သင့်အေးရိပ်October 24, 20225min55520
Oct 2022 မြန်မာပြည် သတင်းဒိုင်ယာရီသင့်အေးရိပ် စုဆောင်းတင်ပြသည်။ Oct 17 ။ လာမယ့် ၂၀၂၃ ခုနှစ်ဟာ စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့အတွက် အဆုံးအဖြတ်တိုက်ပွဲနှစ် ဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊အုပ်ချုပ်ရေး၊ နိုင်ငံတကာ သံတမန်ရေး၊ ပြည်သူနဲ့ ထိတွေ့ဆက်ဆံရေး စတဲ့ မျက်နှာစာ ၆ခု ဖွင့်ပြီး စစ်ကောင်စီကို ထိုးနှက်သွားမှာ ဖြစ်ကြောင်း NUG ကပြောဆိုတာဟာ ထင်သလောက်လွယ်လွယ် မဖြစ်နိုင်ဘူးလို့ မြေပြင်မှာ စစ်ကောင်စီတပ်သားတွေနဲ့ လက်တွေ့ရင်ဆိုင်တိုက်ခိုက်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ Oct 16 ။ စစ်အာဏာသိမ်းမှု ၁နှစ်ကျော် ၂ နှစ်နီးပါး ရှိလာတဲ့ မြန်မာပြည်မှာ နိုင်ငံရေးအကျပ်အတည်းတွေ ကြုံနေရပြီး စီးပွားရေး ကျဆင်းမှုနဲ့အတူလူသားဘေးဒုက္ခ အကျပ်အတည်းတွေ သိသာစွာ ပိုပြီး ဆိုးလာနေကြောင်း […]


kaiOctober 19, 20221min52480
ကြားလယ်ရွေးကောက်ပွဲရောက်တော့မည်။၂နှစ်သက်တမ်းရှိ အောက်လွတ်တော်ဟောက်စ်အမတ်(၄၃၅)ဦးအားလုံးတဖန်ပြန်အရွေးခံရပေဦးမည်။ ၆နှစ်သက်တမ်းရှိ စိနိတ်တာ(၃၄)ဦးနှင့် ၄နှစ်/၂နှစ်သက်တမ်းအသီးသီးရှိကြကုန်သော ဂါဗနာ(၃၆)ဦးတို့လည်း လာမည့်နိုဝင်ဘာ ၈ရက်နေ့ရွေးကောက်ပွဲတွင် လူထုဆန္ဒမဲကောက်ယူ၍ အရွေးခံရမည်ဖြစ်ပေရာ အမေရိက၏နိုင်ငံရေးအခြေအနေကို ကြီးစွာပြောင်းပေးနိုင်သော ရွေးကောက်ပွဲရယ်ပါ။ မတူညီသောသက်တမ်းများကြောင့် အားလုံးတပြိင်းနက်ထွက်/ဝင်မဖြစ်ရကား နိုင်ငံ၏မူလနိုင်ငံရေးပေါ်လစီမှာ အမြစ်မှကျွတ်လန်ပြောင်းသွားမည်တော့မဟုတ်ချေ။ ခုံ၅၀% အထက်ရ/မရကိုလိုက်၍ ဟောက်စ်စပီကာ(တိုင်းပြည်၏တတိယရာထူး) နှင့် စိနိတ်ခေါင်းဆောင်တို့လည်း ပါဝါချိန်ခွင်လျှာ ညှိရန်လိုက်၍ပြောင်းကြပါ၏။သို့ငြား အမေရိကား၏ယခုလာမည့်ရွေးကောက်ပွဲသည် ကမ္ဘာအတွက်အလွန်အရေးကြီးသောနေရာ၌ရှိ၏။ ယူကရိန်း/ရုရှားစစ်၊ ချိုင်းနား/ထိုင်ဝမ်စစ်၊ ကမ္ဘာ့စီးပွားရေးတက်/ကျ တည်မှီရာအမြုတေပါ။ “အမေရိကန်စမတ်”ပြီးခဲ့သော ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီတခုတည်း(ဒီမိုကရက်တစ်ပါတီ)၏ သမ္မတနှင့် ဟောက်စ်၊ စိနိတ် ခုံနေရာများ(အများစု)ရွေးချယ်ခံထားရပေရာ (အမေရိက နိုင်ငံရေးထုံးစံအရဆိုပါလျှင်)ယခုကြားလယ်ရွေဂကောက်ပွဲသည် ဟောက်စ်၊စိနိတ် တခုခု(သို့) ၂ခုလုံး အတိုက်အခံဖြစ်နေသောပါတီ(ရီပါ့ဗလစ်ကန်ပါတီ)၏ အမတ်အများစု နေရာရရွေးကောက်ခံရ၍ ဒီမိုကရက်သမ္မတဥပဒေပြုအာဏာလက်ရုန်းပြုတ်ရမည့်နှစ်ဖြစ်သည်။ဤထုံးစံဖြင့် ပါတီတခုတည်းမှ နှစ်ရှည်အာဏာစုံယူ တိုင်းပြည်အားအုပ်ချုပ်/ဥပဒေပြုမောင်းနှင်ခြင်းမပြုနိုင်ရန် အမေရိကန်တို့ဆုံးဖြတ်လေ့ရှိကြပါ၏။ “အောက်တိုဘာ အံ့ဖွယ်”သို့သော် ယခုနှစ်တွင် ထရမ့်အပါအဝင် […]


kaiSeptember 21, 20223min54330
ကိုယ်ပိုင်စာအုပ်စင်လေးမှာ ထားရှိအပ်သော စာအုပ်လေးများအကြောင်း ရေးသားနေသူ စာရေးသူကို လူငယ်လေးတယောက်က တောင်းဆိုလာပါသည်။ “ဆရာရယ်၊ လူငယ်ကြိုက် နှလုံးသားရေးရာနဲ့ပတ်သက်တဲ့ စာအုပ်ကောင်းလေးတွေ ရှိရင် ညွှန်းပေးပါဦး”တဲ့။ဒါပေါ့လေ။ ရင်ခုန်တတ်တဲ့အရွယ် ဆိုတော့လည်း ဒီလိုစာအုပ်လေးတွေ ဖတ်ချင်ကြမှာပေါ့လေ။Shakespeare ရဲ့ Romeo and Juliet ဝတ္ထုကိုတော့ အားလုံးကြားဖူးကြမှာပါ။ မဖတ်ဘူးတိုင် ရုပ်ရှင်တော့ ကြည့်ဖူးကြမှာပါ။Shakespeare ရဲ့ အင်္ဂလိပ်စာကို မှီနိုင်သူ ရှားပေမဲ့ အတုခိုးမှားပြီး မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြမှာစိုးလို့ ဒီစာအုပ်ကိုတော့ မဖြစ်မနေဝယ်ယူထားဖို့၊ ဖတ်ရှုကြည့်ဖို့ မတိုက်တွန်းလိုပါ။ခေတ်မှီသူ လူငယ်တိုင်း ဖတ်ရှုသင့်တဲ့ ဝတ္ထုလေးကတော့ စာရေးဆရာ Erich Segal ရဲ Love Story ပါ။ အကြောင်းအရာမှာရော၊အရေးအသားမှာရော ဒီ Love Story ကို မှီတဲ့ဝတ္ထု ရှားပါတယ်။ စာအုပ်လေးက […]


kaiSeptember 19, 20221min32010
အင်္ဂလန် စကော့တလန် ဝှေးလ်စ်နှင့် မြောက်အိုက်ယာလန်တို့၏ပေါင်းစုထားသော ဘုရင့်နိုင်ငံတော်များပြည်ထောင်စု(ယူကေ)၏ဘုရင်မကြီးII နတ်ပြည်စံခဲ့လေပြီ။လူဦးရေ ၂.၄ဘီလီယံကျော်ရှိသော နိုင်ငံ၅၆ခုပေါင်းဗြိတိသျှဓနသဟာရ၏ အကြီးအကဲလည်းဖြစ်သည့် ဘုရင်မကြီး၏နန်းစံသက်မှာ ၁၉၅၂ ဖေဖော်ဝါရီ၆မှစတွက်လျှင် နှစ်၇၀နှင့်၁၂၇ရက်ဖြစ်၏။ ဤမြေကမ္ဘာတွင်ပြင်သစ်ဘုရင်လူဝီXIV( နန်းစံသက် ၇၂နှစ်) နောက်ဒုတိယအကြာရှည်ဆုံးပါ။အသက်၁၃နှစ်အရွယ်မင်းသမီးသည်အချစ်ဦးမင်းသားဖိလစ်နှင့်အသက်၂၁နှစ်တွင်လက်ထပ်နိုင်ခဲ့ကာ အိမ်ထောင်သက်၇၃နှစ်သွားခဲ့သော ဘုရင်မကြီးသည် ယူနိုက်တက်ကင်းဒမ်းအတွက် ခိုင်မြဲတည်ကြည်သောပြယုဂ်ဖြစ်ပါသည်။အခက်တိုင်းအချက်အဖြစ်ယူကြသော အမေရိကန်တို့၏မူလသဘော’Crisis into opportunity’ကောက်၍ လက်ရှိအခြေအနေကိုသုံးသပ်အမြတ်ထုတ်ကြည့်ကြပါစို့။ “နေမဝင်အင်ပါယာ(သို့) ပြည်ထောင်များမွေးဖွားရာ”၁၉ရာစုအတွင်း မြန်မာလူမျိုးတို့ကိုမူလ Burman မှ Burmese သို့ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲခေါ်ဆိုသုံးစွဲခဲ့သော ဗြိတိသျှတို့သည် လူမျိုး ဒေသ တို့ကို စနစ်တကျသွေးခွဲအုပ်ချုပ် ကျွမ်းကျင်လွန်းလှသူများဖြစ်သည်။ အေဒီ၄၃ ရောမန်တို့သိမ်းပိုက်ခဲ့ချိန်မှစ၍ ယူကေတည်ထောင်နိုင်သည်အထိ နှစ်နှစ်ထောင်ခန့် သမိုင်းခရီးကိုကြည့်ပါလျှင် မည်မျှခက်ခဲကြမ်းတမ်းစွာဖြတ်ခဲ့ရသည် လက်တွေ့အတွေ့အကြုံတို့ကိုခံထားသည်ဟု သိမြင်နိုင်သည်။ ကမ္ဘာအရပ်ရပ်ရှိ တိုင်းပြည် လူမျိုးတို့ကို ဖြိုချ ဖျက်ဆီးခဲ့သလို တည်ထောင်ဖန်တီးပေးခဲ့သူများလည်းဖြစ်၏။ကမ္ဘာစစ်ကြီးပြီးသည့်နောက် ယခုအစ္စရေးပြည်ဖြစ်သည့် ပါလက်စတိုင်းတို့၏ဒေသသို့ […]


kaiAugust 19, 20221min32520
မကြာမှီလတွင်ကျင်းပတော့မည့်ချိုင်းနားကွန်မြူနစ်ပါတီ၏ အကြိမ်၂၀မြောက်(အနှစ်၁၀၀‌ပြည့်) အမျိုးသားကွန်ဂရက်သည် ချိုင်းနားနိုင်ငံကိုသာမက ကမ္ဘာ့အခင်းအကျင်းကိုပါ ရိုက်ခတ်မည်ဖြစ်ပါသည်။ လက်ရှိသမ္မတရှီသည် ထုံးတမ်းကိုကျော်လျက် ၃ဆက်မြောက်အဖြစ်အာဏာဆက်ကိုင်ထားမည်ဖြစ်သလို အင်အား၂သန်းကျော်ကမ္ဘာ့ အကြီးဆုံးစစ်တပ်ကြီး၏ စစ်ရေးဆိုင်ရာသူများကို ရာထူးဦးစားပေးပြောင်းရွေ့ခန့်ထားမည့် သတင်းများကြောင့် လာမည့်နှစ်များတွင်ချိုင်းနား၏နိုင်ငံခြားရေးရာ ပေါ်လစီသည် ထိုင်ဝမ်ဗဟိုပြု စစ်အင်အားခံ ဝံပုလွေသံတမန်ရေးဟုသာ သုံးသပ်ရပေလိမ့်မည်။ချိုင်းနားသည် ကမ္ဘာ့စီးပွားရေးတွင်လွှမ်းမိုးမှုရရန် နိုင်ငံပေါင်း ၁၄၉နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းပေါင်း ၃၂ခုတွင် ပရော့ဂျက်ကြီးပေါင်း ၃၀၀၀ဖြင့် Belt and Road Initiative(BRI) ခေါင်းစဥ်အောက်၌ ဒေါ်လာတန်ဖိုး၁ထရီလီယံကျော် ရင်းနှီးမြုတ်နှံပြီးလည်းဖြစ်သည်။ကမ္ဘာ့နိုင်ငံသဘာ-ဝါစဥ်ကို ပြောင်းရန်ကြိုးစားရာတွင် သာလွန်လူဦးရေနှင့် ကြာရှည်သောသမိုင်းအတွေ့အကြုံတို့က ချိုင်းနားပြည်ကို ဆွဲတင်နိုင်ခဲ့သော်ငြား ချိုင်းနားဟူသည် ရန်လိုသွေးကြွသော စစ်သူရဲကောင်းများ၏ တိုင်းပြည်ကားမဟုတ်။ “မဖြစ်ဝံ့ဝံ့ ဖြစ်ဝံ့ဝံ့” – စစ်ကမ္ဘာစစ်ကြီး၂ခုတွင် အမေရိကားပြည်၏ စစ်ရေးဗျူဟာမြောက်လှုပ်ရှားမှုများကိုသုံးသပ်ပါလျှင် အမေရိကားသည် မိမိ၏အိမ်ကွင်းအတွင်း၌ ကမ္ဘာစစ်ပွဲကြီးများအဖြစ်မခံ၊ အခြားနေရာများ၌စစ်ဖန်တီး၍ အဝေးကွင်းကိုလှမ်းကစားခဲ့သည်သာဖြစ်၏။ ယခုတကြိမ်တွင်လည်း […]


kaiAugust 18, 20223min39710
အင်္ဂလိပ်စာ လေ့လာကြပါစို့ဟု ဆိုလျှင် ခက်ခက်ခဲခဲ၊ နက်နက်နောနော စာပေများကို လေ့လာရမည်ဟုထင်ကြသူ များပါသည်။ Ph.D အဆင့် မဟုတ်တောင်၊ MA အဆင့် မဟုတ်တောင် အနည်းဆုံး BA အဆင့်လောက်ရှိတဲ့စာအုပ်စာပေတွေကို ဖတ်ဖို့လိုသည်ဟု ထင်ကြသူ များပါသည်။ သို့သော် ယခုလတွင် မရှိမဖြစ် စာအုပ်တအုပ်အဖြစ်သတ်မှတ်ခံထားရသော စာအုပ်လေးတအုပ်ကို ဖော်ပြလိုပါသည်။ စာအုပ်လေးရဲ့အမည်ကတော့ All I really need to knowI learned in Kindergarten ။ဒီစာအုပ်လေးဟာ ရေးသားသူ Robert Fulghun ကိုယ်တိုင်ပင် အံ့ဩသွားလောက်အောင် Best Seller ဘဝသို့ရောက်ခဲ့ရသည့် စာအုပ်လေးတအုပ် ဖြစ်ပါသည်။ စာဖတ်သူအားလုံး၊ စာကောင်းပေကောင်းကို မြတ်နိုးသူအားလုံး၏စာအုပ်စင်ပေါ်တွင် ရှိနေသင့်သည့် စာအုပ်လေးတအုပ် ဖြစ်ပါသည်။ Robert Fulghun […]


kaiJuly 21, 20221min31520
ဇူလိုင်လ အမေရိကပြည်တွင်းနိုင်ငံရေး၌ အလှုပ်ခတ်ဆုံးမှာ သေနတ်ကိုင်ဆောင်မှုနှင့် ကိုယ်ဝန်ဖျက်ချ နှစ်ခုဖြစ်သည်။ယူကေဝန်ကြီးချုပ်နှုတ်ထွက်၊ ဂျပန်ဝန်ကြီးချုပ်လုပ်ကြံခံရ၊ သီရိလင်္ကာသမ္မတထွက်ပြေးနှင့် သမ္မတဘိုင်ဒင်၏အရှေ့အလယ်ပိုင်းခရီးစဥ်တို့သည် ၅လကြာရုရှား-ယူကရိန်းစစ်ကိုလွှမ်းမိုးလာ၍ ကိုဗစ်၏နောက်ဆုံးမျိုးကွဲ BA-5 သည်ကားကမ္ဘာအနှံ့ခြေဆန့်နေကာ ဖျားနာစေ အသက်တို့ခြွေနေပြန်လေသည်။ကမ္ဘာသည် ကိုဗစ်နှင့်စစ်ကြောင့်စီးပွားယိုယွင်းချွတ်ခြုံကျ ငတ်မွတ်ခြင်းကပ်ကိုတလှမ်းနီးလာခဲ့ပြီ။ နိုင်ငံတို့၏ခေါင်းဆောင်များ အစွမ်းကုန်အလုပ်လုပ် ကိုယ့်လူမျိုးနှင့်နိုင်ငံတော်ကို ကပ်ဘေးတို့မှလွတ်အောင် အပြင်းအထန်ကြိုးစားနေကြပါသည်။ ကပ်ဟူသည် တခုတည်းမလာ အတွဲလိုက်ဆင့်ဆက်လာသည့်ထုံးစံရှိ၍ပါ။ကပ်ကိုရင်ဆိုင်ကြခြင်း၌ နိုင်ငံရေးသမားခေါင်းဆောင်တို့၏ဖြေရှင်းပုံမတူ။ လူ၏မူလစိတ်ဖွဲ့စည်းပုံအရ လစ်ဘရယ်(ဘယ်)လွတ်ပြန့်စွဲသူလော ကွန်ဆာဗေးတစ်(ညာ)ရှေးရိုးစွဲသည်လားရယ်နှင့် နိုင်ငံရေးရောင်စဥ် ဘယ်/ညာအတိုင်းသာ တွေးခေါ်ဆုံးဖြတ်ကြလေ၏။ လူအများစုတို့ တုံ့ပြန်ကြရာတွင်လည်းထိုနည်းတူစွရယ်ပါ။ စာဖတ်သူသင်သည် ဘယ်လားညာလော? အသက်၊သား၊သတ်ကင်း သက်သတ်မလွတ်/လွတ် ၀ ၁ဂျူး၊ ခရစ်ယန်၊ အစ္စလမ်ကမ္ဘာ့သာသနာကြီးတို့တွင် တိရိစ္ဆာန်ကို ဘုရားသခင်ဖန်ဆင်းထားသည်မူ၍ လူသားတို့နှင့်တန်းတူမထားပေ။ ဂျူးတွင် ကိုးရှာ၊အစ္စလမ်တွင်ဟာလာ ခွင့်ပြုကန့်သတ်ချက်ထားသည်။ ဟိန္ဒူသာသနာတွင် တိရစ္ဆာန်တို့၏အရာသည် ဘုရားတို့နှင့်တွဲလျှက်ပါသည်။ ဘုရားများ၏ပုံသဏ္ဏန်ထွင်းထုသည်ပင် ဆင်နွားစသဖြင့်မြင်ကြရသည်မဟုတ်ပါလော။ ဗုဒ္ဓအနေဖြင့်ကား သက်သတ်လွတ်ဟူ၍ […]


kaiJuly 20, 20221min46380
မြန်မာစာဖတ်ပရိသတ်ကို အင်္ဂလိပ်စာ တိုးတက်လာစေဖို့အတွက် ကိုယ်ပိုင်စာကြည့်တိုက်လေးတွေ ထူထောင်ကြဖို့ စာရေးသူက တိုက်တွန်းအားပေးခဲ့သည်မှာ မကြာလှသေးပါ။ သို့သော် အင်္ဂလိပ်စာ တတ်ကျွမ်းလိုသူ မြန်မာလူငယ်အချို့သည် မိမိတို့၏ ဝါသနာနှင့် ကိုက်ညီသည့် စာအုပ်လေးများကို  စတင်စုဆောင်းနေကြသည်ကို ဝမ်းသာအားရဖွယ် ကြုံတွေ့ရပါသည်။ အချို့သော လူငယ်များက ၎င်းတို့၏ စာကြည့်တိုက်လေးများကို ဓာတ်ပုံရိုက်ပြီး e-mail တဆင့်ပေးပို့ပေးသည့်အတွက် စာဖတ်ပရိသတ်ပါ ဝမ်းသာကြည်နူးခွင့် ရအောင်၊ နမူနာယူလို့ရအောင် ပြန်လည်ဖောက်သည်ချလိုက်ပါသည်။ ပထမဆုံး စာကြည့်တိုက်လေးကတော့ မြန်မာကျောင်းသူလေးတဦးဖြစ်တဲ့ Sworu ရဲ့ စာကြည့်တိုက်လေးပါ။ သူကတော့ သူနှစ်သက်တဲ့ စာအုပ်လေးတွေ စုဆောင်းထားတာပေါ့နော်။ တကမ္ဘာလုံးက လေးစားကြည်ညိုတဲ့ His Excellency Dalai Lama ရဲ့ The Art of Happiness ဆိုတဲ့ စာအုပ်လေးတအုပ်ထဲနဲ့ Sworu […]


kaiJune 22, 20222min29270
ယခုလပိုင်းကမ္ဘာအခြေအနေအရပ်ရပ်တို့ များစွာပြင်းထန်ဆိုးဝါးလာနေသည်။ သဘာဝဘေးနှင့် ရာသီဥတုသည်၄င်း စီးပွားရေး နိုင်ငံရေး စစ်ရေးတို့သည်၄င်း အစွန်းများရောက်နေကြပါ၏။ အမေရိကားတပြည်တွင်းပင် သမိုင်းစံချိန်တင်မိုးခေါင်ရေရှားခြောက်သွေ့နှင့်ရေကြီးရေလွှမ်းမုန်တိုင်းထန်တို့ အနောက်နှင့်အရှေ့တွဲဖြစ်နေသလို ချိုင်းနားနှင့်အိန္ဒိယတွင်ရေလွှမ်းလူသေ အာဖဂန်တွင်ငလျင်ကြီးထလှုပ်နေပါ၏။ ကိုဗစ်ရောဂန္တရကပ်တွင် ယူကရိန်း-ရုရှားစစ်ထပ်ဆင့်၍ အစွမ်းကုန်မြင့်တက်နေသော ဂက်စ်ဆီစျေးနှင့် စားနပ်ရိက္ခာပြတ်မှုကြား ဖေါင်းပွကုန်သော နိုင်ငံတကာငွေမာတို့ကြောင့် ကမ္ဘာစီးပွားရေးဆုတ်ယုတ်ကျဆင်းမှုကြီးလာတော့မည်ဟု ပညာရှင်အများစုကဆိုလျှက်ရှိကြ၏။ “ကပ်ပေါင်းပြုံဆင်း Stagflation”ယူကရိန်း-ရုရှားစစ်မှာပြီးပါရန် ညှိနှိုင်းဆွေးနွေးဟန်မဆိုထားနှင့် စစ်ကိုစစ်ဆင့်လျှက် အဆုံးမမြင်ရသောလမ်းသို့လျှောက်နေကြဟန်ပါ။ရုရှားသည် စစ်ရေးကိုတဆင့်မြှင့်ကာ မဟာဗျူဟာမြောက်လက်နက်များထုတ်သုံးမည်ခြိမ်းခြောက်နေသည်။ ယူကရိန်းသည် ကမ္ဘာ့လူဦးရေသန်းရာကျော်အတွက်စားနပ်ရိက္ခာထောက်ပို့ပေးနေခဲ့သောနိုင်ငံဖြစ်သော်ငြား ယခုအခြေအနေအရ ထုတ်လုပ်ပြီးသော ဂျုံ၊ပြောင်း၊နေကြာများပင်ဆိပ်ကမ်းမှတင်ခွင့်မရ ရုရှား၏ပိတ်ဆို့မှုအောက်တွက် ချုပ်မိနေပါသည်။ ထိုစားနပ်ရိက္ခာများထုတ်ခွင့်မရလျှင် အာဖရိကတိုက်တွင်ကြီးစွာသောအငတ်ဘေးကြီးလာမည်ဆိုနေကြသော်ငြား စစ်၏မူလရှင် ဆိုဗီယက်စိတ်ကြီးဝင်ရုရှား၏ပူတင်မှာ လျှော့ချင်ဟန်မရှိ။ မလျှော့သည့်အပြင် နေတိုးအဖွဲ့ဝင် လစ်သူရေးနီးယားကိုပင် ရန်စခြိမ်းခြောက်ခြင်းပြုလာသည်မြင်ရပြီ။ အချိန်မရွေးကမ္ဘာစစ်သို့ကူးသွားနိုင်ပါ၏။ ချိုင်းနားသည် လေယာဥ်တင်စစ်သင်္ဘောသစ်ကြီးများရေချနေသလို ထိုင်ဝမ်၏လေကြောင်းပိုင်နက်ကိုလည်းအကြိမ်ကြိမ်စစ်လေယာဥ်များ ကျူးပျံသန်းနေ၏။ချိုင်းနားသည် ကမ္ဘာ့စက်ရုံကြီးဖြစ်၏။ ကုန်ကြမ်းများတင်သွင်းရပေရာ တိုးတက်လာစျေးကုန်ကြမ်းစျေးတွင် မြှင့်ထားသောစွမ်းအင်နှုန်းယှက်သည်တွင် zero-Covid […]


kaiJune 20, 20224min53330
ယခင်လက နံမည်ကျော် စာရေးဆရာကြီး Thomas Hardy ရဲ့ ဝတ္ထုတပုဒ်ဖြစ်တဲ့ Tess of the D’Urbervilles အကြောင်းကို ဖော်ပြပြီးခဲ့ပါပြီ။ မဖြစ်မနေ ဖတ်ရှုထိုက်တဲ့ စာအုပ်လေးတအုပ်ပါ။ သို့သော် အင်္ဂလိပ်စာကို သင်ယူခါစ ကျောင်းသူကျောင်းသားလေးများအတွက်တော့ အတော်အတန် ခက်ခဲနေပါလိမ့်မယ်။             ဒီတော့ ဒီ classics လို့ခေါ်တဲ့ Hardy ရဲ့ အခြားဝတ္ထုများဖြစ်တဲ့ The Return of the Native တို့၊ Far from the Madding Crown စသည်တို့ကို အသာထားလိုက်ပါဉီး။ စိတ်ဝင်စားစရာလည်း ကောင်းတယ်၊ ခေတ်နဲ့လည်း လိုက်လျောညီထွေတဲ့၊ classics မဟုတ်တဲ့ စာအုပ်လေးတအုပ်ကို ညွှန်းလိုပါတယ်။             Daniel Keys ရဲ့ […]


kaiMay 16, 20221min29400
Roe v. Wade သည် ၁၉၇၃က Jane ROE နှင့်Henry WADE တို့အမှုကိုမူတည်ပြီး အမေရိကစူပရင်းတရားရုံးချုပ် SCOTUS၏ဆုံးဖြတ်ချက်ဖြစ်သည်။ ဆုံးဖြတ်ချက်အရ သန္ဓေသားဖျက်ချခြင်းပြု/မပြုရွေးချယ်ခွင့်ဟူသည် ကိုယ်ဝန်ဆောင်အမျိုးသမီးအပေါ် အမေရိကား၏ဖွဲ့စည်းပုံအရအကာအကွယ်ပေးထားသော ပုဂ္ဂလိကအခွင့်အရေးဖြစ်သည်ဟူ၏။ထိုကြောင့် ပြည်နယ်များ၌ သန္ဓေသားဖျက်ချခြင်းနှင့်ပါတ်သက်၍ မည်သို့ပင်ဥပဒေပြုကြ ကန့်သတ်ကြအငြင်းပွားကြစေကာမူ ကိုယ်ဝန်ဖျက်ချသူတို့သည် အမေရိကား၏ ဖွဲ့စည်းပုံအရအကာအကွယ်ရကြသည်။ရာစုနှစ်ဝက်နီးပါးကြာပြီး ယခုအခါတွင်မှ အဆိုပါဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်ရန် စူပရင်းတရားရုံးချုပ်ကပြင်ဆင်နေသည်တို့ ‌ပေါက်ကြားလာသည်။ သမ္မတဒေါ်နယ်ထရမ့်လက်ထက်တွင် တရားသူကြီးချုပ်၃ဦးခန့်အပ်ခြင်းဖြင့် အမေရိကတရားရုံးချုပ်၏ ရှေးရိုးနှင့် လွတ်ပြန့်သူမျှခြေပျက်ကာ ၆-၃အချိုးဖြစ်နေချိန်ဖြစ်ရာ ရှေးရိုးစွဲတရားသူကြီးချုပ် ၆ပါးဆုံးဖြတ်ချက်သည် ထူးခြားဖြစ်ရပ်များမရှိပါလျှင် အောင်မြင်သွားမည်။ ကွန်ဆာဗေးတစ်-ရှေးရိုးစွဲသူတို့က ကိုယ်ဝန်ဖျက်ချခြင်းသည် သန္ဓေသား၏သက်ရှိဘဝကိုသတ်ဖြတ်ဖျက်စီးခြင်းဟုယူသည်။ လစ်ဗရယ်-လွတ်ပြန့်စွဲသူတို့က မိခင်၏အခွင့်အရေးဟုယူသည်။၁၉၇၃မှ စ၍ ကိုယ်ဝန်ဖျက်ချမှုပေါင်း၆၃သန်းကျော်ရှိသည်ဟု NRLC ဆန်းစစ်မှုကတွက်ချက်ဆိုထားသဖြင့် အသက်ပေါင်း၆၃သန်းပျက်စီးခဲ့ပြီးဟုယူဆ၍ရပါသည်။ အဆိုပါအသက်များသည် အမေရိကား၏ စွမ်းအားမြင့်လုပ်သား ပညာရှင် အမေရိကန်များအဖြစ်မရောက်လိုက်ရပဲ ကြွေလွင့်ခဲ့သူများဖြစ်ကြပေသည်။ […]


kaiMay 15, 20225min42141
အင်္ဂလိပ်စာ တတ်လိုလျှင် စာမဖတ်ဘဲ မဖြစ်နိုင်ပါ။ စာအုပ်စာပေ လူ့မိတ်ဆွေဆိုတာ အားလုံး ကြားဘူးကြမှာပါ။ သို့သော် စာအုပ်တိုင်းဟာ လူ့မိတ်ဆွေလားလို့ မေးလာရင်တော့ မဟုတ်နိုင်ပါ၊ မဖြစ်နိုင်ပါ လို့သာ ဖြေရမှာ ဖြစ်ပါတယ်။ အချိန်တိုတိုလေးနဲ့ အင်္ဂလိပ်စာ တတ်လိုရင်တော့ ဖတ်သင့်ရှုသင့်တဲ့ စာအုပ်လေးတွေကို ဦးစားပေးပြီး အကြိမ်ကြိမ် အဖန်ဖန် ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဒီလို အကြိမ်ကြိမ်အဖန်ဖန် ဖတ်ရှုနိုင်ဖို့က မိမိကိုယ်ပိုင်စာအုပ်လေးတွေ ရှိနေဖို့ လိုပါသည်။ စာဖတ်ရင်း မှတ်သားစရာလေးတွေကို မျဉ်းတားသည့်အခါ တား၊ Marker လေးနဲ့ mark လုပ်သင့်ရင်လုပ် စသည်ဖြင့် လုပ်ဖို့ကလည်း မိမိကိုယ်ပိုင် စာအုပ်မှသာ လုပ်နိုင်မှာပါ။ ဒီတော့ အချိန်မဆိုင်းဘဲ ယနေ့မှစ၍ ကိုယ်ပိုင်စာကြည့်တိုက်လေး ထူထောင်နိုင်ရန် ဖတ်ရှုသင့်တဲ့ စာအုပ်လေးများကို ဖော်ပြပေးလိုပါတယ်။             […]