ဝေဒနာနဲ ့လူပါ…… သောကတွေ လက်ကျန် ဒဏ်ရာတွေခံစား အတိတ်ဆိုတာကြီးကို မေ့ထားချင်ခဲ့ စိတ်တွေက တေလေ နေနှယ်ပူလောင် အလွမ်းတွေ ဆူဝေ တမ်းတနေဆဲ လွမ်းရယ်တဲ့ ကြင်မပြေ ဖြေသိမ့်စရာရယ် ဝေး…… ဒဏ်ရာလေး ကသေရာပါ ဘဝဆုံးထိ. မေ့အတွက်သက်သေဖြစ်လိုက်မယ်ထင့်။ ဟိုး မှာကြည့်စမ်း…. ရာသီတွေလဲ ပြောင်းလို ့ ဆောင်းနှင်းလေးတွေငို လောကတခွင် မြူတွေဆိုင်းနေပီ. မေ။ ဟိုးမှာ ကြည့်လိုက်စမ်း…. ပြက္ခဒိန်တွေ တစ်ရွက်ပြီးတစ်ရွက်နေရာတွေဖယ်ပေးနေရပီ ဆောင်းနှင်းစက်လေးတွေ တဖေါက်ဖေါက်ကျလေတိုင်းမှာ. သူ???? ရော်ရွက်တို ့တဖြုတ်ဖြုတ်ကြွေတိုင်း. သူ???? ဘယ်တော့မှ…… ဘယ်တော့မှ……. ဘယ်သောအခါမှ…… ရောက်မလာတော့ဘူး,,,,,,??????


mipukayNovember 22, 20111min19713
ရုံးသူ နဲ ့သူ ့ဝန်းကျင် စုလိုက်ရပါတဲ့ စာရင်းတွေ စစ်လိုက်ရပါမဟဲ့ အပျင်းမသွေ ဟစ်လိုက်ရပါမကွဲ ့ ဒင်းတို ့တစ်တွေ တွန်းလိုက်ရတာကွဲ ့ အဟင်းထကြလေ (g-talk က) ဆွဲလိုက်ကြပါဟဲ့ အထည်တွေမပြီးသလေ (ချုပ်တုန်း) ပြင်လိုက်ကြပါဦးကွဲ ့ ဂွတ်ထည်တွေ (စစ်ပြီးသားတွေ) လုပ်လိုက်ရပါတဲ့ စစ်ခြင်းတွေက ခဏခဏ… ပြောလိုက်ရပါတဲ့ ချော့ခြင်းတွေက ခဏမက အသောလိုက်ရပါတဲ့ ပစ္စည်းအလို အဟောသိကံ မဟုတ်ကွဲ ့ အပြောသည်းခံမလုပ်နဲ ့ အကောင်းစည်းကမ်းသာ ဖြစ်ရမကွဲ ့ အိုထိန်းသိမ်းကြလဟေ။ ပြောပြီးအပြန် ကောပြီးအကျန် မနောမညီးအမှန် အော်တောင်းလိုက်ကြရပြန် တောင်းတာကို အပြစ်တင်မစောပါနဲ ့ မဟောင်းအခါခါ ဖြစ်နေကျပါကွဲ ့ ခေါင်းခံကာ ပြောနေရပေမယ့် အကြောင်းမမှန်တာသိပါရဲ ့ […]


mipukayNovember 19, 20111min894
အထည်ချုပ်ကရုံးဝန်ထမ်းသူ ရုံးနဲ ့အချိန် ရုံးဝင်ပြီးကတည်းက မကြည့်နိုင်တဲ့ အိုဘယ့်နာရီ… အချိန်တခါကြည့်ပါပေါ့ အော်ဟဲ့ထမင်းစားချိန်တဲ့… နောက်တခါကြည့်ပြန်တော့ အိမ်ပြန်ချိန်လေ အတည်ကွဲ ့….. အချိန်မှန်မဖြစ်ပါတဲ့ နေ့တိုင်း ၈နာရီ ဒီအတိုင်း မပြောင်းလဲပါပြီ ….. စနေဆိုတစ်မသွေ စိတ်ကူးယဉ်ပါမကွဲ ့ညနေ ၄နာရီ အခါသင့်ပြန်တော့ မှာသင့်တဲ့ကားကမလာတော့ စောင့်အုံးဟဲ့ ၅ နာရီ အခြောက်ပုံးများအထူးပါတဲ့ နောက်ပိုးများမြူးပါတဲ့ ငါတို ့ရဲ ့ကားက လာပါပြီ အပေါက်ထိုးခွဲ တိုးပါတဲ့ မှောက်ထိုးမလဲစိုးပါရဲ ့ သောက်ကျိုးနဲ ကြပ်ပါတဲ့ အိုဘယ့်ဖယ်ရီ ရုံးအပေါ်ဆိုပြီး ပြုံးကာသာဖြီး မဆုံးသာနေရာရအပြီး ချပါပြီသက်ပြင်း အဟင်း….. ပြန်ပြီဟေ့ ပြန်ပြီ ဒီနေ ့တော့ဒီလောက်ဘဲ တာ့တာ အံမယ် ဒီကနေ ့တော့နောက်ကလိုက်ခေါ်တဲ့သူမရှိလို ့အချိန်ပိုမဆင်းရတော့ဘူး ဟီဟိ……. […]


ဂန္တဝင်မြောက် နှုတ်ခမ်းပါးက မှော်ဆန်တဲ့ မင်းအပြုံးတွေဟာ အခုတော့ ငါ့ကိုလွမ်းတေးဖွဲ ့စေခဲ့ပြီ……. မျှော်လင့်မထားတဲ့ မင်းရဲ ့ရင်ဝှက်ဓားက ငါ့ရင်တံခါးကို ကျိုးပျက်စေခဲ့ပြီ… အပြင်မှာ.  မှောင်သလား လင်းသလား…???? မကွဲပြားတော့ဘူး။ နေထွက်၊နေဝင် ကျွန်တော်နဲ ့မသက်ဆိုင်သလို… မေ့ကို စွဲလမ်းမှုဟာ ကော်ပီသီချင်းမဟုတ် နီကိုတင်းမဟုတ် အဓမ္မမှုမဟုတ်ပေမယ့်….????? နောက်လူတွေ ဘာသာပြန်ဖို ့ ထားပေးခဲ့ရင်း…. ကျွန်တော်ကတော့  အထီးကျန်ဆန်ခြင်းကို ဘဝမှတ်လို ့ အနာဂတ်ကို အမှတ်တမဲ့နဲ ့……. ခရီးဆက်နေဆဲ…………။ ဘဝဆိုတာသာ ကိုယ်ရေးချင်တာရေးပြီးပြန်ဖျက်ခွင့်ရှိတဲ့ Whiteboard တစ်ချပ်ပေါ်က မှင်စက်တွေဖြစ်ခဲ့မယ်ဆိုရင် ငါရေးထိုးခဲ့တဲ့ ငါ့သမိုင်းကြောင်းကို ပြန်ချေဖျက်ခွင့်ရချင်တယ်……. ဘယ်သူမှ မဖိတ်ခေါ်ဘဲ ငါဝင်ရောက်လာခဲ့သလို ဘယ်သူ ့ကိုမှနှုတ်မဆက်စေဘဲ ငါ့ကိုပြန်ထွက်ခွာခွင့်ပြုပါ. မေ……….


SonnyNovember 15, 20111min1188
“မရှို မသိ” ကျွန်တော် ငဆန်နီ ပန်းနီရောင်သန်း နောက်ဆုံးပေါ် မြန်မာ ငွေစက္ကူ တထမ်းကြီး မရှိ။ တရုတ်စကား မသိ။ ခြင်ပေါက်ပွားမှု့ကင်းသောရပ်ကွက်တစ်ခု မရှိ။ အာဏာပါဝါကြီးကြီးလူတစ်ယောက် မသိ။ ခေတ်ပေါ်တိုက်ကြီးကြီး ဒန်း စီးခွင့် မရှိ။ ခြစားမှု့ကင်းသောအစိုးရ မသိ။ သူတောင်းစားကင်းသောလမ်း နှင့် အကျဉ်းသားကင်းသောထောင်။ မရှိ။ ဘယ်အချိန်သေမည် ဘယ်ဂတိလားမည် မသိ။ ချစ်ခြင်းအားဖြင့်  ကိုဆန်နီ ၁၄-၁၁-၂၀၁၁


SonnyNovember 11, 20111min643
တန်ဆောင်မုန်းလပြည့် 10th November 2011 အစားအသောက်နဲ့ပတ်သက်ရင် ဇီဇာကြောင် တတ်သော ကျွန်တော် နဲ့ ကျွန်တော့် အမေ့အကြောင်းကဗျာစပ်ချင်စိတ်ပေါ်လာတာနဲ့။ အညာကောင်းသောအမေ အမေ လေ မသေခင်က ပုဇွန်းခေါင်းမှ ငါ စားကောင်းတာတဲ့။ အမေလေ မသေခင်က ငါးဆို အရိုးမှ ငါ စီဓါတ်* တိုးတာတဲ့။ အမေလေ မသေခင်က အဆီ စားရမှ ငါ အအီပြေသားတဲ့။ အမေလေ မသေခင်က ကြက်သားကြိုက်တဲ့သားကို ငါ အရိုးကိုက်ရမှ တဲ့။                             ချစ်ခြင်းအားဖြင့် …ကိုဆန်နီ *Vitamin C


                        ကျနော့်တပည့်ကျော် ငပျင်းလေးလွမ်းတဲ့ မြို ့ပုံရိပ်ဟောင်းလေးပါ။ သူ ့ကဗျာနဲ ့တွဲတင်ပေးလိုက်ပါတယ်။ ”  သာဓု” တစ်နေဝင်တစ်နေထွက်တော့ တစ်မနက် သစ်ရွက်ကြွေ တစ်သက်တိုးပြန်တော့ သေမဲ့ရက် တစ်သက်နီးသမို့ ” သေမင်း”ရေ မင်းတွက်တော့ ခေါင်း ပေါ်လက်ထောက် ပြုံးပြုံးကြီးထိုင်စောင့်နေပေတော့ ငါမသေခင် ငါနှလုံးသားကိုထုပ် အသုပ်စုံလုပ်ပြီးကျွေး ကုသိုလ် လေးတစ်ခုတော့ လုပ်ခဲ့ချင်ရဲ့ ” ဘဝ” ရေ မင်း သာဓု ခေါ်ပေါ့ကွာ။ ။ ။ …………(နေထူးအိမ်) (4.9.2011)            


  စာဖတ်ရင်း တစ်နှစ်ပတ်လုံးအိပ်ငိုက်ရင်း အချိန်တွေကုန်ခဲ့တဲ့ တပည့်ကျော်က ဆယ်တန်းကိုအောင်တော့ သာမန်အောင်ရုံလေးနဲ ့ပေါ့။ခုတော့ စင်ကာပူဆိုတဲ့ပညာရေးနိုင်ငံမှာ ခေတ်မှီ ပညာတွေသင်ရင်း အမိမြေကိုလွမ်းလို ့ပို ့လာတဲ့ကဗျာကို ပြန်ဝေမျှပါတယ်။  မြောက်လေရောယှက် တိုက်ခတ်စေ့ဆော် နှင်းမြူတွေဆိုင်း စိုထိုင်းထိုင်း အချိန်မှာပေါ့ ကျသံပေါက်ပေါက် တစ်တောက်တောက်မို့ ပြတင်းကိုကျော် ငေးမျှော်လို့ကြည့်လိုက်စဉ် ဪ………ဆောင်းနှင်းမြေခပြီပါလား ။။ ။။   (နေထူးအိမ်)(27.10.2011)                                                                                                                                  


နီးတော့မလိုလိုပါဘဲ ဒါပေမယ့်ရောက်မလာခဲ့ တကယ်တမ်းကျတော့ ….. ငါကိုယ်တိုင်လည်း….—-မျဉ်း ယိုင်တစ်ကြောင်း???? ချစ်သူ ….. တီးတိုးရေရွတ်ရင်း အလင်းမဲ့ နှလုံးအိမ်က ခြောက်သွေ ့စွာ…။ အထီးကျန်နေ ့စွဲတွေနဲ ့အတူ မီးသင်္ဂြိုဟ်ခဲ့သော အလွမ်းရဲ ့နေ ့စွဲအဟောင်းတွေ ဥပက္ခာတရား ရိပ်အောက်မှာ (ခုတော့လည်း)နေသားကျသလိုလို…..။။ ဟန်ဆောင်ခြင်းတဝက် မက်မက်မောမော အပြုံးကိုတောင် ယောင်ရမ်းလို ့မကြည့်ရဲဘူး….. ဆူးစူးတဲ့ဝေဒနာက သေရာပါခဲ့ပီ……. “ကိုယ်တကယ်ချစ်နိုင်မှ နင်စဉ်းစားပေါ့” “ကိုယ်တကယ်ချစ်နိုင်မှ နင်စဉ်းစားပေါ့” “…………………………………………….” “ …………………………………………….” ချစ်ခြင်းတပ် ဆန္ဒမီး စည်းမကျော်အောင် ဘောင်ခတ်ရ ကျောက်ခေတ်က အကျဉ်းသားလို မြှားချွှန်ချွှန်သုံး (ငါ့ကိုယ်ငါ)အဆုံးသတ်လိုက်မယ်…….။။ ကောင်မလေးရေ……. ဟိုမှာ….ပန်းသီးတစ်လုံး အရသာအကောင်းဆုံးဆိုဘဲ! ဒုက္ခိတတစ်ယောက်ရဲ ့ နာကျဉ်းသံ သဲ့သဲ့… ဒါ…..နှလုံးသားအဆိပ်သင့်ခြင်းလည်းဖြစ်တယ်။!!!!! ထွက်သက်၊ဝင်သက် ငြိမ်းသွားပေမယ့် စိတ်ရဲ ့အနက်ရှိုင်းဆုံးနေရာ…. နင်သာ….အရိပ်မိုးနေမှာပါ လက်တွေ ့တစ်ခုဟာ…… ငါတို ့ကို ပန်းသီးလေးတောင် မမြည်းစေခဲ့ဘူး!!!!!! ငါတို […]


thit minNovember 2, 20111min15313
#စဉ်းစားအကြံ ကဗျာသဏ္ဌာန် စာသဏ္ဌာန်စီ ရင်ကိုမှန်သည်၊ဖြည်းဖြည်းနှင့်~~~၊ #ပေါက်ခဲ့အတွေး ကဗျာကိုမွေး၊စာကိုမွေးသည် ဝါသနာထွေးသည်၊နွေးနွေးနှင့်~~~၊ #ကြားသည့်စကား ကဗျာများဖြစ်၊စာများဖြစ်တည် ရောင်ညစ်မထေး၊ဖွေးဖွေးနှင့်~~~၊ #လျှောက်ခဲ့သည်လမ်း ကဗျာပန်းပွင့်၊စာပန်းပွင့်ပြီ ကမ်းဆင့်ရနံ့ မွှေးမွှေးနှင့်~~~၊   #ကဗျာကိုချစ်၊စာကိုချစ်စိတ် နမိတ်ပုံထပ် ထင်ဟပ်ပြသော ဒီသဘောကို မိုးနဲ့ပင်လယ် ဆက်စပ်နွယ်သို့ ဖွဲ့ဆို ခြယ်မှုန်း ကျွန်သီကုံးချင်…….. #နှလုံးသားတိမ်ပြို မိုးရေငိုတို့ ဦးနှောက်တောင်တန်း စီးဖြတ်သန်းလို့ ချောင်းနှယ်မြစ်နှယ် ဆင့်ဆင့်သွယ်သို့ သွေးကြောတလျှောက် ဆက်လက်ယှက်နွယ် စီးဆင်းသွယ်အုန်း သည်လမ်းဆုံးဝယ် စွမ်းပြတင့်တယ်… ကဗျာပင်လယ်၊စာပင်လယ်……….။   ~~~~~~~~~~~~~~~~~~~~~~~~~~~~~ ခင်မင်လးစားစွာဖြင့်   မောင်သစ်မင်း(^^)


“““အဝေးပျံသွားတဲ့ ငှက်ကလေး””” အမေ……. သား…အတောင်စုံပြီနော်… ဟိုးအဝေးကို ပျံသန်းခွင့်ပြုပါ အမေ….။ ဘဝ အမောတွေကြား ပူလောင်နေတဲ့ အမေ့ရဲ ့   ရင်ခွင်ကို သားရဲ ့အေးမြတဲ့ စိမ့်ရေအေး တစ်ခွက်နဲ ့ အမောပြေစေချင်လွန်းလို ့ပါ… အမေ…..။ ဒဏ်ရာတွေနဲ ့ ပင်ပန်းနေပီဖြစ်တဲ့ အဖေ့ပုခုံးတွေ နေရာမှာ သားနေရာဝင်ယူပြီး အဖေ့နဖူးက ချွေးစက်တွေကို သုတ်ပေးချင်လွန်းလို ့ပါအမေ…. ။ ခွန်အားတွေမွေးပြီး ရှေ ့ကိုလှမ်း ဖို ့ပြင်နေတဲ ့ ညီငယ်လေး နှစ်ယောက်အတွက် အနာဂတ်နေ ့ရက် တွေကို သိပ်လှတဲ့ ပန်းချီကားတစ်ချပ် အဖြစ် သား. ရေးဆွဲ ပေးချင်လို ့ပါ….အမေ……..။ သား……..အတောင်စုံပြီနော်…… ဟိုး…အဝေးကို ပျံသန်းခွင့်ပြုပါအမေ…..။ စိတ်ကူးယဉ်ထားတဲ့. သားတို ့ မိသားစုလေးရဲ ့ ပျော်စရာ နေ ့စွဲ လေးတွေဟာ တစ်ခါတလေ.  ……….. နှင်းတွေလို. ……သိပ်အေးတာဘဲ အမေရယ်…..။ တစ်ခါတလေ……. […]


စဆရ ႀကီးOctober 17, 20111min952
ဘေးကဆူ အရပ်ကပူနဲ့ ကိုယ့်သမိုင်းကိုယ်ရေး ကိုယ့်ဘဝကိုယ် စဖို့အရေး ရေးရေးတောင် မမြင်နိုင်သေး ရှေ့ရေး နောင်ရေး အဖက်ဖက်ကိုတွေး သေးသေးမှ မမြင်နိုင်သေး ဟယ်…. ကြုံကာမှ ဆုံရော လာမယ့်ဘေးပြေးတွေ့ ဟန်ကိုတင်း မာန်ဟုန်ပြင်းလို့ ကြိုးစားစမ်းကွဲ့ အိုဘယ့်… နောင်ဆယ်နှစ်။ ။


  ကြယ်ကြွေအကုန်ကောက်တောင် ကောင်းကင်ရောင်မပျောက်ဘူး အိမ်မက်တွေ ပြောင်းပြန်စီးလို့ နံနက်ခင်းတွေ အိပ်ရာမထနှိင်။   ငါ့မနက်ဖြန်အတွက် အတ္တနဲ့မျက်နှာသစ် မရိုးသားမှု့နဲ့ နံနက်စာရယ် မကောင်းမှု့လတ်လတ်ဆတ်ဆတ်များ ပတ်ဝန်းကျင်များယောင်အော်သည်။   နာရီမဲ့လက်တစ်ဖက်၏ အထားအသိုမတတ်မှု့အကြောင်းကို ကြက်ဖတစ်ကောင်မှ ဝေဖန်ခြင်း။   ကာရန်သည် ကျွန်တော်၏မွေးစားမိခင်ဖြစ်ပြီး တခါတခါတွင် ဥပက္ခာမဲ့မှု့များ မနာလိုမှု့များ ပေါက်ကွဲမှု့များ မွန်းကြပ်မှု့များ စိတ်ရူးပေါက်မှု့များသည် ကျွန်တော်ဖြစ်၏။   ကျွန်တော့်အတွက် ဖိနပ်တစ်ရံသည် ရသမဲ့ခြင်း မမဲ့ခြင်းနှင့်မဆိုင် သင့်အတွက် အိပ်ရာခင်းရန် သိုးရေ တစ်ချပ်ကကြိုဆိုလျှက်ရှိပြန်သည်။ ထို့အပြင် ကျွန်ုပ်လည်းလူပီသရန်ကြိုးစားလျှက်ရှိကြောင်း…..။