ဆူးApril 16, 20111min836
လနဲ့ တူတဲ့လူ ပင်ကိုကပင် ကြည်လင်အေးမြ ဖြူဖွေးလှတဲ့ မေတ္တာ အမုန်းမပါ ချစ်တာမရှိ အပြစ်အနာ မကြည့်တဲ့ ကရုဏာ မုဒိတာ အပြုံး ဥပေက္ခာ နှလုံးသားနဲ့ အဆုံးမထားတဲ့ ခရီးစဉ် တလူလူလွှင့်တင် အပူနှင်လို့ အမှောင်ဖျက် အလင်းပေးလျက် ငြိမ်းချမ်းစေ မြင်သူတွေ ချစ်မြတ်နိုး အဲဒါ လနဲ့တူတဲ့ လူမျိုး။   ဗုဒ္ဓေါရသ (မှော်ဘီ)


29-12-2010February 15, 20111min460
ပျော်ရွှင်နိုင်သူ မိုးတွင်းကာလရဲက အေးမြမှုနဲ့အတူ လေရူးလေးကလည်း တသုန်သုန် မြူးနေပါရောလား—— ဒီမောင်တစ်ယောက် ကြေကွဲမျက်ရည် တွေနဲ့ ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေချိန်မှာ ပျော်မြူးနေနိုင်တာကတော့ လေဟုန်စီးနေတဲ့ ကိုရွှေကျေးလးပါ သဲလွန်းပို


သူရႆဝါFebruary 5, 20111min1053
“လတ်တလော (၁)” ကောင်းကင်မိုးသားဟာ ငါ့လောက်အရပ်မရှည်ဘူးဖြစ်နေတယ် ရန်ကုန်ဆောင်းကို အပိုင်ဝယ်သိမ်းထားလိုက်နိုင်တယ် ငါ့လက်တွေ မြန်မြန်ဆန်ဆန် ပြန်ပြီးရွေ့လျားလာတယ် ငါလည်း ကိုလံဘတ်စ်တစ်ယောက်ပဲလို့ ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်တယ် လူငယ်ပီသနေတုန်းပဲ၊ အချစ်ရေးလည်းအဆင်ပြေတယ် သူမဟာ ငါ့ရဲ့ “ဧဝ” ဖြစ်တဲ့အကြောင်း သက်သေပြချက်အသစ်တွေ ထပ်တွေ့တယ် အရင်လိုမဟုတ်ဘူး ၂၀၁၂ ကမ္ဘာပျက်သွားမှာကို သိပ်ကြောက်နေမိ ။ သူရဿဝါ ရသစာပေအနုပညာဘလော့ဂ် ဖေဖော်ဝါရီလ ၅ ရက် ၊ ၂၀၁၁ ခုနှစ်


သူရႆဝါJanuary 28, 20111min1015
မထင်မှတ်တဲ့လမ်းတစ်နေရာမှာ လွန်ခဲ့ပြီးတဲ့နှစ်ကာလအချို့က ငါ့ကိုဆူးတွေလိုလာငြိတယ် နင်တော်တော်ပိန်သွားတယ် ဇင်၊ နေရောကောင်းရဲ့လား၊ ဆံပင်တွေလည်း တိုသွားတယ် ဘာမှတော့မဖြစ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲ တစ်ခုခုတော့ဖြစ်သွားတယ် ဇင်။ ကဗျာဆရာဆိုတာ ဖြစ်ရိုးဖြစ်စဉ်လူ့ဘဝဒုက္ခကို အဆပေါင်းများစွာ ကြီးကျယ်ကြောက်လန့်သွားအောင် ပြောပြတတ်တဲ့သတ္တဝါတစ်မျိုးပဲ။ တကယ်ပါ ဇင် … ကျွန်တော်အခု ဒုက္ခရောက်နေတယ် လွန်ခဲ့တဲ့ သုံးနှစ်ကအတိုင်းပဲ၊ မိုးရေတွေထဲမှာ မြုပ်နေခဲ့တဲ့ နင့်ခြေသန်းလေးကို ငါပြန်ရှာမရတော့သလိုပဲ အခုလည်း ငါ့ရှေ့တည့်တည့်ကနင့်ကို ငါပြန်ရှာမရဘူး၊ ငါ့ကိုယ်ငါလည်း ရှာမရဘူး ငါသိပ်ကြောက်ခဲ့တဲ့ မှော်ဆရာမ .. ဇင်၊ အခုထိလည်း နင့်ကိုငါ ကြောက်နေတုန်းပဲ ငါ့စိတ်ကိုငါ ပျော်ရွှင်မှုထဲ ပို့ကြည့်တယ်၊ မရောက်ဖူးတဲ့ Disney Land ကို စိတ်နဲ့သွားကြည့်တယ်၊ ငါရုပ်ရှင်ဝင်ကြည့်တယ်၊ ငါသိပ်သွားချင်တဲ့ နယူးယော့ခ်ဆင်ခြေဖုံးရပ်ကွက်လေးဆီ စိတ်ကူးကြည့်တယ်၊ မရဘူး ဇင်၊ […]


သူရႆဝါJanuary 25, 20111min936
လက်ထဲကဓါးကို ချွန်မြိနေအောင်သွေးထား လက်လေးသစ်စာလောက်ပဲဖြစ်ဖြစ် လွတ်သွားတာနဲ့ အခွင့်အရေးတွေပေါ်လာမှာ ၊ ထိုးချပစ်လိုက် ။ အံ့ဩတဲ့အမူအယာမဆုံးခင် ပြုတ်ကျသွားလိမ့်မယ် ဒါ .. ဝမ်းမြောက်ဝမ်းသာဖြစ်ရမယ့်ကိစ္စကြီးပဲ ၊ မဟာအောင်ပွဲပဲ ၊ ဒါကိုလိုချင်တာမဟုတ်လား ဒီလိုဖြစ်စေချင်တာမဟုတ်လားလို့ မေးစရာမလို ။ စားပွဲခင်းကို ဆွဲလှန်ပစ်လိုက်ပြီ ၊ ရင်ဝကိုပုလင်းကွဲနဲ့ ထိုးစိုက်လိုက်ပြီ ၊ သွေးထွက်သံယိုဖြစ်နေတာကို အေးခဲနေတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီ ။ ဘာသဘောလဲဆိုတော့ ဒီသဘောပဲပေါ့ကွာ ဘာဖြစ်ချင်လဲဆိုတော့ ဒါဖြစ်ချင်တယ်ကွာလို့ မိုက်ကြေးခွဲလိုက်ပြီ ။ ဒီခြုံထဲမှာ ဒီယုန်တွေရှိတယ် ၊ ပစ်ကွင်းတည်တယ် ၊ တောခြောက်ခံရတာသေချာတယ် … ဒါမျိုးတွေက အံတိုနေပြီလို့ပြောတယ် ။ ခပ်တည်တည်လှည့်ထွက်ခဲ့တယ် ၊ မထီတရီပြုံးတယ် ။ သူရဲကောင်းလား ၊ မုဆိုးလား ၊ လူမိုက်အထာလား […]


သူရႆဝါJanuary 20, 20111min600
အခုရေးချလိုက်တာ ကဗျာမဟုတ်ဘူးလို့ ဘယ်သူပြောမလဲ ဘယ်သူပြောမှာလဲ ဟုတ်တယ် ၊ ကျွန်တော်ပြောမယ် ဒါ … ကဗျာမဟုတ်ဘူး သောက်ပြီးသားစီးကရက်အတိုတွေ ၊ အရည်တစ်စက်မှ မကျန်တော့တဲ့ ဖန်ခွက်တွေ ၊ ထွေးထားတဲ့ကွမ်းတံတွေးတွေ ၊ အခွံတွေ “ဟံလင်း” မွေးနေ့မှာ ကဗျာဆရာများ စွန့်ထုတ်လိုက်တဲ့ အနိဋ္ဌာရုံတွေ … ကျွန်တော် ထပ်ပြောမယ် ဒါ … က ဗျာ မှ မ ဟုတ် တာ ကျွန်တော်က ပြုံးပြုံးလေးနေတတ်တဲ့ အဆိုးမြင်ဝါဒီ ပဲ “ကောင်းသောရှင်သန်ခြင်းဖြစ်ပါစေ ဟံလင်း” ကဗျာ “သေ” နေတဲ့ကြားက ခင်ဗျားအတွက် ကျွန်တော် ကဗျာတစ်ပုဒ်ရေးခဲ့တယ် ။ ။ သူရဿဝါ ဇန်နဝါရီလ ၂ဝ ရက် ၊ ၂၀၁ဝ […]


naywoon niJanuary 9, 20111min23714
ခုနှစ် သက္ကရာဇ်ရဲ့ ပဲ့တင်သံကို မိရအောင်ဆုတ်ကိုင်ပြနိုင်ပြီး ရင်ခုန်သံစည်းချက်မှန်သူဟာ မှော်ပညာရှင်ဆိုရင် မောင်ချောနွယ်လည်း သူ့ကဗျာတွေကို မှော်အတတ်နဲ့ရေးခဲ့တာ..။ ကိုပေါက်လည်း သူ့စာတွေကိုမှောအတတ်နဲ့ ရေးတင်ထားတာ..။ မနောလည်း……………… ဆူးဆိုတဲ့ကောင်မလေးလည်း ……………………………. နောက်………………… တို့လည်းမှော်ပညာရျင်တွေပါပဲလေ..။ သူရို့မှာတော့ မြို့ကြီးပြကြီးတွေ ထွန်းကားနေကြပေါ့..။ အဲ…နေဝန်းနီခင်မြာမှာတော့ မီတာခနဲ့ ရေသန့်ဘူးဘိုးမတတ်နိုင်လို့ နဝင်းချောင်းလေးဘေးမှာ ရွာလေးတစ်ရွာတည်ထားရရှာတယ်….။ နေဝန်းနီ


naywoon niDecember 23, 20101min1529
သိုက်စာဖတ်တာ နားထောင်ပါ ဥစ္စာရနိုးနိုး..။ ယတြာချေတာ ငွေကုန်မှာ ရောဂါပျောက်နိုးနိုး..။ ကလင်ဒါ(calendar)ကြည့်ကာ နည်းလမ်းရှာ နှစ်လုံးပေါက်နိုးနိုး…။ ဂါထာရွတ်ကာ ပုတီးစိတ်ပါ နိမ္ဗာန်ရောက်နိုးနိုး…။ နေဝန်းနီ


ၾကယ္ေလးNovember 23, 20101min1088
အမိမြန်မာ၊ ဘွဲ့ရတာ ၇၅ ၁ဝ ယောက်က ကျိုးကန်း ၅ ယောက်က ရူးနှမ်းနှမ်းနဲ့ ရဲဖမ်းတာ ရ ယောက် ၃ ယောက်က လူကြီးအမျိုး ကံဆိုးသူ အယောက် ၅၀ (ငါတို့ကျောင်းမှာ လူ ၅၀ ရှိလို့) ရုရှနယ်စေလွှတ် နျူကလီးယားကို အိတ်နဲ့သွတ်ဖို့တဲ့..။ ဟိုတစ်ခါ ပြည်မြန်မာမှာ ငွေနှစ်ရာ ဝေလာဝေး ဆေးလိပ်တိုလေး မျှသောက် Issue နဲ့ စားသောက်နေရပေမယ့် အရှင်မွေးတော့ နေ့ချင်းကြီး ဒေါ်လာ ၂၀ဝ ကိုုင်ပြီးကတည်းက လက်ကြားမှာ စီးကရက် ဘီယာဆို ပလပ်ပလပ်နဲ့ သေးထွက်မတတ် မျိုဆို့ ညှီစို့စို့ အသားထုပ် မှိုတက်လို့ လွှင့်ပစ်လိုက်ရသေးသတဲ့…။ လယ်သမားကြီး အယောက် လေးဆယ် ကျွဲနွားနှယ်သူတို့ရုန်း အသင်သုံးနေတဲ့ ရာတန်နှစ်ရွက် သူတို့တတွေရဲ့ ချွေးစက်… ဟုတ်မဟုတ်တော့ မသိ ရှိတာနဲ့ ဖုန်းဝယ်ခါးကြားမှာ သယ် ပြီးလူလယ်ရောက်မှ ထုတ်ဆက် အိမ်မှာတော့ ယောက်မလျက်နေကြရပြီ။ တချောက်ချောက်နဲ့ Keyboard ရိုက်သံ ကြိုးစားမှုတွေ မှန်နေတယ် မထင်နဲ့ ရည်းစား တစ်ယောက်ရရေးChatroom တွေ လိုက်မေးပြီး ကျနော်ကတော့ Master Russia နေတာပေါ့ကြွား ခပ်ထွားထွား […]


naywoon niNovember 18, 20101min650
♥.အချစ်ကိုငါက အပြစ်ဆိုစရာမလိုပဲ လှနေတာပါလို့ဆိုရင် နှုတ်ခမ်းမဲ့မသွားကြပါနဲ ့… ♥နှလုံးသားတံခါးပေါက် အလစ်မှာတစ်အားခေါက်တော့ တားထားတဲ့စည်းတွေပေါက် အတင်းဝင်ရောက်နေရာယူသွားတော့ sing out လုပ်ဖို့မေ့သွားတာ အပြစ်မပြောကြပါနဲ့…….။ ♥အချစ်ကိုက ငါ့ရင်ထဲမှာဗလာဖြစ်နေတာဆိုတော့ (လေဖိအားနဲနေသလိုဖြစ်နေတာ) ငါ့ရင်ဗလာထဲမှာ အချစ်ဟာ…….. လွယ်ကူစွာနားခိုခွင့်ပြုခဲ့မိတာပါ….။ ♥ဒါကြောင့်………. အချစ်ဟာအပြစ်ဆိုစရာမလိုပဲ လှနေခဲ့တာပါ …..။ ♦♣♠♥နေဝန်းနီ


True FaithNovember 14, 20101min21910
ကျနော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံအမျိုးမျိုးကို ကျနော် မြင်ခဲ့ဖူးပါတယ်။ ဓာတ်ပုံသီးသန့်ရော၊ စားသားပါတဲ့ ဓာတ်ပုံတွေရောပေါ့။ သို့သော် ဘယ်ဓာတ်ပုံကိုမှ အခု အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံလောက် ကျနော့်ရင်ကို မလှုပ်ခတ်စေခဲ့ပါ။ ဒီဓာတ်ပုံလေးက အင်မတန်လှသလို ဆရာမင်းသုဝဏ်ရဲ့ ဗေဒါလမ်းကဗျာထဲက ကဗျာတိုလေးဟာ အင်မတန် အဓိပ္ပါယ်ပြည့်ဝပါတယ်။ ဒီနှစ်ခုကို မိုးမခဝက်ဆိုဒ်က ကိုမျိုးက ဒီဇိုင်းထွင်ပြီး ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ကျနော့်စိတ်နှလုံးကို ညှို့ယူဖမ်းစားနိုင်ခဲ့ပါပြီ။ ကြိုက်လွန်းလို့ ကွန်ပျူတာ ဒက်စတော့မှာ တင်ထားမိတယ်။ ဒါကြောင့် မိတ်ဆွေတို့လည်း ခံစားလို့ရအောင် မျှဝေပေးလိုက်ပါတယ်။ တလက်စတည်း ကဗျာဆရာ စစ်ဝေးရဲ့ ကဗျာတိုလေး နှစ်ကြောင်းကိုလည်း ဝေမျှလိုက်ပါတယ်။ ပန်းပန်တဲ့ ဗေဒါ လှိုင်းထန်ထန် လေကြမ်းကြမ်း မဗေဒါ ဒီမိုလမ်းမှာ ပန်းပန်လို့လှမ်း…။ စစ်ဝေး မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းတိုးတက်ပါစေ… […]


naywoon niNovember 13, 20101min1008
@  တို့မြန်မာယဉ်ကျေးမှုမှာ ပန်းစည်းပို့တာမရှိ ပန်းခြင်းပေးတာမရှိ လွမ်းသူ့ပန်းခွေပို့တာပဲရှိတယ် ။ @ တို့မြန်မာယဉ်ကျေးမှုမှာ လက်ဆွဲနှုတ်ဆက်တာမရှိ အရက်ခွက်ချင်းခတ်…………..… ချီးယားလို့အော်တာမရှိ ဦးညွှတ်ခြင်းနဲ့ရိုသေစွာကန့်တော့ခြင်းပဲရှိတယ်။ @ တို့မြန်မာယဉ်ကျေးမှုမှာ ဟက်ပီးဘတ်ဒ်ဒေးမရှိ စိန့်ဘလင့်တိုင်းဒေးမရှိ အဘိဓမ္မာနေ့နဲ့ မေတ္တာအခါတော်ပဲရှိတယ်၊ @အဲဒီတော့သူငယ်ချင်း မင်းတို့ ……… သူရို့ ဆီက အတတ်ပညာ နည်းပညာတွေသယ်လာခဲ့ သင်ယူကြပါ ဒါပေမယ့် …… တို့မြန်မာယဉ်ကျေးမှုကိုတော့ မေ့မပစ်နဲ့သူငယ်ချင်း။ ။ နေဝန်းနီ


naywoon niNovember 11, 20101min863
တိမ်နွယ်မဲယှက် အမြင်အာရုံပျက်သုန်း အရှုံးပေးလိုက်ရတော့မလို တစ်ခဏမှာပဲ ငါနဲံ့နီးကပ်စွာပေါ်လာခဲ့ သူမရဲ့လဝန်မျက်နှာကြောင့်လေ…..။။ တည်ငြိမ်မှုစွမ်းအားပျက်ယွင်း ဒီရေအလား ရင်ခုန်သံတွေတိုးလာခဲ့ပြီ….။။ တူထုနှက်သံ ရေကျသံကြား စူးရှရှသူမရဲ့ကိုယ်ပိုင်သံစဉ်တစ်ခုနဲံ့ ငါ့ရင်မှာ…….. စွဲလမ်းမှုပန်းချီကားချပ်တစ်ခု ရေးဆွဲတားမိပြန်ပေါ့…….။ တစ်ချက်…. တိမ်မျှင်နွယ်မည်း ရင်ခုန်ဆဲမှာ လမင်းကိုဖုန်းအုပ် အလုပ်ရှုပ်နေကြပြန်ပေါ့…….။ နဖူးပေါ်ကဆံစများ သိမ်းမဖယ်သော်ငြား ကပိုကရိုသူမရဲ့အလှကြား ငါဖျားသွားပြီ ငါဖျားသွားလေပြီ……..။။။ နေဝန်းနီ