naywoon niNovember 10, 20101min20712
ဒီကဗျာလေးကMr.မိုက်ကယ်ဂျော်နီအောင်ပုအတွက်ပါ ကိုအောင်ပုရေ…..မကြိုက်ရင်မန္တလေးက..ကိုပေါက်ကိုရေးခိုင်းနော် Mr.မိုက်ကယ်ဂျော်နီအောင်ပုအတွက်ကဗျာ ညအမှောင်မသဲကွဲပေမဲ့ နေ့လည်မှာသူထင်ရှားတယ် မစိမ်းပင်ရယ်……..။။ မည်သညာမော်လီသော်လည်း ရွာခြေမှာခေါ်မညီ  တာကြောင့် မမြစိမ်းဖြစ်နေရ ကိုကိုပုချစ်နေရင်ပြီးရောတဲ့လေ…..။။ နေ့အခါလွမ်းတယ်စိတ်တွေနဲ့ ရှေးပုံပြင်မင်းသမီးလေးလို့ပေါ့ (ကိုကိုပုရယ်) မမြစိမ်းလုပ်တမ်းစကားမိတာနဲ့ ပြားကိုးဆယ်မြစိမ်းဖြစ်ရတယ် စိတ်ညစ်တယ်ကွယ်…။ အဲဒါနဲ့တလင်းပြင်ကွပ်ပျစ်ကျယ်မယ် ထမင်းလုံးစီမယ်အတွေးရယ်နဲ့ အိပ်မိပါတယ်(ကိုကိုပုရယ်) လေပြေငယ်သုတ်ဖြူးပါလို့ ကိုကိုပုနဲ့တိုးမည်(ထုတ်ဆီးတိုးတာနော်) ဒီလိုရယ်အိပ်မက်နေကောင်းတုံး နေ့ခင်းဘက်လျှပ်ပြက်မိတယ် ကိုကိုပုချောင်း………။။


panpanNovember 9, 20101min460
ရေစီးသံလား ရေကျသံလား သိတဲ့သူ သိတယ်။ ကိုယ်ချင်းစာခြင်း၊ မစာခြင်း သူများချင်းစာခြင်း၊ မစာခြင်း တကယ့်အရေးကျ ဒီစကားတွေ လုံးဝအသုံးမဝင်ဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ် ကိုယ့်အပြစ်ကိုယ်ခံ ဘယ်သူ့ဘယ်သူမှ အပြစ်တင်စရာမရှိ။ ဘယ်သူက ကယ်တင်မှာလဲ ဘယ်သူက ဆွဲခေါ်မှာလဲ ဘယ်သူ့ကိုယုံပြီး ဘယ်ဆူးပုံကို နင်းရဦးမလဲ။ နောက်ဆုံးတော့ ဖြစ်သမျှ အကောင်းချည်း။ (လိုအပ်ချက်တွေရှိနေပါလိမ့်မယ်။ စိတ်ထဲရှိတဲ့အတိုင်းရေးလိုက်တာပါ။)


naywoon niNovember 5, 20101min690
မှော်ပညာစက်ဝိုင်းထဲကို ကဗျာတွေတစ်ပုဒ်ပြီးတစ်ပုဒ်ပစ်သွင်း loadingတွေအကြိမ်ကြိမ်လုပ် web pageတွေဖွင့်ဖို့ကြိုးစားနေသလို proxyတွေပြောင်းလို့လဲမရ ထွက်လာတဲ့အဖြေက net work error တဲ့လေ………..။။ ဒီလိုနဲ့ပဲဘဝကို ရေစုန်မျောပစ်ရမလို ကုန်သွားတဲ့ အချိန်တွေနှမြောလိုက်တာ အစားထိုးဖို့အတွက် ကဗျာတွေပဲ ရေးပစ်ခဲ့မိတယ်……….။။ ဖွင့်လို့မရတဲ့passwordကိုပဲ အကြိမ်ကြိမ်  singin လုပ်နေမိတဲ့ browser တစ်ယောက်လို  ပါပဲ ငါလည်း ဘဝမာရသွန်ပြေးလမ်းပေါ်မှာ မောနေအောင်ပြေးခဲ့တာတောင် ခုထိပန်းတိုင်ဆိုတာကို အိပ်မက်ထဲမှာတောင် ယောင်လို့မမက်ခဲ့ဖူးသေးဘူး နေဝန်းနီ


ကြက်အိပ်ကြက်နိုး ဘယ်လိုမှအစိုးမရတဲ့ညထဲ တကွဲတပြားဝတ်ပြုသံတွေနဲ့ အာဖဂန်နစ္စတန်။ ဆာလောင်မှုကို မျက်လုံးမွဲမွဲတွေနဲ့ဖော်ပြ သူ တစ်စုံတရာကိုနာကျင်ရေရွတ်။ အဖေ ဘယ်သွားနေလဲ အမေ ဘယ်ရောက်နေလဲ တိုက်ပျက်ကို အိမ်လုပ် လူရုပ်မပေါ်တဲ့ကလေးလေး နွေးထွေးမှုနဲ့ဝေးခဲ့။ မာသာထရီဆာဆိုတာ ဘာလဲ ဂျိုလီနဲ့ ဘရက်ပစ်ဆိုတာ ဘာလဲ ဟယ်ရီပေါ်တာဆိုတာ ဘာလဲ ဟစ်ပ်ဟော့ပ်ဆိုတာ ဘာလဲ ကမ္ဘာ့ဖလားဆိုတာ ဘာလဲ ဘန်ကီမွန်းဆိုတာ ဘာလဲ အိုဘားမားဆိုတာ ဘာလဲ ယူနီဆက်ဖ်ဆိုတာ ဘာလဲ အင်တာနက်ဆိုတာရော ဘာလဲ……? ? ? ? ? ? ဒီမှာတော့ တစ်ထောင့်တစ်ညဟာ ပုံပြင်မဟုတ်ဘူး လူတွေက ဘာလို့လူသတ်နေကြတာလဲ သား ဘာအပြစ်များလုပ်မိလို့လဲ သေနတ်သံတွေမကြားရတဲ့မြက်ခင်းပြင်မှာ သား ကစားချင်တယ် တစ်နေ့လုံး ဘာမှမစားရသေးဘူး အနာတွေကလည်း တစစ်စစ်ကိုက်တယ် သားသားကိုကယ်ပါ […]


cherrywineOctober 21, 20101min570
ငါဟာ ဘာပါလိမ့် … ပြောင်မြောက်တဲ့ ဟာသနဲ့ အချိန်တိုင်း သရုပ်ဆောင်နေ။ တစ်ခါတစ်ရံလည်း ညှို့တက်သေးရဲ့ သားကောင်ကို အမြဲရှာဖွေနေတဲ့ မုဆိုးလို …။ ဘီးလူးခေါင်းစွပ်တဲ့ မင်းသားလိုလဲ ကြောက်မလားလို့ ဖြဲခြောက်ချင်သေး။ ဖြစ်ချင်တာကတော့ … အေးမြတဲ့ ရွက်စိမ်းလေးပါပ။ဲ ပန်းဖြစ်ရတာ ကောင်းပေမဲ့ ကြောက်မိတယ် .. ။


naywoon niOctober 13, 20101min671
ကိုယ်ပေးစရာရှိတုန်းကတော့ လွယ်ကူလိုက်ပုံများ ရော့…အင့်ဆိုပြီး ချွတ်ကနဲ ချွတ်ကနဲ…နဲ့ ပြေစာလေးတစ်ရွက်ထွက်လာပြီ....။ ကိုယ်ရမဲ့အလှည့်များဆို လိုအပ်လိုက်တဲ့ထောက်ခံစာတွေ ထိုးလိုက်ရတဲ့လက်မှတ်တွေနဲ့ (တစ်ခါတစ်ခါ) လက်ဗွေများတောင်အဆစ်ပါသေး……..။ ဟေး..ဟေး..ဟေး လောကကြီးက တရားမျှတလိုက်ပုံ…….။   နေဝန်းနီ


သူရႆဝါOctober 9, 20101min1244
“ကဗျာဆရာဖြစ်ဖို့ ဘာတွေလိုအပ်” ဘာလိုသလဲဆိုတော့ ဘာမှမလိုဘူး ဘာမှမလိုဘူးလားဆိုတော့ လက်လိုတယ်၊ ဘောလ်ပင်လိုတယ်၊ စာရွက်လိုတယ်၊ ဝက်ဘ်ပေ့ချ်တွေလိုတယ်၊ ကီးဘုတ်ကိုကောင်းကောင်းသုံးတတ်ဖို့လိုတယ်၊ အနုပညာစိတ်တွေ ထောင်းထောင်းထနေတဲ့ ဝိဉာဉ်လိုတယ် ကျွန်တော်က ခင်ဗျားတို့လိုတော့မဟုတ်ဘူး ကျွန်တော်လည်း ခင်ဗျားတို့လိုပဲ ကဗျာရေးလာတာကြာပြီ ဒါပေမယ့် ကျွန်တော်က ခင်ဗျားတို့လိုမဟုတ်ဘူး သီအိုရီပိုင်းအရကြည့်ရင် ကျွန်တော့်ကဗျာကြီးက ပြားချပ်ချပ်ဖြစ်နေ ပိုစ့်မော်ဒန်သဘောတရားအရကြည့်တော့ ကျွန်တော့်ကဗျာကြီးက ဉာဏ်စဉ်မမှီတဲ့ကလေး၊ ဟိုမရောက်ဒီမရောက်၊ အူလည်လည်၊ ကျွန်တော့်ကဗျာကြီးက ပြောမဆုံးပေါင်တောသုံးထောင် ခင်ဗျားတို့ရေးတဲ့ကဗျာလိုတော့မဟုတ်ဘူးပေါ့ ဒါပေမယ့် ခင်ဗျားတို့ရေးတဲ့ကဗျာလိုပါပဲ နှလုံးသွေး၊ ခံစားချက်၊ နာကျင်မှုတွေ ကျွန်တော့်ကဗျာထဲ တောင်ပုံရာပုံ ကဗျာအနုပညာက နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတာ ကဗျာမရေးရရင် အသက်ရှူရပ်သွားမှာ ကဗျာဆရာဖြစ်ဖို့မွေးဖွားလာပြီး ကဗျာတွေက ကျွန်တော့်ကို ကဗျာဆရာအဖြစ် မွေးဖွားလိုက်တာ မူးရင်မရေးဘူး၊ ရေးရင်လည်းမမူးဘူး လက်ကိုင်ဝါဒ ကဗျာတွေကို အဲဒီလို သစ္စာရှိရှိ […]


naywoon niOctober 8, 20101min1262
လမင်းဟာ ကိုရီးယားမင်းသမီးလေးလို ဘောင်းဘီတိုတိုလေးဝတ်ပြီး ညထဲမှာလမ်းသလားနေတယ်။။ ခောတ်အကြိုက် အာဇာနီသီချင်းအလိုက်နဲ့ လေပြေလေးကျူနေတုံး ဗြုန်းဆို တိမ်ညိုညိုတွေငိုချ ညရဲ့အလှဟာပျက်သွားပေါ့။။ နေဝန်းနီ


သူရႆဝါOctober 5, 20101min590
ခုလေးတင်ဖတ်လိုက်ရတဲ့ ကဗျာသုံးပုဒ် * * * အဲဒီထဲကလို သူသူငါငါသိ/ မသိသလိုလုပ်နေကြတဲ့ ကိစ္စအချို့အဝက်ကလွဲရင် နေပျော်သေပျော် လောကကြီး *မကင်းရာမကင်းကြောင်း အဲဒါတွေအကြောင်း မောင်မိုးချိုသိပါတယ် *လမ်းထွက်လျှောက်နေရတဲ့အကြောင်း အဲဒီအကြောင်း ဆူးခက်မင်းသိပါတယ် Facebook ထဲက Like Button ဟာ ဘာတွေလုပ်လို့ရ/ ကိုယ်စားပြုလို့ရသလဲ ကြက်သီးတဖြန်းဖြန်းထသွားလား၊ ဒါမှမဟုတ်ရင် ကဗျာဆရာတစ်ယောက်ရဲ့ ပိုစ့်မော်ဒန်အယူဝါဒ အာသီသ *ပရော်ဒီ (Parody) တွေ ခုန်ထွက်လာသလား ထားလိုက်ပါ … အထက်ပါကိစ္စတွေ ထားခဲ့လိုက်ပါ နေပျော်သေပျော်လောကကြီး အပေါ်မှာရေးထားတဲ့ကိုးကြောင်းကိုဖတ်ပြီး ခင်ဗျားစိတ်ထဲမှာ တရေးရေးပေါ်လာတဲ့ “အဲဒါလားမသိဘူး” ကိုဖျောက်ပစ်လိုက်၊ တကယ်တော့ အဲဒါ အဲဒါ အဲဒါ လို့ရေးနေရတာကိုက အဲဒါပဲ (ခင်ဗျာ့အတွေးကို ဒီနေရာမှာတင်ရပ်မယ်ဆိုရင် အေးရာအေးကြောင်း လမ်းဆက်လျှောက်ခွင့်ပေးမယ်) ဆိုတော့ … […]


MyFirstGreenOctober 2, 20101min600
သစ်ရွက်ခတ်သံ လေပြေ သင်းသင်း ငှက်ကလေးတွေရဲ့  သီချင်းနဲ့ အတူ ဟောလို ဂစ်တာလေးတစ်လက် အပြာရောင် ကောင်းကင်ထက်က တိမ်လွှာတွေရယ် အေးမြတဲ့ ဆောင်းအကြိုမှာ ငါ့နှလုံးသားကို …….. ……..နွေးထွေးစေပါတယ်လေ။ ။ My First Green


MyFirstGreenSeptember 29, 20101min440
လေလေးက ဟိုဒီယိမ်းရင်း မိုးရနံ့လေး ယူဆောင်ခဲ့ ငါသိလိုက်ချိန်. ဘေးနားမှာသင်းပျံ့လို့ပေါ့… ငါ့ရင်ထဲ ပျော်လာတယ် ပြီးတော့ ………….နာကျင်လာတယ် *** ဟိုုအဝေးမှာလေ……. ငှက်လေးတွေ ဟိုဒီပျံရင်း ပြေးလွှားလို့ ဘာကြောင့်မှန်းမသိ ပျော်နေတာလား … စိုးရိမ်နေတာလား *** ကောင်းကင်ကျယ်မှာ တိမ်တွေ ဦးတည်ရာမဲ့ ပြေး လွှား လို့ ပျော်လွန်းလို့ မြူးကြွနေတာလား… မပြိုချင်လို့ ရှောင်ပုန်းနေတာလား… *** ငေးရင်းငေးရင်း ငါ့စိတ်တွေ အတိတ်ထဲ ပြေးလွှား ငါမသိချင်ဘူး ဘာကိုမှ မတွေးချင်ဘူး တကယ်တမ်းတော့ငါ ဟိုးငယ်ငယ်တုန်းကလို ပုခက်ကလေး လွှဲစီးရင်း မေမေ့ကိုငေးလို့ … တခစ်ခစ် ရယ်နေချင်ခဲ့တာပါ။ My First Green


MyFirstGreenSeptember 29, 20101min670
သေခြင်းတရား ငါ့ရဲ့နံဘေး တံခါးခေါက်ချိန် ငါ တွေဝေခဲ့တယ်။ မှန်လား မှားလား လုပ်ခဲ့သမျှတွေ ဝေခွဲရ ခက်လို့။ ရင်ထဲလွမ်းနေ အစားထိုးမရ အချိန်တွေ အကျိုးမရှိ ကုန်ခဲ့လို့။ လူ့ဘဝသက်တမ်း စမယ်ကြံတုန်း ကုန်ဆုံးသွားတယ် အမှန်တကယ် မြန်လွန်းလို့။ My First Green


MyFirstGreenSeptember 29, 20101min670
မဟူရာကောင်းကင်ကြီးထဲမှာ နေမင်းရယ် လမင်းရယ် အစင်းပေါင်းများစွာ – လင်းလက်လို့ စကြာဝဠာကြီး အကြီးကြီးထဲက ဟောဒီ ကမ္ဘာဆိုတဲ့ ဂြိုဟ် ပိစိလေးပေါ်မှာ G ဆိုတဲ့ လူပိစိလေး က – ရပ်ကြည့်လို့ မျက်လုံးသေးသေးလေးနဲ့ မြင်နိုင်သမျှ တွေက အရာအားလုံး မဟုတ်သေးပါဘူး ငါတို့ မမြင်တွေ့ရသေးတဲ့ ခန်းနားကြီးကျယ်မှုများစွာက အဆပေါင်းများစွာ ကျန်နေပါသေးတယ်။ ။ My First Green