“ဘယ်လောက်ပေးမလဲ?” ဘဌေးညတရေးနိုးတော့ ဟိုဘက်နားလေးက ကာရာအိုကေဆိုသံတွေတိတ်နေပြီ။ ဒီတော့ ညသန်းခေါင်ကျော်ပြီဆိုတာသိလိုက်ပါတယ်။ ပါးစပ်ထဲကချဉ်လာတာနဲ့ ညကကျန်နေတဲ့ဆေးပေါ့လိပ်အတိုလေးဖွာ၊ လူကအိပ်ရေးမဝတော့ မူးမူးဝေဝေ၊ ဒါပေသိစိတ်ထဲမှာအရက်ထပ်သောက်ချင်စိတ်ကပေါက်လာ၊ ညကလက်ကျန်ပုလင်းကိုလိုက်ရှာ ကျန်တာလေးပုလင်းလိုက်မော့၊ ပြီးတော့မှရေတစ်ခွက်နောက်ကလိုက်မှ နေသာထိုင်သာရှိသွားပါတယ်။ ထိုင်နေရာတာကြာပြီ ဆိုရင် ခြင်ကိုက် အဲတော့ တစ်ခါပြန်အိပ်၊ အဲဒီမှာ အမက်ခြင်ဆုံးအိပ်မက်ကို မက်လိုက်ရတာပါဘဲ။ လင်းခါနီးမက်တဲ့အိပ်မက်ဆိုတော့ ချက်ခြင်းလက်ငင်းအကျုးိပေးမယ်လို့ အနက်ကောက်သပေါ့ဗျာ။ တကယ်ပြောရရင် ဘဌေးအလုပ်ကမယ်မယ်ရရ မရှိပါဘူး။ ဘူတာကြီးအရှေ့ဘက် 31လမ်းနားက အဆောက်အဦးအပျက်ကြီးနားမှာအိပ်မယ်။ ပိုက်ဆံလိုက်တောင်းမယ်။ ရရင် အရက်သောက်မယ်။ ဗိုက်ဆာတဲ့အခါ ပိုက်ဆံရှိရင်ဝယ်စား မရှိရင်တော့ တောင်းစားမယ်ပေါ့။ အဓိကကတော့ အရက်မှန်မှန်သောက်ရဘို့ပါဘဲ။ ဘဌေးအသက် လေးဆယ်ကျော်လို့တော့ပြောကြ ပေမယ့် ဘဌေးကိုယ်တိုင်တောင် အတိအကျမသိပါဘူး။ ဒီဘူတာကြီးနားမှာရောက်နေတာဖြင့် ဟိုအရင်ဘူတာအဟောင်းဘဝ သူခပ်ငယ်ငယ်ကတည်းက။ အမေကဘူတာကြီးထဲမှာ”ရေကုသု်ိလ်”အမည်တပ်ထားတဲ့ ရေတို့ ရေနွေးကြမ်းတို့ရောင်းတဲ့အလုပ်လုပ်တယ်။ အဖေက ကြုံရာကျပန်းကုန်ထမ်းတယ်။ တရားဝင်ခန့်ထားတဲ့ […]


“ကိုပေါက်လမ်းသလားနေသည်( အပိုင်းသုံး) (ရွှေပြည်ကြီးသို့အဝင်)” ဒါနဲ့ဘဲ(27-6-2011)နေ့ညနေ7နာရီလောက်မှာ ကျနော့်အလုပ်ထဲက ကလေးတွေနဲ့အတူ ကျွဲဆည်ကန်ကားကြီးဝင်းကို သွားကြပါတယ်။ ခုံနံပါတ်ရှာ သယ်လာသမျှ ဗြုတ်စဗျဉ်းတောင်း ပစ္စည်းတွေကို ကားပေါ်တင်ပြီးတာနဲ့ကလေးတွေကို မိန့်ခွန်းတွေချွေ ငါးမိနစ်အလိုကားပေါ်တက်ဘု့ိနှိုးဆော်မှ ကားပေါ်အပြေးအလွားတက်၊ ကားကလဲအချိန်တိတိကျကျ ည8နာရီတိတိမှာထွက်ပါတယ်။ ကားပေါ်ရောက်တဲ့အခါ (ခရီးတစ်ခုသွားမယ်ဆိုရင် အိပ်ပြီးလိုက်သွားသွား ဟိုကြည့်ဒီကြည့်နဲ့မှတ်မှတ်သားသားဘဲသွားသွား အချိန်တန်ရင်တော့ လိုရာခရီးကိုရောက်သွားမှာပါဘဲတဲ့။ ဒါပေမယ့် အိပ်သွားသူနဲ့မှတ်မှတ်သားသားသွားသူ အရေးအကြောင်းဆိုရင်တော့ သိသိသာသာကွာသွားပါသတဲ့။ အဲလိုဘဲလူ့လောကကြီးမှာလဲ ဘဝကို အိပ်ပြီးဖြတ်သန်းခဲ့သူနဲ့သတိတရားနဲ့သွားသူရေရှည်မှာကွာသွားတတ်ပါသတဲ့။ အဲတော့ ခရီးသွားရင် အိပ်မလိုက်နဲ့ မြင်မြင်သမျှကြည့်သွား။ ဘဝကိုဖြတ်သန်းရာမှာလည်း မှတ်မှတ်သားသား နဲ့ဖြတ်သန်းကြပါတဲ့။) ဆိုတဲ့စကားလေးမှာ နားထဲမှာကြားနေပါတယ်။ ဒီစကားစုလေးကတော့ ကျနော်လုပ်ငန်းခွင်ထဲစတင်ရောက်ချိန် ငယ်ဆရာတစ်ဦးက သင်ပေးခဲ့၊ ကိုယ်ကလဲ ဒီအတွေးလေးကို နှစ်သက်လို့ သဘောကျလွန်းတော့လိုက်နာခဲ့တာတင်မကဘဲ ကိုယ်နဲ့သက်ဆိုင်သမျှ သူတွေကိုလည်းပြန်လည်လို့မျှဝေခဲ့ပါတယ်။ ကားလေးက အရှိန်ဖြည်းဖြည်းနဲ့ထွက်စ မျက်စေ့ကလဲ ဟိုငေးဒီငေး ၊ […]


“ကိုပေါက်လမ်းသလားနေသည်( အပိုင်းနှစ်) (မြို့ကိုသွားရန်အကြောင်းဖန်)” ပြီးခဲ့တဲ့ခြောက်လပိုင်း လလယ်လောက်မှာ ရန်ကုန်မှာနေတဲ့ တူမလေးတစ်ယောက်ကိုအိမ်ထောင်ချပေးတော့မယ်လို့ သူ့အမေက သတင်းပေးလာပါတယ်။ တူမလေးကလဲ သူမင်္ဂလာဆောင်တော့မယ်ဆိုတဲ့အကြောင်း သူ့အမေကလဲသဘောတူပြီဆိုတဲ့အကြောင်းကို အီးမေးလ်ကနေစာပို့လိုက်ပါတယ်။ သူ က မြန်မာပြည်ရဲ့ ပြင်ပက နိုင်ငံတစ်ခုမှာအလုပ်လုပ်နေရာကနေ ဝါမဝင်ခင်ပြန်လာ မင်္ဂလာဆောင် ပြီးတာနဲ့လင်မယား နှစ်ယောက်အတူပြန်ထွက်ကြမှာပါ။ (လွမ်းစရာကောင်းအောင်ပြောရရင် အစက ကြောင်ကြီးအတွက်လို့ စဉ်းစားထားတဲ့တူမလေးပါ။ ကျနော်မသိလိုက်တာက အခုလက်ထပ်တဲ့ကောင်လေးနဲ့ကြိုက်နေတာ 5နှစ်တောင်ရှိပြီဆိုပါတယ်။ အားနာလိုက်တာ ကြောင်ကြီးရယ်) ကျနော်တို့နဲ့သူ တို့မိသားစု မန္တလေးမှာ အတူနေခဲ့ကြတာပါ။ သူ ငယ်ကတည်းက ထိန်းကျောင်းချီပိုးလာတော့ အတော်လေးလဲ သံယောဇဉ်ရှိတဲ့ကလေးဖြစ်နေတော့ လက်ဖွဲ့လေးလှမ်းပေးရုံလောက်နဲ့ မကျေနပ်နိုင်ဘဲ မင်္ဂလာပွဲကိုကိုယ်တိုင်သွားချင်ပါတယ်။ နောက်တစ်ချက်ကတော့ ကျနော်ကလဲ ရန်ကုန်ကိုမရောက်တာကြာတော့ “ကိုပေါက် “ ဘဝရောက်မှသိလာရတဲ့မိတ်ဆွေများကိုလဲတွေ့ချင်တာလဲပါ ပါတယ်။ ဒါနဲ့ဘဲ သွားမယ်လို့ဆုံးဖြတ်ပြီးတော့ အလုပ်တွေလွှဲဘို့စီစဉ်ရပါတော့တယ်။ နောက်မန္တလေးဇာတိဖြစ်ပေမယ့်ရန်ကုန်မှာရောက်နေတဲ့အမျုးိတွေကလဲများပါတယ်။ အဲတော့ […]


“ဗျိုင်းနား၍ကိုင်းသောပေါက်ပင်နှင့် အစရှာမရသောစက်ဝိုင်း”(အပိုင်းနှစ်) (ကြီးကြီးလာ သေးသေးလာ သေးသေးလေးလဲလာ ) တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်အပေးအယူလုပ်ကြတာကနေစလို့ လာဘ်စားတယ်ဆိုတဲ့ စရိုက်ဆိုးကြီးပေါ်လာတယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။ ပေးသူရှိလို့ ယူသူရှိသလို ယူသူရှိလို့လဲပေးသူရှိလာတာကြောင့် “ဘယ်သူ့ကြောင့်လဲကွယ်”လို့အဖြေရှာလို့တော့ ရနိုင်မယ်မထင်ပါဘူး။ ဒီလိုကိစ္စမျုးိက ချမ်းသာတဲ့နိုင်ငံများမှာတော့ စီးပွားရေးအရ အသာစီးယူချင်တာအကျုးိအမြတ်ရချင်တာတွေအတွက် အာဏာရှိသူ၊ဆောင်ရွက်ပေးနိုင်သူ၊အဆုံးအဖြတ်ပေးနိုင်သူတွေကို တစ်လုံးတစ်ခဲထဲပေးကြတာများပါတယ်။ ကိုယ်ပေးလိုက်ရတာထက် အများကြီးပိုသော အကျိုးအမြတ်ရနိုင်ဘို့အတွက် ကြိုုတင်လို့ ရင်းလိုက်တာပါဘဲ။ မြန်မာစကားပုံတွေထက လိုပြောရရင်တော့ “ထောင်မြင်လို့ရာစွန့် ၊အကျိုးလိုလို့ညောင်ရေလောင်း” ဆိုတာနဲ့တစ်ထပ်ထည်းပါဘဲ။ ဖွံ့ဖြိုးတိုးတက်မှု့နည်းတဲ့နိုင်ငံ၊ဆင်းရဲတဲ့နိုင်ငံ၊စည်းကမ်းဥပဒေသတွေများတဲ့နိုင်ငံ အထိန်းအချုပ်တွေများတဲ့ နိုင်ငံတွေမှာတော့ ဒီလိုလာဘ်စားတယ်ဆိုတာကတော့ နေရာအနှံ့ ပွစာကျဲလို့ နေတတ်ပါတယ်။ ဆင်းရဲတော့ ရှားပါး၊စည်းကမ်းတင်းကျပ်တော့ ခက်ခဲ အဲဒါတွေကိုပြေလည်ဘို့ အတွက် “ဖန်စီရင်”နိုင်သူကို အပူကပ်ရပါတော့ တယ်။ ဖန်စီရင်သူကို အပူကပ်နိုင်ဘို့ကလဲ အဆက်အသွယ ်သို့မဟုတ်ပွဲစားဆိုတာက အလိုလိုပါဝင်လာပါတော့တယ်။ မပြည့်စုံသောနိုင်ငံက နိုင်ငံသူနိုင်ငံသားများမှာ လိုအပ်ချက်ကလည်းများပြားလှပါတယ်။ အထူးသဖြင့် ခွဲတမ်းစနစ်ကျင့်သုံးတဲ့နိုင်ငံများမှာနေရာတကာမှာ […]


“ပျော်စရာကွဲ့ အဖော်ရှာမဟဲ့ တကယ်လဲ ကြော်ငြာတဲ့ 2011သင်္ကြန်………………………” အရင်နှစ်အဟောင်းက အညစ်အပေါင်းကို ဆေးကြောတဲ့ သင်္ကြန်ဆိုတာ ရှေးနှစ်ပေါင်းအတော်ကြာကတည်းကရှိခဲ့တာပါ။ ရှေးစကားအဆိုအရ ရေထဲကျရင်ရေခန်း မြေပြင်မှာရောက်တော့ မီးလောင် ဟိုလဲ ထားမရ ဒီလဲထားမရတဲ့ ဗြဟ္မာမင်း တစ်ပါးရဲ့ခေါင်းကို နတ်သမီးတွေက အလှည့်ကျကိုင်ထားပေးရတော့ ညောင်းတာပေါ့နော်။ဒီတော့လဲ တစ်ယောက်ညောင်းသွားရင် နောက်တစ်ယောက်ကိုပြောင်းပေးပါသတဲ့။ ဒီလိုတစ်ယောက်နဲ့တစ်ယောက်လက်ပြောင်းတဲ့အချိန်မှာ သင်္ကြန်ပွဲကျင်းပတယ်လို့လဲဖတ်ခဲ့ရဘူးပါတယ်။ ဒါပေမယ့်လည်း တစ်နှစ်လုံးနေမှတစ်ကြိမ်ထဲရယ် ဆိုတော့ သင်္ကြန်ကျဘို့ ရက်ပေါင်း 360ကျော်တောင် စောင့်ရတယ်ဆိုတာ အတော်ကြာတယ်လို့ပြောရမှာပေါ့နော်။ ဘယ်လိုအကြောင်းတရားကြောင့်ဘဲ ကျင်းပ ကျင်းပ ဘာလိုဘဲဆိုဆို ဒီသင်္ကြန်ဆိုတာကို ကျွန်တော်တို့အားလုံးပျော်ဘို့အတွက် ဒီသင်္ကြန်ဆိုတာကို မျှော်ကြရတာကလဲ အမှန်ပါဘဲ။ သင်္ကြန်နဲ့ ပါတ်သက်လို့ ဖြစ်လာခဲ့ရတဲ့ထင်ရှားတဲ့အလွမ်းဇာတ်ကတော့ ပုဂံခေတ်က ဖြစ်ခဲ့တဲ့ နရသီဟပတေ့နဲ့မိဘုရားစောလုံ တို့ရဲ့ဇာတ်လမ်းကတော့ ဆင်ခြင်စရာ လွမ်းစရာတွေ အပြည့်နဲ့ အလွမ်းဇာတ်ပါဘဲ။ တစ်ခုသောသင်္ကြန်အခါ […]


“မန်းသင်္ကြန် တူးပို့ မြို့မ သင်္ကြန်မင်းသားများ ဟစ်ဟော့နဲ့ အီလက်ထရိုဗုံသံ”အပိုင်း(2) (သင်္ကြန်ဝိဉာဉ်…………..) (သင်္ကြန်ဝိဉာဉ်…………..) မွေးကထဲက ရင်ထဲမှာ သင်္ကြန်ဝိဉာဉ်အပြည့်ကိန်းအောင်းနေတဲ့မန်းလေးသားကျွန်တော်အဘို့ကတော့ သင်္ကြန်နဲ့ပါတ်သက်ရင် အမှတ်တရတွေများမှာများပါ။ မှတ်မှတ်ရရ ကျွန်တော် မူလတန်းကျောင်းသားဘဝမှာ ကျွန်တော်တို့ အတန်းပိုင်ဆရာမက “အခုတစ်ပါတ်ရုံတင်မယ့် ရုပ်ရှင်ထဲမှာ တီချာ ပါတယ် သားတို့ကြည့်ဖြစ်အောင်ကြည့်”လို့မှာပါတယ်။ ဒီတော့ လဲကျွန်တော်တို့ကလည်း ကိုယ့်ဆရာမပါတယ်ဆိုတော့ အိမ်ကိုပူဆာတာပေါ့။ အိမ်ကလဲ အဲဒီကားရုံတင်တော့ လိုက်ပြပါတယ်။ ဒါပေမယ့် ရုပ်ရှင်သာပြီးသွားတယ် ကျွန်တော်တီချာကို မြင်တောင်မမြင်လိုက်ရပါဘူး။ အိမ်ကလူကြီးတွေကလဲ ဝိုင်းကြည့်ပေးတာမတွေ့ပါဘူး။ နောက်နေ့ကျောင်းရောက်တော့ ဆရာမကိုပြောတာပေါ့ “တီချာကို ရုပ်ရှင်ထဲမှာမတွေ့ဘူး”ပေါ့ အဲဒီတော့မှာ တီချာက “သင်္ကြန်မဏ္ဍပ်မှာယိမ်းကတဲ့အဖွဲ့ထဲကအလယ်တန်းဘေးအစွန်ဆုံးကတီချာလေ” လို့ပြောပါတယ်။အဲဒီဇာတ်ကားကတော့ နောင် မန်းသင်္ကြန်ရဲ့ပထမဦးဆုံးသော သင်္ကြန်မင်းသားဖြစ်လာမယ့် ဝင်းဦးရဲ့ အအောင်မြင်ဆုံးလူကြိုက်အများဆုံး မန်းလေးသင်္ကြန်ကို အပြည့်စုံဆုံးရို်က်ပြခဲ့တဲ့ “မောင်တို့ချယ်ရီမြေ “ဇာတ်ကားပါဘဲ။ နည်းနည်းလေးကြီးလာတော့ ကိုးနှစ်ဆယ်နှစ်အရွယ်ရောက်တော့ […]


“မန်းသင်္ကြန် တူးပို့ မြို့မ သင်္ကြန်မင်းသားများ ဟစ်ဟော့နဲ့ အီလက်ထရိုဗုံသံ” (ကလေးဘဝကမန်းသင်္ကြန်) (မြူမှောင်ဝေကင်း………တိုင်းပြည်ထောင်ငြိမ်းချမ်းအောင်ဆု…………………..) မနက်စောစော လမ်းလျှောက်ထွက်တဲ့တစ်ရက် မြူမှုံမှုံလေးကြားထဲနေ အားယူလို့ တိုးထွက်ခါစနေမင်းကလဲမရဲတရဲနဲ့ ကောင်းကင်မှာပန်းဆီရောင်သန်းလို့နေပါတယ်။ လမ်းတလျှောက်မှာရှိတဲ့သစ်ပင်တော်တော်များများကလဲ ရွက်ဟောင်းကြွေလို့ ပုရစ်ဖှုးတွေဝေခါစ။ “ဥဩ ဥဩ ဥဩ” လို့ တွန်လိုက်တဲ့ လွမ်းစရာအသံလေးကလဲမပီဝိုတဝါး။ ဟိုးအတော်ဝေးဝေးကနေ လွင့်လာတဲ့ သီချင်းသံကို ဘာသီချင်းမှန်းမသိဘဲ မသဲမကွဲလေး ကြားနေရတာကလည်းလွမ်းချင်စရာ။ သီချင်းသံလာရာဘက်ကို ကိုယ်က တစ်လှမ်းချင်း တိုးဝင်လာတော့တဖြည်းဖြည်းနဲ့ သီချင်းသံကို ပိုပိုပြီး ပီပီသသ ကြည်ကြည်မြမြနဲ့ကြားလာရပါတယ်။ “သွန်းခါရေ အေးစေကြောင်းလောင်းတဲ့လုံမေ ထူးထူးကဲကဲလှကြပါစေ အဆင်ပြေ မြင်ရသူကြည်နူးလောက်ပေ…………………. ဒီရေပွဲသင်္ကြန်ရေ………………………” ဆိုတဲ့သီချင်းလေးဆုံးလဲသွားရောနောက်တပုဒ်ဆက်လာပါတယ်။ “သင်္ကြန်မယ်များတူးပို့ တူးပို့ တူးပို့မြူးသံသာ…………… မယ်တို့ကိုလဲတူးပို့တူးပို့မာပါစေခင်ဗျာ၊ ပိတောက်တွေဝင်းလျှံရွှေရည်လူး တူးပို့……တူးလဲ့ဝါ…………………….”ဆိုတဲ့သီချင်းသံလေးကိုလဲ ကြားမိရော လူကသာလမ်းလျှောက်နေတယ် စိတ်ကတော့ ငယ်ကတည်းက ပျော်ခဲ့ရတဲ့ […]


“မန်းသင်္ကြန် တူးပို့ မြို့မ သင်္ကြန်မင်းသားများ ဟစ်ဟော့နဲ့ အီလက်ထရိုဗုံသံ” (ကလေးဘဝကမန်းသင်္ကြန်) (မြူမှောင်ဝေကင်း………တိုင်းပြည်ထောင်ငြိမ်းချမ်းအောင်ဆု…………………..) မနက်စောစော လမ်းလျှောက်ထွက်တဲ့တစ်ရက် မြူမှုံမှုံလေးကြားထဲနေ အားယူလို့ တိုးထွက်ခါစနေမင်းကလဲမရဲတရဲနဲ့ ကောင်းကင်မှာပန်းဆီရောင်သန်းလို့နေပါတယ်။ လမ်းတလျှောက်မှာရှိတဲ့သစ်ပင်တော်တော်များများကလဲ ရွက်ဟောင်းကြွေလို့ ပုရစ်ဖှုးတွေဝေခါစ။ “ဥဩ ဥဩ ဥဩ” လို့ တွန်လိုက်တဲ့ လွမ်းစရာအသံလေးကလဲမပီဝိုတဝါး။ ဟိုးအတော်ဝေးဝေးကနေ လွင့်လာတဲ့ သီချင်းသံကို ဘာသီချင်းမှန်းမသိဘဲ မသဲမကွဲလေး ကြားနေရတာကလည်းလွမ်းချင်စရာ။ သီချင်းသံလာရာဘက်ကို ကိုယ်က တစ်လှမ်းချင်း တိုးဝင်လာတော့တဖြည်းဖြည်းနဲ့ သီချင်းသံကို ပိုပိုပြီး ပီပီသသ ကြည်ကြည်မြမြနဲ့ကြားလာရပါတယ်။ “သွန်းခါရေ အေးစေကြောင်းလောင်းတဲ့လုံမေ ထူးထူးကဲကဲလှကြပါစေ အဆင်ပြေ မြင်ရသူကြည်နူးလောက်ပေ…………………. ဒီရေပွဲသင်္ကြန်ရေ………………………” ဆိုတဲ့သီချင်းလေးဆုံးလဲသွားရောနောက်တပုဒ်ဆက်လာပါတယ်။ “သင်္ကြန်မယ်များတူးပို့ တူးပို့ တူးပို့မြူးသံသာ…………… မယ်တို့ကိုလဲတူးပို့တူးပို့မာပါစေခင်ဗျာ၊ ပိတောက်တွေဝင်းလျှံရွှေရည်လူး တူးပို့……တူးလဲ့ဝါ…………………….”ဆိုတဲ့သီချင်းသံလေးကိုလဲ ကြားမိရော လူကသာလမ်းလျှောက်နေတယ် စိတ်ကတော့ ငယ်ကတည်းက ပျော်ခဲ့ရတဲ့ […]


“မတုံ့စကောင်း တုံ့စကောင်း”( ကသစ်ယောက္ခမ နဲ့ သခွတ်ချွေးမ ပုံပြင်) မနက်စောစော(၅)နာရီခွဲ(၆)နာရီလောက်လမ်းလျှောက်ထွက်လာတဲ့အချိန်များမှာသူလိုကိုယ်လိုလမ်းလျှောက်လာသူတွေ အတော်များများလက်ထဲမှာ တရုပ်ကလာတဲ့ရေဒီယိုသေးသေးလေးတွေ ပါလာတာကိုတွေ့ရသလို ဘယ်လိုင်းကလွှင့်မှန်းမသိပေမယ့် သတင်းပေါင်းစုံ သီချင်းပေါင်းစုံကို အမြဲလိုလိုကြားနေရတတ်ပါတယ်။ အခုနောက်ပိုင်းမှာ FM ပြန်တွေခေတ်စားလာတော့ မကြားရတာကြာတဲ့သီချင်းလေးတွေကို ပြန်နားထောင်ရ တာကတော့ အတော်လေးကို စိတ်ကျေနပ်စရာကောင်းလှပါတယ်။ ဒီရေဒီယိုလိုင်းတွေက လွှင့်နေတဲ့သီချင်းတွေထဲမှာ မြန်မာအသံက မလွှင့်တာကြာပြီဖြစ်တဲ့ရေဒီယိုသီချင်းတွေ လည်းပါလာတတ်ပါတယ်။ ဒီအစီအစဉ်မှာ သီချင်းလွှင့်ဘို့စီစဉ်ပေးသူကအတော်လေးနှံ့စပ်တယ်လို့ပြောနိုင်ပါတယ်။ သီချင်းကောင်းသီချင်းဟောင်းလေးတွေကို နားဆင်နေရ ကြားနေရလို့ပါဘဲ။ တစ်ရက် မနက်စောစော ထုံးစံအတိုင်းလမ်းလျှောက်လာတဲ့အချိန်“နတ်စည်ငယ်လေ ပုဇွန်လက်ရိုး အာလမ္ဗရာ……………………………….အစချီတဲ့ အဆိုတော်ဦးအံ့ကြီးရဲ့ ကသစ်ပန်း(ခေါ်)သခွတ်ပန်း အမည်ရတဲ့ မိုးဘွဲ့သီချင်းလေးကို ရေဒီယိုလှိုင်းသံကနေကြားလိုက်ရပါတယ်။ အဲဒီရေဒီယိုပိုင်ရှင်က ကျွန်တော့်ရှေ့ကလျှောက်နေတော့ သီချင်းနားထောင်ချင်တာနဲ့ သူ့ကိုကျော်မတက်ဘဲ နောက်ကနေအသာလမ်းကပ်လိုက်ပြီး အသံကိုခိုးလို့နားထောင်လာပါတယ်။ မြို့မငြိမ်းရဲ့ပြောင်မြောက်တဲ့စာသား ကိုအံ့ကြီးရဲ့ပီသ ကြည်မြရှင်းလင်းတဲ့အသံ ပြတ်သားတဲ့တီးလုံးအသွား တွေရယ် အပြင်မှာ နားမထောင်ရတာ […]


“စားစေချင် ချကျွေး ဖတ်စေချင်ရှာပေး”(အပိုင်းတစ်) ညနေစောင်းစောင်း မှာ ကိုအောင်မောင်းတစ်ယောက်အိမ်ကိုရောက်ချလာပါတယ်။ သူအလုပ်ကအပြန်ကျွန်တော်ဆီကိုလှည့်ဝင်လာပုံရပါတယ်။ အိမ်ပေါ်ကနေလှမ်းကြည့်လိုက်တော့ သူဆိုင်ကယ်ရှေ့ခြင်းထဲမှာ ပါလာတဲ့ စာစောင်တွေရော မဂ္ဂဇင်းစာအုပ်ရော ဝတ္တုစာအုပ်တွေကို ယူနေတာကို တွေ့ရပါတယ်။ သူအိမ်ပေါ်တက်လာပြီး သူ့လက်ထဲပါလာတဲ့စာအုပ်တွေကို စားပွဲပေါ်ချရင်း လေဒီပေါက်ကို လှမ်းနှုတ်ဆက်နေပါတယ်။ သူနဲ့လေဒီပေါက်တို့ သာကြောင်းမာကြောင်းပြောနေကြတုန်း စားပွဲပေါ်တင်ထားတဲ့စာအုပ်တွေကို ကျွန်တော်က ယူကြည့် နေပါတယ်။လျှပ်တစ်ပျက်ဂျာနယ်၊အလင်းတန်းဂျာနယ်၊မော်ဒန်ဂျာနယ်ရယ် ခုခေတ်ပေါ်စာရေးဆရာတွေဖြစ်တဲ့ လူနေတို့ နတ်ရွာမိုးတို့ မိုးဆက်လင်းထက်တို့ စာအုပ်တွေရယ် မင်းလူရဲ့စာအုပ်ရယ် ခင်ခင်ထူးဝတ္တုတိုပေါင်းချုပ်ရယ်နောက် အပျိုစင်မဂ္ဂဇင်း၊ ရွှေ္ဂအမြုတေမဂ္ဂဇင်း၊တွေရယ်ပါလာတာကိုတွေ့ပါတယ်။ ကျွန်တော် က ကိုအောင်မောင်းကို “စာအုပ်တွေက အများကြီး ဘာလုပ်ဘို့သယ်လာတာလဲ”လို့မေးတော့ “ငါ့ရုံးက ကလေးတွေဖတ်ဖို့လေကွာ”လို့ပြန်ဖြေပါတယ်။ ကျွန်တော် ကသိပ်နားမလည်နိုင်တဲ့ပုံစံနဲ့ကိုအောင်မောင်းကို ပြန်ကြည့်လိုက်တဲ့အချိန်မှာတော့ ထုံးစံအတိုင်း ကိုအောင်မောင်းရဲ့ မှာတမ်းချွေတာကို နားဆင်ရပါတော့တယ်။ “ငါ့ရုံးမှာလဲ စာဖတ်ဝါသနာပါတဲ့ကလေးတွေရှိတယ်ကွ။ တစ်ချို့ကလေးတွေအဆောင်မှာနေကြတာ အဲတော့ စာအုပ်ငှားဖတ်မယ်ဆိုရင်အဆင်မပြေပြန်ဘူး။ […]


“…………………………….. မှ အစပြု၍”(ကိုပေါက်နဲ့ဆေးလိပ်အဆုံး) ကျွန်တော်ကျောင်းပြီးတော့ လျှပ်စစ်ပစ္စည်းတွေရောင်းတဲ့အိမ်တစ်အိမ်မှာအလုပ်စလုပ်ပါတယ်။ ပုဂ္ဂလိက ပိုင်တဲ့လုပ်ငန်းပါ။ သူတို့အိမ်တစ်အိမ်လုံးက အသန့်ကြိုက် ကျန်းမာရေးကိုအထူးလိုက်စား ဇီဇာကြောင် လူတွေကို ပညာတွေပေး ခဏခဏအမိန့်တွေထုတ်တတ်တဲ့မိသားစုပါ။ (ဒါပေမယ့် ဝန်ထမ်းတွေကို ပေးတာကမ်းတာကတော့ အတော်လေးကို ရက်ရောလို့သဘောကောင်းပါတယ်။) သူတို့အိမ်မှာအဆိုးဆုံးကတော့အလုပ်ပိုင်ရှင်ရဲ့အမအပျိုကြီး “မမမွန် “ပါဘဲ။ မတွေ့လိုက်နဲ့တွေ့တာနဲ့ဆေးလိ်ပ်မသောက်ရေးတရားဟောပါတော့တယ်။ “ဆေးလိပ်သောက်တယ်ဆိုတာ လူမိုက်တွေရဲ့ ဉာဏ်မရှိတဲ့လူတွေရဲ့အလုပ်၊ ပိုက်ဆံကုန်တယ်၊အလုပ်ရှပ်တယ်၊ကျန်းမာရေးနဲ့မညီညွှတ်ဘူး၊အဆုပ်ရောဂါရပြီးသေမယ်၊ ညစ်ပတ်တယ်၊စွဲရင်ဖြတ်မရဘူး” ဆိုတာတွေကို ဥပမာ တွေဇာတ်ကြောင်းတွေနဲ့ပေါ့။ အဆုံးမှာတော့ “နောက်မသောက်နဲ့နော်”မှာ “မှာချွေစကား” က ပြီးဆုံးပါတယ်။ အရက်သမား မူးပြီးအပ်ကြောင်းထပ်အောင်ပြောတယ်ဆိုတာ “မမမွန် “မပြောသလောက်ဘဲရှိပါတယ်။ ကျွန်တော်တို့ မနက်အလုပ်ဝင်ရင်ဖြစ်ဖြစ် နေ့လည်ထမင်းစားကပြန်လာလို့ အလုပ်ဝင်လာတဲ့ အချိန်မှာဘဲဖြစ်ဖြစ် “မမမွန် “က အဝင်ပေါက်ဝကစောင့်ပြီး ဝင်လာသူတိုင်းကို ပါးစပ် “ဟ” ပြီး “ဟား”လို့အော်ခိုင်းပြီး ဆေးလိပ်သောက်မသောက်ကို ပါးစပ်နားကပ်ပြီးအနံ့ခံပါတယ်။ […]


“မေတ္တာဖြင့် စီးဆင်းသော……………………………………”(အပိုင်းသုံး) အဲဒီအချိန် အန်တီနီက “ဖိုးတာ” ကို ကျွန်တော်တို့နဲ့ ဆော့ရကောင်းလားဆိုပြီးရိုက်ရင်းနဲ့”ပေါက်လွှတ်ပဲစား”ဆိုတဲ့ စကားလုံးလေးသုံးတာကအစပြုပြီး အန်တီနီကတစ်ဖက် ကျွန်တော်တို့ အမေတွေ အဒေါ်တွေက တစ်ဖက် စကားတွေများကြပါတော့တယ်။ ဒီအရှိန်က ညမှာဆက်ပြီး လေးလေးအေးနဲ့ အန်တီနီတို့ စကားတွေဆက်ပြီးများကြပြန်ပါတယ်။ အဖွားက တော့ စိတ်မကောင်းပေမယ့် ဘာမှ ဝင်မပြောပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကိုတော့ “ဖိုးတာ”နဲ့ပါတ်သက်ရင ်အဆော်ခံရမယ်လို့ ရာဇသံပေးထားတော့ ညီအကိုဝမ်းကွဲခြင်းချစ်ပေမယ့်လူကြီးတွေရှေ့မှာဆိုမခေါ်ရဲပါဘူး။ လူကြီးတွေ အလစ် လူကြီးတွေ ကွယ်ရာမှာဆိုရင်တော့ ခေါ်တာပေါ့။ ဒါပေမယ့်လည်း “ဖိုးတာ”က သူ့ပိုင်တဲ့အရုပ်ဆို ကျွန်တော်တို့ ထိဘို့ ကိုင်ဘို့ မပြောနဲ့ ပေးတောင် မကြည့်လောက်အောင်ကို နှမျောစိတ်ဝင်သွားပါတော့တယ်။ ဒီအဖြစ်အပျက်ရဲ့ရလာဒ်ကတော့ ကျွန်တော်တို့ မောင်နှမတစ်တွေနဲ့ “ဖိုးတာ” သတ်သတ်စီဖြစ်သွားပါတယ်။ နောက်တစ်လလောက်ကြာတော့ “ဖိုးတာ”တို့မိသားစုလဲ သူအမေဘက်က အဖွားအိမ်ပြောင်းသွားတော့ […]


“ကျွန်တော့်ရင်ထဲကို …………….. ရောက်မလာဘူး” “ခုခေတ်ခလေးတွေများ ကျနော်တို့တုန်းကနဲ့ကွာပါ့ “ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိလောက်အောင် အပ်ကြောင်းထပ်နေတဲ့စကား ။ သောက်လက်စဘီယာခွက်ကို အသာမ လက်ကြားကစီးကရက်ကိုဆရင်း “ မီးတတို့လောက်“လို့တောင်းရင်းပြောလိုက်တဲ့ မျက်မှန်ထူထူနဲ့လူရဲ့စကား ကျနော့်ရင်ထဲကို …………………………….။ “အနိစ္စ၊ဒုက္ခ၊အနတ္တ၊” “သေရင်ကိုယ့်နောက်ဘာမှ မပါဘူူး၊ တွယ်ညိ်တဲ့တဏှာတွေဖြတ်ကြ တရားတွေမှတ်ကြဟဲ့” လို့ အမြှုတ်ထွက်မတတ်ပြောရင်း သုံးနာရီဒေါင် ဆိုတာနဲ့၊ “ဘာထွက်လဲ “လို့ စနေတနင်္ဂနွေမှာတောင် ယောင်ယောင်ပြီး ခေါင်းထောင်ကာနားစွင့်တတ်တဲ့ တရားရှင်ရဲ့စကားများကလဲ ကျနော့်ရင်ထဲကို …………………………….။ ကို်ယ့်အမေထက်တောင်ပိုချစ်သယောင်နဲ့ “အမေ “လို့ “တ “ကြ။ ဖွဲ့ွနွဲ့ကြ ၊သဲသဲလှုပ်ကြ၊ ဝိုင်းဝန်းလို့ချီးပကြ၊ဂုဏ်တွေမြှောက်ပြကြပေမယ့်၊ အရေးဆို အပြင်ထွက်လျှောက်ဘို့မပြောနဲ့ လက်ကလေးတောင်ရဲရဲထောင်မပြရဲတဲ့ ယုံကြည်မူ့မခိုင်မာ လူ့ဗလာတွေရဲ့ စကားတွေကလဲ ကျနော့်ရင်ထဲကို …………………………….။ ဟိုအရင်လက ဘယ်လောက် ပြီးခဲ့တဲ့လကဘယ်လောက် အခုထိဆိုရင်ဘယ်လောက် ဒီအတိုင်းဆက်သောက်နေလို့ကတော့ […]