“မစားစကောင်း ………….စားစကောင်း” တစ်မနက်အလုပ်သွားနေတုန်းလမ်းမှာမဆုံတာလေးငါးလလောက်ကြာနေတဲ့”အီးကယ်ဂျန်”ကိုတွေ့တော့ ခဏရပ်ပြီး မာကြောင်းသာကြောင်းနှုတ်ဆက်ပါတယ်။ စကားပြောနေရင်းမှ သတိထားမိတာ သူအတော်လေးပိန်သွားတာကိုပါ။ သူလဲမအားကိုယ်လဲ မအားဆိုတော့ ခဏလေးနဲ့စကားဖြတ် ဆက်သွားမယ်လုပ်တော့ “ကိုပေါက် တော်တော်လေးဝနေပြီနော် အစားလျှော့စားအုံး ကျုပ်ကတော့ ညစာထမင်းမစားတာ သုံးလလောက်ရှိပြီ”လို့ပြောသွားတော့မှ ကိုယ့်ကိုကိုယ်ပြန်ကြည့်မိပါတယ်။ စိတ်ထဲမှာ သိပ်ဝတယ်တော့မထင်မိပါဘူး။ ဒါပေမယ့် အရင်ကအင်္ကျီတော်တော်များများကတော့ မတော် တော့တာလဲ အမှန်ပါဘဲ။ အဲလိုသူပြောလိုက်တော့ မှ အလုပ်ထဲရောက်တဲ့အခါ ကိုယ့်ဘေးနားပါတ်ဝန်းကျင်ကို သတိထားကြည့်မိပါတော့တယ်။ အင်္ဂျင်နီယာဌာနက “ဝမေမေ”ဆို ညစာ ထမင်းမစားတော့တာ အတော်ကြာပြီပြောပါတယ်။ ခေါက်ဆွဲပြုတ်နည်းနည်းနဲ့ အသီးအရွက်ဘဲစားတာပါတဲ့။ ဝသထက် ဝလာမှာစိုးလို့တဲ့ ။ (သူ့အရပ်က 5ပေ6လက်မလောက်ရှိပါတယ် အလေးချိန်ကတော့ ပေါင်တရာလျော့လျော့ ပိန်ပိန်ပါးပါး စကားပြောရင် “မေကလေ………. မေကလေ………” သူ့ကို ဝမေမေ လို့ နာမယ်ပြောင်ပေးထားကြတာပါ) ဟို အပေါ်ဆုံးထပ်က […]


“မမွှေစကောင်း………… မွှေစကောင်း………..” မိတ်ဆွေတစ်ဦးရဲ့နာရေးမှာကိုဌေးအောင်နဲ့ ဆုံမိကြတော့ မတွေ့တာလဲကြာ ၊အရင်က ညီအကိုလိုနေလာခဲ့တဲ့သူလဲဖြစ်ပြန်တော့ ရှေးဟောင်းနှောင်းဖြစ်တွေပြောမကုန်နိုင်အောင်ပါဘဲ။ ဟိုးအရင်ငယ်စဉ်ဘဝကတည်းက တစ်ရပ်တည်းနေ လို့ ကျုံးရေကို အတူတူသောက် လာခဲ့ကြတဲ့ မိတ်ဟောင်းဆွေဟောင်းတွေအကြောင်း ကိုအပြန်အလှန်မေးဖြစ် ပြောဖြစ်ကြပါတယ်။ ၁၉၈၄ ဦးကျားကြီးဝင်းမတိုင်ခင်ကတော့ ၂၅လမ်း၈၀-၈၁လမ်းကြားကသူဌေးတန်းရပ် မှာအတူနေလာခဲ့တဲ့မိတ်ဆွေတွေ၊ဆွေမျိုးသားချင်းတွေက မီးလဲလောင်ရော မြို့သစ်ကိုအားလုံးလောက်နီးပါး အော်တိုမက်တစ်ရောက် သွားကြပါတယ်။ အဲတော့လဲတစ်ယောက်တစ်နေရာစီလိုဖြစ်သွားကြတဲ့ဆွေမျုးိမိတ်သင်္ဂဟတွေရဲ့အကြောင်းကို အခုလိုမိတ်ဆွေဟောင်းခြင်းတွေ့ကြမှာဘဲ မေးရမြန်းရပါတော့တယ်။ တွေ့ကြပြီဆိုတော့ ဘယ်သူကတော့ရှိသေးတယ် ဘယ်သူကတော့ မရှိတော့ဘူး၊ ဟိုလူကတော့သောင်သာတယ် ဒီလူကတော့ အဆင်မပြေဘူးဆိုတာတွေကို ကိုယ်သိသလောက်သတင်းပေး ကိုယ်မသိတာကိုလဲပြန်မေးနဲ့ စကားတွေဖောင်ဖွဲ့ခဲ့ကြပါတယ်။ ဒါနဲ့ဘဲအိမ်ပြန်ရောက်တော့ မှ ကိုဌေးအောင်ရဲ့အကြောင်းကို ပြန်စဉ်းစားမိတာနဲ့ “အမွေ”ဆိုတာကလည်းခေါင်းထဲကိုရောက်လာပြန်ပါတော့တယ်။ ကျွန်တော်တို့မြန်မာလူမျိုးတွေက မိမွေဘမွေဆိုတာကို တန်ဘိုးထားကြသလိုမက်လဲမက်မောကြပါတယ်။ နောက်ဒီအမွေတွေကြောင့်ဘဲ ပြဿနာတွေတက်ကြတော့ အမွေက နေ အမွှေဇယားတွေဖြစ်ကုန်ကြတာများပါတယ်။ ကျွန်တော်တို့မြန်မာ့ဓလေ့ထုံးစံမှာ အမွေနဲ့ပါတ်သက်တဲ့ ထုံးတမ်းစဉ်လာတွေလိုက်နာစရာတွေရှိပေမယ့် တိတိကျကျ […]


“ မင်္ဂလာအစ ………….. မင်္ဂလာအလယ်………မင်္ဂလာအဆုံး………….” လူတွေရဲ့စိတ်ကို ညွှတ်နူးစေတဲ့အထဲမှာ သီချင်းလေးတွေလဲပါ ပါတယ်။ အထူးသဖြင့် တိတ်ဆိတ်နေတဲ့ ညမျုးိ မှာ ဟိုးဝေးဝေးကနေခပ်သဲ့သဲ့လေးကြားနေရတဲ့သီချင်းသံလေးတွေက စိတ်ကို ပိုကြည်နူးစေ လွမ်းဆွတ်စေတတ်ပါတယ်။ နံနက်ခင်းများမှာဆိုရင်လဲ ကျက်သရေ မင်္ဂလာရှိတဲ့ စာသား သာယာနာပျော်ဘွယ်ကောင်းတဲ့သံစဉ်နဲ့ ဖွဲ့တည်ထားတဲ့ သီချင်းလေးများကို ကြားရတယ်ဆိုရင် စိတ်ထဲမှာ ပိုလို့ ကြည်လင်လာသလိုပါဘဲ။ ဟိုငယ်ငယ် ရေဒီယိုခေတ်ကတော့ နံနက်ခင်းတေးသံသာ ရေဒီယိုလာမှာဘဲကြားရတတ်ပါတယ်။ မြန့်မာအသံက စလွှင့်တဲ့အချိန်ကတော့ မနက် (7)နာရီပါဘဲ။ နောက်ပိုင်းဓါတ်စက်တွေ ရီကော်ဒါတွေ ပေါ်လာပေမယ့်လဲ အများစုသုံးနိုင်တဲ့ပစ္စည်းများမဟုတ်ပြန်ပါဘူး။ နောက်ပိုင်းမှာတော့ ကက်ဆက်ဆိုတာပေါ်လာတော့ အိမ်တော်တော်များများကနေ သီချင်းသံလေးတွေကြားလာရပြန်တယ်။ ဒါပေမယ့်လဲ 2000ခုနှစ်နောက်ပိုင်း VCD ခေတ်မှာတော့ တရုပ်ပြည်ဖြစ်စက်တွေက လူတိုင်းသုံးနိုင်လောက်တဲ့ ငွေပမာဏဆိုတော့ အိမ်တိုင်းစေ့လောက် ဝယ်နိုင်ကြပါတယ်။ ဒီတော့ လဲ နေ့နေ့ […]


“ ပညာ=ရွှေအိုး =စီးပွားတိုး” တစ်ခါက မိတ်ဆွေတစ်ယောက်အိမ်ကို ရောက်သွားတဲ့အချိန်မှာ သုံးတန်းကျောင်းသား မြေးလေးကို အဖိုးဖြစ်သူက ဆူနေတာနဲ့သွားဆုံပါတယ်။ ကျူရှင်တွေမှန်သမျှလဲထားပေးရဲ့သားနဲ့ အတန်းထဲမှာ အဆင့်(2)ဘဲရလို့ မကြိုးစားဘူးဆိုပြီးဆူတာပါတဲ့။ အဲလိုဆူနေတာကို ကြားမိတော့ ကိုယ်ကလဲ ဘုမသိဘမသိနဲ့ဝင်လျှာရှည်မိပါတယ်။ “အဆင့်(2)ဆိုတာလဲ မဆိုးပါဘူး ဗျာကျွန်တော်တို့တုံး က “ဝမ်းတူ တင်း” ဝင်ရင်တောင်ကျေနပ်နေရတာမဟုတ်ဘူးလား”လို့ လို့ဝင်ပြောရင်း”သူတို့အတန်းထဲကျောင်းသားက ဘယ်နှစ်ယောက်လဲ”လို့မေးတော့။ “ခြောက်ဆယ့် သုံးယောက်”လို့ပြန်ဖြေတဲ့အခါ ဒါဆိုလဲကလေးကိုမဆူပါနဲ့တော့ဗျာ”လို့ကျွန်တော်ကပြောလဲပြောလိုက်ရော “ကိုပေါက်ရေ သူတို့အတန်းထဲမှာ ပထမရတဲ့သူက လူခြောက်ဆယ်ရှိတယ်”လို့ ခတ်ဆတ်ဆတ်လေး ဖြေသံကို ကြားမိလိုက်မှ “ဂဃနဏ”မသိဘဲ ဝင်ရှည်မိတဲ့ကိုယ့် ပါးစပ်ကိုဘဲ ပြန်ပိတ်ရိုက်ချင်စိတ်ပေါက်သွားပါတယ်။ အခုခေတ်ကလေးများ တ စာထဲ စာနေကြရတာကိုလဲ အပြစ်မဆိုသာပါဘူး။ မိဘဘိုးဘွားများကလဲ ကိုယ့်ကလေးရော ကိုယ်ပါမျက်နှာမငယ်ရအောင် ကလေးတွေကို ဇွတ်တွန်းပြီးကြိုးစားခိုင်းတာကိုး။ ကလေးတွေကိုလဲ မိဘတွေက ကောင်းပေ့ဆိုတဲ့ကျုရှင်တွေထား မနားတမ်းတစ်ခုပြီးတစ်ခုတက် […]


“ဘယ်သူနဲ့တူပါသလဲ …………………………………………..” ကျွန်တော်တို့ မိ်တ်ဆွေ “ကိုရဲ” က စားသောက်ဆိုင်လေးတစ်ခုဖွင့်ထားပါတယ်။ တရုတ်စာ ကုလားစာ မြန်မာစာ ဘိုစာ အစုံရတဲ့ဆိုင်လေးပါ။ သူ့ဆိုင်လေးက အရမ်းနာမယ်ကြီးတဲ့ထဲမှာ မပါပေမယ် သူ့ဖောက်သည်နဲ့သူမှန်မှန်လေး ရောင်းနေရတဲ့ဆိုင်လေးလဲ ဖြစ်ပါတယ်။ သူက သူ့စားသောက်ဆိုင် စဖွင့်တဲ့ရက်ရောက်တိုင်း “ဆိုင်လေးရဲ့မွေးနေ့”လို့သတ်မှတ်ပြီး မိတ်ဆွေတွေကို ဖိတ်ပြီး၊စားပွဲသောက်ပွဲလေးလုပ်လေ့ရှိပါတယ်။ အဲဒီနေ့ညနေရောက်ရင် မိတ်ဆွေတွေကိုရော သူ့ဆီကို အမြဲတမ်းလာစားတဲ့ဖောက်သယ်တွေကိုတော့ ဖိတ်စာနဲ့ဖိတ်ပါတယ်။ မွေးနေ့မှန်းမသိဘဲလာပြီး စားတဲ့ သူတွေကိုလည်းအဲဒီနေ့ ညနေစာအတွက် ပိုက်ဆံမယူဘဲ ကျွေးမွေးပါတယ်။ ဒီနှစ်တော့အဲဒီဆိုင်မွေးနေ့လေးကို ကိုစိန်မောင်ရယ် ကိုအောင်မောင်းရယ် ကျွန်တော်ရယ် သန်းလွင်ရယ်အတူသွားဖြစ်ကြပါတယ်။ ထုံးစံအတိုင်း “ဘူဖေး”ပုံစံခင်းကျင်းပေးထားပါတယ်။ ဟင်းပွဲကိုက အသားရော အသီးအနှံရော သုံးဆယ်ကျော်ကျော်လောက်ရှိမယ်ထင်ပါတယ်။ အကြော်အလှော်အချက် အပြုတ်အသုတ် စုံတကာစေ့နေတာပါဘဲ။ ဟင်းတွေကို အပူပေးထားတဲ့ စတီးအိုးကြီးတွေထဲမှာထည့်ပေးထားတာပါ။ အရက်ကတော့ ကောင်တာမှာ တင်ပေးထားပါတယ်။ […]


“အကယ်၍သာ…………………………………………….” (5-4-2011)နေ့ညကဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးပါ။ အဲဒီနေ့ညပိုင်း 7း54မိနစ်မှာ ကျွန်တော့်တိုက်ခန်းရဲ့အပေါ်ထပ်မှာနေတဲ့”မီးမီး”ဆီကဖုံးဝင်လာပါတယ်။ “လေးလေးအိမ်ပြန်ရောက်ပြီလား”လို့မေးလာတော့ ကျွန်တော်က” အလုပ်ထဲမှာဘဲရှိသေးတယ် “လို့ပြောလိုက်တဲ့အခါ သူက “လေးလေးအိမ်ပြန်ရင် သမီးအမေကို ခေါ်ပြီးဆေးရုံကြီးကိုလာပို့ပေးပါနော်”လို့ ပြောပြီးအကူအညီတောင်းပါတယ်။ သူ့အဖေလမ်းမှာ ယာဉ်တိုက်မှု့ဖြစ်တယ်ဆိုတာရယ် အခုလောလောဆယ် အရေးပေါ်ဌာကို သူလိုက်သွားပြီဆိုတာရယ်ဘဲကမန်းကတန်းပြောသွားပါတယ်။ အဲဒါနဲ့ ကျွန်တော်လဲ လုပ်နေတဲ့ အလုပ်ကုိုပြီးအောင်လုပ်ပြီးမှအလုပ်ထဲကကလေးတစ်ယောက်ကို ဆိုင်ကယ်တစီးသတ်သတ်နဲ့ ကျွန်တော့် အိမ်ကိုခေါ်သွားလိုက်ပါတယ်။ ကျွန်တော့် ကောင်လေး က မီးမီး အမေကို ဆေးရုံအရင်ပို့ပေးဖို့ရည်ရွယ်ပြီး ခေါ်လာတာပါ။ ကျွန်တော်လမ်းမှာဘဲရှိသေးတဲ့အချိန်မှာကလေးမလေးဆီက ဖုန်းထပ်ဝင်လာပါတယ်။ အော်ပရေးရှင်းလုပ်ရမယ်ဆိုတဲ့အကြောင်းရယ် ဦးနှောက်နဲ့အာရုံကြောဌာနကိုလိုက်လာဘို့ရယ်လှမ်းအကြောင်းကြားတာပါ။ အဲဒီသတင်းကြားမိတော့မှ ထိခိုက်ဒဏ်ရာရသွားတာ များတယ်ဆိုတာသိသွားပါတယ်။ အပွင့်လင်းဆုံးပြောရရင်တော့ အစက ကျွန်တော့်စိတ်ထဲမှာ ထင်မိတာက သာမန်ပွန်းပဲ့တာလောက်ဘဲဖြစ်မယ်လို့ပါ။ အဲဒါနဲ့ဘဲ ဆိုင်ကယ်ကို နည်းနည်းမြန်အောင်မောင်းပြီး အိမ်ကို အမြန်ပြန်လိုက်ပါတယ်။ ဒါပေမမယ့်အိမ်ကိုရောက်တဲ့အခါမှာတော့ မီးမီးရဲ့အမေက အထုပ်အပိုးတွေနဲ့ဆင်းလာတာတွေ့ပါတယ်။ ကျွန်တော်ကိုတွေ့တဲ့အခါ “ […]


“မန်းသင်္ကြန် တူးပို့ မြို့မ သင်္ကြန်မင်းသားများ ဟစ်ဟော့နဲ့ အီလက်ထရိုဗုံသံ”(အပိုင်း-6) (ပြန်ပါအုံးမယ် ပြန်အုံးမယ် နှုတ်ခွန်းဆက်ပါတယ်) အလွမ်းသင်္ကြန် မန်းသင်္ကြန်…………… မန်းသင်္ကြန်အားလုံးထဲမှာရင်အခုန်ရဆုံးသင်္ကြန်ကတော့ မြန်မာပြည်ရဲ့အကြီးမားဆုံးသော အပြောင်းအလဲဖြစ်ပြီးတဲ့နောက်တစ်နှစ်မှာကြုံရတဲ့သင်္ကြန်ပါ။ သင်္ကြန်ဆိုရင် ပျော်ဘို့အဆင်သင့်ဖြစ်နေတဲ့မန်းလေးသူမန်းလေးသားအားလုံး ပျော်မှ ပျော်ခွင့်ရပါ့မလားလို့ စိုးတထိတ်ထိတ်နဲ့နေခဲ့ရပါတယ်။ အချိန်တန်သင်္ကြန်နီးတော့မှ ခါတိုင်းလိုဘဲ သင်္ကြန်ဖြစ်တယ်ဆိုတဲ့ အသံလဲကြားလိုက်ရော မိုးမရွာလို့ နွမ်းလျနေတဲ့မြက်ပင်လေးတွေမိုးနံ့ရတာနဲ့ခေါင်းထောင်ထလာသလိုဘဲပျော်လို့မဆုံးနိုင်အောင်ပါဘဲ။ ဒါပေမယ့် မန်းသင်္ကြန်ရဲ့ပုံစံပြောင်းလို့သွားပါတယ်။ ဟိုအရင်က ရပ်ကွက်နေရာအနှံ့အပြားမှာ မဏ္ဍပ်တွေရှိနေရာကနေ ကျုံးပါတ်ပါတ်လည်မှာရှိသမျှမဏ္ဍပ်တွေအားလုံးစုစည်းပြီးထားလိုက်ပါတယ်။ အဲတော့လည်စရာပါတ်စရာ ရေပက်ခံထွက်စရာနေရာက ကျုံးဘေးတစ်နေရာထဲမှာဘဲရှိပါတော့တယ်။ ကျုံးလမ်းကိုလည်း တစ်လမ်းသွားအဖြစ်ပြောင်းလဲလို့ မဏ္ဍပ်တွေထဲကိုအဝင်ခိုင်းပြီးကျုံးကိုတစ်ပါတ် ပါတ်ရပါတော့တယ်။ ပြောင်းလဲသွားတဲ့ဈေးကွက်စီးပွားရေးခေတ်နဲ့အညီ နာမယ်ကြီးအနုပညာသည်တွေကလဲ ငွေကြေးပမာဏတစ်ခုနဲ့မန်းသင်္ကြန်ကိုစီးပွားရေးတစ်ခုအနေနဲ့လာလို့ ဖျော်ဖြေကြပါတော့တယ်။ အဲဒီအခါမှာ နာမယ်ကြီးတွေရှိတဲ့မဏ္ဍပ်ရှေ့မှာပိတ်ကျပ်နေပြီးရှေ့ကရောက်တဲ့ကားက မထွက်တော့ တစ်နေရာထဲမှာတင် အသေရပ်နေရသလိုဖြစ်သွားပါတော့တယ်။ နေ့မှာဆိုလဲဒီကားတန်းကြီးထဲဝင်သွားမိရထွက်မရ ပြုမရ နေလှန်းခံရသလိုဖြစ်။ နေ့တစ်ဝက်ကုန်တာတောင်ကျုံးတစ်ဖက်ပြည့်အောင်မလည်ရ။ ညဆိုပြန်တော့လဲ ရှေ့တိုးမရ နောက်ဆုတ်မရ ဘာမှလဲမမြင်ရဆိုတော့ […]


“မန်းသင်္ကြန် တူးပို့ မြို့မ သင်္ကြန်မင်းသားများ ဟစ်ဟော့နဲ့ အီလက်ထရိုဗုံသံ”(အပိုင်း-5) (ညအလှနဲ့ သင်္ကြန်မင်းသား) (ထွန်းသစ်စ လရောင်ခြယ် ………………….ရိုးရိုးသားသားမှ ကျုပ်တို့မြိုမက ကျေနပ်တယ်…………………………………….) မန်းသင်္ကြန်ကိုလာပြီးနေ့မှာဘဲရေပက်မယ် ညထွက်မလည်ဘူးဆိုရင် မပြည့်စုံဘူးလို့ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မန်းသင်္ကြန်ဆိုတာနေ့မှာအသားကုန်ရေပက်။ ညရောက်ရင် တစ်မြို့လုံးရှိသမျှလူအကုန်အပြင်ထွက်လို့ မဏ္ဍပ်တွေကို လိုက်ကြည့်ကြပါတယ်။ သင်္ကြန်ညများမှာ မန်းလေးမြို့လမ်းမတိုင်းလမ်းမတိုင်းမှာ ခြေလျှင် စက်ဘီး ကား လမ်းပေါ်မှာအပြည့်ပါဘဲ။ အရင်က မန်းသင်္ကြန်လည်ကြတယ်ဆိုတာ ညရှစ်နာရီလောက်ဆိုရင် အိမ်ကထွက် ညဉ့်နက်နက်သန်းခေါင်ယံမှ အိမ်ပြန်ရောက်ကြတာများပါတယ်။ ညအကမဏ္ဍပ်တွေလှည့်ကြည့်ကြတဲ့အခါမှာ ကားရှိသူက ကား စက်ဘီးရှိသူက စက်ဘီး။ အများအားဖြင့်တော့ ခြေလျှင်လည်ကြည့်ကြတာများပါတယ်။ ကားစက်ဘီးနဲ့သွားတဲ့သူက မြန်မြန်ရောက်တာတော့မှန်ပါတယ်။ ဒါပေမယ့်သူတို့က ကားအပ်စရာနေရာ ဆိုင်ကယ်အပ်စရာနေရာရှာရပါတယ်။ နောက်တစ်ခုကအရင်တုံးကညလည်တဲ့ကားတွေက အခုခေတ်လိုမဏ္ဍပ်ရှေ့မှာစုပြုံမဝင်ကြပါဘူး။ ကားတွေကို မဏ္ဍပ်နဲ့သိပ်မဝေးတဲ့နေရာမှာရပ် လူတွေက မဏ္ဍပ်နားကိုလမ်းလျှောက်ပြီးတိုးခွေ့လို့ကြည့်ကြပါတယ်။ ခြေလျှင်သွားတဲ့သူက မဏ္ဍပ်နဲ့နီးနိုင်သမျှနီးတဲ့နေရာကို ရောက်အောင်တိုးကြည့်ကြပါတယ်။ […]


“မန်းသင်္ကြန် တူးပို့ မြို့မ သင်္ကြန်မင်းသားများ ဟစ်ဟော့နဲ့ အီလက်ထရိုဗုံသံ”(အပိုင်း-၄) (ကျုံးရေသီတာပါတ်ကာဝိုင်း တန်ခူးလရောက်လေတိုင်း……….သင်္ကြန်ကားလေးနဲ့………………………..) လူလတ်ပိုင်းအရွယ်ရောက်လာတော့ သင်္ကြန်မရောက်ခင်ပြင်ဆင်ရတာက သင်္ကြန်မှာလည်ဘို့ အစီအစဉ်တွေဆွဲရတာပါ။ အရင်တုံးကတော့ စက်ဘီးနဲ့မြို့အနှံလည်ပါတယ်။ စီးပွားရှာတဲ့အရွယ်ရောက်လာတော့ မိတ်ဆွေတွေသူငယ်ချင်းတွေကြာမှာမော်တော်ကားဆိုတာကလဲ ရှိလာကြတော့ကားနဲ့လည်ဘို့ ပြင်ပါတယ်။ ကားနဲ့မှခရီးပိုတွင်တာကိုးဗျ။ ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ ကိုယ်ပိုင်ကားရှိသူတွေလဲပါတော့ ကားငှားဘို့ကတော့ သိပ်ခေါင်းမစားရပါဘူး။ သင်္ကြန်ရက်အတွင်းမှာလည်ကြပါတ်ကြတဲ့အခါ တစ်ယောက်ကိုဘယ်လောက်ထည့်ရမယ်ဆိုတာကို ခွဲတမ်းချလို့ရရင် သင်္ကြန်လည်ဘို့ အထမြောက်သွားပါပြီ။ တစ်ခုတော့ရှိပါတယ် ကျွန်တော်တို့ကသူများတွေလိုတော့ ကားခေါင်းကို တုတ်နဲ့ရိုက်လို့မရပါဘူး။ ကားအလယ်ကောင်မှာ သံစည်ပိုင်းတင် ရေခဲတုံးကြီးဝယ်ထဲ့ ပြီးရင်အဲဒီထဲကို ဘီယာပုလင်းတွေ အရက်တွေစိမ် ချမ်းရင်မော့လိုက် အော်ချင်ရာအော်လိုက် ကားချင်းဆုံလို့ ကိုယ်ကရေခဲရေနဲ့ပက်လို့ ဟိုက ပဲတွေများပြီးအသံတွေထွက်လာရင် စိတ်ထဲမှာ ကျေနုပ်လိုက် နဲ့ပေါ့။ သင်္ကြန်မှာလည်ဘို့ ကားမရှိသူများကတော့ ကားငှားဘို့ အဆက်အသွယ်နဲ့ရှာရပါတယ်။ ကားရပြီဆိုတာနဲ့ဈေးညှိရသလို လိုက်ပြီးလည်မယ့်သူကိုလဲစုရပါတယ်။ ဒီအချိန်များမှာ […]


“မန်းသင်္ကြန် တူးပို့ မြို့မ သင်္ကြန်မင်းသားများ ဟစ်ဟော့နဲ့ အီလက်ထရိုဗုံသံ”(အပိုင်း-၃) (ရေပက်ခံထွက်လို့ မဏ္ဍပ်လည်) “ဖြူဖြူပြာပြာ နီနီဝါဝါ ဝေဆာမြူးလို့လွင်ဟောတရုံဟောနှစ်ရုံပန်းမျုးိစုံတဲ့အပြင်……………………………” ( တကယ်ပြောရရင် မန်းသင်္ကြန်ဆိုတာက နေ့မှာအရသာတမျိုး ညမှာအရသာတမျုးိ မတူညီတဲ့ အရသာနှစ်မျိုးကို ခံစားလို့ရတဲ့သင်္ကြန်ပါ။ နေ့မှာရေပက်ကြ ရေကစားကြနဲ့ ညရောက်ပြန်တော့ အလှပြသင်္ကြန်ကားတွေ အကမဏ္ဍပ်တွေနဲ့ သံချပ်တိုင်မယ့်ကားတွေနောက်လိုက်ကြည့်ကြဘို့ပေါ့။ နေ့မှာ ရေပက်မယ် ညမှာအကအလှတွေလိုက်ကြည့်မယ် ဆိုတာမျိုးပါ။ တကယ်တမ်းပြောကြစို့ဆိုရင် မတ်ချ်လ လယ် ရောက်ပြီဆိုတာနဲ့ မန္တလေးမြို့မှာ သင်္ကြန်အငွေ့အသက်တွေကြွလာပြီး သင်္ကြန်က အသက်စဝင်လာပါတယ်။ ဒီအချိန်ရောက်ပြီဆိုတာနဲ့သင်္ကြန်အတွက် စတင်လို့လှုပ်ယှားကြ ပြင်ဆင်ကြတယ်ဆိုတာကလဲ မန်းလေးတစ်မြု့ိလုံးပါဘဲ။ နန်းရှေ့၊မြောက်ပြင်၊တောင်ပြင်၊ဘုရားကြီးတဝိုက်၊ဈေးချိုတစ်ဝိုက်၊ဘူတာကြီးပါတ်ဝန်းကျင်၊ဆိုင်းတန်း၊ဒါးတန်း၊ အောင်နန်းအရှေ့အနောက်၊မျက်ပါးရပ်၊ပြည်ကြီးကျက်သရေ၊ပုလဲငွေရောင်၊မေဃဂီရိ၊မောရဂီဝါ၊ ပွဲကုန်း၊84လမ်းတစ်လျှောက်၊26ဘီလမ်းအောက်ခြမ်း ၊ကျုံးအနောက်ဘက်ခြမ်းနဲ့တောင်ဘက်ခြမ်း မန်းလေးမြို့အနှံ့ မဏ္ဍပ်တွေဆောက်ကြတာလဲ တကယ်ကိုအများကြီးပါဘဲ။ အရင်ဆုံးစတာကတော့ မဏ္ဍပ်နေရာရွေးကြပါတယ်။ နေရာရပြီဆိုတာနဲ့ ပေပါခွံတွေချ၊သစ်သားတွေချ ဝါးလုံးတွေချ ပြီး မဏ္ဍပ်စဆောက်ကြပါတော့တယ်။ […]


“မန်းသင်္ကြန် တူးပို့ မြို့မ သင်္ကြန်မင်းသားများ ဟစ်ဟော့နဲ့ အီလက်ထရိုဗုံသံ”အပိုင်း(2) (သင်္ကြန်ဝိဉာဉ်…………..) (သင်္ကြန်ဝိဉာဉ်…………..) မွေးကထဲက ရင်ထဲမှာ သင်္ကြန်ဝိဉာဉ်အပြည့်ကိန်းအောင်းနေတဲ့မန်းလေးသားကျွန်တော်အဘို့ကတော့ သင်္ကြန်နဲ့ပါတ်သက်ရင် အမှတ်တရတွေများမှာများပါ။ မှတ်မှတ်ရရ ကျွန်တော် မူလတန်းကျောင်းသားဘဝမှာ ကျွန်တော်တို့ အတန်းပိုင်ဆရာမက “အခုတစ်ပါတ်ရုံတင်မယ့် ရုပ်ရှင်ထဲမှာ တီချာ ပါတယ် သားတို့ကြည့်ဖြစ်အောင်ကြည့်”လို့မှာပါတယ်။ ဒီတော့ လဲကျွန်တော်တို့ကလည်း ကိုယ့်ဆရာမပါတယ်ဆိုတော့ အိမ်ကိုပူဆာတာပေါ့။ အိမ်ကလဲ အဲဒီကားရုံတင်တော့ လိုက်ပြပါတယ်။ ဒါပေမယ့် ရုပ်ရှင်သာပြီးသွားတယ် ကျွန်တော်တီချာကို မြင်တောင်မမြင်လိုက်ရပါဘူး။ အိမ်ကလူကြီးတွေကလဲ ဝိုင်းကြည့်ပေးတာမတွေ့ပါဘူး။ နောက်နေ့ကျောင်းရောက်တော့ ဆရာမကိုပြောတာပေါ့ “တီချာကို ရုပ်ရှင်ထဲမှာမတွေ့ဘူး”ပေါ့ အဲဒီတော့မှာ တီချာက “သင်္ကြန်မဏ္ဍပ်မှာယိမ်းကတဲ့အဖွဲ့ထဲကအလယ်တန်းဘေးအစွန်ဆုံးကတီချာလေ” လို့ပြောပါတယ်။အဲဒီဇာတ်ကားကတော့ နောင် မန်းသင်္ကြန်ရဲ့ပထမဦးဆုံးသော သင်္ကြန်မင်းသားဖြစ်လာမယ့် ဝင်းဦးရဲ့ အအောင်မြင်ဆုံးလူကြိုက်အများဆုံး မန်းလေးသင်္ကြန်ကို အပြည့်စုံဆုံးရို်က်ပြခဲ့တဲ့ “မောင်တို့ချယ်ရီမြေ “ဇာတ်ကားပါဘဲ။ နည်းနည်းလေးကြီးလာတော့ ကိုးနှစ်ဆယ်နှစ်အရွယ်ရောက်တော့ […]


“မန်းသင်္ကြန် တူးပို့ မြို့မ သင်္ကြန်မင်းသားများ ဟစ်ဟော့နဲ့ အီလက်ထရိုဗုံသံ” (ကလေးဘဝကမန်းသင်္ကြန်) (မြူမှောင်ဝေကင်း………တိုင်းပြည်ထောင်ငြိမ်းချမ်းအောင်ဆု…………………..) မနက်စောစော လမ်းလျှောက်ထွက်တဲ့တစ်ရက် မြူမှုံမှုံလေးကြားထဲနေ အားယူလို့ တိုးထွက်ခါစနေမင်းကလဲမရဲတရဲနဲ့ ကောင်းကင်မှာပန်းဆီရောင်သန်းလို့နေပါတယ်။ လမ်းတလျှောက်မှာရှိတဲ့သစ်ပင်တော်တော်များများကလဲ ရွက်ဟောင်းကြွေလို့ ပုရစ်ဖှုးတွေဝေခါစ။ “ဥဩ ဥဩ ဥဩ” လို့ တွန်လိုက်တဲ့ လွမ်းစရာအသံလေးကလဲမပီဝိုတဝါး။ ဟိုးအတော်ဝေးဝေးကနေ လွင့်လာတဲ့ သီချင်းသံကို ဘာသီချင်းမှန်းမသိဘဲ မသဲမကွဲလေး ကြားနေရတာကလည်းလွမ်းချင်စရာ။ သီချင်းသံလာရာဘက်ကို ကိုယ်က တစ်လှမ်းချင်း တိုးဝင်လာတော့တဖြည်းဖြည်းနဲ့ သီချင်းသံကို ပိုပိုပြီး ပီပီသသ ကြည်ကြည်မြမြနဲ့ကြားလာရပါတယ်။ “သွန်းခါရေ အေးစေကြောင်းလောင်းတဲ့လုံမေ ထူးထူးကဲကဲလှကြပါစေ အဆင်ပြေ မြင်ရသူကြည်နူးလောက်ပေ…………………. ဒီရေပွဲသင်္ကြန်ရေ………………………” ဆိုတဲ့သီချင်းလေးဆုံးလဲသွားရောနောက်တပုဒ်ဆက်လာပါတယ်။ “သင်္ကြန်မယ်များတူးပို့ တူးပို့ တူးပို့မြူးသံသာ…………… မယ်တို့ကိုလဲတူးပို့တူးပို့မာပါစေခင်ဗျာ၊ ပိတောက်တွေဝင်းလျှံရွှေရည်လူး တူးပို့……တူးလဲ့ဝါ…………………….”ဆိုတဲ့သီချင်းသံလေးကိုလဲ ကြားမိရော လူကသာလမ်းလျှောက်နေတယ် စိတ်ကတော့ ငယ်ကတည်းက ပျော်ခဲ့ရတဲ့ […]


“ မမေ့စကောင်း …..မေ့စကောင်း ” ကျွန်တော်တို့မြန်မာတွေက တစ်နေ့ကို အနည်းဆုံးထမင်းနှစ်နပ်တော့စားလေ့ရှိကြပါတယ်။ တစ်ချို့သွားရေစာ မစားတတ်တဲ့သူများကတော့ မနက်အစောစာလဲ ထမင်းဘဲစား၊ နေ့လည်စာရော ညစာရော ထမင်းဘဲစားတော့ တစ်နေ့သုံးနပ်ပေါ့။ ဒီတော့လဲထမင်းစားတယ်ဆိုတာ ကျွန်တော်တို့အတွက် သာမန်လုပ်ရိုးလုပ်စဉ်ကိစ္စတစ်ရပ်လို့သာ မှတ်ယူထားလို့ဘဲ မထူးဆန်းတဲ့ကိစ္စဆိုရင် “ထမင်းစားရေသောက်”လို့ပြောတတ်ကြပါတယ်။ ဒါပေမယ့်လည်းလောကမှာ နေ့စဉ် ကြုံနေကြ မထူးဆန်းဘူးဆိုတာလေးတွေထဲမှာတောင်မှ မေ့မရနိုင်လောက်အောင်ထူးထူးခြားခြားမှတ်မိနေစရာလေးတွေရှိတတ်ကြပါတယ်။ တစ်ချို့ကတော့ ထူးထူးခြားခြား စားကောင်းလို့ ၊တစ်ချို့ကတော့ စားရတာတန်လို့၊တစ်ချို့ကတော့ မတန်တဆ နှပ်အချခံလိုက်ရလို့ တစ်ချို့ကြတော့လဲသိပ်ကိုဆာလောင်မွတ်သိပ်နေချိန်မှာစားလိုက်ရတာမျိုးကိုဆိုလိုတာပါ။ ကျွန်တော့်ဘဝမှာလဲ ထမင်းစားတာနဲ့ပါတ်သက်ပြီးအမှတ်ရစရာလေးတွေရှိခဲ့ဘူးပါတယ်။ ချမ်းချမ်းလိုဟဲရရင် “မေ့တော့ မမေ့သေးဘူး…………………..”ပေါ့ဗျာ။ ရှေးရှေးတုံးကပေါ့နော်လို့ ကလေးများကိုပုံပြောသလိုဘဲစလိုက်ပါတော့မယ်။ ရက်စွဲအတိအကျမသိပေမယ့် စနေနေ့ဆိုတာတော့မှတ်မိနေပါတယ်။ ကျွန်တော်တို့ မန္တလေးကလူများကအားတယ်ဆိုရင် မေမြို့သို့မဟုတ်ပြင်ဦးလွင်ကို အပျင်းပြေတက် လေ့ရှိပါတယ်။ တစ်ခါတစ်ရံနေ့ချင်းပြန်၊တစ်ခါတစ်လေတော့လဲ တစ်ညအိပ်ပေါ့။ အဲဒီတုန်းက ဒီလမ်းက တစ်လမ်းမောင်းဘဲရှိနေသေးတဲ့အချိန်ပေါ့။ အိ်မ်ဘေးအိမ်က “အန်တီအယ်မာ”တို့ […]