koyinMarch 25, 20131min570
ရင်မှာပွင့်သည့် ပန်း ဆည်းဆာလှ ကညာပျို မောင်ရင်မှာ ဖို ညနေအို ရေခပ်ဆင်း ဝင်းပလို့ စို။ ပန်းပျိုးလို မောင့်ရင်တွင်း ပွင့်နှင်းဆီ ခင်း မေပန်ချင် ဆိုကာမှ မွှေးနံ့ထုံ သင်း။ ။ ဝင်းပပ သူ့မျက်နှာ ပြုံးရွှင်လို့ သာ မေ့ကေသာ မောင်ရွယ်စူး နမ်းဖူးချင်လာ။ ရင်ဖိုကာ မျက်လွှာချ မေ့မျက်နှာ လှ မောင်နမ်းဖို့ ရည်စူးတွေး ကြိုင်မွှေး့ခြယ်သ။ ။ တောက ကိုရင် 24.03.2013


koyinMarch 20, 20131min16613
မြင်သည်ခင့်ကို… (သဝေလွတ် အချီအချညီ ပိုဒ်စုံရတု) မြင်သည်ခင့်ကို၊ လင်းမှုန်သိုသိပ်၊ ညဉ့်ယံအိပ်စက်၊ သည်အိပ်မက်တွင်၊ လာခိုဝင်လှည့်၊ ညကြယ်မှည့်အို၊ လိပ်ပြာဆိုညည်း၊ သံစဉ်တီးဖွဲ့၊ ခင်ပျိုနွဲ့လျ၊ စက်ရာထရင်း၊ ချစ်သူနှင်းမြူ၊ ချမ်းမြဖြူစင်၊ ညဉ့်ယံတွင်စိုး၊ အရိပ်မိုးလျက်၊ ကြယ်စင်လက်ဖိတ်၊ သည်ညဆိတ်ငြိမ်၊ လရိပ်ထိန်ကြည်၊ ဝင်းပသည်သို့၊ ကြည်လင်လို့သာ၊ ခင့်မျက်နှာကို၊ တကာပိုလွမ်း၊ ညစဉ်မှန်းမြင်၊ ခင်သိလျှင်သာ၊ နှစ်သိမ့်ပါလို့၊ ချစ်သူသို့တမ်း၊ အာရုံပန်းစဉ်၊ တစ်ကြိမ်မြင်လျက်၊ အရုဏ်တက်မှ၊ ပြန်စက်ရနိုး၊ အိပ်ချိန်ခိုးယူ၊ မြမဉ္ဇူပျို၊ လကြယ်အိုလင့်၊ မြင်သည်ခင့်ကို လှတိုင်းဆို…။ ပင်စည်မြင့်အို၊ မြိုင်ရိပ်ညိုဝယ်၊ စိမ့်စမ်းငယ်နှင့်၊ မာလာပွင့်ပန်း၊ ဂနိုင်ချမ်းစိမ့်၊ မြင်လွှာနိမ့်မြင့်၊ ဆန်းကြယ်တင့်လှ၊ လိုဏ်ဂူဝဖုံး၊ နွယ်ရှင်ရုန်းစု၊ ပွင့်ဖက်နုသစ်၊ ရွက်ဝါလှစ်ဆို၊ မှိုင်တကိုယ်တည်း၊ ဆိုမညည်းသာ၊ ကြည်နူးကာဖြင့်၊ သစ္စာခင့်ဆီ၊ မှာတမ်းသီလို့၊ ငှက်ငယ်သို့ထံ၊ […]


koyinMarch 17, 20131min710
သင်ရိုးကုန် (၂) ငါ ချစ်တတ်ခဲ့တယ် ရစ်ပတ်တယ် နွယ်ဆိုလား အမြစ်ဖြတ်မလွယ်တာ ထားတော့…။ တစ်ရစ်ပြီးတစ်ရစ် ချည်နှောင် သံယောဇဉ် သောင်ထွန်း သည်းမြောင်ကျွန်းမှာ ဝေဒနာ နွေကန္တာ ခြေဗလာနဲ့လှမ်း ရေဇလာစမ်းက နွေအခါမှာခမ်းသတ­ဲ့…။ အလွမ်းနဲ့အပြန် ကျွမ်းလျက်နဲ့ ဟန်ကိုယ့်ဖို့ တက်မဲ့လို့ မာန်တွေချို့ယွင်း သည်ရင်တွင်း ပင်လယ်မှာလေ…။ လေနီရိုင်းတွေ ဆင်ချင်ဆင် မုန်တိုင်းကိုပင် ခင်တွယ်မလား နှလုံးသား ကမ်းကခွာ သစ္စာမေတ္တာ ဘယ်မှာမသိ တွယ်ရာမရှိသည့် ရင် အတ္တတွေ အကြိမ်ကြိမ်ဖယ်ခ­ွာချင်မိခဲ့…။ အရှုံးတဲ့လား နှလုံးသားကို သတ်လို့ထားခဲ့ အရှုံးအမြတ်ကို ကစားခဲ့တာလည်းမဟုတ် သုံးသပ်လို့ အမှားကိုပြန်ကာတမ်း သည်လမ်းမှာလျှောက်ခဲ့ရတာ ဖဝါးထပ်…။ ခြေစုံရပ်ဖို့ သတိမဲ့လာ အသိခက်ကာ ဝိပဿနာတစ်နယ်ခြာ­း မောဟတွေ အားကြီးပြီးသည့်­နောက်…။ မမုန်းရက်လို့ အမုန်းခက် နုံးလျက် […]


koyinMarch 12, 20131min571
ဖြစ်တည်မှု အဇ္ဇုတ္တ (ဝန်ခံခြင်း) ခွင့်လွှတ်ခြင်းဆိုတာ မေတ္တာတရားရဲ့ အခြေခံ စိတ်ထားပါ… ဒါကို မသိခင် ငယ်စဉ်က ခွင့်လွှတ်ခြင်း ဆိုတာ အရှုံးပေးခြင်းပဲလို့ ထင်ခဲ့တယ်…..။­ ကလေးတစ်ယောက်ရဲ့ နုနယ်တဲ့ ရင်မှာ ခွင့်လွှတ်ခြင်းရ­ဲ့ ငြိမ်းအေးမှု ရောက်မလာဘဲ သိမ်ငယ်ကြောက်မက်ဖွယ် အထီးကျန်မှုကိုသာ­ ရခဲ့တယ်…..။ တစ်ယောက်တည်း ငြိမ်းချမ်းတည်ငြိမ်နေတာ မဟုတ်ပါဘူး ဒါဟာ… ကြောက်လန့်နေတာ ရှက်ရွံ့နေတာ တုန်လှုပ်နေတာ အဲဒီ… ငြိမ်သက်အေးချမ်းတဲ့ လှုပ်ရှားမှုတွေရဲ့ နောက်ကွယ်မှာ ကြောက်မက်ဖွယ် ချောက်ကမ်းပါးကြီးတွေ ရှိခဲ့တယ်…..။ ခွင့်လွှတ်ခဲ့တာလား (ဟင့်အင်း…) ဘယ်လိုမှ တုန့်ပြန်ချေပနိင်စွမ်း မရှိလို့ ခေါင်းငုံ့ပြီး အရှုံးပေးခဲ့ရတာ…..။ နူးညံ့ခဲ့တာလား (ဟင့်အင်း…) အရာရာကို ဆုံးရှုံးရမယ်ဆိုတာ သိနှင့်နေလို့ စိတ်ကို ဖော့ထားလိုက်ရတာ…..။ သည်းခံခဲ့တာလား (ဟင့်အင်း…) အရှုံးကို ရှောင်မရတော့လို­့ […]


koyinMarch 12, 20131min731
ချစ်သူအိမ်အမိုးနောက်၌ လ ပျောက်ခဲ့ခြင်း (နောက်ဆက်တွဲ) သံယောဇဉ်ရစ်ပတ်ခဲ့တဲ့ အတိတ်နယ် ကာလများဆီ ပြန်ပြန်ပြီး မျှော်ကြည့်လိုက်ရင် မနေ့ကလိုပဲ အရိပ်ထင်နေဆဲ နှလုံးသားရဲ့ အိုအေစစ် နွေနေမင်းရဲ့ ဆည်းဆာ စွဲလန်းစွာ မက်ခဲ့ဖူးပြီ စိတ်လွင်ပြင် အိပ်မက်များ အခုဆိုရင်… ခါးများ ခါးသွားပြီလား… တစ်မြေခြားတဲ့အဝေးမှာ ဘဝကို ထုဆစ်ဖို့ အုတ်မြစ်တစ်ခုကို လာချတုန်း သုံးမိုး သုံးနွေလွန်မှ ငါချစ်တဲ့ ဆရာမလေးဆီ ပြန်ရမည်မျှော်လ­ို့ ခေါ်သံ သဲ့သဲ့နဲ့လိုက်ရှာ စိတ်ကူးယဉ် ကမ္ဘာလေးတစ်ခု ရှာဖွေလို့ဖြင့်မုချတွေ့ပါရစေ…။ ဘုန်းနိုင် ရေးတဲ့ လွမ်းချင်း ချစ်သူ့အိမ်အမိုးနောက်၌ လပျောက်ခဲ့ခြင်း…တဲ့ ခံစားချက်နဲ့ အတွေး ဦးနှောက်ကို အလုပ်ပေးသွားတယ်… Wordsworth ရဲ့ Lucy နှစ်ကာလ ကြာရှည်မှ ဖူးငုံနေသည့် မျှော်လင့်ခြင်းပန်း မလန်းဝင့်ခင် နွမ်းလင့်ပြီင်္ […]


koyinMarch 6, 20131min651
အမေ့အိမ် ကားပေါ်ကဆင်းခဲ့တယ် ပြန်မရောက်တာကြာတဲ့ရွာ ကျုပ်ရဲ့မွေးဖွားရာဇာတိ တစ်ခါပြန်လို့ ခြေချမိခဲ့ပေါ့… သစ်လွင်တဲ့အိမ်ကြီးအိမ်ကောင်းတွေနဲ့ စည်ကားနေတဲ့ ရွာလယ်လမ်းမ အတော်ကိုနေသားကျနေပြီပဲ ငေးမောရင်းလျှောက်လာ ဘယ်ညာမှာ အသစ်အဆန်ချည်း အချည်းနှီးကုန်လွန်ခဲ့တဲ့နှစ်တေ­­ွ တွက်ရေလို့မနေတော့ဘူး ဟိုရှေ့ကလမ်းကွေ့ဆို ကျုပ် အိမ်ကိုရောက်ပြီလေ… ဒီနေရာလေးစိမ်းသလား အမေနဲ့ညီမတွေနားခိုရာသိုက်မြုံ တစ်ခါပြန်လည်ခိုလှုံဖို့ရောက်ခဲ့တဲ့ကျုပ် ရင်ဆို့ဖွယ်ရာ မြင်ကွင်း အိမ်ဝန်း ဟင်းလင်းပြင်နေရာ ခြံအကာ စည်းရိုးပြိုပျက­­် ယိုင်နဲ့နဲ့ ဝါးအိ်မ်လေး စုတ်ချာသေးကွေးလှတယ် မြက်ရိုင်းပင်တွေက ရှည်ရှည် အိမ်ရှေ့ကွက်ပျစ်က ဟောင်းလောင်း ခြထောင်သောင်း တောင်ပို့ အိမ်အမိုးက မလုံ့တလုံ ညညဆို ကြယ်တွေစုံပေါ့ အိမ်အခင်း ကြမ်းပြင် ခြေနင်းရင် ကျွံဝင်သွားမလား အိမ်အကာ ထရံပေါက်နဲ့ သရဲကြောက်တဲ့ ညီမလေး အိပ်ဆေးတွေ သောက်ခဲ့ရမယ် ချောက်ချားဖွယ်ညတွေဆို အမေ ဘယ်လိုများကြိတ်ငိုခဲ့ မိုးစက်တွေနဲ့ အိမ်ခန်းမှာ […]


တောက ကိုရင်February 2, 20131min2509
13 မှာ… ဒီနေ့က ဘာနေ့လဲ… အဲဒီနေ့က ဘာနေ့လဲ… ဖေဖော်ဝါရီရဲ့ တစ်ဆယ့်သုံး ကိုးလလုံးလုံး ဝမ်းကြာတိုက်မှာအားမွေး နိုင်ငံရဲ့သမိုင်းသစ်ကိုရေးဖို့ လက်သီးလက်မောင်းတန်းပြီး စစ်မျက်နှာဖွင့် ကမ္ဘာမြေရဲ့ စင်မြင့်ပေါ် လူသားတစ်ယောက်ဖြစ်တည်မွေးဖွား ကဗ္ဗည်းတင်ရေးထိုးထားရတဲ့နေ့…။ တစ်ခဏတာ တစ်ဘဝမှာ တစ်ညတာတောင် ကောင်းကောင်းမအိပ်စက် သူ့တစ်သက်တာလုံး ရင်းနှီးပေးဆပ်ခဲ့တာ… မင်းတို့တွေ မေ့ထားသလား… မင်းတို့တွေ မေ့သွားသလား… သင်းတို့တွေ တွေ့သွားတဲ့တစ်နေ့ အထိတ်တလန့် အရှိန်ကောင်းနေတဲ့ ယန္တရားကြီး ရပ်တန့်ပစ်ခဲ့ရတာ ကြီးမြတ်တဲ့မဟာလူသား အဲဒီလူကို မွေးဖွားခဲ့တဲ့နေ့…။ အမေ့ခက်တဲ့ နေ့ရက်တွေက အလီလီ မနက်ဆီ ညဆီ လရာသီဘယ်မှာ ကာလရှည်ကြာ အလင်းကိုဖွေရှာလို့မတွေ့ အမှောင်တွေနဲ့ ပိတ်နေကြ ဘဝများ လောင်နေတဲ့စိတ်တွေက ခြစား ငါ့သားသမီးတွေ မြေးမြစ်တွေ တေးအစစ်တွေနဲ့ မချော့မြူနိုင်တဲ့ ကာလများ (သူကတော့) […]


တောက ကိုရင်January 31, 20131min872
အသိမဲ့ခြင်း ငါချစ်ခဲ့တာတွေလည်း သဲထဲ ရေသွန် ငါ့ရဲ့ နိစ္စဓူဝဖြစ်တည်မှုက အစ္ဇျတ အလွန်…။ သမရိုးမကျတဲ့ နှလုံးသားနွံအိုင်ထဲ အတ္တတွေနဲ့ လွန်ဆွဲခဲ့ပြီးသည့်နောက် အသိတွေ ပျောက် နေ့နဲ့ည ချောက်ချား အာရုံတွေ မှောက်မှားလို့ ကိုယ့်ကိုယ်ကို ပြန်ကြောက်သွားရတဲ့ အထီးကျန် အကျည်းတန်ငိုပွဲမှာ မျက်ရည်တွေကို ရုပ်သိမ်းပေးလို­က်ရသလိုမျိုး မျိုးပွားဆဲလ်တစ်ခုရဲ့ ပူလောင်မှုက ရင်ဘတ်ထဲမှာ သန္ဓေတည်ပြီး တစ်ကိုယ်လုံး ပျံ့နှံ့မွေးဖွား သွေးသားတွေ သောင်းကျန်းပြီးမှ ရေပုပ်မြောင်းမှာ တအိအိပြိုကျပျော­­က်ကွယ်သွားတဲ့ တမံကန်သင်းလိုပေါ့ ခြေလှမ်းတွေကျွံလွန်နေသလား ခြေလှမ်းတွေကျဲ လွဲနေသလား ခြေလှမ်းကျယ်ကျယ် လှမ်းသွားပြီးမှ နစ်မွန်းခြင်းရဲ့ ရသကို ခုံမင်လို့ မျက်နှာလွှဲပြီး ညတွေကို တွန်းလှန်နေရသလိ­­ု သောက ကွန်ယက် ကြက်ခြေခတ်တွေ မြင်တိုင်း ရိုင်းစိုင်း ခက်ထန် မုန်တိုင်းတွေ ထန် ဒေါမာန်တွေ […]


တောက ကိုရင်January 29, 20131min640
သဗ္ဗေသတ္တာ မင်းတို့တောင်းသမျှလည်း ငါမပေး မင်းတို့ ပေးသမျှလည်း ငါ မယူ ငါ့ဘာသာ တစ်ယောက်တည်း ငါ့စံနဲ့ငါ လူဖြစ်လာတာ…။ မင်းတို့ရဲ့ စွပ်စွဲချက်တွေအောက်မှာ ငါ မနေဘူး မင်းတို့ရဲ့ မြှောက်ပင့်ခြင်းပေါ်မှာလည်း ငါ မထိုင်ဘူး စိတ်ဓါတ်တွေက အခြေခိုင်ပြီးသား ယိုင်နဲ့အောင် လာမပြုစားကြနဲ့ ဆင်ခြေတွေ အကြောင်းပြချက်တွေ ရှားပါးလွန်းပါတယ်…။ မင်းတို့ရဲ့ သတ်မှတ်ချက်တွေန­­ဲ့ ငါ့ကိုလာပြီး မပညတ်နဲ့ မင်းတို့ရဲ့ နားလည်ပေးမှုကို ငါ မတောင်းဘူး နားလည်မှုမရှိဘူးရယ်လို့လည်း ငါ့ကိုလာပြီး မသမုတ်နဲ့ ငါ့ရဲ့ သင်ရိုးညွှန်းတမ်းမှာ ငါ့မာတိကာတွေကို ငါ့ဘာသာ ပြဌာန်းပြီးသား…။ မင်းတို့တွေလာပြီး လေ့လာတီးခေါက်ရအောင် ကမ္ဗည်းတင်ထားတဲ့ကျောက်စာလည်း မဟုတ် မှတ်ကျောက်လည်း တင်ကြည့်စရာမလို သက်သေပြချက်တွေကိုလည်း ငါ မုန်းတီးပြီးသား…။ သမိုင်းတွင် မတွင် အရိုင်းထင် မထင် […]


တောက ကိုရင်January 26, 20131min1093
လူရွှင်တော် လူရွှင်တော်ပြယုဂ်နဲ့ ဟာသတွေ လုပ်ပြတတ်တယ် ငါ့ကိုယ်ငါ ယူဆချက်က အရူးတစ်ယောက်လို မနက်ဖန်ကို သေနေ့ထား ညတာက ရှည်လျားရန်ကော ဘယ်အချိန်မှာ ကမ္ဘာပျက်မလဲ ငါ့ရဲ့ လက်ကျန်ဘဝထဲမှာ အားလုံးကို ပျော်တော်ဆက်သွားမယ် နောက်ဆုံးထွက်သက်မတိုင်ခင်လေး နှေးနေတဲ့ အချိန်နာရီတွေအစား သက္ကရာဇ်တွေကို အားနာမိတယ် နိဒါန်းမှာ စခဲ့ရလည်း နိဂုံးအတွက် ဆုံးဖြတ်ချက်တွေမခိုင်မာခင် အနိုင်ကိုသာ မင်တတ်တဲ့ လူတွေအကြောင်း စာလုံးပေါင်းကြည­­့် သန်းခေါင်ထက် ညဉ့်နက်တာ အရုဏ်မှာလေ…။ အလင်းရောင်မလာခင်အချိန်က အမှောင်ဆုံးဆို… နှောင်ထုံးတွေ မဖြည်ချင်တော့ဘူး တစ်ပင်ခုတ်ပြီး တစ်ပင်စိုက် အဲဒီလို လက်စားချေခြင်းမျိုးနဲ့တော့ ငါ့နှုတ်ခမ်းတွေ မမဲ့တော့ဘူး နေက ဘယ်လောက်မြင့်မြင့် အမြင့်ဆုံးထက်တော့ ပိုပြီးမမြင့်နိုင်ဘူးလေ… အရူးတွေ .. အရူးတွေ အရူးအချင်းချင်း တမူးပိုသာသွားတာ ရင်နာဖို့ မကောင်းဘူးလား လကွယ်တာကို […]


တောက ကိုရင်January 25, 20131min1034
သစ္စာရင် နေမြင့်ပြီ…ခင­­် အရူးရင့်ပြီ ထင်ပါသလား ရင်ကြားက စိမ့်ထွက် လိမ့်တက်လာသည့် သည်းခြေရည် ခါး….။ မျက်နှာထားကို ပလီ သစ္စာတရားတွေ ဘယ်ဆီမှာ တွယ်မှီရာ ရင်ရပ်ဝန်း မျက်ရည်နဲ့ သွန်း…။ တောင်စွန်းမှာ နေမကွယ်ခင် ရွှေဓါးကိုလွယ်ဖို့ပြင်မှ ဆည်းဆာအလှကို တပ်မက် လှည့်ထွက်ကျောခိုင်း မုန်တိုင်းရင်ခွင်…။ မှုန်မှိုင်းနေ လွင်ပြင်ထဲ ရင်ကွဲပက်လက် လမ်းဆုံမှ ခွဲထွက် တွဲလက်ကို ဖြုတ်စေ…။ ကာလတွေ ဘယ်လိုပြောင်း ရာသီတွေ ဘယ်လိုနှောင်း အကြောင်းကံ အကျိုးမမှန်ခဲ့ခြင်းမှာ အရိုးခံအချစ် အငြိုးဒဏ်သင့်လို့လေ တွေဝေရာအရပ် ဝေဒနာ ထပ်…။ လျှပ်ပြက်တာကို မမြင် ကန့်လန့်ကာ ရင်တစ်ခြမ်း မမြင်ကန်းလို့ ရင်နွမ်းလောင်မြိုက် အမှောင်တိုက်အတွင်း လောင်တိုက်သွင်း မှောင်မိုက်ခြင်း လမ်းမထက်မှာ…။ တွေ..ဝေ..မူး.. ရူးချင်ရူး မိုက်ချင်မိုက် […]


တောက ကိုရင်January 25, 20131min1064
သစ္စာရှင် အပင်မြင့်သလား ခင် ရင်နှင့်ဖြားယောင်း အချစ်ကို ခါးစောင်းမှာတင်…။ နေညိုရင် ဆည်းဆာလှ လကွယ်ညမှာ ကြယ်ရောင်မြင် လိပ်ပြာပင် တောင်ပံခတ် သံယောင်လိုက်လို့ ငိုပွဲဆင်…။ ခင်… မကြင်နာ ရင်မနာပါ ခင် ခင်သာ ရင်မှာ အကြင်နာဝင် နာချင်အိပ်မက် နှိပ်စက်မယ်ပြင် အိပ်ရာထက်တွင် လွန့်လူး မုန်တိုင်းမြူးသည့် ရင်ပါခင်…။ တမင်တကာ ရင်အနာ ဝင်လာဆားခတ် (ဓါးထက်ထက်နဲ့ ခင်မွှန်း) နှလုံးသားလည်း သွေးစွန်းပါစေခင­်…။ ဝေဒနာရင် ကြေညာချင်လည်း ရင်ကိုခွဲ အသည်းကိုထုတ် ရှားမီးခဲမှာ ဖုတ်လိုဖုတ် ကင်လိုကင်…။ ခင်လိုရင် မနှမြော သေငယ်ဇောဝင် မြောစေတော့ ဒီမျက်နှာ မဖျော့ပါခင်… ဒီအပြုံး မလျော့ပါခင်…။ အနာကျက်ချင်လျက် အသားမာမတက်သည့်ရင် ခင်ဘယ်လိုပင် စေစား နှလုံးသားလည်း ဝေဝါးမယ်မထင်…။ […]


တောက ကိုရင်January 23, 20131min1081
တမ်းတပါသည်… (ကိုယ်တွင်းပြည့် ပိုဒ်စုံ ရတု) တမ်းတပါသည် ပြာရီမျက်ရွှန်း လက်လွန်းနေရောင်ဝေမှောင်မြင်ခက်­­ရင်ထက်ငွေ့လို မေ့ကိုသာလွမ်း မှာတမ်းဆင့်ခြွေနင့်စေအန်ထွက် ပြန်ခက်ယိမ်းလိုကိန်းခိုရာဝယ် ဖြာမယ်နွေအား ခြွေထားပြင်းခက်­­ဆင်းသက်မြိုင်အို ကြိုင်လိုမွှေးပန်း ဆွေးနွမ်းမှောင်­­ရီ ရောင်နီပြန်လှပ်လျှံအပ်လွင်မြဲ ယှဉ်ဝဲကျေးငှက် ကြွေးလျက်နားခိုသွားလိုထက်ဆီ ခက်ပြီစေရွယ် နေကွယ်မှားခြင်းနားရင်းဗွေဖောက်­­နေပြောက်မှိုင်းရင့် ပြိုင်းနင့်တိုင်းဂုံ နှိုင်းရုံဆောင်နှင် ရှောင်ချင်ပြေးပုန်း ဆွေးတုန်းတွယ်ရာဖယ်ခွာမုန်းလို့မျက်ပြီလား…။ ကျွမ်းမြတာရှည် ရာသီစက်ဝန်း ခက်လွန်းစေအောင်ရေရောင်ရင်ထက် မြင်လျက်တွေ့ဆို မေ့လိုခွာလှမ်း ပြာနှမ်းလွင့်စေမြင့်ရေလျှံတက် ကန်ထက်စိမ်းစို ယိမ်းလိုကြာနွယ် ညှာတွယ်စေသား ကြွေသွားနှင်းစက် ဝင်းလက်ယိုင်ပြို ဆိုင်လိုဆွေးကျွမ်း ဝေးလှမ်းနှောင်သီ ချောင်ဆီကန်စပ် တံလျှပ်မြင်ဆဲ ပင်လဲတွေးခက် ဆွေးလျက်မှားကိုထားသိုခက်သည် မျက်ရည်ခြွေလွယ်စွေမယ်အားတင်း သွားရင်းခြေခေါက် ရေနောက်လှိုင်းဆင့် ဆိုင်းလွင့်ပြိုင်းဟုန် လှိုင်းထုံဘောင်ဘင် နှောင်ငင်ဆွေးပြုံး ပြေးပုန်းကွယ်ရာတွယ်တာဆုံးမို့ ပျက်မည်လား…။ နွမ်းလျခါမှီ နာရီပျက်ယွန်း နက်လွန်းကေသျှောင် ပြေယောင်ဆင်လျက်မင်သက်မေ့ဆို နေ့အိုညှာကျွမ်းခါရမ်းလွင့်ကြွေပွင့်ဝေပန်ခက် မာန်တက်ယိမ်းဆိုတိမ်းလိုရာတွယ် ခွာဖယ်ဝေဝါး […]