shwe tallatrJuly 2, 20121min27721
ရွာသူရွာသားအပေါင်းတို့ရေ သူများတကာတွေ နိုင်ငံရေးအကြောင်းတွေ တပျော်တပါးတင်နေတဲ့ အချိန်မှာ ဒီပို့ကိုတင်ရမလားဆိုပြီးအပြစ်တော် အတင်မစောစေချင်ပါဘူး ဘာလို့လဲဆိုတော့ မြန်မာလူမျိုး တော်တော်များများ ဒီအစားအစာတွေနဲ့မကင်းနိုင်ကြဘူးလေ နံပတ်( ၁ )အနေနဲ့ ငံပြာရည်အကြောင်းလေးပြောလိုက်ရအောင် ကျနော်တို့မြန်မာလူမျိုးများအနေနဲ့ကငံပြာရည်ဆိုတာ ပင်လယ်ငါးတမျိုးမျိုးကိုအပုပ်ခံပြီးစီးကျလာတဲ့ အရည်ကို ငံပြပြာရည်ဆိုပြီး မက်မက်မောမောစားသုံးခဲ့ကြတာမဟုတ်လား ဘိုးစဉ်ဘောင်ဆက် ဟိုးအရင်ပဝေဏသီထဲကပါဘဲ ဒါပေမဲ့ အခုတော့ဒီလိုမဟုတ်တော့ပါဘူး ကိုယ်တွေ့မျက်မြင်မလို့ ရေးပြပလိုက်ရစေ ငံပြာရည်တအိုးဖြစ်ဖို့အတွက် မှတ်ချက်(ရာဝင်အိုး)တအိုးစာ ပါ အချိန်အတွယ်ကိုတော့အတိ့အကျမရေးတော့ပါဘူး တော်ကြာလိုက်လုပ်ကုန်မှာဆိုးလို့ပါ။ ၁။ တရုပ်ကလာတဲ့ ဓျေးပေါပေါ အချိုမှုန့်ထုပ်တော်တော်များများလိုပါတယ် ၂။ သကြားလဲတော်တော်များများလိုပါတယ် ၃။ ဆားလဲ လိုပါတယ် အရင်ဆုံးအချိုမှုန့်ကိုရေနဲနဲ နဲ့အရေကျိုပါတယ် အရေပျော်သွားရင်ခဏချထားလိုက်ပါတယ် ပြီးရင် သကြားကို နီရဲလာအောင် (ငံပြာရည်) အရောင်ရလာအောင်ကျိုပါတယ်ပြီးရင်အားလုံးပေါင်းပြီးမိုးပြဲဒယ်ထဲမှာ စုပေါင်းလို့ရောကျိုပြီး အချိုအငံမြည်းခါ အထက်မှာပြောခဲ့တဲ့ စီးကျရည်စစ်စစ် ၈ ဂါလံခန့်နဲ့ရောသမလို့ ပင်လယ်ကလာတဲ့ […]


King of Secrets (Bo Min)July 2, 20121min18713
ယနေ.မှစပြီး အင်္ဂလိပ်စာ စိတ်ဝင်စားသူများ အကျိုးရှိစေရန် Basic English Speaking အချို.ကို အပိုင်းများခွဲကာ တင်ပြပေးသွားပါမည်။ 10 Speaking for this period, study and make practice. ဖတ်ပါ၊ ကျင့်ပါ၊ ပြောကြည့်ပါ။ 1. ညစာ/မနက်စာ/နေ.လည်စာ စားပြီးပြီလား။ —-> Have you finish your dinner/breakfast/lunch? အသံထွက်က    ဟဖ်ယူ ဖင်းနချ် ယော် ဒင်းနာ/ဘရိတ်ဖက်စ်/လန်.ချ်? 2. မင်းကိုငါ သိပ်ချစ်တာ မင်းမသိဘူးလား။ —-> Don’t you know that I adore you? အသံထွက်က       ဒုန်.ယူနိုး သတ်ဒ် အိုင် အဒေါလ် ယူ? […]


မိုက်လေး..က ကဗျာဆရာမတစ်ယောက်မဟုတ်သလို… ဖြစ်ပေါ်လာတဲ့ ခံစားချက်တစ်ခုနဲ့လည်း…. ကဗျာ တစ်ပုဒ်ဖြစ်အောင် မိုက်လေး မစပ်တတ်ပါဘူး… စာစုလေး တစ်ခုအဖြစ် တင်မိရေးမိတာလေး တစ်ခုပါပဲ… မိုက်လေး ရေးခဲ့သမျှ တင်မိခဲ့သမျှ တိုက်ဆိုင်မှုဆိုတာလည်း ရှိပါတယ်… ဘယ်သူရေးတယ်.. ဘာတွေဆိုတာ မိုက်လေး သေချာမသိခဲ့ပါ..။ မိုက်လေး အီးမေးလ် ထဲသူငယ်ချင်းတွေ ပို့ပေးတဲ့ စာစုလေးတွေ ရှိပါတယ်.. မိုက်လေး ကြိုက်တယ် သဘောကျတယ်ဆိုရင် ထပ်ဆင့် ရှယ်မိတာတွေလည်း ရှိပါတယ်.. တစ်ချို့ အတွက် မိုက်လေး ပို့(စ်) တစ်ခုမှာ ဝန်ခံချက်တွေ ရှိပါတယ်… တစ်ခါတစ်ခါ ဘာမှ မရေးလိုက်မိတဲ့ အဖြစ်မျိုးတွေလည်း ရှိနေပါတယ်… ဒီမန်းဂေဇက်မှာ ဘာအရေးအသား မှ မရေးတတ်တဲ့ မိုက်လေး အတွက်.. စာရေးမှုနှုန်း အရင်ကထက် ရေးတတ်နေပါပြီ…။ အဲ့ဒီအတွက် […]


mamanoyarJuly 2, 20121min25619
စိတ်အလိုမကျခြင်းအတွက် တစ်ပျစ်တောက်တောက် မြည်တွန်တောက်တီး ခြင်းသည် အလွန်ပင်စိတ်ပျက်စရာ ကောင်းသော အပြုအမူဖြစ်ပါသည်။ လူတိုင်းတွင် စိတ်အားငယ်စရာ၊စိတ်ပျက်စရာ၊ စိတ်အလိုမကျစရာများ အနည်းနဲ့အများဆိုသလို ရှိနေကြပါသည်။ မိမိတစ်ယောက်ထဲ ရှိနေခြင်းမဟုတ်ပါ။ ထိုကဲ့သို့ ကိုယ့်စိတ်အလိုမကျတိုင်း အော်ကျယ်ကျယ်နှင့် မြည်တွန်တော်တီးနေမည်ဆိုလျှင် ကြားရသူတိုင်း စိတ်မချမ်းမြေ့ ဖြစ်ရပါသည်။ မည်မျှပင် ပျော်ရွှင်နေစေကာမူ ထိုကဲ့သို့သော စိတ်ညစ်စရာ မြည်တွန်တောက်တီး မှုများကို ကြားနေရပါက မိမိပျော်ရွှင်မှုများပင် ပျောက်ပျက်ကာ စိတ်နှလုံးမသာမယာ ဖြစ်ရပါသည်။ ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင်နှင့် ဆက်စပ်နေသော လူအများစု စိတ်မချမ်းသာဖြစ်ရမည်ကို သတိပြုသင့်ပါသည်။ အချို့သော လူကြီးများသည် မိမိ တွင် ရာထူးဂုဏ်ရှိသည် မည်သူ့မျှ ဂရုစိုက်စရာ မလိုဟုထင်တတ်ကာ မိမိအလိုမကျတိုင်း အော်ငေါက်တတ်သော အကျင့်ရှိပါသည်။ ထိုကဲ့သို့သောနေ့များတွင် မိမိလက်အောက်တွင် အလုပ်လုပ်နေကြသော လူအားလုံး ထိုနေ့အဖို့ စိတ်မချမ်းသာ […]


လောကကြီးမှာ… နေရတဲ့ အချိန်ကာလတစ်ခုက ခဏလေးရယ်ပါ… ဒီကမ္ဘာကြီးထဲမှာ… နင်ရယ် ငါရယ် ရှိနေခဲ့တယ်… ကျယ်ပါတယ်ဆိုတဲ့ ကမ္ဘာကြီးမှာ… တစ်ကယ်တမ်းတော့ ကမ္ဘာကြီးက.. ကျဉ်းကျဉ်းလေးနဲ့…… နင်ရယ် ငါရယ်တွေ့ဆုံခွင့်တွေပေးပြန်တယ်နော်… တွေ့ဆုံခြင်းတွေ အစပြုလို့… ခွဲခွာဖို့ဆိုတာ လည်းဖြစ်လာပြန်တယ်… ဒီလိုမှန်း ငါမသိခဲ့လိုက်မိဘူး… အမှတ်တမဲ့နဲ့ ငါမေ့နေခဲ့လိုက်တာ… လောကကြီးက ဆန်းဆန်းပြားပြားနဲ့… အမှတ်တရတွေစုဆည်းပြီး… စိတ်ပျက်စရာတွေလည်း ပေးခဲ့ပြန်ပြီ… င့ါအတွက်တော့…. တွေ့ဆုံခြင်းတွေက …. ခွဲခွာခြင်းရဲ့ လမ်းစတွေဆိုရင်… ငါ………. ဘယ်သူနဲ့မှ မတွေ့ဆုံချင်တော့ဘူး… ငါလေ အရာအားလုံးကို စိတ်ကုန်လိုက်တာ.. တစ်ချို့ကလည်း င့ါကိုစိ်တ်ပျက်မိကျမှာပဲ.. ငါကလည်း အရေးကို မစိုက်တာပါ… အင်းးးးးးးးး နောက်ဆုံးတော့လည်း ဒီလိုပါပဲဟာ.. ဖြစ်ချင်တာတွေမဖြစ်ပဲ…. ဖြစ်သင့်တာတွေ ဦးစားပေးနေရတဲ့ဘဝမှာ…. ဖြစ်သင့်တာတွေ ဖြစ်နေပြီးရင်တော့… ဖြစ်ချင်တာလေး တစ်ခုအတွက်…. တောင်းဆုတစ်ခုသာပြည့်မယ်ဆိုရင်………. […]


ムラカミJuly 2, 20122min39321
  ဓာတ်ပုံ မပါတဲ့ ဓာတ်ပုံ အကြောင်း ပိုစ့် ဖြစ်ကြောင်း ဦးစွာ ပြောပါရစေ။ www.500px.com အကြောင်းပါ ..။ သိပြီးသူတွေလည်း ရှိမှာပါ ..။ မသိသေးသူတွေအတွက်ပါ။ ကနဦး ၂၀၀၃ ခုနှစ်က ဖြစ်ပါတယ်။ Oleg Gutsol နဲ့ Evgeny Tchebotarev ဆိုတဲ့ လူ၂ယောက်ဟာ လူမှုဆက်ဆံရေး ဆိုင်ရာ ဘလော့ ဝက်ဆိုက်တခု ဖြစ်တဲ့ Livejournal ကို စတင်ခဲ့ကြပါတယ်။ အဲ့သည့်မှာ ဓာတ်ပုံ တင်ဖို့အတွက် အသင့်လျော်ဆုံး အရွယ်အစားဟာ 500pixel ဆိုပြီး သတ်မှတ် ခဲ့ကြပါသတဲ့…။ (အဲ့သည့်ခေတ်က အမေရိကားမှာတောင် web display အတွက် ကန့်သတ်ချက်တွေ ကြီးခဲ့သေးလေတော့ CRT monitor တွေပေါ်မှာ ပုံဖော်ဖို့အတွက် […]


htet wayJuly 2, 20121min12410
အိမ်မဲမြို့နယ် အသင်းက အိမ်မဲ မြို့နယ် တွင်းမှာ နောင်ရိုး တိုက်ပွဲဖြစ်ပွားခဲ့တယ် ဆိုတဲ့ ကျောင်းသုံး စာအုပ် ပြဋ္ဌာန်း ချက်အပေါ်မှာ သမိုင်း သုသေသနတွေ လုပ်ဖို့ စိတ်အား ထက်သန်ခဲ့ကြပါတယ်။သမိုင်ပညာရှင်ကြီးတွေကို ချည်းကပ်ပြီး ကွင်းဆင်းလေ့လာခဲ့ကြပါတယ်။ သမိုင်းပညာရှင်ဒေါက်တာ သန်းထွန်း ထံ အကူညီတောင်း လို့ ၂၀၀၅ ခုနှစ်မှာ အိမ်မဲမြို့ နယ်ကို ကွင်းဆင်းလေ့လာမူတွေ ပြု လို့ သမိုင်း အချက်အလက်သဲလွန်စကို ရှာဖွေ ကြပါတယ်။ ဆရာကြီး ဒေါက်တာသန်းထွန်း နဲ့အတူ သမိုင်းပညာရှင် ဒေါက်တာတိုးလှ ဒါရိုက်တာ စာရေးဆာ အောင်စိုးဦးနဲ့ အိမ်မဲမြို့နယ် အသင်း ဥက္ကဋ္ဌ ဆရာကြီး ဦးမြင့်စိုး ဦးဆောင်တဲ့ အိမ်မဲမြို့နယ် အသင်း က နယ်မြကို သူသေသန လုပ်ဖို့ […]


မြသဲ ( 17082011 )July 2, 20121min30338
အခုတလော နားထဲမှာ အဆင်မပြေတဲ့ အသံလေးတွေကြားနေရတာနဲ့ ဒီစာလေးကိုရေးဖြစ်တာပါ။ အဲဒါကတော့ အင်္ဂလိပ်စာအသံထွက်ပါပဲ။ ယနေ့ မြန်မာနိုင်ငံရဲ့ လူ ကြည့်အများဆုံး Channel တွေထဲက တခုဖြစ်တဲ့ Family Entertainment ရဲ့ Movie 5 အစီအစဉ် ကြော်ငြာသူ တွေရဲ့ အသံထွက်ပါ။ ဟိုတလောက ကျွန်မလဲ TV ထိုင်ကြည့်နေတုန်း သူတို့ Movie 5 ရဲ့ အစီအစဉ်တွေကိုကြော်ငြာပါတယ်။ ကောင်လေး တယောက် အသံနဲ့ပေါ့။ For Series တွေရော 5 Series တွေရောပေါ့။ အဲဒီမှာ For Comedy အစီအစဉ်လဲရောက်ရော သူကအသံထွက်လိုက်တာ က ဖော်ကမ်းဒီ အတွက် တဲ့။ ဟင်ဘယ်လိုကြီးပါလိမ့်ပေါ့။ ကျွန်မစဉ်းစားလိုက်တော့မှ သူက သူ့ဟာသူ စဉ်းစားပြီးအသံထွက်ထားပုံရတယ်။ […]


ငါဟာ ငှက်တစ်ကောင် ဘယ်လို မိုးခါးရေကိုမှ ငါမသောက်ဘူး——— ဘယ်လောက်ဆာလောင်ဆာလောင် ဘယ်လောက် ငတ်ငတ် ဘယ်လောက် မွတ်သိပ် မွတ်သိပ် ဒါဟာ ငါ့ ဘိုးဘေးတွေ ချမှတ်ခဲ့တဲ ့ကိုယ်ကျင့်စည်းမျှုဉ်း ငါ စောင့်ထိန်းနေသမျှ ——– ငါဟာ ငှက်တစ်ကောင်ဖြစ်ရတာ ရှက်စရာမလို—— ဘယ်သူ ့ကိုမှ ဒူးထောက်ဖို ့မလို———– ဒေါင်းမဖြစ်ချင်နေပါစေ—— အသားမလှချင်နေပါစေ———– ကျီးတစ်ကောင်ဖြစ်ရခြင်းအတွက် ငါဘယ်တော့မှ မသိမ်ငယ်ဘူး—- ငါဝန်ခံတယ်လေ ငါဟာ ယောနသံစင်ရော်မဟုတ်ဘူး——— ဒါပေမယ့် ငါ့မှာ ကျီးတစ်ကောင် ရှိသင့်ရှိထိုက်သမျှ အရည်အချင်း အစွမ်းသတ္တိ အားလုံးရှိတယ် ငါတို ့အမျိုုးဟာ တစ်ယောက်ထိရင် မချိအောင်နာတဲ့ အမျိုး ရာဇဝင်အဆက်ဆက် တည်တံ့ခဲ့တဲ ့အမျိုး သဘာဝတရားက ငါတိ ု ့ကို အတောင် အလက် […]


Knowledge SeekerJuly 2, 20121min500
အဲ့တော့ အခု လက်ရှိမြန်မာနိုင်ငံရဲ့ လ.ဝ.က မှာအဆင့်အမြင့်ဆုံးဝန်ကြီးက ငြင်းဆိုထားခဲ့တဲ့ ရိုဟင်ဂျာသည် တိုင်းရင်းသားမဟုတ်ဘူး ဆိုတဲ့ အဆိုကို အဲ့ဒီပါတီက NDPD ပါတီက မျက်ကွယ်ပြုသလို ဖြစ်မနေပေဘူးလားဗျာ။ နောက်ပြီး ရိုုဟင်ဂျာကိုယ်စားလှယ်တော် လို့ဆိုထားတော့ကာ လက်နက်ကိုင် ARNO တို့လို အဖွဲ့အစည်းတွေနဲ့ မပတ်သက်ပါဘူးလို့များ အာမခံနိုင်သလားဗျာ။ ဆက်လက် ပတ်သက်ခဲ့လျှင် ပုဒ်မ ၄ဝရ (ခ) အရ ပါတီ အဖြစ်ရပ်တည်ခွင့် ပျက်ပြယ်သွားရမယ်ထင်တာပါပဲဗျာ။ Credit to Myo Set on Face Book Credit to Ko Kyi Win on Face Book


Knowledge SeekerJuly 2, 20121min21615
သောင်းနဲ့ချီ ကြိုဆိုနေသော လူများ၏အလယ်တွင် ယခုလို လူလေးငါးဆယ်ယောက်လောက်က ကန့်ကွက်ပါသည် အစရှိ သောစကားလုံးကိုင်လျှင် မည်သူမျှ ဂရုမစိုက်ပေမယ့် ““ကုလားမယားအောင်ဆန်းစုကြည်““ ဟုသော (ဥပဒေအရ) စော်ကားမှုမြောက်သော အသုံးအနှုန်းကို ထောက်ခံသူများကြားထဲတွင် ကိုင်ဆောင်ဖော်ပြရဲလောက်သည်အထိ ယနေ့ခေတ်တွင် ဘယ်ပြည်သူမှ မရဲဝံ့ပါ.။ အဘယ့်ကြောင့်ဆိုသော် ကုလားဟုသောစကားလုံးကို မသုံးသင့်ကြောင်း အစိုးရကိုယ်တိုင် တိုင်းသိပြည်သိူပြန်လည်ပြင်ဆင်ပြီး ကြေညာချက်ထုတ်ထားခဲ့သလို အနောက်က မယားဟုသော စွပ်စွဲချက်ကလည်း ပြစ်မှု (စွပ်စွဲစော်ကားမှု) မြောက်သဖြင့် သောင်းနဲ့ချီသော ကြိုဆိုသူ ပရိသတ်အရှေ့တွင် ထိုသို့ စော်ကားသူတို့သည် NLD ၏ လုံခြုံရေးများ အရောက် နောက်ကျခဲ့လျင်သော်လည်းကောင်း၊ ၈ မိုင်လမ်းဆုံတွင်ရှိသော အခြား ကြိုဆိုထောက်ခံသူများ၊ ကားတန်းနှင့်လိုက်ပါလာသော ကြိုဆိုသူများနှင့် ထိပ်တိုက်တွေ့ခဲ့လျှင်သော်လည်းကောင်း ဖြစ်လာမည့် အဓိကရုဏ်းနှင့် ဆွမ်းကြီးလောင်းပွဲကို မှန်းဆကြည့်လျှင် မည်သည့်ရည်ရွယ်ချက်ဖြင့်ဖန်တီးနေသည်မှာ ထင်ရှားပါသည်..။ […]


ယခုတလော ကျနော်တို့ရွာ မန်းဂေဇက်မှာ ဟိုအရေး ဒီအရေး ဘာအရေး ညာအရေးတွေကြောင့် ငြင်းကျ ခုံကျ ဆဲကြ ဆိုကြနဲ့ တော်တော်လေး ရှုပ်ရှက်ခက်နေတယ်။ မန်းဂေဇက်ဆိုတာ လူတော်တော် များများရဲ့ စိတ်ဝင်စားမှုကို ခံရပီး လက်တဲ့စမ်းချင်သူတွေ သွေးတိုးစမ်းချင်သူတွေပါ လှုပ်လှုပ်ရှားရှား အုတ်အော် သောင်းတင်း ဖြစ်လာပါတယ် ပြောချင်တာက ကျနော်တို့ရေးတာတွေပဲဖတ် ခင်ဗျားတို့ မလုပ်ရဘူးလို့ ခွဲခြားပြောဆို ချင်တာမဟုတ်ပါ လာပါ ဖတ်ပါ ဆွေးနွေးပါ ဘယ်သူ့မှ သောက်ဂရု မစိုက်တောင် ဆာဗာလေးတာလေးတော့ ဂရုစိုက်စေချင်တယ် ခုတလော ဝင်လာတဲ့ သူတွေ တော်တော်များများက မန်းဂေဇက်ကို သူတို့မြင်ခဲ့ တွေခဲ့ ဝင်ခဲ့ ဆဲခဲ့ ရေးခဲ့ဖူးကြတဲ့ ဆိုဒ်တကာ ဆိုဒ်တွေလို ဝင်လာကြ ဆွေးနွေးတာထက် ထင်ရာမြင်ရာပြောပီး ဆဲကြ အပေါ်ကရေးထားတဲ့ […]


ပေးဝေခြင်း 1         “Mလုလင်နောက်က လိုက်ခြင်း” (လုလင်တို့ဇနီးမောင်နှံရဲ့မင်္ဂလာနှစ်ပါတ်လည်အမှတ်တရ)   ကျနော်တို့ ရွာကအလှူပန်းတနော်ပွဲကို လိုက်ဘို့ရန်ကုန်ကိုရောက်လာခဲ့ပါတယ်။ တောင်ကြီးဘက်ကနေကူးလာတာပါ။ ရောက်တဲ့နေ့မှာဘဲ လုလင်နဲ့ကျနော် ကန်တော်ကြီးဘက်ဓါတ်ပုံရိုက်ထွက်ဖြစ်ခဲ့ပါတယ်။ ကျနော်တို့နှစ်ယောက်မှာ တူညီတဲ့စိတ်က ဓါတ်ပုံရိုက်သွားမယ်ဆို ချက်ခြင်းသွားဖြစ်တာပါ။ သူနဲ့ကျနော်သွားတဲ့အချိန်က နေ့လည်ဆယ်နှစ်နာရီကျော်ကျော်။ ထမင်းလဲမစားရသေး။ ကျနော်က ငုဝါပန်းတွေလက်ဆော့ချင်တယ်ဆိုတာနဲ့သူကလိုက်ပို့တာပါ။ ဟိုရောက်တာနဲ့ အဲဒီနားက ဆိုင်မှာ ထမင်းကြော်စား။ ပြီးတာနဲ့လက်ဆော့။ ကရဝိက်ရယ် ငုရယ် စိတ်တိုင်းတွေကျ။ ဒါနဲ့အနောက်ဘက်ခြမ်းဆက်သွား၊ ဘွန်ဇိုင်းအပင်တွေကြားထဲမှာ ကျနော်ကို ဓါတ်ပုံရိုက်.။ ကြာပန်းပင်တွေရိုက်။ အဲဒီလိုရိုက်နေတုန်း သူက သူ့မင်္ဂလာဆောင်အကြောင်းလေးပြောပြပါတယ်။ မင်္ဂလာဆောင်တဲ့အချိန် ဓါတ်ပုံတွေ စပါယ်ရှယ်ရိုက်တဲ့အကြောင်းပေါ့။ ဒီကန်တော်ကြီးထဲက စိန်ပန်းပင်တပင် အပွင့်တွေရဲရဲတောက်လို့လှပ။ သူ့အရိပ်က ကန်ရေပြင်မှာလှပစွာသက်ဆင်း။ သူတို့ မောင်နှံက အဲဒီနေရာလေးမှာ ရိုက်ခဲ့တာလေးကို သူသတိတရနဲ့ပြန်ပြောပြ။ […]