ငယ်ငယ်တုန်းကဖတ်ခဲ့တဲ့ ဝတ္တုလေးတစ်ပုဒ်ကို ပြန်လည်ဆန်းသစ်တင်ပြလိုပါတယ်။ ဆောင်းရာသီရောက်ဖို့နီးလာပါပြီ။ အရင်လိုအိပ်နေကျနေရာဖြစ်တဲ့ ပန်းခြံထဲကထိုင်ခုံပေါ်မှာ ဆက်အိပ်ဖို့အအေးဓါတ်ကခွင့်မပြုတော့ပါဘူး။ သူ့အတွက်နေရာရှာတဲ့အလုပ် လုပ်ရပါတော့မယ်။ ဒါကတော့လွယ်လွယ်လေးပါဘဲ။ ရဲတွေရှေ့မှာဖြတ်လျောက်ပြီး မသင်္ကာစရာလုပ်ပြလိုက်၊ ပြီးတော့အလုပ်အကိုင်မရှိ ၁၀၉၊၁၁ဝ ပုဒ်မနှင့်အဖမ်းခံလိုက်။ ဒါဆိုဒီဆောင်းအတွက် နွေးထွေးစွာအိပ်စက်ဖို့နေရာတစ်ခု ရလာပါတော့မယ်။ ဒီလိုနှင့်သူထောင်ထဲဝင်ဖို့လုပ်ငန်းစတင်လိုက်ပါတော့တယ်။ ဒါပေမယ့်လည်းအခုကျမှ ရဲတွေကလည်းသဘောကောင်းနေလိုက်တာ။ အရင်ဆိုသူတို့ကိုရှောင်လိုက်ရတာအမောဘဲ။ ဆောင်းကလည်းနီးလာပြီ၊ မဖြစ်သေးပါဘူး အသေးစာပြစ်မှုတစ်ခုလောက်တော့ လုပ်လိုက်မှတူတယ်။ ဒီလိုနှင့်ဘဲတစ်နေ့မှာတော့ သူအဖမ်းခံဖို့အပြစ်အသေးစားကျူးလွန်ရန် မြို့ထဲထွက်လာပါတော့တယ်။ ပထမဆုံး စူပါမားကတ်ကြီးတစ်ခုက မှန်ကိုခဲနှင့်ခွဲလိုက်ပါတယ်။ ပြီးတော့အနီးမှာရှိတဲ့ ရဲသားကိုသူလုပ်တာပါလို့ပြောလိုက်ပါတယ်။ ဒါပေမယ့်ရဲသားကမယုံပါဘူး။ ဘယ်လူဆိုးက သူလုပ်ပါတယ်လို့ဝင်ခံမှာလည်း ဆိုတဲ့အတွေးနှင့် ဘစ်စကားမမှီမှာစိုးလို့ အပြေးသွားနေတဲ့သူနောက်ကို လိုက်ဖမ်းဖို့ထွက်သွားပါတယ်။ ပထမအစီအစဉ်မအောင်မြင်ခဲ့ပါဘူး။ နောက်အစီအစဉ်တစ်ခုအနေနှင့် သူဗိုက်ဆာလာတာနှင့်အတူ စဉ်းစားမိတာကတော့ ဈေးသိပ်မကြီးတဲ့စားသောက်ဆိုင်တစ်ခုကိုဝင်ပြီး စားချင်တာတွေမှာကာ ပိုက်ဆံရှင်းတော့မှ မပါဘူးရဲတိုင်ချင်တိုင်ဆိုပြီးလုပ်လိုက်ရင် အစားလည်းစားရအစီအစဉ်လည်းအောင်မြင်မယ်ပေါ့။ ဒါပေမယ့်အခုပုံစံနှင့် အပေါစားဆိုင်ကတောင်သူ့ကိုလက်ခံမှာမဟုတ်ဘူး။ အာ.. သတိရပြီ.. မနှစ်ကတုန်းက အဘွားကြီးတစ်ယောက်က သူချမ်းရင်ဝတ်ဖို့ ကုတ်အဟောင်းတစ်ထည်လက်ဆောင်ပေးဘူးတယ်။ အဲဒါသွားယူပြီးလုပ်ငန်းစလိုက်မယ်။ ဒီလိုနှင့်သူ ဆိုင်ထဲဝင်လို့ရခဲ့ပါပြီ။ စားသောက်ဆိုင်မှာမစားတာကြာခဲ့ပြီဖြစ်လို့ […]