သူရႆဝါSeptember 2, 20101min390
“ဟန်နီဟာ မိန်းမတစ်ယောက် ဖြစ်တဲ့အကြောင်း” အခု ဒီကဗျာမှာ ရည်ညွှန်းတာဟာ ဟန်နီဖြစ်တယ် … ဆိုပေမယ့် သီချင်းတွေထဲကဟန်နီ မဟုတ်ဘူး။ “ရက်စက်တဲ့ဟန်နီ”  “ညဉ့်ငှက်မလေးဟန်နီ” မဟုတ်ဘူး။ ကဗျာတွေ၊ သီချင်းတွေထဲ မြင်နေ တွေ့နေကျ ဟန်နီ မဟုတ်ဘူး။ ဟန်နီဟာ ဟန်နီဖြစ်တယ်။ မိန်းမတစ်ယောက် … ဒီထက်ပိုရှင်းအောင်ပြောရရင် အရွယ်ရောက်ပြီးတဲ့ မိန်းမတစ်ယောက်ဖြစ်တယ်။ အခု ဒီကဗျာရဲ့ ရည်ညွှန်းအမျိုးသမီးဟာ ဟန်နီဖြစ်တယ်ဆိုပေမယ့် ကဗျာဆရာ မြင်ဖူး၊ တွေ့ဖူးတဲ့ မိန်းမတွေအကုန်လုံး ဖြစ်တယ်။ ဟန်နီရဲ့အကြောင်းဖြစ်တယ် ဆိုပေမယ့် ကဗျာဆရာနဲ့တကွ အခု ဒီကဗျာဖတ်နေသူအားလုံး ဖြတ်သန်းနေတဲ့ ခေတ်ကာလထဲမှာ တွေ့နေကျ မိန်းမတွေအကြောင်းဖြစ်တယ်။ ဟန်နီဟာ သူတစ်ယောက်တည်းအတွက်ဆိုရင်တော့ ဟန်နီပဲဖြစ်ပေမယ့် ကဗျာဆရာရဲ့ ရေးခြစ်မှုထဲ မိုဒယ်လ်ထိုင်ပေးလိုက်ရတဲ့အချိန်မှာ ဟန်နီမဟုတ်တော့ပြန်ဘူး။ ခေတ်ရဲ့သမီးပျိုပီပီ ဟန်နီ ဘောလုံးပွဲသိပ်ကြိုက်တယ်။ […]


Khin Thida SoeAugust 23, 20101min970
ရင်ခွင်မဲ့ သား ဥဝဲ ဆိုပြီး ထွက်ကာစ သမီး ဘဝ ဘာမှ မလိုခဲ့ဘူး အမေ မိစုံ ဖစုံ ည စီးပွားရေး မျက်နှာပန်းပန်းလှလို့ အငယ်ဆုံး သမီထွေး ဘဝမှာ ရတိုင်းလို  လိုတိုင်းတ သမီးဆိုးချင်တိုင်းဆိုး ဘယ်လိုမှ မျက်နှာ မညှိုး ခဲ့တဲ့ အဖေ အဖေရယ်…….. လေးနှစ် အပေါ်တဆင့်ကမ်း သမီး ငယ်ခြေလှမ်း ချ တဲ့ အချိန် ဘာကြောင့်…. အဖေ့ ရဲ့ နုတ်ဆက်ချိန် အပြီးတိုင် ခဲ့တာလဲ ဟင် ….. အဖေ့ ဈာပန နောင်ဘဝ ခရီး အထွက်မှာ သမီးငယ် ကလေး ဘဝ မျက်ရည်စ မရှိတတ်သေးဘူး အဖေ… ခြောက်နှစ် ကို […]


သူရႆဝါAugust 11, 20101min520
“ကမ္ဘာနှစ်ထပ်” “သွားတော့မယ်နော် ..” လို့ နှုတ်ဆက်တဲ့အသံကို မကြားလိုက်ရဘူး (ဒါမှမဟုတ်) နှစ်ခါကြားလိုက်ရတယ် အရောရောအထွေးထွေး … ကိုယ်တို့နှစ်ယောက်ဟာ တစ်ယောက်တည်းဖြစ်သွားရင် သိပ် …. ကောင်းမှာပဲကွယ်။ “ဆက်ဆက် … ပြန်လာခဲ့မယ်နော်” ဆိုတဲ့ ကတိစကားဟာ တုန်ခါဝေဝါးလို့၊ ကိုယ် အခါခါကြားယောင်နေမိ နှစ်ခါကြားလိုက်ရတဲ့ နှုတ်ဆက်စကားနဲ့ ကတိကဝတ်လေး ကိုယ့်အပြန်လမ်းက နှစ်မျိုးရှိတယ် သစ်ရွက်အနွမ်းလေးကြွေကျသွားတာ၊ တစ်ယောက်တည်းဖြစ်ဖြစ်နေတာ၊ အိပ်လို့လည်းမပျော်ဘဲ အိပ်မက်မကောင်းတာ၊ မွေးနေ့ဆုတောင်းသံလေး အနားမှာရှိမနေပေးတာ၊ နေ့တိုင်းတနင်္လာ နှစ်ခါ .. နှစ်ခါ .. နှစ်ခါများနဲ့ ကိုယ့်မှာ ကမ္ဘာနှစ်ထပ်ထဲ …. ။ သူရဿဝါ ဩဂုတ် ၁၁ ရက် ၊ ၂၀၁ဝ ခုနှစ်


သူရႆဝါAugust 4, 20102min742
“သေကြောင်းကြံစည်” မနက်ဖြန်ဆီ ငါရောက်မလာတော့ဘူး မနက်ဖြန်သီချင်း၊ မနက်ဖြန်ပြတင်း ငါနဲ့ မရင်းနှီးနိုင်တော့ဘူး လေထဲ ပျံ့ကြဲသွားတဲ့ ဝတ်မှုန်ပွင့်လေးလို … ငါနဲ့ ငါ့စိတ္တဇတွေနဲ့ လုံးထွေးရစ်ပတ်ခဲ့ပြီးနောက် ပြန်ဆင်းလို့မရတော့မယ့် လှေကားထစ်တွေဆီ ငါမော့ကြည့်လိုက်တယ် အဲဒီနောက် … တစ်လှမ်းချင်း ငါ … ………………….. ……………….. (၁) ငါဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ လူငယ်လေးတစ်ယောက် ဖြစ်ခဲ့ဖူးတယ် (၂) ငါနဲ့ ငါ့အနုပညာကြားမှာ ဘာစကားမှမလိုအပ်ဘူးလို့ ငါထင်ခဲ့ဖူးတယ် (၃) ကောင်းကင်ပေါ်မျောနေတဲ့ မိုးတိမ်တစိတ်တပိုင်းဟာ ငါဖြစ်တယ်လို့ ထင်ခဲ့ဖူးတယ် (၄) ငါ့ဆီတည့်တည့်ရောက်လာတဲ့ မျက်လုံးတချို့ကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ ကြိုးစားခဲ့ဖူးတယ် (၅) ငါ …. အရာအားလုံးအတွက် အောင်မြင်လုနီးနီးဖြစ်ခဲ့ဖူးတယ် (၆) ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ လူငယ်လေးတစ်ယောက် လောကထဲမှာ […]


သူရႆဝါJuly 22, 20101min810
“ရူးချင်ယောင်ဆောင်” ဘာဆိုဘာမှလည်းမသိချင်ဘူး ကိုယ့်ကိုယ်ကို ဓါးသွေးကျောက်လို စက္ကူဖြတ်တဲ့ကတ်ကြေးလို ထင်ယောင်ထင်မှား လောကမှာ ပြောမရတာတွေ သိပ်များတယ ် ဓါတ်လိုက်သလိုဖြစ်နေတာ ငါနဲ့ တစ်ခုခုနဲ့ ဓါတ်မတည့်ဘူးဖြစ်နေတာ ဟူး … စိတ်ဓါတ်ပဲ ကျွန်တော်၊ ခင်ဗျား၊ မနက်ဖြန်နဲ ့ကောသလအိပ်မက် ဆယ့်ခြောက်ချက် `ဖျတ်´ ခနဲ လင်းသွား၊ မှောင်သွား၊ မှိတ်တုပ်မှိတ်တုပ်ဖြစ်သွား၊ ဘာဆိုဘာမှလည်း မသိချင်တော့ဘူး ရူးချင်ယောင်ဆောင်နေ … ။             ။ သူရဿဝါ ဇူလိုင် ၂၂ ရက် ၊ ၂၀၁ဝ ခုနှစ်


သူရႆဝါJuly 16, 201015min1002
“အရုပ်ကြိုးပြတ်နေ့ရက်များ” ဟာသကားတွေထဲမှာတော့ အခုလိုဖြစ်သွားရင်ရယ်ကြပါတယ် အရုပ်ကြိုးပြတ် …. ကြိုးတွေပြတ်လို့ …. ကျိုး … ပျက်လို့ မသိတော့ပါဘူးကွယ် ပြဿဒါးဆိုတာ ငါ့အဆင်မပြေခြင်းတွေကိုဟားတိုက်ဖို့ ပြက္ခဒိန်ရဲ့အလိုအတိုင်းရောက်လာ …. မှတ်မိသလောက် ဒါဟာ `ဗုဒ္ဓဟူး´ရာသီဖြစ်မယ်ထင်တယ် တနင်္ဂနွေဟာ အလာ့ဂျစ်ထနေ ကောင်းကင်ကိုနင်းချင်လို့ ဖိနပ်ဆောင်းထားတာ မင်း …. သွားမယ်ဆိုလည်း စကားတစ်ခွန်းတော့ နှုတ်ဆက်ခဲ့ဖို့ကောင်းတယ် …. နွေရာသီရောက်လာတာကိုက စောလွန်း…. မြစ်ကျိုးအင်းများ၊ မီးစားအိပ်မက်များ၊ မှောင်မိုက်နာကျင်ခဲ့သောလမ်းများ ဝေး ……….. စကားတစ်လုံးတည်းနဲ့တောင် ဆွေးလိုက်ရတာကွယ် အထီးကျန်ဝေးကွာမှုသီချင်း၊ လေနဲ့အတူလေနေတဲ့စိတ်၊ ရင်ထဲဟာသွားတဲ့နေရာမှာ ဘာမှအစားထိုး၍မရ၊ ရွေ့လို့လည်းမရပါ …. အခုထိ ဗုဒ္ဓဟူးည ဆယ့်တစ်နာရီ …… ပန်းနီလေးပွင့်တာကအစ ငေး … ကြည့်၊ ငိုချင်တယ် ……. အ ထီး […]


သူရႆဝါJuly 13, 20101min962
အနုပညာသည် “အခုအချိန်ဆို . . . . သူတို့ပျော်နေလောက်ပြီ” တွေးရင်း . . . . ငါလည်းပျော်လာတယ် ငါ့အစွယ်ထက်ထက်နဲ့ ငါ့ကိုယ်ငါထွန်ယက် . . . . . . အပြီးမှာ . . . . . ပြတင်းပေါက်ကိုပိတ် ကြယ်တွေကိုမှိတ်ရင်း မနက်ဖြန်နိုးဖို့ ငါအိပ်လိုက်တယ် . . . . . ။        ။ သူရဿဝါ ဇူလိုင် ၁၃ ရက် ၊ ၂၀၁ဝ ခုနှစ်


သူရႆဝါJuly 10, 20102min802
“သူတို့  အသစ်တဖန်ဖြစ်ပြီ သူတို့ ပြန်လည်မွေးဖွားကြပြီ” အဲဒီမှာ …… ရော့ခ်ဂီတကို ပန်းလိုပန်ထားတဲ့မိန်းမ သံစဉ်တဟုန်းဟုန်းနဲ့ ပွင့်လို့ လှလို့ ငါတို့ လှိုင်းတွေလို တုန်ခါယိမ်းထိုးကြ ငါ့ကိုယ်စောင့်နတ်သမီး ငါ့ကိုသီချင်းတွေဆိုရင်းပြုစားပါ ငါ့ကိုဂီတအသစ်နဲ့အသက်သွင်းပါ ငါ့ကိုညှို့ပါ ……. ငါ့ကိုညှို့ပါ ရူးပြီ …… ငါဟာ ကောင်းကင်နဲ့အပေါက်ခံရတဲ့ ပန်းတစ်ပွင့်ဖြစ်သွား ကျိန်စာနဲ့ကဝေလက်သည်းထဲ တရစ်ချင်း တလွှာချင်း ပျော်ဝင်လူးလွန့်သွား ပိုးမွှားဗိုင်းရပ်စ်များ ငါ့ကို အော်ဟစ်ခေါ်ငင်ကြတယ် နတ်သမီးရေ ….. ဒါကိုပဲ ငါတောင့်တခဲ့မိတာပါ နတ်သမီးဟာ အစိမ်းရောင်ဂါထာရွတ်တယ် ယုံကြည်သက်ဝင်ရာဂီတကို တံခါးခေါက်တယ် ငါ့ကိုယ်စောင့်နတ်ဖုရားမ သီချင်းတွေဆိုရင်း ကိုယ်ထင်ပြတယ် ငါတို့ဟာ စိတ်ချင်းဆက်ထားတဲ့အသက်ဇီဝ နတ်သမီးရဲ့အသံက ငါ့နားထဲဖိတ်လျှံကျတဲ့အခါ အဲဒီတေးတစ်ပိုင်းတစ်စနဲ့ ငါ…… ကပါတယ် ……………………. ငါ့ကိုယ်စောင့်နတ်သမီး ကိုယ်စောင့်နတ်သမီးရေ …….. ငါတို့ဟာ […]


သူရႆဝါJuly 9, 20102min1256
ရှေ့တည့်တည့်မှာတွေ့နေရတာ ထမီတန်းပဲဖြစ်ဖြစ်၊ သားရေကွင်းပဲဖြစ်ဖြစ် လက်လှမ်းမှီရာ တန်းတွေ၊ ကွင်းတွေကိုသာ အလောသုံးဆယ် ဆုပ်ကိုင်ထားလိုက် ဝူးခနဲထွက်ပြီ စပယ်ယာ – အတွယ်အတာပါတယ်၊ ဘယ်ညာပါတယ်ဆရာ ပြန်အမ်းခါနီးမှ အတိတ်မေ့နေတဲ့အကြွေနဲ့ လက်ထဲချိုးထားတဲ့ငွေအထပ်လိုက် နောက်ပြီး အကုသိုလ်အထပ်လိုက် အတန်ကြီးတွေမလိုဘူး၊ တိုင်ကြီးတွေလွတ်တော့မယ် ကားကွက်အစိပ်အကျဲ .. မနက်ကတည်းက လွဲနေပါတယ်ဆိုမှ တိုင်စေ့၊ လူစေ့၊ ခရီးသည်များလည်း ဒုက္ခတွေနေ့စေ့လစေ့နဲ့ ဘယ်လိုဖြစ်ဖြစ် ဒီမှာပဲထိုင်မယ်ဆရာ ဒီမှာပဲသောင်မယ်ဆရာ အခုထွက်မယ် တော်ကြာထွက်မယ် .. ဒီလိုနဲ့ နေ့ရွှေ့ညရွှေ့ ဒါတောင် အုံနာကြေးမပြည့်သေးတာခက်တယ် “ဘဝမှာအိမ်ပြန်ချိန်တွေနောက်ကျမှာစိုး” နဲ့ ဟိုနားဒီနား နှစ်ရာတန် လူခေါ်သံနဲ့ တည့်တည့်ကြီးတိုးတော့ ဒါ .. “အထူး” ပဲလို့ အသိအမှတ်ပြုရ စပယ်ယာ – သောကပဲ … L ဆိုင်းဇီရော၊ […]


သူရႆဝါJuly 8, 20102min560
“ကျွန်တော့်အိမ်ကလေး ကျွန်တော့်ဆီက ပြေးသွားကတည်းက” ကျွန်တော့်အိမ်အစစ်မဟုတ်တော့ ကျွန်တော်က မချစ်ဘူး အဖေရယ် ၊ အမေရယ် ၊ ညီလေးရယ် ၊ ကျွန်တော်ရယ် နောက်ပြီး …… ကျွန်တော်တို့အိမ်ကလေးရယ် ဟင့်အင်း ကျွန်တော်မရယ်နိုင်ဘူး ကျွန်တော့်အိမ်ခေါင်မိုးပေါ်ကကြယ်နဲ့ အခုမြင်နေရတဲ့ကြယ် ….. ဘာလို့မတုူတာလဲ အဖေ . . အမေ . . . ကျွန်တော် . . . . ညီလေး တစ်ယောက်နဲ့တစ်ယောက် ဝေးနေသလိုပဲ ကျွန်တော့်အိမ်ကလေးရေ ….. ကျွန်တော်အခု အိမ်ပြေးဖြစ်နေတယ် အိပ်မက်ဆိုးတွေမက်တိုင်း ကျွန်တော် တရေးလန့်နိုးတိုင်း ကျွန်တော့်ကိုယ်ပေါ်က ဇောချွေးတွေဟာ ကျွန်တော့်အိမ်ကလေးရဲ့မျက်ရည်ပဲ …. သေချာတယ် အလွမ်းဟာ နာ ကျင် စေး ကပ် စိတ္တဇစွဲလမ်းခြင်းက […]


သူရႆဝါJuly 6, 20102min720
“ငါ့နားထဲမှာအသံတွေ” လေဟာနယ်ထဲရောက်နေတယ် လေဟာ … နယ်(ပယ်) တစ်ခုခုထဲရောက်နေတယ် ကဗျာရွတ်သံနည်းနည်းလောက်ကျယ်ပေးပါ မီးခြစ်သံတိုးပေးပါ …. ခင်ဗျား ရင်း(န်)တုန်းက အသံမြည်နေတယ် တိုးပေးပါ၊ တိုးပေးပါဆိုတာ အဲဒီအသံကိုမဟုတ်ဘူး တိုးချဲ့ပေးခိုင်းတာမဟုတ်ဘူး ချဲ့ထားတာကို တိုး(တိတ်) ခိုင်းတာ ငါ့နားထဲမှာ အသံတွေ …. ဒီလိုမဟုတ်ရင် အသံထဲမှာ ငါ့နားတွေ ဖြစ်ချင်တော့ ငါ့နား(အနား)ကို ငါမသွားရဲဘူး ပရီးမီးယားလိဂ်ရှိတယ်၊ ရော်ဂျာဖက်ဒါးရားရှိတယ်၊ တိုက်ဂါးဝုဒ်ရှိတယ်၊ တကယ်တမ်းက ဟန်ကိုယ့်ဖို့ပဲ ကျားကိုလည်းကြောက်တယ် ရှင်ကြီးကိုလည်းကြောက်တယ် ရှင်ကြီးဝမ်းထဲလည်းမဝင်ရဲ ရှင်ငယ်ဝမ်းထဲလည်းမဝင်ရဲနဲ့ ငါ့နားထဲမှာအသံတွေ (သန်တဲ့အသံတွေ) နှစ်နှစ်ဆယ်နီးပါး …. နားထဲ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်တွေ ညစ်ညမ်းလေထု၊ ကဗျာရွတ်သံမကြားရဘူး ကဗျာရွတ်သံနည်းနည်းလောက်ကျယ်ပေးပါ “အဲ ဒီ လို အိပ် မက် တွေ ပျက် စီး သွား […]


သူရႆဝါJuly 5, 20102min801
“ရှင် …. ဝေး” စိတ္တဇ . . . . . ရှင်သန်ခြင်းကဝေးကြဖို့လို့ ဒါ စိတ္တဇပဲ ငါ့ဆီကြေးနန်းရိုက်လိုက်ပါ “ခင်ဗျားကိုယ်ခင်ဗျားမီးလောင်နေပြီ” ခင်းကျင်းပြသလိုက် မဟုတ်ဘူး . . . . ဒီမှာ မနက်တိုင်းက သေကြောင်းကြံစည် မနက်စာ စားရသလောက်ပါပဲ ဟော့ဟော့ရမ်းရမ်းလမ်းလျှောက်ရသလိုပဲ သိပ် . . . . . လွယ်ကူတယ် အိမ်ပြန်စရာမလိုတော့ဘူး ရှန်ပူနံ့သင်းသင်းသုံးစရာမလိုတော့ဘူး ရှင် . . . . . နေရတာ စိတ္တဇ ဝေး . . . . . နေရတာ စိတ္တဇ “ငါ ဘာ တွေး မိ […]


သူရႆဝါJuly 2, 20101min1183
“ကျွန်မနဲ့ မောင်နဲ့ အခုတလောနဲ့” ရှင့်ကိုချစ်ရတာလေ .. ကိုယ့်လက်သည်းကိုယ် ပြန်ဆိတ်နေရသလိုပဲ မောင်ရယ် ခက်တယ်၊ ကျွန်မ မကြိုက်တာတွေ အများကြီးထဲမှာမှ မောင်ကဘာလို့ ကျွန်မ မျက်နှာမလွှဲပစ်နိုင်တဲ့ အရာဝတ္ထုဖြစ်နေရတာလဲ အခု … ကျွန်မနဲ့မောင် ဘယ်ဘဝရောက်ချင်ယောင်ဆောင်နေရမယ် တကယ် .. မသိရိုးအမှန်ပါကွယ် ရှင့်ကိုကျွန်မ ဘယ်လောက်အထိ တွယ် … ငြိ ကျွန်မက ကြယ်ကြည့်သူသက်သက်ပဲလား မောင် အချစ်ဆိုတာ … အချစ်အကြောင်းဆိုတာ ရိုမီယိုနဲ့ ဂျူးလီးယက်လည်းမဟုတ်၊ အသည်းအသန်လိုက်ရှာနေရတဲ့ ကမ္ဘာဦးကနံရိုးလည်းမဟုတ်ဘူး မောင်က မောင်ပဲ၊ ကျွန်မက ကျွန်မပဲ မောင်နဲ့ ကျွန်မ အတူတူရှိနေချင်တာ အချစ်ပဲ မရယ်ပါနဲ့မောင်ရယ် … အိပ်မက်ဆိုတာ အပြင်ကအကြောင်းကိုပဲ ပြန်တွေ့ရတာမဟုတ်လား ကျွန်မအပေါ် ရှင့်စိတ်ဝင်စားမှုက ရှင်ဖတ်လက်စ စာအုပ်တစ်အုပ်သာသာပါ […]