manawphyulayMay 15, 20101min1438
အဆင်မပြေမှုတွေ များနေတဲ့ ဘဝမှာ ဘယ်အရာမှ ငါ အလိုမကျခဲ့ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ငါကကော ဘာမို့လို့လဲ ကိုယ့်ဘဝကို အားငယ်မိပေမဲ့ ကိုယ့်ဘာသာပဲ အားပေးနေခဲ့ ဒီလိုဘဝမျိုးကို ငါတစ်ယောက်တည်း ရရှိနေတာ မဟုတ်ဘူး တဖြည်းဖြည်းနဲ့ စိတ်ဓာတ်က အဝီစိထိကျဆင်းနေခဲ့ ကိုယ့်ခြေထောက်ပေါ် မတ်မတ်ရပ်ရင်း ခြေသလုံးတွေ တောင့်တင်းနေခဲ့ လှဲကျလို့ ပြန်ထရင်တောင် ကူမယ့်သူမရှိ တစ်ခါတလေ မျက်ရည်ကျမိပေမဲ့ ထပ်ကျဖို့တောင် မျက်ရည်လက်ကျန်မရှိတဲ့ဘဝ ဪ… ဘဝ ဘဝလို့တောင် မအော်နိုင်တဲ့ ငါ့ရဲ့အဖြစ် စိတ်ပျက်စရာ လူတချို့နဲ့ တွေ့ကြုံခဲ့ရ မပြုံးတတ်ဘဲ ပြုံးလိုက်ကြ မရယ်တတ်ဘဲ ရယ်လိုက်ကြ ဘဝမှာ ဖြစ်ချင်ခဲ့တာတွေ များသလောက် ဘာတစ်ခုမှ ပေါက်မြောက်အောင် မဖြစ်တဲ့ ငါ့ဘဝ ကိုယ်ရှိလို့သာ ဘဝဆိုတာ ရှိနေမှန်း ဖြေသိမ့်ခဲ့ရ […]


manawphyulayMay 15, 20101min1758
ခြင် ဆင်ခြင်ဉာဏ်ကင်း ညံ့ဖျင်းတဲ့လုံ့လနဲ့ ဝမ်းဝရုံရှာစား ပစ္စုပ္ပန်မှာ နားနေတဲ့သတ္တဝါ ပုရွက်ဆိတ် ထူးခြားသွက်လက် ထက်မြက်တဲ့ဆင်ခြင်ဉာဏ် ရင့်သန်တဲ့လုံ့လနဲ့ မနိုင်ဝန်အားမာန်နဲ့ထမ်း ဘဝအတွက် စုဆောင်း နောင်ရေးအတွက် မျှော်ကြည့် အနာဂတ်ကို သိတဲ့သတ္တဝါ လူ ဘဝထဲကလူ အူကြောင်ကြားနဲ့ လမ်းသွား သွေးပျက်နေတဲ့ အယူအဆများနဲ့ ကမ္ဘာလောကကြီးထဲ လျှောက်သွား အတ္တတရားကို ရှေ့တန်းတင် ခြင်သတ္တဝါကို အားကျ တစ်ဘဝစာနဲ့ ကျေနပ်မှာလား…. ဒါမှမဟုတ် ပုရွက်ဆိတ်ကို နည်းယူ ကြည်ဖြူတဲ့စိတ်ထား မြင့်မြတ်တဲ့ သဒ္ဓါတရားနဲ့ ကုသိုလ်တံတားတွေ တည်ဆောက် သံသရာလမ်းကို လျှောက်မှာလား… အဲဒါကို သင် စဉ်းစား…..


သူရႆဝါMay 11, 20101min641
“အရွဲ့တိုက်” ခင်ဗျားတို့ရဲ့မျက်လုံးတွေဟာ ကျွန်တော့်ဆီက ယူတပ်ထားတာမဟုတ်ဘူးဆိုတော့ ကျွန်တော်မြင်နေရတာဘာလဲဆိုတာကို ခင်ဗျားတို့သိကြမှာမဟုတ်ဘူး ကျွန်တော့်ရှေ့တည့်တည့်မှာ မြူခိုးတံတိုင်း အဲဒီထက် ခင်ဗျားတို့ပိုရိုင်းတယ် ကျွန်တော်က တစ်နေ့ရွှေတစ်နေ့ငွေဆိုရင် ကျွန်တော့်ကို ရွှေမရှားငွေမရှားလို့သတ်မှတ်ပါ ခင်ဗျားတို့ဝတ်ဆင်ထားတဲ့ ဝတ်လစ်စလစ်စကားများ အထပ်ထပ်ချွတ်ချလိုက် ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်မသွားရင် နောက်လူတစ်သိုက် စိုက်စိုက်ရိုက်မယ် ဝါးအစည်းကိုဖြေချလိုက်တဲ့ခင်ဗျားတို့ပါးစပ်နဲ့ ကျွန်တော့်ကို စည်းလုံးညီညာအောင်ကြောင်းဖြာလို့မပြောပါနဲ့ တိတ်တိတ်လေးနေမယ် ကျွန်တော်ရှက်တတ်တယ် ပတ်ပတ်လည်မှာ ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ပြန်ချိန်ထားတဲ့သေနတ်တွေ . . . . . . ။ သူရဿဝါ မေ ၁၁ ရက် ၊ ၂၀၁ဝ ခုနှစ်


သူရႆဝါMay 10, 20101min600
“မျက်လုံးများ” –       တစ်လှမ်း နှစ်လှမ်း လှမ်းပြီး တုံ့ခနဲ –       ဘေးဘီဝဲယာလှမ်းပြီး –       ရုပ်ပျက်ဆင်းပျက် အတ္တကိုအကျယ်ကြီးလွှဲ –       တစ်လှမ်းပြီးတစ်လှမ်းလက်လွှဲ –       တိုက်နဲ့ကားနဲ့နေနိုင်ဖို့ဆို (ဘယ်သူ့ကိုမဆို) –       ကားနဲ့တိုက်မယ် –       လူဆင်းရဲကံကြမ္မာက အမေ့ဝမ်းထဲမှာကတည်းကလွဲပြီးသား –       လက်ဆောင်ပါဆယ်ထုပ်များ –       တစ်လှမ်း လောဘ –       နှစ်လမ်း ဒေါသ . . . လှမ်းပြီး တုံ့ခနဲ –       မောဟ ဆက်လှမ်းသွားတယ် –       ဘေးဘီဝဲယာမှာ တဝေါဝေါရေတံခွန် သူရဿဝါ မေ ၁ဝ ရက် ၊ ၂၀၁ဝ ခုနှစ်


သူရႆဝါMay 8, 20102min831
“ကျွန်တော့်နတ်သမီးလေး အေးအေးဆေးဆေး အိပ်ပျော်နေပါစေ” ဝင်သက်၊ ထွက်သက် ဖြည်းဖြည်းချင်းမှာ အသိစိတ်ကို ခဏလေးလွှတ်ချထား ကျွန်တော်ချစ်တဲ့ နတ်သမီးလေးလေ . . . အေးအေးဆေးဆေး အိပ်ပျော်နေရှာတယ် ခါတိုင်းလို စကားတွေ တတွတ်တွတ်မပြောဘဲ၊ ကျွန်တော့်ကို ပြောင်ချော်ချော်မရယ်ပြဘဲ၊ မျက်လုံးလေးမှိတ် . . . သူ အိပ်နေတယ် ပါးလေးဖောင်းလို့ နှုတ်ခမ်းလေးထော်လို့ ကျွန်တော့်ရဲ့ ခပ်စွာစွာနတ်သမီးလေး ယဉ်ယဉ်ကျေးကျေး အိပ်ပျော်နေတယ် သူ့ကို သွားမနှိုးကြပါနဲ့ ကျေးဇူးပြုပြီး မနှိုးလိုက်ပါနဲ့ နတ်သမီးလေး ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်နေပါစေ သူ့ကို စိုက်ကြည့်မိရင် မနေတတ်မထိုင်တတ်ဖြစ်တဲ့ ကောင်မလေး ကျွန်တော်ဟာ အခုမှပဲ . . . သူ ခေါင်းကလေးစောင်းပြီးအိပ်နေတာကို ငေးကြည့်ခွင့်ရ သူ့ဆံပင်လေးတွေပါ ငြိမ်သက်အိပ်ပျော်နေတာကို ငေးကြည့်ရ ကျွန်တော့်ရင်ခုန်သံဟာ […]


trustMay 8, 20101min1345
အသဲကွဲစေသလား အဲနေ့က မိုးတွေရွာနေတယ် လူတွေ မမြင်ရော့သလား ငါ့မျက်ရည်တွေ မြေကျလေရဲ့ x x x x x x x x x x x x x x x ငါ အိမ်ပြန်ခဲ့တယ် လမ်းမှာလေလဲ မတိုက်ဘူး သစ်ရွက်လဲ မကြွေဘူး x x x x x x x x x x x x x x ရှေ့ကိုလဲ မမြင်ရဘူး နောက်ကိုလဲ ပြန်မလှည့်ချင်ဘူး ငါ့ဘဝ အနာဂတ်တွေ ပျောက်နေတယ် ဒါတွေက အချစ်ကြောင့်ဆိုလဲ ငါမမုန်းရက်ခဲ့ဘူး ကောင်မလေးရယ် အရှုံးဆိုတာကို ငါကြေနပ်ယုယ […]


သူရႆဝါMay 6, 20107min1315
ခင်ဗျားအနေနဲ့ ဒီနေရာမှာနေမယ်ဆိုရင် အင်တာနက်သုံးတတ်ဖို့တော့လိုအပ်ပါတယ် ။ အင်တာနက်ဆော့တာမဟုတ်ဘူး ၊ အင်တာနက်ကြည့်တာမဟုတ်ဘူး ၊ အင်တာနက်အသုံးပြုတာပါ ။ ခင်ဗျားအနေနဲ့ အင်တာနက်သုံးတတ်မယ်ဆိုရင် ကမ္ဘာကျော်အဆိုတော်ရဲ့ဈာပနကို အင်တာနက်ကနေတဆင့် လိုက်ပါပို့ဆောင်ခွင့်ရနိုင်မှာဖြစ်သလို ခင်ဗျားရဲ့ဈာပနဟာ ဘယ်နေ့ဖြစ်တယ်ဆိုတာကိုလည်း အင်တာနက်ကနေတဆင့် သိကောင်းသိနိုင်ပါလိမ့်မယ် ။ ခင်ဗျားဘာကိုရရှိသလဲဆိုတာဟာ ခင်ဗျားဘာကိုရှာဖွေသလဲဆိုတာပဲဖြစ်လို့ What you get is what you search ဖြစ်လို့ ခင်ဗျားအနေနဲ့ ဒီမှာနေမယ်ဆိုရင် အင်တာနက်သုံးတတ်ဖို့တော့လိုအပ်ပါတယ် ။ ဘာပဲလိုလို ရန်ကုန်လမ်းညွှန်မှာရှိတယ်ဆိုတာကအစ အင်တာနက်မှာရှိတဲ့အတွက် ခင်ဗျားဘယ်နေရာမှာရှိနေတယ်ဆိုတာအဆုံး အင်တာနက်မှာရှိတဲ့အတွက် ဒီနေရာမှာနေမယ်ဆိုရင်တော့ ခင်ဗျား အင်တာနက်သုံးတတ်ဖို့လိုအပ်ပါတယ် ။ အင်တာနက်မှာ ထေရဝါဒဗုဒ္ဓဘာသာရှိပြီး အင်တာနက်မှာ ယေရှုဘုရားသခင်လည်းရှိပြီး အင်တာနက်မှာ ဒေဝဒတ်ရော မာရ်နတ်ပါရှိပြီး အင်တာနက်မှာ ယုဒလည်းရှိပါတယ် ။ ခင်ဗျားအနေနဲ့ အင်တာနက်သုံးတတ်မယ်ဆိုရင် […]


သူရႆဝါMay 4, 20103min812
အခန်းကတစ်ယောက်တည်းနဲ့ ငါက အကျယ်ကြီး . . . . အခန်းထောင့်တိုင်းမှာ သူလိုငါလို အရိပ်တွေရှိတယ် ကြောက်   လိုက်   တာ “မနက်ဖြန်” အကြောင်းကိုလည်း ဘုရားသခင်ကသိပြီးသား အနာဂတ်မဟုတ်ဘူး ကြိုတင်ကြံစည်ထားတဲ့ ဘုရားသခင်ပိုင်အတိတ်ဖြစ်တယ် ငါ . . . . ရည်ရွယ်ချက်ရှိရှိလုပ်ကြံခံနေရတယ် ငါ . . . . ရည်ရွယ်ချက်ရှိရှိ လုပ်ကြံခံနေရတယ် မမေးနဲ့ . . . . မမေးနဲ့ အိပ်ဆေးပုလင်းကဘာလုပ်ဖို့လဲမမေးနဲ့ အသွားနှစ်ဖက်နဲ့ဓါးက ဘာလုပ်ဖို့လဲမမေးနဲ့ ခပ်ပျင်းပျင်းရှိရင် ဆော့ကစားဖို့ “အသက်ဇီဝ” ကို ကိုယ်ဖျောက်သလို ခဏဖျောက်ကြည့်လို့ရမလား စမ်းသပ်ချင်လို့ . . . . “ရှင်သန်ခြင်း” နဲ့ ဆန့်ကျင်ဘက်မဟုတ်ဘူး […]


သူရႆဝါMay 3, 20105min1215
“ညခုနစ်နာရီမှာ ညီမလေးဆီဖုန်းခေါ်မရဘူး” “လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ ……” ……………………………………………………… ငါ့စိတ်ဟာ ဖန်ခွက်ကလေးတစ်လုံးလို ဆူးလေလမ်းမတလျောက်ပြန့်ကျဲ “လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ ……” …………………………………………………….. ခေါင်းငိုက်စိုက်ချ ….. ကြေကွဲ လွင့်လွဲ “လူကြီးမင်းခေါ်ဆိုသော ……. ” “လူကြီးမင်းခေါ်ဆိုသော ……. ” ဒါဟာ …… အဆုံးသတ်သွားတာလား ဒါ မျှော်လင့်ချက်တွေလန့်နိုးသွားတာလား မဟုတ်ဘူး … ဒါ သွေးရိုးသားရိုးဖုန်းခေါ်မရတာပါ မတော်တဆမှုတစ်ခုပါ ညီမလေးရယ် …… ညီမလေးရယ် ကိုယ့်ကိုလက်ခံပြောဆိုပါ လူကြီးမင်းမဟုတ်ဘူး … ဆက်သွယ်မှုဧရိယာပြင်ပ မဟုတ်ဘူး ခေတ္တခဏစောင့်ဆိုင်းပြီးမှပြန် … လည် … ခေါ် … ဆို ……. ဟင့်အင်း ဒါလည်းမဟုတ်ဘူး အဲ့ဒီခဏလေးအတွင်းမှာ အရာရာသေဆုံးသွားနိုင်တယ် အဲ့ဒီခဏလေးအတွင်းမှာ ရာသီဥတုတစ်ခုလုံးပြီးဆုံးသွားနိုင်တယ် အဲ့ဒီခဏလေးအတွင်းမှာ ကံ […]


theingarkyawApril 5, 20101min701
ကောင်မလေးရေ မင်းနဲ့ငါ မတော်တဆ အပ်နှစ်စင်းဆုံခဲ့ရာ… ငါ့ရင်ဘတ်ထဲ စူးနစ်ခဲ့ရပေါ့ မင်းပုံရိပ်..။ ရှည်လျား ပျော့ပြောင်း ညိုရောင်ဖျော့ဖျော့ မင်းဆံနွယ်တွေ…၊ ကော့ညွတ်တဲ့ မျက်တောင်စိပ်စိပ်တွေကြားက ယုံကြည်ချက်ပြည့် တောက်ပကြည်လင်တဲ့ မင်းမျက်လုံးဝိုင်းတွေ…၊ ပန်းနုရောင် နှင်းဆီဖူးလို ပွင့်မလို အာမလို မင်းနှုတ်ခမ်းက စီးမျောလာတဲ့ သံစဉ်ချို စကားသံတွေ…၊ ငါ့အိပ်မက်တွေထဲထိ အလည်လာလာနေရဲ့။ အချစ်ဆိုတာ တစ်ကြိမ်တစ်ခါ တွေ့ရုံနဲ့ မဖြစ်နိုင်ပါဘူးလို့ ဘယ်သူပြောဝံ့သလဲ…။ ငါ့ဘက်ကတော့ တစ်ဖက်သတ်သေချာနေရဲ့။ ငါသွားတဲ့ နေရာတိုင်း ကောင်မလေးရေ… မင်းများ ရှိမလားလို့ ရှာလိုက်ရတာ မောလို့။ ငါပျော်တဲ့ အခါတိုင်းလည်း မင်းကို မျှဝေချင်တယ်၊ ငါစိတ်ညစ်တဲ့ အခါတိုင်းလည်း မင်းနဲ့ စကားပြောချင်တယ်။ ကောင်မလေး ရေ… မင်းအတွက်ရည်ရွယ် ရေးထားတဲ့ သီချင်းတွေလည်း များခဲ့ပြီပေါ့… ငါ့အချစ်စစ်ခဲ့ရင် […]


naymoneMarch 27, 20101min640
ဆန္ဒတွေခပ်ကျဲကျဲ အရည်ပျော်ကျ အလွမ်းဆိုတာဝိုင်ဖေါက်လို့ရရင် ဘယ်လောက်ကောင်းမလဲ ။။ ဖြေလျော့ဖို့မောင်းတင်ရင်း လောကမှာမနေတက်သေးဘူး။။ တစ်ရွာပြောင်းပေမဲ့သူကောင်းမဖြစ်တဲ့ ငါ့နှလုံးသားက နဂိုအတိုင်းပဲ ။။ စနေဂြိုလ်ရဲ့အထိန်းအကွပ်ကြောင့်လား လမ်းပျော်တဲ့စရိုက်ကြောင့်လား ငါ တေလေတော့ဖြစ်ခဲ့တယ် အဖြေလွှာတွေစံသွေနေလား ကမ္ဘာအစောင်းကြီးနဲ့ထောင့်မှန်ကျဖို့ မကြိုးစားမိခဲ့ဘူး။။ အမေငါကိုချစ်နေတုန်းပဲ….. ခြေလှမ်းအစတွေမြေကျတာသေချာတယ်။ ဖမ်းကိုင်စရာတော့မရှိခဲ့ဘူး။။ ဒီလိုနဲ့ပဲ အပျက်ပျက်နဲ ့ တစ်ခန်းရပ်တဲ့ဇတ် ငါအလံဖြူကိုင်ရင်း ငြိမ်သက်……… အဖေပြောတယ် ‘နောင်တဆိုတာထမင်းစားသလို ခဏခဏစားကောင်းတာမဟုတ်ဘူး’ နေမုန်း


naymoneMarch 27, 20101min660
အမေ မြင်ရင်ကြားရင် ရင်ထုမနာစရာတွေပဲ ကိုယ်ချင်းစာခံစားရင် ရင်ဘတ်ထဲမှာ အောင့်လာတယ်အမေ အသိတွေနည်းရတဲ့အထဲ Brainwash လုပ်ခံထားရတဲ့ သနားစရာလူတွေရယ်လေ ဘာတွေကိုဘယ်ကစလုပ်ရမယ် မသိအောင်ပါအမေရယ် ဒီမျိုးဆက်မှာ ဘာလို့မလွတ်လပ်ရလဲဆိုတာ ကျွန်တော်သိသွားပြီးအမေ ပြတ်သားမှု၊နာခံခြင်း၊ဆွေမျိုးစောင့်ရှောက်ရေး ဆိုတဲ့ ထီးရိပ်အောက်ကိုတဖက်လှည့် သိမ်းသွင်း သူတို့ ဗျူဟာတွေ ပြောင်မြောက်လွန်းတယ်။ အမေ့သား ကျွန်တော်လေ ဘီယာသောက် စီးကရက်ခဲပြီး လွတ်လပ်ရေးကိုတည်ဆောက်မလို့တဲ့ ကိုယ့်ကိုကိုယ့်လိပ်ပတ်လည်ဖို့လောက်သာ တာစူနေရင်း မတန်တဲ့စကားတွေမပြောတော့ဘူး လူပြောမသန်၊ လူသန်မပြောလို့ အမေဆုံးမတာမေ့သွားတယ်အမေ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဒီအနာဂတ်အတွက် ယူစရာတာဝန်တွေချည်းပါအမေ။ နိုင်သမျှယူ၊တက်သမျှကူ တူသမျှညီ၊စုံသမျှဝိုင်း ညာသံကြွေးတဲ့ လွတ်လပ်ရေး လွတ်လပ်ရေး နေမုန်း