖြေစခန်း ?မနက်ပိုင်းမှာအေးအေးချမ်းချမ်းနဲ့ဘုရားဖူးမယ် ????????ညနေပိုင်းမှာပျော်ပျော်ရွှင်ရွှင်နဲ့ချစ်ဖို့ကောင်းတဲ့တိရစာ္ဆန်လေးတွေကိုသွားကြည့်ကြမယ်ပြီးရင်ကျယ်ဝန်းတဲ့ပန်းခြံထဲမှာအရုပ်ကြီးတွေနဲ့Selfieအမုန်းဆွဲမယ်? လိုက်မယ်သူတွေခုကနေစာရင်းသွင်းလို့ရပါပြီနော်… ပါဝင်သောဝန်ဆောင်မှုများ။ ————————— ✌15Seater AirCon Car (မှတ်ချက်။ ။လူဦးရေနည်းနည်းနဲ ့အေးအေးချမ်းချမ်းသွားစေခြင်းကြောင့်သာ) ✌တောင်တက်/တောင်ဆင်းကားခ ✌ နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ အားလုံးပါဝင်ပါသည်။ ✌ဝင်ကြေးများ ✌ ရေသန့်၊ Snow Tower များနှင့် ဧည့်သည်တော်များအတွက် First Aid Kit များအားလုံးပါဝင်ပါသည်။ #travelwithmonlay PS: အဲ့လိုခရီးတွေကိုလိုက်ပါခံစားချင်ရင်တော့ …Just Follow me!! ….မွန်လေးနဲ […]


ko sixJanuary 2, 20171min832
အဲဒီနေ့ဟာ ကောင်းကင်ကိုဖြစ်စေ မြေကြီးကိုဖြစ်စေ မိဘကိုဖြစ်စေ တိုင်တည်ပြီး ရှင်သန်မှုမှာ အချည်းနှီးမဖြစ်စေဖို့ ဝိမုတ္တိလမ်းပေါ်က လမ်းညွှန်မြားတစ်ကြောင်းဖြစ်ကြောင်း ဂရုတစိုက် မောင်းနှင်ရမယ့် တဏှာတပ်ယဉ်တစ်ခုပါ။ မွေးနေ့ဆိုတာ သေဖို့အတွက် လှေကား တစ်ထစ်တက်တာလား။ တစ်ထစ်ဆင်းတာလား။ မရဏက မွေးနေ့နဲ့ဖြားယောင်းပြီး အသက်ရှင်ခြင်းမှာ မလိမ့်တပတ်ပျော်နေစေတယ်။ ငယ်ရွယ်မှုကိုပြပြီး အနိစ္စကို သတင်းအမှောင်ချထားတဲ့ နိုင်ငံဖြစ်​​နေတယ်​။ ပရိဒေဝကို အမှုန့်ကြိတ်ထားတဲ့ ပေါင်ဒါစက်ရုံတစ်ရုံဖြစ်​နတယ်​ တကယ်ဆို မွေးနေ့ဆိုတာ သေဖို့အတွက် မွေးဖွားလာတဲ့ မရဏဖွား ဖြစ်တယ်ဆိုတာက အမှန်တရားစစ်စစ်ပါ ကိုယ့်လူရယ်။ ကိုစစ် 1၊ 1၊ 2017 တနင်္ဂ​​နွေနေ့ ××××××


Mon LayJanuary 1, 201713min1451
????ဝေသီခေါင်အောင်..မြင့်မားတဲ့မြေ…တောင်ပေါ်လမ်းက..ကားလေးနဲ ့လေ…..??ဆိုတဲ့အတိုင်းမြင့်မားတဲ့တောင်များကိုကွေ ့ပတ်သွားရတဲ့တောင်ကြီး၊ ပင်းတယ၊အင်းလေးခရီးစဉ်ကိုဖောင်တော်ဦးဘုရားပွဲတော်အမှီအရောက်သွားခဲ့ပါတယ်။ #ဘယ်လိုသွားလဲ?? ရုံးကအမတွေညီမတွေနဲ ့ဘတ်စ်ကားလက်မှတ်ဖြတ်ပြီးတော့သွားခဲ့ကြပါတယ်။ကားခတွေကတော့ အစားစားပဲ။ မနက်(၈)နာရီ၊ညနေ (၆)နာရီ ထွက်တာက Lumbini (VIP – 18000 kyats)? မနက်(၈)နာရီ၊ညနေ(၅)နာရီ၊ည(၆)နာရီထွက်တာက        Elite ( Executive – 14300 kyats/Business – 22300 kyats)? နဲ ့ပုဂံမင်းသား (VIP – 18500 kyats)? မနက်(၈)နာရီ၊နေ ့လည်(၃)နာရီနဲ ့ည(၆)နာရီထွက်တာက         ဒို ့ညီနောင် (ရိုးရိုး – 11300 kyats)? ညနေ(၄)နာရီထွက်တာက ရွှေမန်းသူ (ရိုးရိုး – 10700 kyats)? ညနေ(၆)နာရီထွက်တာက မန္တလာမင်း (ရိုးရိုး – 12500 kyats) ?၊ မန်းသစ္စာ […]


Mon LayDecember 31, 20164min1625
မြသပိတ်ရေပြာအိုင်ကို သွားရာလမ်းတလျှောက်မှာ မျက်စိတဆုံး ပန်းခင်းများကို မြင်တွေ့နိုင်တဲ့အပြင် ဖြူ၊နီ၊ပြာ၊ဝါ၊စိမ်း အစရှိတဲ့ လယ်ကွက်မျိုးစုံကိုလည်း တဝကြီး ရှုမြင်ခံစားနိုင်လို့ပါ။ ??? ဒါ့အပြင်…….ရေပြာအိုင်အနီးမှာရှိတဲ့ သုံးဆင့်ရေတံခွန်ကြီးကလည်း ရေကူးကစားဖို့ အသင့်တော်ဆုံး အချိန်ပါ။ ??? တည်နေရာ……ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ ရွာငံမြို့နယ် တောကြယ်ကျေးရွာမှာ တည်ရှိပါတယ်။ ??? ထူးခြားချက်များ….. ရေအိုင်တစ်ခုလုံး တကယ့်ကို ပြာလဲ့နေပြီး ဟိုးအောက်ခြေအထိ ကြည်လင်စွာ မြင်ရပါတယ်။ ရေထဲမှာ လဲလျောင်းနေတဲ့ အပင်ကြီးတွေကလည်း ရင်သပ်ရှုမောဖွယ်ပါ။ အတော်ကြီးမားတဲ့ ငါးကြီးများလည်း ကူးခတ်နေကြတာကို တွေ့မြင်ရမှာပါ။ အခြားရေအရောင်နှစ်မျိုး စီးဝင်နေပေမယ့် ရေပြာအိုင်က အရောင်ပြောင်းလဲခြင်း၊ ရေခမ်းခြောက်ခြင်း မရှိပါဘူး။ ??? ရေပြာအိုင်နှင့် ပတ်သက်၍… ဒေသခံတွေက ဒီရေပြာအိုင်ဟာ မြတ်စွာဘုရားရဲ့ မြသပိတ်ကြောင့်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် မလေးမစားပြုမူခြင်း၊ ရေထဲဆင်းခြင်း၊ […]


Mon LayDecember 31, 20161min690
ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ်သော ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်သည်။ ကျိုက်ထီးရိုးစေတီကိုအစွဲပြု၍ စေတီတော် တီရှိရာတောင်ကိုကျိုက်ထီးရိုးတောင်ဟုခေါ်ကြသည်။ ကျိုက်ထီးရိုးစေတီ တည်ရှိရာတောင်ထွက်မှ ပင်လယ်ပြင်ရေအမြင့်ပေ ၃၆၀ဝ ခန့်မြင့်သည်။ ကျိုက်ထီးရိုးစေတီတော် တည်နေပုံမှာ အံ့အားသင့်ဖွယ်ကောင်းလှသည်။ ကြီးမား၍ မတ်စောက်သော ကျောက်ဆောင်တစ်ခု၏ အစွန်းတွင် လုံးပတ်ပေ ၅ဝ ခန့်ရှိသော ဦးခေါင်းပုံသဏ္ဌာန် ကျောက်လုံးကြီးတစ်ခုက ပြုတ်လုတည်းကားတင်၍ နေသည်။ ထိုကျောက်တုံးကြီးပေါ်တွင်မှ ဉာဏ်တော် ၁ ပေခန့် မြင့်သော စေတီတော် တည်ထားသည်။ စေတီတော် တည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေသောကြောင့် သံတံတားငယ်ဖြင့် ဆက်သွယ်ထားရသည်။ စေတီတော်တည်ထားရာ ကျောက်တုံးကြီးသည် လူတစ်ယောက် တွန်းရုံမျှဖြင့် လှုပ်ရှား၏။ ထိုကျောက်တုံးကို တွန်း၍ အောက်ခံကျောက်အကြားသို့ အပ်ချည်ကြိုးကို သွင်းပြီးလျှင် ဆွဲယူနိုင်သည်။ […]


ဒီတစ်ခါတော့ အမျိုးသားတွေ သဘောကျမယ့် ကဗျာ နှစ်ပုဒ်ပါ။ ယမကာလုလင် တွေ မူးနေပြီဆိုတော့လေ  သူတို့ ကဗျာပါ မူးသွားပါရော။ The Drunk Poem  ဆိုတဲ့ ကဗျာကတော့ စာဆိုရှင် အမည်မသိ။ အင်းလေ မူးနေရင်း စပ်တာဆိုတော့ သူ့ဟာသူ မေ့သွားမှာပေါ့။ ဒါပေမယ့် လူတွေကတော့ မမေ့ဘူး။ အဲဒီကဗျာထဲက အသုံးအနှုန်းတွေ ဒီကနေ့အထိ သုံးစွဲနေတုန်း။ လုံးဝခေတ်မတိမ်သေးတဲ့ အသုံးအနှုန်းကတော့ (၁)  Starkle, starkle, little twink  =  Twinkle  Twinkle  little star (၂)   The alcofluence of incohol  =  The  influence of alcohol (၃)    slort of […]


”  ၁၆ အလွန် ၁ရ   “ မျျှော်လင့်ခြင်းတွေ တစ်လှေကြီးနဲ့ ကြိုဆိုခဲ့တဲ့ တစ်ဆယ့်ခြောက် မရေရာခြင်း များစွာနဲ့လွန်မြောက်ပါတော့မယ်။ တ ဒီ ထဲဒီ ခဲ့ကြတဲ့ ကျနော်များကရော လက်တွေ့မှာ ညီခဲ့ကြပါသလား။ “ပြောင်းလဲချိန်တန်ပြီ” ပီသအောင် မြည်နိုင်ကြပေမယ့် လက်တွေ့မှာ ကြည်မြတဲ့ဂီတတေးသွား တော့ဖြစ်မလာပေဘူး။ ကျောက်ဆောင်ကမ်းပါးကို လက်သန်းအားတွေနဲ့ ဖြိုခဲ့ကြပေမယ့် ရှေ့ဆက်ကြတဲ့ခရီးမှာ ကိုယ့်အား ကိုယ်မကိုး လက်ညှိုးတွေသာ အပြန်အလှန်ထိုးနေတော့ ရှေ့မတိုးနောက်မဆုတ် အရင်ဇာတ်ထုတ်ဟောင်းဘဲ ကောင်း သယောင် ပြန်ပြောင်း ကာ တသူ ကလဲ တ ပေ သပေါ့။ တီးလုံးက အသစ် ဇာတ်ခုံကတော့ အဟောင်း ဇာတ်ညွှန်းကိုတော့ နည်းနည်းလေးပြောင်း ဒါပေမယ့် ဇာတ်ရံတွေကအဟောင်းဆိုပြန်တော့ မင်းသားမင်းသမီး ဘယ်လောက်ပြောင်းပြောင်း ကြည့်ရတဲ့အရသာက […]


kaiDecember 28, 20161min1326
၂၀၁ရမှလည်ပြန်နှစ်ဦးစာတို့ဖြစ်ပါ၏။ ဖတ်သူရှိ၍သိစေသော်..။ အဆိုတော်ကြီး David Bowie သေခြင်းဖြင့် စလိုက်သော ၂၀၁၆သည် ကမ္ဘာ့အကောင်းဆုံးအနုပညာသည်များစွာကို ခြွေချသွားခဲ့သည်။ ခရစ်စမတ်တွင် George Michael နှင့် ဒီဇင်ဘာ၂ရတွင်ပင် Carrie Fisher ကိုထပ်မံခေါ်ပေရာ ကြယ်တွေကြွေတဲ့နှစ် ဟုဆိုရပေမည်။ ခြောက်ပူးဃကြီး မြန်မာပြည်တွင် ၆၆(ဃ) ဆိုသော ဆက်သွယ်ရေးဥပဒေပုဒ်မကားလက်စွမ်းပြလှချေသည်။ အဆိုပါပုဒ်မ ပြဌာန်း အရ ဆက်သွယ်ရေးကွန်ယက် တစ်ခုခုကိုအသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း ၊ အနိုင်အထက်ပြုကျင့်ခြင်း ၊ မတရားတားဆီးကန့်ကွက်ခြင်း အသရေဖျက်ခြင်း ၊ နှောက်ယှက်ခြင်း ၊ ခြိမ်းခြောက်ခြင်း ပြုလုပ်ကြောင်းပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံစေ ရမည် ဟုဆိုသည်။ထိုပုဒ်မကြောင့် ဒီမိုသမား တော်တော်များများထောင်ထဲရောက်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရအားဏာရပြီးနောက်လည်း မဖျက်နိုင်အား၊ ထိုပုဒ်မနှင့်ပင် […]


Mon LayDecember 28, 20161min1192
ကျိုက်ထီးရိုး ဘုရား *********************** ကျိုက်ထီးရို ရင်ပြင်တော်ကနေပြီး အနောက်ဘက်သို့ မျှော်ကြည့်ရင် စစ်တောင်းမြစ်ကို ကျော်လွန်ပြီး ပဲခူးရွှေမော်ဓော စေတီတော်ကို ဖူးမြင်နိုင်ပါတယ်။ – ကျိုက်ထီးရိုးစေတီတော်သို့ တက်ရန် လမ်း ၂သွယ် ရှိပါတယ်။ (၁) စစ်တောင်းရွာမှ တက်ရသော လမ်းဖြစ်ပြီး (၂) မှာ ကျိုက်ထိုမြို့က မော်တော်ကားနဲ့ ၉မိုင်ခန့် ဝေးတဲ့ ကင်မွန်းစခန်းမှ တက်ရတဲ့ လမ်းပါ။ (ဒုတိယလမ်းမှာ ယနေ့ခေတ် ဘုရားဖူးများ အသုံးပြုသော လမ်းဖြစ်ပါတယ်။) – ဘုရားကို တက်ရာလမ်းတစ်လျောက်မှာ ရေမြောင်လေး၊ ရွှေရင်ဆို့၊ ကင်ပြွမ်းပင်၊ ရေမြောင်ကြီး၊ ဘိုးပြန်တောင်၊ စိုင်တစ်မော့အစရှိတဲ့ စခန်းတွေရှိပါတယ်။ – ဘုရားဖူးတွေဟာ ကျိုက်ထီးရိုးဘုရားကနေ တစ်ဆင့် မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါးဘုရားများကို ဖြတ်ပြီး […]


Mon LayDecember 28, 20161min803
ကျိုက်ထီးရိုးတွင် ကေဘယ်ကားများကိုလာမည့်နှစ် ဧပြီ ၁ ရက်၌ စတင်ပြေးဆွဲမည်။ မွန်ပြည်နယ် ကျိုက်ထို မြို့နယ် ကျိုက်ထီးရိုးစေတီတွင်ကေဘယ်ကား (ကောင်းကင်ကြိုးရထား)ပြေးဆွဲခြင်း ကို ၂၀၁ရ ဧပြီ၁ ရက်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်းစီမံကိန်းပြုလုပ်သည့် Sky Asia Co.,Ltd. မှ သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် ပထမဆုံး ကေဘယ်ကား ပြေးဆွဲခြင်းကို ကျိုက်ထီးရိုးစေတီ၌ Sky Asia Co.,Ltd. ကစ တင်အကောင်အ ထည်ဖော်လျက်ရှိပြီး ကျိုက်ထီးရိုးဘေးမဲ့တော နယ်မြေရှိ မြေ ၁၃ဒသမ ၅ ဧကကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတွင် နှစ် ၇ဝ စာချုပ်ဖြင့် ငှားရမ်းထားခြင်း ဖြစ်သည်။ ‘‘အခုလက်ရှိမှာ ဒီစီမံကိန်း အားလုံး ၂ဝ ရာခိုင်နှုန်းပြီးစီးနေပြီ။ကေဘယ်ကား ပြေးဆွဲတဲ့အချိန် ကျရင်လူတစ်ဦး ကိုငွေဘယ်လောက်ယူမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး။ကေဘယ်ကားတစ်စီး ကို […]


Mon LayDecember 27, 201619min1662
⛅☁⛅☁⛅☁“တိမ်တွေနေတဲ့အရပ်ဆီကိုနင်နဲ့ငါ “⛅☁⛅☁⛅☁ ???“လေတွေတိုက်တုန်းသွားမယ်ကွာဖက်ထားပါ “??? ???“တုန်ရီနေတဲ့ငါ့လက်ကလေးကိုနင်ကိုင်ထားပါ”??? ???“ရင်ခုန်လွန်းလို့ပါ “?? ဒီသီချင်းကိုအစတုန်းကတော့လုပ်ဆိုတယ်ပဲထင်တာ.. ခုတော့တကယ်အပြင်မှာပါ တိမ်တွေနေတဲ့ဆီ၊ တိမ်တွေနဲ ့သွားမိတ်ဆက်လို့ရတဲ့သံတောင်စခန်းမြို  ့လေးကိုမွန်လေးအလည်အပတ်ရောက်ခဲ့ပါတယ်။ #သံတောင် (Thantaung) ⛰⛰ #နော်ဘူဘောဆုတောင်းပြည့်တောင် ⛪️ #မြတ်စောညီနောင်ဘုရား ( တောင်ငူ ) ?? #ပသီချောင်း?? #ရွှေဆံတော် ?? #ဦးဖိုးကျားဆင်စခန်း. ? ??ဘယ်လိုသွားကြလဲ ရန်ကုန်ကနေခရီးသွားကားနဲ ့ညဘက်(၁၁)နာရီမှာထွက်လာခဲ့တယ်။ရန်ကုန်ကနေတောင်ငူ၊တောင်ငူမှသံတောင်ကြီး (ေတာင်ငူကနေဆိုတော့35 မိုင်သာသွားရပါတယ်)၊ပြီးတော့သံတောင်စခန်းကိုဆက်သွားကြပါတယ်။မွန်လေးတို ့စီး လာတဲ့ကားကနဂိုတည်းက၂၂ယောက်စီးဆိုတော့ကားချိန်းစရာမလိုဘဲတောင်ထိပ်ထိကားကတန်းရောက်ပါတယ်။တချို  ့က ကားကြီးနဲ ့လာကြတော့တောင်ငူ ပသိချောင်း အထိ ကားကြီးများကို မောင်းနှင်ပြီး အဲ့နေမှတဆင့် အသင့်ခေါ်ယူသွားတဲ့ တဆင့်သွားကားများနဲ ့တောင်ပေါ်ကိုဆက်တက်ရပါတယ်။တောင်ပတ်လမ်းကတောက်လျှောက်တက်ရပြီး အကွေ ့အကောက် တော်တော်များလို ့ ကားမူးတက်သူများဆေးကြိုသောက်ထားပါ။တောင်ခြေ အောက်မှာတော့နေ တောက်လျောက်ပူနေပြီးတစ်ဝက်လောက်အရောက်မှာအေးလာပါတယ်။ ဒေါ်ဖားခို (ခေါ်) […]


kaiDecember 27, 20162min1402
၂၀၁၆ နှစ်ဟောင်းကို နှုတ်ဆက်လို့ ၂၀၁ရ နှစ်သစ်ကိုကြိုဆိုနေကြတဲ့ ခုလိုချိန်ခါမျိုးမှာ အနာဂတ်ကို မျှော်မှန်းပြီးကြည့်တတ်ကြတာ လူ့သဘာဝပါ။ ဒီတော့အနာဂတ်မှာလုပ်မဲ့ကိုင်မဲ့ကိစ္စလေးတွေကို English လို ဘယ်လိုများဖေါ်ရပြရမည်းလို့ မေးသင့်ပါတယ်။ စင်စစ်အနာဂတ်ကို English လို(၄)မျိုးဖော်ပြနိုင်ပါတယ်။ ဒီလမှာတော့ (၃)မျိုးကိုသာဦးစားပေးပြီးဖော်ပြပေးပါမယ်။ ဦးစွာပထမအနာဂတ်ကို simple future tense ကိုသုံးပြီး ဖော်ပြနိုင်ပါတယ်။ သူ့ရဲ့ form လေးက လွယ်ပါတယ်။ ကြိယာ base form ရဲ့ရှေ့မှာ will လေးထည့်ပေးလိုက်ရုံပါဘဲ။ ဒီတော့ “I will visit Burma in the summer.” “I will buy a home in September.” “I will get a new […]