alinsettJuly 11, 20121min2897
‘ ‘ဒီကိစ္စကြောင့် စိတ်ပြောင်းသွားပြီလား” ”ဟင့်အင်း။ နည်းနည်းလေးတောင် မပြောင်းပါဘူး။ စိုးရာယာ ဘာပြောပြော ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး။ ကျွန်တော်တို့ လက်ထပ်ချင်ပြီ” စိုုးရာယာ ချုံးပွဲချငိုသည်။ သူမကို ကျွန်တော် မနာလိုဖြစ်မိသည်။ သူမကတော့ လျှို့ဝှက်ချက်ကို ပြောထုတ်လိုက်နိုင်ပြီ။ ကိုင်တွယ်ဖြေရှင်းလိုက်နိုင်ပြီ။ ဟက်ဆန့်ကို ကျွန်တော်လိမ်ခဲ့ပုံ၊ သစ္စာဖောက်ခဲ့ပုံ၊ နှင်ထုတ်ခဲ့ပုံ၊ ဘာဘာနှင့် အလီတို့၏ နှစ်လေးဆယ်သံယောဇဉ်ကို ဖျက်ဆီးခဲ့ပုံ … ကျွန်တော် စိုးရာယာကို ဖွင့်ပြောမိတော့မလိုဖြစ်ပြီးမှ ပြောမထွက်ခဲ့။ စိုးရာယာတာဟီရီသည် နည်းလမ်းပေါင်းများစွာဖြင့် ကျွန်တော့်ထက် ပိုပြီး လူပီသ နေမလား ကျွန်တော် သံသယရှိသည်။ ထိုအထဲတွင် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ သတ္တိသည်လည်း တစ်ခုအပါအဝင် ဖြစ်၏။ xxxxxxxxxxxx အခန်း(၁၃) နားဖောက်ပွဲအခမ်းအနားအတွက် တာဟီရီအိမ်သို့ နောက်တစ်နေ့ညနေတွင် ကျွန် တော်တို့ရောက်လာသောအခါ ကားကို […]


ဦးစွာပြောလိုတာက မိစ္ဆာဒိဋ္ဌိ ၆၂-ပါးကို တင်ပြမှာပါ။ ကျွန်တော့်စာကို ကျွန်တော်ပင်ပြန်ဖတ်ရင်း မျက်စိလည်ရပါတယ်။ ဒါကြောင့် စိတ်ရှည်ရှည်ထားပြီး ဖတ်ပေးပါ။ နောက်ဆုံးမှာတော့ အတိုးချုံးပြီး တင်ပြထားတာလဲ ပါပါတယ်။ ဗုဒ္ဓဘာသာစစ်စစ်ရဲ့ အယူအဆဟာ ဒီမိစ္ဆာဒိဋ္ဌိ ၆၂=ပါးက လွတ်မှ ဖြစ်မှာပါခင်ဗျာ။ မိစ္ဆာ=ဆိုတာက မှားတဲ့ပေါ့။ မမှန်ဘူးပေါ့။ ဒိဋ္ဌိ=ဆိုတာ အမြင်..အယူအဆ။ မိစ္ဆာဒိဋ္ဌိ= မှားတဲ့ အမြင်အယူအဆ။ မမှန်တဲ့ အယူအဆမှားကြီးပေါ့။ မိစ္ဆာဒိဋ္ဌိ..ကို ၆၂=ပါး ပြခဲ့ပါတယ်။၆၂ပါးကိုသီးသန့်ကြီး ပြတာလို့ တော့ မယူဆပါဘူး။ အဲဒီခေတ်က အခြားသော ဘုရားဆိုသူတွေရဲ့ အယူအဆအမှားတွေက ၆၂-မျိုးရှိနေလို့ ၆၂-ပါးဖြစ်တာလို့ယူဆပါတယ်။ အဲဒီ မိစ္ဆာဒိဋ္ဌိ ၆၂=ပါးက.. မမွေးခင် ဟိုအတိက်ဘဝက အယူတွေကို ကြံဆပြီး ယူတဲ့ အယူအဆမှား အကြံအဆမှား ၁၈-ခု။ သေပြီးနောင်မှာ ဖြစ်လာမယ့် […]


koyin sithuJuly 11, 20121min1169
မင်းသိင်္ခ အသံထွက်မှာ (မင်းသိန်ခ)။ မြန်မာ အမျိုးသား စာရေးဆရာတစ်ဦး၏ ကလောင်အမည်ဖြစ်သည်။ မင်းသိင်္ခသည် တီထွင်ကြိုးပမ်းမှုရှိသော ဝတ္တုအတို အရှည်များကို နိုင်နင်းစွာဖွဲ့နိုင်သော စာအရေးအသား ကောင်းသူတစ်ဦးလည်းဖြစ်သည်။ စိတ်ကူးအထင်အမြင် ပြောင်းလဲခြင်းမှ အစပြုပြီး (အတတ်ပညာများ) (လက်တွေ့ ရုပ်ဝတ္တုများ) (အောင်မြင်ပျော်ရွှင်မှုများ) ရရှိနိုင်ပုံကဲ့သို့ စိတ်ပညာ သဘောတရားများကို (ပုဏ္ဏားဘကွန်း) (ဖြစ်ချင်ရာဖြစ်မောင်ဘချစ်) (ပြည်ကြီးမဏ္ဍိုင်မြကြီး) စသည့်ဇာတ်လမ်းများရေးဖွဲ့ရင်း ကျွဲကူးရေပါ သဘော မိတ်ဆက်ပညာပေးခဲ့သည်။ သရုပ်ပီပြင်သော ဇာတ်ကောင်စရိုက်များ ရေးသားနိုင်ရန် လူ့စရိုက်လူ့သဘာဝများကို မှတ်တမ်းပြုစုထားသော အလေ့ တီထွင် ကျင့်သုံးခဲ့သည်ဟု သိရပြီး အမှန်တစ်ကယ်လည်း မူသေ စရိုက်ရှိဇာတ်ကောင်များ ဖန်တီးကာ ဆွဲဆောင်မှုရှိသော ဝတ္တုများရေးသားနိုင်ခဲ့ပါသည်။ စာရေးဆရာ မင်းသိင်္ခကို ၁၉၃၉ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့၌ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ […]


nigimi77July 11, 20122min1937
Sony Ericsson (Xperia Ray)  ကို ဝယ်လာပြီး  သုံးတဲ့ အခါ  Camera ကတော့  သိပ်ကောင်းပါတယ် ။   Screen က သေးတော့  Huawei လောက် အား မရဘူးဗျ ။  စိတ်ကလည်း  မလျှော့သေးတော့  နေ ့တိုင်း  Firmware ကို ဒေါင်းကြည့်ပါတယ် ။   ဒီလိုနဲ ့ပဲ  တရက်ကျတော့  ရန်ကုန်ကို အလုပ် ကိစ္စနဲ ့ ပြန်စရာရှိလာတော့  …………………….   အတင်းအဖျင်း   Gossip  ဇာတ်လမ်းက  ဒီမှာ စပါပြီ ။   ပထမဆုံး  လှည်းတန်းက  Mobile Service  ဆိုင် တဆိုင်ကို  သွားပါတယ်  ။  […]


  ပထမပို့စ်တွင် ….   ထူးဆန်းသော ဇရပ်ကလေး မြန်မာပြည်အလယ်ပိုင်း အညာဒေသရှိ ကျေးရွာ တစ်ရွာတွင် ဖြစ်လေသည်။ ထိုကျေးရွာ၏ အမည်မှာ တိုင်းတာကျေးရွာဟူ၍ ဖြစ်၏။ တိုင်းတာရွာ၏ အနောက်မြောက် ခပ်လှမ်းလှမ်း အရပ်တွင် ရွာဦးဘုန်းကြီးကျောင်း ရှိလေ၏။ ထိုဘုန်းကြီးကျောင်းတွင် ဥပုသ်နေ့ အခါသမယများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်သူများ နားနေနိုင်ရန်အတွက် ဆောက်လုပ်ထားသော ဇရပ်တစ်ဆောင် ရှိလေသည်။ ထိုဇရပ်ကလေးသည် လူ ၃ဝ ခန့် နားနေနိုင်သော အကျယ်အဝန်းရှိလေသည်။ ဥပုသ်နေ့များတွင် မည်သို့သော ထူးခြားမှုမျိုးကို မပြတတ်သော်လည်း ဥပုသ်နေ့ပြင်ပ အခြားသော နေ့များတွင် ထိုဇရပ်ပေါ်၌ အိပ်စက်သော သူများသည် ထူးဆန်းသော အိပ်မက်ကို မြင်မက်တတ်လေ၏။ ထိုအိပ်မက်ထဲတွင် သမီးရည်းစား ဖြစ်ဟန်ရှိသည့် လွန်စွာ ရုပ်ဆိုးသော ယောက်ျား […]


we R oneJuly 11, 20123min29024
အားကျသည်..။ ရွာထဲက ဓါတ်ပုံဆြာတွေ ကိုအားကျနေသည်..။ ရုံးထဲဓါတ်ပုံဆြာ ဂျာကြီး ကို အားကျသည်..။ ရုံးက M.Director ဓါတ်ပုံဆရာ ကို အားကျသည်..။ မျက်နှာစာအုပ် မှာ ခင်တဲ့ ဓါတ်ပုံဆရာမ ကို အားကျသည်.. စလုံးမှာ ဓါတ်ပုံ ရိုက်တဲ့ တူငယ်ချင်း အရင်းခေါက်ခေါက်ကြီးကို အားကျသည်..။ အားလုံး (အားလုံး) သော ဓါတ်ပုံဆြာများ ကို အားကျသည်..။ ထိုသို အားကျနေရသော ကျွန်မသည်လည်း အားကျမခံ ကြိုးစားပမ်းစား ရိုက်ခဲသော ဒတ်ပုံ များကို ရွာသူရွာသားများ ရှုးစားနိုင်ရန်.. တင်ပြပေးလိုက်ပါသည်..။ ရွာထဲမှ ဆရာ့ဆရာ များဖြစ်ကြကုန်သော ဓါတ်ပုံ ဆြာ ကြီးများ ရှင့် အကဲဖြတ် ဝေဖန် ပေးပါရန် တောင်းဆို အပ်သည်..။     we R one


ဒီနှစ်တော့ဖြင့် မရလျှင်မနေပြီ ဖူးစာရှင်ကို ရွေးတော့မည် လူပျိုချောချော သတင်းကောင်းပါးလို့ ဇနီးလောင်း အလိုရှိသည် မေတ္တာတွေ့က တစ်သက်ပန်ရည် ချစ်တာတွေ့မှ လက်ခံမည်…………. လူပျို ချောချော သားမက်ကလေး အကြောင်းကို သတို့သမီးရှင်တိုင်း သိဖို့လိုနေပြီ…….. ဟြေရဦးမည်။ ဖောက်ပြားခြင်းမပါ ……အသောက်စားကင်းကာ ကစားမရှိ အလိမ္မာ အများ သိသည်…… အိမ်ဦးခန်းမှာ တင်ကာထားလို့ ကျွန်တော်ကလေ….. မိဘ လို သဘောထားပြီး…….မငြိုငြင်ဖို့ကိုစာချုပ်မည်….. လက်မနှေးကြပါနဲ့….ဪ.ရက်မရွေး ကြပါနဲ့ ဒီနေ့ မနက်ဖြန် မြန်မြန် ဖြစ်လိုက်မည်………..ဟားဟားဟားဟားဟားဟား မခိုင်ရဲ့ဒီဝါကျွတ်တွင် မင်္ဂလာဆောင်မည် ဆိုတာလေးကို ဖတ်လိုက်ရလို့ စိတ်ကူးပေါက် ချက်ချင်းဆိုသလို သီချင်းလေးကို သတိရပြီး ရေးမိလိုက်ပါတယ် စိတ်ကူးမလွဲနဲ့နော်……………… ဟဲဟဲ……….. ခင်တဲ့ အရင့်ရောင်


အရာရာတိုင်းက… ပြောင်းလည်းခဲ့ပြီနော်… ဘယ်အရာမှလည်း အသစ်ဖြစ်မလာနိုင်တော့… ဘယ်အရာတွေ ဘယ်လောက်… ပြောင်းလဲပါစေ… ပထမဆုံးကတော့… ဒုတိယအဖြစ်ကို ပြောင်းလဲပစ်လို့… မရနိုင်ပါဘူး…။ ဒီလိုပဲပေါ့ဟာ… အရာအားလုံး ပြီးဆုံးသွားပြီ… ထင်ရပေမယ့်… သတိရ လွမ်းဆွတ်ခြင်းတွေ… မပြောင်းလဲသေးဘူး….။ ခင်မင်လျှက်…မိုက်လေး


လှရွှေပြည် ရန်ကုန်မြို့မှာလ ကိုကိုမောင် ဘတ်(စ်)ကားရယ်တဲ့ ဘီးလိမ့်လို့လာ ။ ချောင်ပါတယ် မောင့် စကားရယ်ကြောင့် ယုံစားလို့တက်ခဲ့ပြန် ။ သရက်ချဉ် ၊ ငါးချဉ်နှယ် သိပ်ပါလို့ အကြွေးချန် ။ ပျိုပျိုမေဆင်းမယ်ဟြေတော့ ရက်လိုက်ဟ မြန်မြန် ။ လက်ကလေး ကိုဆွဲပါလို့ ရွရွလေးတွဲ ။ ယောက်ျားဆို အားမာန်ပျိုးလို့ရယ် ဆွဲချတဲ့ …ပွဲ ………..။


htet wayJuly 11, 20121min16816
မန္တလေး အလင်း ဂျာနယ်တွင် မန်းဂေဇက် က မန်ဘားမှာ၏ အလှူ သတင်းကို (၁၃.၇.၂၀၁၂) ရက်စွဲ ဖြင့် သောကြာနေ့ ထုတ်ဝေမည် ဖြစ်သော မန္တလေး အလင်းဂျာနယ်တွင် ဖေါ်ပြ ပါမည်။ အဆိုပါ သတင်းတွင် `မန်းဂေဇက်ရဲ့ ရခိုင် သွေးချင်းများ ပြန်လည်ထူထောင်ရေး လက်ဆောင် နှင့် သူတို့ အသံ´ ခေါင်းစဉ်ပေးထားပြီး ပန်းတနော် သီတဂူအလှူ အကြောင်း ထည့်သွင်းဖေါ်ပြ ခဲ့ပါသည်။ လက်ငင်း ရခိုင် သွေးချင်းများ လက်ဆောင်ကို လည်းရေးသားပြီး မန်ဘာထဲမှ တစ်ချို့ ၏ ကွန်းမန့်ကိုဖေါ်ပြ ခဲ့ပါသည်။ သတင်း အတွက် ဆရာ ဘလက်ချော ထံ ဓါတ်ပုံ သုံးစွဲ ခွင့် ကို လည်းကောင်း၊ဆရာမ (မမ) […]


nigimi77July 11, 20121min2277
2012.03   ပိုင်းရောက်တော့   GSM  SIM  CARD  တွေ  ၂ သိန်းဆိုတော့  ဝယ်လိုက် (ငှားရမ်း သုံးစွဲ) လိုက်တယ် ။   သူက  MMS  (Multi Media Message ) ရတယ်လို ့ ဆိုပါတယ် ။  (EDGE) လို ့ ခေါ်တဲ့  မိုဘိုင်လ်း  အင်တာနက် စနစ်ကိုလည်း   သုံးလို ့ရမယ် ဆိုတော့  သွားရင်းလာရင်း  ဂေဇာတ်ကို ဖတ်ချင် Youtube ကြည့်ချင် Facebook ကြည့်ချင်တာကလည်း  ရွစိထိုးနေတော့   မစားရက် မသောက်ရက်နဲ ့   Samsung Galaxy SII ကို ဝယ်လိုက်ရော ။  ကိုယ်တော်ချောက  ကောင်းချင်ရက်နဲ […]


ဟိုး……. အဝေးတစ်နေရာကနေ… နင့်ကို လွမ်းနေ သတိရနေတဲ့… လူတစ်ယောက် ရှိနေတယ်ဆိုတာ… နင် သိနိုင်ပါ့မလား….။ ဟင့်အင်း….. နင် သိနိုင်မှာ မဟုတ်သလို… နင် သတိထားမိမှာလည်း မဟုတ်ပါဘူး… ဘာဖြစ်လို့လဲဆိုတော့… ဟို….အရင်အချိန်တွေကတည်းက… နင့်ကို သတိရ လွမ်းနေတဲ့… လူတစ်ယောက်ကို… နင်မေ့နေခဲ့တာ ကြာပြီပဲလေ…။ ငါလေ နင့်အတွက်… ခံစားချက်များစွာနဲ့လဲ… ကဗျာတစ်ကြောင်း ဖြစ်အောင်မစပ်တတ်ဘူး…။ ဒါပေမယ့်…….. နင့်အတွက်နဲ့….ငါ စာတွေလည်း ရေးတတ်နေပြီ… စကားလုံးများစွာက … င့ါစိတ်ကူးထဲမှာ နင့်အတွက် အပြည့်အကြပ်… သတိရ လွမ်းဆွတ်ခြင်းတွေက… င့ါရင်ထဲမှာ နင့်အတွက် အပြည့်အနှက်… ဒါတွေ ပေါင်းစပ်ပြီးတော့လည်း… ကဗျာတစ်ပုဒ်ဖြစ်အောင်… မစပ်တတ်ခဲ့ပြန်ဘူး…။ ဒါပေမယ့်လေ… သိစေချင်လိုက်တာ… နင့်ကို သတိရ လွမ်းနေတဲ့….. လူတစ်ယောက်ရှိနေတယ်ဆိုတာကိုပေါ့…။ ။ ခင်မင်လျှက်….မိုက်လေး


ခင်ယုံပါဆို ရင်ခုန်စရာဘာလို့တွေးတာလဲ? ရိုးရိုးသိတာပါဆိုလဲ ခိုးခိုးကြည့်စရာ မလိုပါဘူး… ဖုံးဖိနေပေမယ့် အပြုံးအကြည့်တွေက သိသာတယ်နော်… အခင်မပိုသေးရင်လည်း အရင်လိုလေးပဲ ဆက်ဆံပေါ့… (  ဖတ်ဖူးတာလေးပါ)