kyeyounglinSeptember 18, 20111min550
နှလုံးသားနံရံပေါ်က ဆေးမခြယ်ထားတဲ ့ပန်းချီကား မင်းနှလုံးသားနဲ ့ကြည့်တဲ ့တစ်နေ ့ ရုပ်လုံးပေါ်လာလိမ့်မယ်… အိပ်မက်တွေအရောင်ပြယ်ဖို ့ မင်းမစေခိုင်းလိုက်ပါနဲ ့ မင်းအမိန့်နာခံဖို ့ ငါ့နှလုံးသားကခွင့်မပြုဘူး… အရာရာတိုင်းမှာ အချိန်အကန် ့အသတ်ဆိုတာရှိတယ်တဲ ့ ငါ့အချစ်တွေအတွက်တော ့ ငါ့ကမ္ဘာကြီးရပ်တန် ့သွားရင်တောင် ရှင်သန်မှုအသစ်အသစ်နဲ ့ မဆုံးတဲ ့အိပ်မက်ခရီးပေါ့… ငါ့အသိစိတ်မသိစိတ်ထဲ မင်း မင်း မင်း မင်း ကျေးဇူးပြုပြီး ငါ့ကိုပြန်ရှာပေးကြပါ… တစ်ချို ့တစ်ချို ့တွေပြောကြသလို နှစ်ကိုယ့်တစ်စိတ်လား ဟင့်အင်း မဟုတ်သေးဘူး… မင်းစိတ်နဲ ့…ငါ့ကိုယ် ငါ့စိတ်နဲ ့… အား……………. ငါဘယ်ရောက်သွားလဲ.??? ကျေးဇူးပြုပြီး… ငါ့ကိုပြန်ရှာပေးကြပါ…။       ။   5း45AM     15.8.11(Mon) ကြယ်ရောင်လင်း


kyeyounglinSeptember 17, 20111min1557
ညနက်နက်အတွေးများနဲ ့ နင်ကျင်နေတဲ ့ရင်အစုံကိုဖိ အပြာရောင်အခန်းမီးကိုပိတ်ရင်း မျက်လုံးအစုံကိုမှိတ်မိတော ့ ဝိုးတဝါးပုံရိပ် ဘာလို ့မင်းဖြစ်နေရတာလဲ… ကောင်မလေးရယ် ငါမောပန်းလွန်းလှပြီ စကားဆိုဖို ့တောင်အင်အားမရှိ ငါမှေးဆက်ပါရစေတော ့ ခံနိုင်ရည်မရှိတော ့လို ့ပါ… မင်းရဲ ့နွေးထွေးမှုတွေကြောင့် ငါ့နှလုံးသားလောင်မြိုက် မျက်ဝန်းကတစ်ဆင့်ငွေ ့ရည်ပျံစေတာ မင်းမှမသိတာ… မင်းသိအောင်ပြောဖို ့လဲမလိုအပ်ခဲ ့ပါဘူးလေ အဖြူရောင်ကိုအရောင်ဆိုးမိတဲ ့ အပြစ်သားရဲ ့ကြံမ္မာပေါ့… ငါကိုကလောဘကြီးတာပါ မင်းပေးသလောက်ခံယူဖို ့ ကျေနပ်စွာရောင့်ရဲရဦးမယ်... အတွေးထဲကမင်းပြန်ပါတော ့နော်… မတွေးဘူးဆိုမှ အကြောင်းအရာတွေအပ်ကြောင်းထပ် ဒီညတော ့ငါ မအိပ်တော ့ဘူး… ညနက်နက်မထူးတော ့ပြီမို ့ လရောင်ရဲ ့အေးမြမှုကိုခံယူရင်း လမင်းကိုအဖော်ပြု တစ်ညလုံးစကားပြောတော ့မယ် မင်းကိုအရမ်းချစ်တဲ ့အကြောင်းတွေပေါ့… ဟော….ကြည့် […]


တကယ်တော့ ကျွန်မတို ့ရဲ ့မြို ့ကလေးက ပကတိတည်ငြိမ်နေတဲ့ တောင်သုံးလုံးချောင်ထဲမှာဝပ်တွားနေတဲါမြိ ု့ငယ်လေးပါ။ပတ်လည်ဝန်းရံထားတဲ့ တောင်တန်းတွေပေါ်မှာ ရွှေဆံတော်၊ရွှေနံတော်၊ရွှေအံတော် ဘုရားသုံးဆူရဲ ့အရိပ်အာဝါသအောက်မှာ အင်မတန်အေးချမ်းတဲ့ ဘုံဗိမာန်လေးပေါ့။ ကျွန်မတို ့မြိ ု့မှာ ဖတ်ရခဲ၊ထွက်ဖို ့ရာ ရင်တမမနဲ ့စောင့်ရတဲ ့၊နှစ်ပေါင်းများစွာကြာမှ တစ်ကြိမ်ပုံနှိပ်နိုင်ခဲ့တဲ့ မြိ ု့နယ် မဂ္ဂဇင်းလေးတစ်ခု ဒီနှစ်မှာပြန်လည်မွေးဖွားပေးနိုင်ခဲ့ပါတယ်။ဒီနေ ့၂၀၁၁ခုနှစ်ထိ သုံးကြိမ်ဘဲ ထုတ်ဝေနိုင်ခဲ့ပါသေးတယ်။မဂ္ဂဇင်းအမှတ်(၁)ကို ၁၉၇၉ ခုမေလ၊အမှတ်(၂)ကို ၁၉၉၄ခု၊အမှတ်(၃)ကို ၂၀၁၁ ခုနှစ်မှာပြန်လည်ထုတ်ဝေနိုင်ခဲ့ခြင်းပါ။ဒီလိုကြောင့်ကြနေရတာကလဲ အခက်အခဲမျိုးစုံကြောင့်ပါ။ဒီတစ်ကြိမ်မှာ တော့ ဖြစ်မြောက်အောင်စွမ်းဆောင်တဲ့နေရာမှာ အဓိက အခရာကျသူက အသျှင်ကောသလ္လ(ဂဝေသီ)ပါ။ဆရာတော်ရဲ ့ကျေးဇူးတော်နဲ ့ဦးဆောင်မှုနောက်မှာ ဒေါက်တာမောင်မောင်(မောင် ဆေး-၂)တို ့၊ဒေါက်တာတင်ငွေတို ့အားလုံးသော စာပေကိုချစ်မြတ်နိုးသူများ၊ဒေသပေါ်သံယောဇဉ်ကြီး ကြတဲ့ စာသမားတွေ၊အနုပညာသမားတွေ တက်ညီလက်ညီ ကြိ ုးစားကြတဲ့ရလဒ်မို ့ သံတွဲမြိ […]


koyinSeptember 7, 20117min814
မီးအိမ်ရှင်နှင့် ပတ်သတ်၍ (၃) ချစ်ရပါသော မီးအိမ်ရှင်…။ မြေပြင်ပေါ်မှာသာ ငရဲရှိမယ်ဆိုရင် အချစ်ကြောင့် ဝမ်းနည်းကြေကွဲနေတဲ့ နှလုံးသားတစ်ခုမှာပဲ ရှိလိမ့်မယ်..တဲ့ မင်းကို လွမ်းနေတာတစ်ခုပဲ ငါ သိလိုက်ရတယ် မီးအိမ်ရှင်…။ ကိုယ့်ခေါင်းကိုယ် ပြန်မစမ်းချင်တော့လောက်အောင် မျက်ကန်းကို သန်းခေါင်မှာ လမ်းလျှောက်ခိုင်းခဲ့တဲ့မင်း လူအတစ်ယောက်ရဲ့ အိမ်မက်ကို သီချင်းအဖြစ် နားဆင်ချင်သေးတာလား မီးအိမ်ရှင်…။ ဟန်ဆောင်တယ်ဆိုတာ တစ်စုံတစ်ခုကို ဖုံးကွယ်ချင်လို့တဲ့ ဒီဇာတ်ရုပ်ကို မင်းမပိုင်သေးပါဘူး မီးအိမ်ရှင် ငါ့ကို လိမ်ညာဖို့သက်သက် မုသားတွေ သုံးခဲ့ရတယ်ဆိုရင် ငါ့ကိုယ်ငါ အပြစ်တွေ တင်နေမိလိမ့်မယ်….။ ဆောင်းတစ်ခုမှာ နားခိုခဲ့ဖူးတဲ့ နှင်းတစ်စက်လို ငါ့ကို မင်း ဧည့်ဝတ်ကျေဖို့ ကြိုးစားခဲ့တာလာ… မလိုအပ်ပါဘူး မီးအိမ်ရှင်… မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်လို မင်းငါ့ကို လျစ်လျူရှုထားလို့လည်း ရတယ်လေ…။ ဥပေက္ခာကိုတော့ […]


koyinSeptember 1, 20111min21414
(လိုက်သင့်ရဲ့လား ချစ်သူ..)   မြေပဲ စိမ့်လို့လား လမ်းက ကြောင်ပဲ စားခဲ့သလား   ငါ့မှာတော့ ဓါးချက်တွေ ဗရပွနဲ့ အရေခွံ နွာခဲ့ရဖူးတယ်  သိပ်တော့ မလျှောက်ခဲ့ပါဘူး အဝတ်မပါဘဲ ဘေးထိုးအိပ်နေတာ ဖိနပ်ပါသွားတာ အမြတ်ပေါ့ ခြေမနဲ့ လက်မောင်း ထောင်းတော့လည်း ခံ ညောင်းတော့လည်း စံပေ့ါ အဲလိုမျိုးနဲ့ ငါ့ ကျောက်မောင်းကို ထုဆစ်ပုံဖော်နေခဲ့တယ် အပိုင်းအစတချို သစ်ရွက်ကြွေ တချို့ ဖုန်မှုန့်တချို့ မိုးရေတစ်ချို့ …. ……… အမျိုးတွေ အမျိုးတွေ တွေ့ခဲ့ပေ့ါ ဟိုလိုနဲ့ ထင်မှတ်ခဲ့လည်း ရင်ဘတ်ကို ခဲတွေ လာစင်တယ် မမျှော်လင့်ဘဲ မောင်းဆုံကွဲအက် ကြက်ချေးတွေနဲ့ ရောဖူးတယ် မလိုချင်ဘဲ သဲတွေသာ ရခဲ့တယ် အဲဒီ အရှေ့မှာမှ ခဲစတွေ ပိုကြေညက်လာတယ် သဲမှုန်တွေ ပိုရောနှောလာတယ် ကျောက်မောင်းရဲ့ အင်အားနဲ့ ဆုံထဲက ခဲတစ်ဝက် ကြေညက်ခဲ့မယ်ဆို […]


Nan ShinAugust 29, 20111min2789
လည်ပတ်တယ် ငါ့ရဲ ့နှလုံးသားတွေ ဝိုင်ယာတွေထဲမှာရော လေထုထဲမှာပါ မင်းကိုလွမ်းရင်းလည်ပတ်နေတယ်………….။ ရက်ရောတယ် ငါ့ရဲ ့နားလည်မှုတွေ Network ထဲမှာရော ရပ်ကွက်ထဲမှာပါ မင်းကိုခွင့်လွှတ်ရင်း ရက်ရောနေတယ်…………..။ ပေးပစ်လိုက်တယ် ငါ့ရဲ ့အကြင်နာတရားတွေ နီးနီးလေးမှာရော ဝေးဝေးကြီးမှာပါ မင်းကိုယုယရင်း ပေးပစ်လိုက်တယ်…………………။ ရယူလိုက်တယ် မင်းရဲ ့ရက်စက်မှုတွေ ခပ်ကြမ်းကြမ်းရော ခပ်နုနုပါ မင်းကို ငဲ့ကွက်ရင်း ရယူလိုက်တယ်…………….။ ခွင့်လွှတ်တယ် မင်းရဲ ့အမှားတွေ ကြီးကြီးမားမားတွေရေား သေးသေးမွှားတွေကိုပါ မင်းကို မေတ္တာတရားတွေ ပေးရင်း ခွင့်လွှတ်လိုက်တယ်………..။ ချစ်ပစ်လိုက်တယ် မင်းရဲ ့ခန္ဓငါးပါးလုံးမှာ ဆံဖျားလေးတွေရော ခြေသည်းလေးတွေကိုပါ မင်းကို အသက်စွန် ့ပြီးတော့ကိုချစ်ပြစ်လိုက်တယ်…………..။ တောင်းပန်တယ် လုံးဝပစ်မသွားဖို ့ ယခုဘဝမှာရော နောက်ဘဝမှာပါ မင်းကို ဒူးထောက်ရင်း တောင်းပန်တယ်………….။ ရေးသားသူ။ […]


koyinAugust 27, 20113min52551
မင်္ဂလာဦးည (သို့) သတို့သမီး၏ ရင်ခုန်သံ ဆံမြိတ်ဖြေလျော့ သူ…အိပ်တော့မည်။ လှပသည့် မိန်းမပျို ညဝတ်ရုံ ကပိုကယိုနဲ့ လေသာဆောင် ပြတင်းနား အိမ်ပြန်ချိန် သတို့သားကို ရှက်အားပို မျက်နှာတော်နှင့် မျှော်နေလင့်ပြီ… သူ…မသိလေသလား သူတို့တွေဆွဲထားလို့ နောက်ကျနေတာလား…ဟင် ခင်ကတော့တစ်ကိုယ်တည်း ပိုကဲတဲ့သဒ္ဒါနဲ့ ညခင်းရဲ့အလယ် လမင်းနဲ့ဖလှယ်မိတဲ့အပြုံး နှလုံးသားချင်းဆုံကြဖို့ ကြည်နူးလို့နေခဲ့ပေါ့….. လာပါတော့…နော် ညင်သာစွာခေါ်နေရင်း ကျမရဲ့ချစ်ခြင်းတရားတွေယိုဖိတ် ကြယ်လေးတွေတေးဆိုသိပ်တောင် မောင်နဲ့မှ အိပ်ချင်သူပါ……. မူယာမပါ… မာယာမသုံး… တစ်ညလုံးမောင့်အနားမှာ ချစ်စကားတွေပြောချင်တယ် မောစဉ်မှာမောင့်လေညင်း ပါးပြင်မှာ စစ်ခင်းပါစေ အနမ်းတစ်ရာဝေကြ မောင်ခြွေမှ ကြွေရမယ့်ပန်း မောင်နမ်းမှ လန်းရမယ့်နှုတ်ခမ်းတွေ မောင့်ကိုသာ မျှော်လင့်နေကြ မောင်ချော့သိပ်မှ အိပ်ရတော့မယ်မောင်ရယ်။ ။ တောက ကိုရင်


koyinAugust 27, 20116min73815
သိုက်ပျောက်ငှက် သူတို့တွေ အိပ်တန်းပြန်ကြပြီ……. … .. မနက်ဆို အရုဏ်တက် အလင်းစက်ကို သောက် လောကကို တောက်ပစေတဲ့အရာ နေသာသတဲ့လား…? … ကျွတ်ကျွတ်ညံ အသံပေးလို့ ဝမ်းရေးအတွက် လှုံ့ဆော် လာကြဟေ့ ဘောဒါတို့ ငါတို့တွေ အစာရှာထွက်မယ်… …  ညောင်သီးကိုစားရင်း လေးသံကိုစွင့် ခဲမှန်တာကို ကျင့်သားရလို့ ထုသားပေသားကျသူ နွေနေပြင်းက ပူလိုက်တာ… … ဟိုမှာ လေနီကြမ်း ဟိုမှာ လက်သရမ်းသူ ဟိုမှာ ဇာတ်တူရာစား ဟိုမှာ မုဆိုးများ အားနည်းသူအတွက် လုံခြုံရာ ဘယ်ဌာနမှာ ရှာမတွေ့ဘူး… … ဘာအတွက်လဲ ဘာ့ကြောင့်လဲ ဘယ်သူတွေစီရင်ပြီး ဘယ်သူတွေပြစ်ဒဏ်ခတ်ခဲ့တာလဲ အသိုက်ထဲက ထွက်ခဲ့တဲ့ ကျနော် ခိုနားရာကို မျှော်တတ်လာပြီ… … မျက်စိလည် အတောင်ညောင်း […]


koyinAugust 27, 20111min34216
ဖြစ်တည်မှု အဇ္ဖုတ္တ လွင့်မျောခဲ့ပြီ မိခင်မြေဆီမှ ဒေသခြား နိုင်ငံခြား ဘာသာခြား လူမျိုးခြားတဲ့ အသွင်မတူ ယေဘုယျကွဲ အဲဒီနယ်မြေထဲ အရဲစွန့်ထွက်ခွာခဲ့ မိခင်အတွက် ညီမတွေအတွက် အရာအားလုံးကိုစွန့် အတိတ်အားလုံးကိုမေ့ပြီး လမ်းသစ်ထွင်ခဲ့တာ ဖြစ်တည်မှု ပဓါနလို့ အခါခါဟစ်ကြွေး ငါ့ကိုယ်ငါမေ့ဆေးကျွေးပြီး မွေးရပ်မြေဆီက ရင်ဖွင့်ထွက်ခွာခဲ့… မေ့ပစ်ခဲ့ရတဲ့ အတိတ်မှာ ချစ်သူပါတယ် ရည်းစားဟောင်းပါတယ် မွန်းကြပ်မှုတွေ နာကျင်မှုတွေပါတယ် ရေးတေးတေး ဇာတ်လမ်းလေးတွေလည်း ပါတယ် ချို့တဲ့မှုကနေရုန်းထွက်ဖို့ ငွေကြေးအချို့ကိုမြှုပ်နှံ သရုပ်မှန်ဝါဒီနဲ့ ပိုက်ဆံရှာဖို့ထွက်ခဲ့ အနာဂါတ်ရေ ဘာတွေဖြစ်လာမလဲ ငါရုန်းကန်ရမယ့်နေရာ ဝေဒနာတွေရှိမလား အမေနဲ့ညီမတွေအတွက် ငါစွန့်စားမယ် ခွန်အားတွေရှိတယ် မနေ့ကအတိတ်ကိုမေ့ သေမယ့်မနက်ဖန် ငါမစဉ်းစားဘူး ဒီနေ့ရဲ့ ဒီအချိန် ငါ့ဘဝနေဝင်ခဲ့ရင်တောင် ငါ့ရဲ့ နောက်ဆုံးထွက်သက် မတိုင်ခင်လေးအထိ ငါ့ရည်မှန်းချက်အတိုင်း ငါလျှောက်လှမ်းမယ် လောကဓံက […]


MAUNGAugust 12, 20111min934
ခံစားပေးကြည့်ပါ ။ ကိုယ်တိုင် ရေး ပြီး တစ်စုံ တစ်ယောက်သောသူကို ရည်ရွယ် ပါတယ် ။ ပေးလဲ ပေးခဲ့ဘူးပါ တယ် ။ myhome မှာလဲ share ဘူးပါတယ်။ သုည မင်းဖြစ် ချင်တာမှန်သမျှ မ ဖြစ်နိုင်ခဲ့တဲ့ ဘဝ ငါဟာ သုည ကံ ကိုသာပုံချ အမုန်းတွေ ငါအကုန်ရ……


နည်ရဲဇော်June 25, 20111min1397
အပြာရောင် အစိမ်းရောင် အလင်းတုများမော်ကြွား တစ်ဖြတ်ဖြတ်တောက်ပ အပြုံးတုတစ်စနှစ်စ ။ ဇွန်းသံပန်းကန်သံ ငြင်းခုန်သံတွေကြား သဘာဝတရားကိုပစ်ထား . . . တစ်ကျိုက်နှစ်ကျိုက် မျိုလိုက်တဲ့သူရာ ခန္ဓာတစ်ခုလုံးပျံ့နှံ့သွားခဲ့ . . . ဟိုလူကငြင်းခုံ၊ ဒီလူကပယ်ချ ပို့စ်မော်ဒန်ဘဝ ထိုသူကပြောပြ။ ခေါင်းဆံပင်ဖြူဖြူနဲ့ယမကာစုပ်တဲ့သူ သူ့ချစ်သူမော်ဒန်မအကြောင်း မိုးလုံးပြည့် ဥပမာေတွေပေး သူလွယ်တဲ့မြန်မာလွယ်အိတ်ကလေးကိုမှ အားမနာ အဆုံးမတော့ အိမ်ရှင်မကိုပေးရမယ့်အသပြာ တစ်ဝိုင်းစာကိုရှင်း မင်း … နောက်နေ့လာခဲ့ဦးတဲ့၊ . . . နည်ရဲဇော်


KingMay 3, 20111min1075
**ကောင်လေးရေ**………… ဒဏ်ရာတွေနဲ့..ပြည့်နှက်နေတဲ့… ငါ့နှလုံးသားရှိရာ..ကို နင်…ဘာလို့တံခါးမခေါက်ဘဲ…..အလစ်ဝင်ချင်ရတာလဲ **ကောင်လေးရေ**……….. မွန်းကြပ်လွန်းတဲ့..’အချစ’်  ဆိုတဲ့ခေါင်းစဉ်အောက်မှာ… ငါ့နှလုံးသားလေး……..သေဆုံးဖို့ကို နင်…ပြုမူရက်တယ်နော် **ကောင်လေးရေ.**………. “နူးညံ့” တယ်  လု့ိအများစုကယူဆကြတဲ့…… “အချစ”်ဆိုတာကြီးက…. တကယ်တော့ “ကြမ်းတမ်း'” “ရိုင်းစိုင်း” ”မဖြူစင်မှု” တွေအများကြီးနဲ့ပေါ့ မသန့်ရှင်းတဲ့…..ချစ်ခြင်းတွေကြား မဖြစ်သင့်တဲ့…သံယောဇဉ်တွေ..ထားမိကြရင် မရပ်ရဲတဲ့…ရင်ခုန်သံတွေနဲ့ အနာဂတ်လမ်းကို…. ဆက်သွားရမှာက……မရေမရကြီးကိုဖြစ်လို့ **ကောင်လေးရေ**……. ****အဖြူစင်ဆုံးနှလုံးသားတခုလုံးနဲ့…နင်ချစ်တယ်****..ဆို့ရင်တော့ ငါ့ရင်ထဲက…………..ဖြူစင်တဲ့….ချစ်ခြင်းတွေကို နင်…မြင်နိုင်မှာပါ…… N.Hsu


KingMay 3, 20111min1012
အနိုင်ယူလိုသူ——-ငါ—နဲ့   အရှုံးမပေးတတ်သူ——-နင်   ဆရာလုပ်ချင်သူ—-နင်–နဲ့   တပည့်–မဖြစ်ချင်တဲ့ငါ–   အချစ်ကိုးကွယ်တဲ့—–နင်–နဲ့   …အချစ်ကို—–မယုံကြည်တတ်သူ–ငါ   အမှတ်တမဲ့ပေမဲ့—ပြစ်မှုတွေကျူးလွန်သူ—-နင်–နဲ့   ခွင့်မလွတ်တတ်တဲ့—–ငါ   အမှတ်တရ–ဖြစ်အောင်များ—တမင်ဖန်တီးသလား—-   လမ်းဆုံးမထိ—ခေါ်မသွားရဲ့ဘဲနဲ့များ—- ငါ့လာချစ်ဖို့—စိတ်မကူးနဲ့နော် ငါ—က—— အမှတ်တမဲ့–ကို–အမှတ်တရ—လုပ်တတ်သူမို့လို့ပါ—— N.Hsu