“သားကောင်းမိခင်”   ကျနော်တို့ မြန်မာအမျိုးသမီးများက “ သားကောင်းမိခင် “လို့အခေါ်ခံရရင် ဂုဏ်ယူလို့ကျေနပ်ကြပါတယ်။ သားကောင်းမိခင်လဲဖြစ်ချင်ကြပါတယ်။ သားကောင်းမိခင်ဆိုတဲ့အထဲမှာ မိမိမွေးထားတဲ့ရင်သွေးကို နို့ချိုဝလင်အောင် တိုက်ကျွေးနိုင်တယ်ဆိုတာလဲ အရေးပါတဲ့အချက်တစ်ခုပါဘဲ။ အဲလိုတိုက်ကျွေးနိုင်ဘို့ဘာလိုတယ်ဆိုတာကလဲ အများသိတော်မူတဲ့အတိုင်းပါဘဲ။ ဒီနေ့မနက်အလုပ်သွားရင်းလမ်းမှ နို့စားနွားမကြီးတစ်ကောင်တွေ့လိုက်တော့ စောစောက ပြောတဲ့ သားကောင်းမိခင်ဆိုတာကြိးကိုသွားသတိရလို်က်ပါတယ်။ ဒါနဲ့ဘဲဆိုင်ကယ်ရပ်လို့ လက်ဆော့တာပေါ့။ သိပ်အကြာကြီးတော့ရိုက်လို့ အဆင်မပြေ။ လမ်းဘေးမှာမွေးထားတဲ့နွားဆိုတော့ ပိုင်ရှင်က တမျိုးမြင်မှာလဲစိုးရသေးတယ်လေ။ ကဲ ရသလောက်လေးတင်ပေးလိုက်ပါတယ။်     ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး (14-3-2012)    


           ‘ဒါတွေကတော့ ကျနော်တို့ဟာတွေထင်တာဘဲ”   မယ်ပုရဲ့သစ်ခွပန်းပိုစ်ကိုဖတ်မိတော့ ကျနော်တို့ရဲ့သယံဇာတတွေဆုံးရှူံးတာ မတန်တဆနဲ့သူများဆီရောက်သွားတာကို ဖတ်ရတော့ အတွေးလေးတွေပွားမိပါတယ်။ မြန်မာပြည်က ပြောင်းဖူးကိုဈေးပေါပေါရောင်း။ ဟိုဘက်က မုန့်ပုံးတွေလုပ်ပြီး ဈေးကြီးကြီးနဲ့ပြန်ဝယ်စားကြရတယ်။ ဒီဘက်က သစ်တွေအလုံးလိုက်ထုတ်။ ပြီးတော့မှကုန်ချောနဲ့ပြန်ဝင်တော့ဈေးကြီးပေးဝယ်။ 2010မေလ ရွှေလီရောက်တော့ တံတားအဆင်းမှာ သစ်ပင်တွေစိုက်နေတာ။ အပင်အကြီးတွေကို အပင်လိုက်ကြီးနုတ်လာပြီးစို်က်တာလေ။ နုတ်လာတဲ့အပင်က မြေကြီးတွေတောင် အိတ်နဲ့ထည့်လာတာ။ ပိန္နဲပင်ဆိုရင် အသီးလေးတွေတောင်ပါတယ်။ နောက် ပန်းပုလုပ်တဲ့အိမ်ရှေ့မှလဲ သစ်မြစ်ဆုံတွေပုံထားလိုက်တာ အများကြီးဘဲ။ မြန်မာစကားပုံကြားဘူးတယ်မလား။ ဥစ္စာပျောက်ငရဲရောက်တဲ့။            ‘ဒါတွေကတော့ ကျနော်တို့ဟာတွေထင်တာဘဲ”   ကျနော်လဲ အဲလိုဖြစ်ခဲ့ရပါသဗျား။     ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး (13-3-2012)


        “အင်းကြီးတောင်သမန်ရဲ ့ နံနက်ခင်း …………”   တပေါင်းလပြည့်နေ့မနက်ထုံးစံအတိုင်းလမ်းလျှောက်ထွက်ခဲ့ပါတယ်။ လမ်းလျှောက်ရင်း ကောင်းကင်မှာတိမ်အရောင်က ရဲသထက်ရဲလာပါတယ်။ ဒါနဲ့ဘဲ ဒီအချိန်တောင်သမန်က ဦးပိန်ကို နှက်လိုက်ရရင်အိုကေဘဲဆိုတွေ့းမိတော့ ဆိုင်ကယ်ပြန်ယူပြီး တောင်သမန်ကိုပြေးပါတယ်။ မနက်ခြောက်နာရီတိတိ။   တောင်သမန်ကို မြန်မြန်ရောက်အောင် ကပ်ကျော်ဘုရားကနေ ထောက်လှမ်းရေး 16ဘက်က လမ်းကြမ်းကနေ တောင်သမန်ဘေးကလက်ပန်ပင်နားရောက်အောင် အမြန်မောင်းပါတယ်။ တောင်သမန်အင်းအနောက်ဘက်ကန်ဘောင်ရောက်တော့ လှတပတပုံတွေရိုက်။ ကိုရင်တွေ့ရိုက်။. ဆွမ်းခံတဲ့ဦးဇင်းရိုက်။ လှေတွေရိုက်။ တွေ့သမျှအကုန်ရိုက်ရင်း ဦးပိန်တံတားအောက်ရောက်သွားပါတယ်။ အဲဒီမှာ အင်မတန်မှလှပသော တောင်သမန်အင်းနဲ့ဦးပိန်တံတားတို့ရဲ့ အတွဲအစပ်ကတော့ ရင်သပ်ရူ့မောစရာ။ ကဲ ခံစားကြည့်လိုက်ပါအုံး။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး (11-3-2012)        


             “ဆောင်းအကြွင်း နွေအဝင် သဘာဝပန်းချီ ညနေခင်း”   (7-3-2012) တပေါင်းလပြည့်နေ့ရတော့ ကျနော်အတွက် ခရီးယာယီများတဲ့ရက်လို့ပြောနိုင်ပါတယ်။ မနက်ထုံးစံအတိုင်းလမ်းလျှောက်ရင်းကနေ တောင်သမန်အင်းကို သွားချင်စိတ်ပေါက်တာနဲ့ မနက်ခြောက်နာရီခွဲလောက် တောင်သမန်အင်းဘက်ထွက်လာလိုက်ပါတယ်။ 8နာရီကျော်ကျော်လောက်တော့ ပြန်လာ။ ရေမိုးချိုး ကိုးနာရီလောက်ရောက်တော့ မရောက်တာကြာတဲ့ ပေါ်တော်မူဘက်ကိုရောက်သွားပါတယ်။ အဲဒီကနေ နေ့လည် ဆယ်နှစ်နာရီလောက်ပြန်လာ.။ အိမ်ရောက်ထမင်းစား အင်တာနက်ဆိုင်သွားလို့ ဓါတ်ပုံတွေကို ပြန်ကူးရပါတယ်။ ဘာဘဲပြောပြော အတော်စိတ်တိုင်းကျတဲ့ဓါတ်ပုံလေးကို ရလိုက်ပါတယ်။ ညနေစောင်းရောက်တော့ မြို့သစ်ဘက်သွားမလို့ ထွက်အလာ အနောက်ဘက်ကိုလှမ်းကြည့်လိုက်တော့ ကမ္ဘာမြေကြီးကို နုတ်ဆက်နေတဲ့တပေါင်းလရဲ့ ဝင်လုဆဲနေမင်းကို ရင်သပ်ရူ့မောဘွယ်ရာတွေ့လိုက်ရပါတယ်။ ထန်းပင်စုစု၊ရေနည်းနေတဲ့တက်သိမ်းအင်း၊အပင်စုစု နဲ့ တိမ်ရောင်စုံခြယ်သလို့ ထားတဲ့ကောင်းကင် အင်မတန်လိုက်ဖက်လှပါတယ်။ အဲဒီမှာခဏရပ်ကြည့်နေရင်း သွားစရာရှိတဲ့ မြို့သစ်ဘက်ကကို ဆက်သွားပါတယ်။ သိပ္ပံလမ်းကနေဆိုင်ကယ်မောင်းလာရင်း 73လမ်းအရောက်တောင်ဘက်ကိုကွေ့လို်က်ပါတယ်။ တောအုပ်ကလေးလို သစ်ပင်တွေနဲ့အုံ့ဆိုင်းနေတဲ့လမ်းလေးအတိုင်းစီးလာရင်းက အနောက်ဘက်ကောင်းကင်ကိုလှမ်းအကြည့် အင်မတန်မှလှပသောမြင်ကွင်းကိုတွေ့ရပါတယ်။ […]


           “ဒါဆိုရင် ဘယ်နားမှာသွားပုံရမလဲနော်……………..”   1997ခုနှစ်မှာ “တဲထဲကလူ တိုက်ပေါ်ရောက်ရေး “ဆိုတဲ့စီမံကိန်းကြီးပေါ်လာပါတယ်။ စစခြင်းနောင်ကျရင် မန်းလေးကန်တော်ကြီးလို့နာမယ်တွင်လာမယ့် တက်သိ်မ်းအင်းရဲ့ မြောက်ဘက်မှာရှိတဲ့ ဒေါနခြံရပ်ကွက် (သံလျှက်မှော်တောင်ရပ်ကွက်ကြီး)မှာစပြီး အကောင်အထည်ဖော်ပါတယ်။ မန္တလေးမြို့တော် စည်ပင်သာယာ ရဲ့ အုပ်ချုပ်မူ့အောက်မှာ ရှိတဲ့တိုက်ခန်းတွေပါ။ စည်ပင်သာယာက ဘဲ တာဝန်ယူဆောက်ပေးထားတာပါ။ အဲဒီနေရာက အရင်က  ကန်စွန်းခင်းတွေ စိုက်ခင်းတွေရော လူနေအိမ်တွေပါရှိပါတယ်။ ပထမနေတဲ့သူတွေထဲက  အိမ်ထောင်စုဇယားရှိတဲ့သူကို တိုက်ခန်းတစ်ခန်းပေးမယ်။ တိုက်ခန်းခ ေငွေသွင်းပေါ့။ တိုက်ခန်းတစ်ခန်းအတွက် တသိန်းခွဲကို အရစ်ကျနဲ့သုံးရစ်ခွဲသွင်းရပါတယ်။   တစ်ထပ်ကို အခန်းဆယ်ခန်းပါ တဲ့ သုံးထပ်တို်က်တွေဆောက်ပါတယ်။ တိုက်ခန်းတွဲ စုစုပေါင်း ရှစ်တွဲဆောက်ပါတယ်။ အဲတော့ အခန်းပေါင်း240 တိတိပါ တာပေါ့။ တစ်ခန်းစီမှာ ရေမီတာ လျှပ်စစ်မီတာ အခန်းပိုင်ရှင်နာမည်ပေါက်နဲ့ တစ်ခန်း စီသီးသန့်ထားပေးပါတယ်။ ကိုယ်သုံးသလောက်ကိုယ်ဆောင်ပေါ့။ […]


“ဆွမ်းတော်ဗျို့” ကျနော်မနက်လမ်းလျှောက်ထွက်ချိန်ဆိုရင် သံဃာတော်များ ဆွမ်းခံထွက်ချိန်နဲ့ဆုံတတ်ပါတယ်။ တစ်ပါးစီတွေ့တဲ့အခါတွေ့ နှစ်ပါးသုံးပါး တစ်တွဲတွေ့တဲ့အခါတွေ့ပေါ့။ နည်းနည်းလေးနောက်ကျတဲ့နေ့များဆိုရင်တော့ ဆွမ်းတန်းနဲ့ဆွမ်းခံကြွလာတဲ့ သံဃာတော်များကိုတွေ့ရတတ်ပါတယ်။ ရှေ့ဆုံးက ကိုရင်လေးက ကြေးစည်လေးရိုက်ပြီး နိဗ္ဗာန်ဆော် လုပ်ပါတယ်။ တစ်ခါကတော့ထူးထူးခြားခြား အော်လံလေးကိုင်ပြီး နိဗ္ဗာန်ဆော်လုပ်တဲ့ကိုရင်လေးကို တွေ့ရတော့ အတော်သဘောကျပါတယ်။ ဒါကြောင့်လဲမှတ်တမ်းတင်မိပါတယ်။ ဒီပုံလေးတွေကတော့ မြို့မကျ တောမကျ နံနက်ခင်းလေးရဲ့ ဆွမ်းခံချိန်အမှတ်တရပါဘဲ။ ကျနော် အခုနေတဲ့အရပ်ကလဲ မြို့မကျ တောမကျကိုးဗျ။     ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ ရလာတဲ့အတွေးပါးပါး (6-3-2012)                


“တောင်သမန်ကလက်ပန်ပင်”   တောင်သမန်အင်းမြောက်ဘက်က နေပြီး ဓါတ်ပုံတွေ စိတ်တိုင်းကျရိုက်ပြီးတဲ့အခါ လက်ပန်ပင်ကြီးကို လဲရိုက်ဘို့ သတိရလိုက်ပါတယ်.။ ဒီလက်ပန်ပင်ကတော့ ရတနာပုံတက္ကသိုလ်ကို တက်ဘူးသူတိုင်း၊ တောင်မြို့မှာနေသူတိုင်းသိတဲ့အပင်ကြီးပါဘဲ။ ထူးထူးခြားခြား လမ်းအလည်ခေါင်မှာ မတ်မတ်ရပ်နေတဲ့အပင်ကြီးပေါ့။ မနှစ်က ကျနော် ဒီအပင်ကြီးကို ရိုက်တင်ဘူးပါတယ်။ အဲဒီတုံးကတော့ လမ်းမပေါ်က နေ မတ်တပ်ရပ်ပြီးရို်က်တင်သွားတာပါ။ အခုတော့ ပုံစံအမျုိုးမျိုးနဲ့ပေါ့။ ကဲ  လက်ပန်ကို ခံစားလိုက်ကြပါအုံးနော်။ နောက်အားရင်တော့ ရွှေကြက်ယက်ဘက်က လက်ပန်တွေ ကန်ပတ်လမ်းက လက်ပန်တွေတင်ပေးပါအုံးမယ်နော်။ ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ ရလာတဲ့ အတွေးပါးပါး (1-3-2012)          


    “မန ္တလေးက ရှေးအမွေ အပိုင်းနှစ်”   ကျုံးဘေးမှာမွေးခဲ့ ကြီးပြင်းခဲ့တဲ့ကျနော်တို့က သူများနဲ့တွေ့ရင် “ငါတို့က ရွှေနန်းတော်ခြေကန်မွေးတဲ့ကောင်ကွ”လို့အသားလွတ်ကြွယ်တတ်ပါတယ်။ ကျနော်တို့ငယ်ငယ်က နွေအခါပူရင် ကျုံးနံဘေးက တည်ပင်(ရန်ကုန်ကတော့ ရေတမာလုို့ခေါ်၏) ပင်အောက်မှာ သွားဆော့။ အဲဒီတုံးက ကျုံးကမြေသား။ ညဆိုရင် ကျုံးဘေးက ရေစစ်ကန်ပေါ်၊ရေခပ်ဘို့ထိုးထားတဲ့ တံတားလေးပေါ်သွားထိုင်။ အင်မတန်မှလွမ်းစရာကောင်းသောအချိန်တွေပါ. နောက်တော့ ကွန်ကရစ်ဘောင်နဲ့အစားထိုးတော့ သဘာဝအလှပျက်စီးသွား။ အခုတော့ မပျက်သေးလို့ ကျန်နေ အစားမထုးိရသေးတာလေးတွေကို တင်ပေးလိုက်ပါရဲ့။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး (27-2-2012)