နှစ်ပေါင်း ၁၅ဝ ရှိတဲ့ မန်းလေးမြို့က ကွမ်ရင်မယ်တော်ကျောင်း   ဒီနေ့ မိတ်ဆွေတစ်ယောက်ရဲ့ မင်္ဂလာဆောင်ရှိတော့ လမ်း ၃ဝ ၈၂-၈၃လမ်းကြားမှာရှိတဲ့ ဖူ့ကျင်းကွမ်းရင် ဗုဒ္ဓဘာသာ ကွမ်ရင်မယ်တော်ကျောင်းကိုရောက်ခဲ့ပါတယ်။ ရင်းနှီးနေတဲ့ဘုရားလူကြိးတွေနဲ့စကားပြောကြည့်တော့ဒီကွမ်ရင်မယ်တော်ဆင်းတုက ဒီနှစ်ပေါင်းတစ်ရာငါးဆယ် သက်တမ်းရှိပြီဆိုတာသိရတော့ အတော်လေးရှေးကျတယ်လိုု့ဆိုနို်င်ပါတယ်။ နောက်တစ်ချက်က အတော်လေးအချုိုးအစားကျနလို့ သပ္ပါယ်လှပါတယ်။   ဟိုအရင်က တရုပ်နှစ်သစ်ကူးရက်များမှာ အလွန်စည်ကားခဲ့တဲ့ကျောင်းလဲဖြစ်ပါတယ်။ အဲလိုပွဲတော်ရက်များမှာ စာပွဲတင်တင်းနစ် နဲ့ဘတ်စကက်ဘောပြိုင်ပွဲများက အတော်လေး အဆင့်မီတဲ့ အားကစားသမားတွေကို ပေါ်ထွက်စေခဲ့တာလဲ အမှန်ပါဘဲ။ နေသူရိန်ဝင်းမီးနဲ့ ဦးကျားကြီးမီးဘေးတုံးကကျောင်းပါတ်ပါတ်လည်က အိမ်များနဲ့ ကျောင်းဝင်းထဲက အဆောင်အချို့ မီးဘေးသင့်ပေမယ့် ပင်မ ဆောင်ကတော့လွတ်ခဲ့ပါတယ်။ ဒီကျောင်းဝင်းထဲမှာ တရုပ်ဘာသာစကားသင်ကြားပေးတဲ့ သင်တန်းများလဲရှိပါတယ်။ လူမျိုးမရွေးဘာသာမရွေး တက်ရောက်နိုင်တာလဲအမှန်ပါဘဲ။             […]


တစ်ခုသော ဆောင်းတစ်ရက်အလည်ထွက်ခြင်း     ရန်ကုန်ကပြန်လာကတည်းက မနက်မနက်ဆို လမ်းမလျောက်ဖြစ်တဲ့ရက်တွေများလာပါတယ်။ အရင်ဆို မနက်ငါးနာရီကျော်တာနဲ့ အိမ်ကထွက်လို့လမ်းလျောက်နေကြ.။ ဒါနဲ့ဘဲ ဥပုဒ်တစ်ရက်မှာတော့ စောစောထလို့လမ်းလျောက်ဖြစ်ပါတယ်။ လမ်းမလျောက်တာ ကြာတော့ မနက်ခင်းရဲ့အေးမြတဲ့ လေတွေကြောင့်လူကလန်းဆန်း။ သိပ်မကြာခင် အာရုဏ်ဦးရဲ့ရှေ့ပြေးရောက်နီတွေတက်လာပါတယ်။ နံနက်ခင်းရောင်စဉ်များအောက်မှာ အိန္ဒြေရရ ရပ်နေတဲ့ ပြည်ကြီးမွန်ဖောင်တော်ကလဲလှပ။. သစ်ကိုင်းများကြားကမြင်ရတဲ့ နံနက်ခင်းရောင်ခြည်များကလဲလှပ။ သိပ်မကြာခင်း ဝင်းလက်လာတဲ့နေမင်းကြီးကိုမြင်ရပါတယ်.။           လမ်းလျောက်ပြီးအိမ်ပြန်လာ ရေချိုးပြီး မုန့်စားထွက်ကြပါတယ်။ မုန့်စားနေတုန်း တောင်သမန်အင်းနားက မိတ်ဆွေအိမ်က ဖုန်းဆက်လာပါတယ်။ သူတို့အိမ်ကို မုန့်ဟင်းငါးချက်ထားတာ လာစားဘို့ပေါ့။ အဲဒါနဲ့ မထူးဘူးဆိုပြီးတော့ တောင်သမန်အင်းဘက်ကိုချီတက်ခဲ့ကြပါတယ်။ မိတ်ဆွေအိမ်ကို သွားဘို့စောနေသေးတော့ ဦးပိန်တံတားဘက်ကိုသွားဓါတ်ပုံရိုက်။ တောင်သမန်အင်းကတော့ ဆောင်းအငွေ့တွေကြောင်း မူန်ရီဝေဝေ။ လှေကတော့ မစီးချင်တော့တာနဲ့ မယ်ဇယ်ပင်ကြီးတွေရှိရာ အနောက်ဘက်ကိုသွားခဲ့ကြပါတယ်။ […]


“ငါးတို့ပျော်ရာ ရေကန်သာ(တုံမမနောက်ကလိုက်ခြင်း)” ရန်ကုန်ရောက်တဲ့ရက်မှာဘဲ Mလုလင်နဲ့အရင်ဆုံးတွေ့ပါတယ်။ နောက်တော့ ရန်ကုန်မှာကိုပေါက်အကြွေးရှင်နဲ့တွေ့ဘို့စီစဉ်ရပါတယ်။ ကျနော့်အကြွေးရှင်က ကျနော်တို့ရဲ့ငှက္ကဌကြီး ဦးပါ ပေါ့။ သူနဲ့တွေ့ ပြီး သူဧည့်ခံတဲ့ထမင်းတွေစား ကော်ကော်တွေသောက် တစ်ခါမှ မရောက်ဘူးတဲ့ ဆိုင်လေးမှာပေါ့။ နောက်တော့ တော်ကီတွေ အားရအောင်ပွားပြီး ပြန်ခဲ့ကြပါတယ်။     နေ့လည်ပိုင်းနေကပူတော့ ဓါတ်ပုံရိုက်ဘို့နေရာ စဉ်းစားမရဖြစ်နေပြန်ပါတယ်။ ဆောင်းပေမယ့် မန်းလေးထက်ပူတဲ့ရန်ကုန်ဖြစ်နေပါတယ်။ အဲဒါနဲ့ ဟိုတလောကမှ ကျနော်တို့ရွာသူ တုံမမ တင်ထားတဲ့ကမ္ဘာအေး ငါးကန်ကိုသတိရသွားပါတယ်။ ဒါနဲ့ဘဲ ဆူးလေကနေ ကမ္ဘာအေးကို ပြေးကြပါတယ်။ ကမ္ဘာအေးဝင်းထဲရောက်တော့ ငါးကန်နေရာကိုလိုက်ရှာကြပါတယ်။ ဟိုမေးဒီမေး ဟိုမှားဝင်ဒီမှားဝင်နဲ့ဘဲ ငါးကန်နားကိုရောက်သွားပါတယ်။ ကင်မရာတစ်လုံးနဲ့ဟိုချိန်ဒီချိန်ဆိုတော့ လန့်တဲ့အတွဲတွေလန့်ပေမယ့် ကဲတဲ့အတွဲက တော့ ခပ်ကဲကဲပါဘဲ။     ကန်စပ်နားရောက်တော့ နေရောင်က အနောက်ဖက်ကထိုးနေတော့ ဓါတ်ပုံရိုက်ဘို့ ခက်ပါတယ်။ […]


                    “ စစ်ကိုင်းတောင်အရှေ့နားဆီက“   ဒီဇင်ဘာဆောင်းတစ်ရက် ရန်ကုန်မှာရွာသူတစ်ယောက်မန်းလေးကိုဖြတ်လို့ စစ်ကိုင်းတောင်ဆီကို ရောက်လာပါသတဲ့။ အဲဒီမှာသူက မန်းလေးက ရွာသူားတွေကိုတွေ့ချင်တော့ ဖုန်းဆက်လာပါတယ်။ အဲတော့လဲ မန်းလေးက ရွာသူတွေက အပြင်ထွက်လာသူမရှိ။ ရွာသားများဘဲရှိလို့အကြောင်းပြန်ရင်း ရွာသားတွေကို ပေါင်းစုရအောင်မောင်းထုပါတယ်။ (ခေတ်သစ်မောင်းကတော့ ဟန်းဖုန်းပါဘဲ) ညကတော့ ဟိုလူလဲပါ။ ဒီလူလဲပါ။ ဓါတ်စာပညာရှင် က သူ့ကားနဲ့သွားမယ်ဆိုတာနဲ့အားလုံးကိုကျနော့်ရုံးမှာချိန်းလိုက်ပါတယ်။ ချိန်းထားတာက ဆယ်နာရီ။ ရောက်မလာသေးတော့ အားလုံးကိုထပ်ဆက်သွယ်တော့ တစ်ယောက်က လူကြီးနောက်ဂေါက်ရိုက်။ တစ်ယောက်ကတော့ ကျောက်ကိုက်လို့ အိပ်ယာမထနိုင်။ ဒါနဲဘဲ လာသူသုံးယောက်နဲ့ ကျနော် ပေါင်းလေးယောက်စစ်ကိုင်းတောင်ကို ခရီးဆက်။ ချောင်ကိုမရောက်ဘူးတော့ ရွာသူဆီ ဖုန်းဆက်လို့နေရာမေး။ ဟိုမေးဒီမေးနှစ်ခါလောက်ဆိုတော့ သွားလိုတဲ့နေရာရောက်။ […]


                    “တောင်တက်လမ်းမှာတွေ့ခဲ့ရသမျှ”     စားလို့သောက်လို့ပြီးတော့ တောင်ပေါ်တက်ဘို့ပြင်ကြပါတယ်။ တောင်ကုန်းလေးက ကျောက်ဆောင်တွေနဲ့အပြည့်နဲ့ပါဘဲ။ အောက်ခြေမှာတွေ့တဲ့ရွှေစေတီလေးကနေ တောင်ဘက်ကိုဆက်သွားတော့လမ်းမှာ ဒူးတုပ်နေတဲ့ပုံစံထုလုပ်ထားတဲ့ ကျောက်ဆင်ရုပ်ကြီးကိုမြင်ရပါတယ်။ တောလမ်းလေးရှိတယ်လို့ပြောတာနဲ့ ကျနော်က ရှေ့ကအသွား လမ်းလဲဆုံးရော စေတီလေးတစ်ဆူကိုမြင်ရ။ ဆက်သွားမယ်အလုပ်လမ်းပျောက်သွားမှ လမ်းမှားမှန်းသိရပါတယ်။ အဲဒါနဲ့အောက်ဘက်ပြန်ဆင်းလိုက်မှတောင်တက်လမ်းအမှန်ကိုတွေ့ရပါတယ်။ အဲဒီကနေဆက်အသွားလမ်းမှာလဲ ကျောက်ဆင်ရုပ်တစ်ရုပ်ထပ်တွေ့။ အဲဒီကနေတောလမ်းလေးအတိုင်းသွားတော့ ဥမင်လှိုဏ်လေးတစ်ခုကို အဝင်တံခါးတွေ ဆောက်ထားတာတွေ့ရ။ မြင်ရတဲ့ပုံကတော့ ဆက်မဆောက်တဲ့ပုံ့စံပါဘဲ။ အဲဒီကနေ အုတ်စီလမ်းလေးအတိုင်းဆက်သွားတော့အပေါ်မှာ ဇရပ်တစ်ဆောင်။ အဲဒီဇရပ်လေးရဲ့အတက်မှာတော့ ကျနော်တို့သွားမယ်ဆိုတဲ့ စေတီလေးကိုမြင်နေရပါတယ်။ အဲဒီနားမှာဘဲ ကျနော် ချောင်းရိုက်တာ ခံလို်က်ရပါတယ်။     ကိုပေါက်လမ်းသလားနေသည် (20-12-2012)      


                              “ပြင်ဦးလွင်မှအပြန်လမ်း”     ညနေ နှစ်နာရီကျော်ကျော်လောက်မှာတော့ ပြင်ဦးလွင်ကနေပြန်ဆင်းလာခဲ့ပါတယ်။ အပြန်လမ်းမှာတော့ ဗျုးပွိုင့်ညနေခင်းလေးကို ရချင်မိပါတယ်။ ဆောင်းဝင်စပြုပြီဆိုတာရယ် တစ်ယောက်ထဲရယ်ဆိုတော့ သိပ်မိုးချုပ်လို့တော့မရပါဘူး။ ဒါနဲ့ဘဲလမ်းမှာတွေ့တဲ့ တိမ်ပုတ်ပုတ်လေးရယ် ရွာထဲအဝင်လမ်းကလေးရယ်။ ချစ်စရာ အဝါအစိမ်းရောနေတဲ့လယ်တောအိမ်လေးကို တော့အမိအရ။ အပြန်လမ်းဆင်းလာရင်းနဲ့တစ်နေရာမှာ တောရိုင်းပန်းဝါဝါလေးတွေ့တော့ မနေနိုင်။ သူ့နံဘေးနားမှာတော့ ကိုင်းတောလေးရယ် တိမ်ပြာပြာရယ်ကလှပ။ နောက်တော့ ဗျုးပွိုင့်မှာဆင်းပြီး ထပ်ရိုက်။ အဲဒိကဆက်အဆင်း ဇီးပင်ကြီးအလွန်မှာတော့ ဟိုးအဝေးက တောင်ခါးပြတ်ကြီးကိုလက်ဆော့၊ အောက်ဆုံးနားအရောက်မှာတော့ ညနေငါးနာရီခွဲကျော်ကျော်ပေမယ့် နေမင်းက ဝင်လုဆဲဆဲ။ အရင်က ခက်ခဲစွာမောင်းခဲ့ရတဲ့ကျော်တောင်လမ်းကျဉ်းလေးရောက်တော့ မြေပြန့်လဲနီးပြီမို့ ဆိုင်ကယ် လမ်းဘေးထိုးပြီး […]


                      “မေမြို့သို့မဟုတ်…………….သို့အသွားလမ်း”   မန်းလေးမြို့ နဲ့ ၄၁ မိုင်အကွာမှာရှိတဲ့ နာမည်များစွာပိုင်ဆိုင်တဲ့ တောင်ပေါ်မြိုှုလေးကို သွားဘို့ ကိစ္စပေါ်လာခဲ့ပါတယ်။ ခါတိုင်းတော့အဖော်တွေနဲ့အတူသွား။ ဒီတစ်ခေါက်ကတော့တစ်ယောက်တည်း။ ဟိုကလူတွေကလှမ်းသတင်းပေးပါတယ် “မနက်ပိုင်းဆိုရင် အတော်လေးအေးတယ်နော်”တဲ့။ ဒါနက်သိပ်အစောကြီးမတက်ဘဲ မနက် ရနာရီခွဲလောက်မှာ မနက်စာ စားသောက်ပြီးထွက်လာခဲ့ပါတယ်။ သိပ္ပံလမ်းအတိုင်းအရှေ့တက်အောင်ပင်လယ်ရောက်။ မေမြို့ (ခ)ပြင်ဦးလွင်(ခ)ပန်းမြို့တော်(ခ)ပန်းကမ္ဘာမျှော်စင်လို့ ခေါ်ကြတဲ့ခရီးလမ်းကိုစခဲ့ပါတယ်။ လက်ဆော့စရာ ဟိုငေးဒီငေး ။ ဆောင်းနေအခမှာ အလင်းတန်းလေးကျနေတာမြင်တော့ မနေနိုင်တော့ပါဘူး။ အဲဒါနဲ့ဆင်းပြီးရိုက်။ လမ်းသွားနေရင်းကိုယ့်ရှေ့ ကမုန့်သယ်က ဆိုင်ကယ်အပြည်တင်လာတာကိုရိုက်ချင်တော့ မှီအောင်လိုက်။ ကင်မရာကို ဘယ်လက်နဲ့ကိုင်ရိုက်လိုက်တာ လိုချင်တဲ့ပုံလေးကိုရလို်က်ပါတယ်။ လမ်းမှာ ဆိုင်ကယ်ကားရေဆေးတဲ့နေရာက ရေပန်းလေးတွေမြင်ပေမယ့် ဗျုးပွိုင့်မှာကြာအုံးမယ်ဆိုတာသေချာတော့ မရိုက်ဖြစ်။ ဗျူးပွိုင်မရောက်ခင်ခြောက်ထပ်ကွေ့လမ်းခွဲလေးမှာ […]


              “စားချင်စရာ ငါးကျပ်တင် တွေပေါတဲ့ အောင်ပန်းဈေးနေ့” ၁၈     ၂၀၁၁ မှာအောင်ပန်းကို  ပထမဆုံးအကြိမ်ရောက်တဲ့အခါ ဈေးနေ့နဲ့ကြုံပါတယ်။ ဈေးကြီးအဝင်လမ်းတန်းမှာ လမ်းဘေးဝဲယာ က တစ်တန်းအလယ်ခေါင်မှာနှစ်တန်း ကျောခြင်းကပ် ဆိုင်တွေခင်းရောင်းကြပါတယ်။ အဲဒီတုန်းကတော့ ကျနော်က လူပုံတွေကိုလက်ဆော့ဘို့ စိတ်မဝင်စားတော့မရိုက်ဖြစ်ခဲ့ပါဘူး။ အမှန်ကတော့ မရိုက်ရဲတာလဲ ပါပါတယ်။ ဒုတိယတစ်ခေါက် ကျပြန်တော့ ဈေးနေ့နဲမဆုံ။ အခုတစ်ခေါက်မှာတော့ ဈေးနေ့နဲ့ဆိုပေမယ့် ဆိုင်တွေက အရင်လို လမ်းမတန်းမှာခင်းထားတာမတွေ့။ မေးကြည့်တော့မှလမ်းကြားထဲမှာဘဲဖွင့်ခွင့်ပြုတယ်လို့ သိရပါတယ်။ အဲဒါနဲ့ ဈေးအရှေ့ဘက်လမ်းကြားထဲကိုဝင်ခဲ့ပါတယ်.။ ဈေးတန်းကြီးကလဲ အရှည်ကြီး၊ အဲဒီမှာ တုတ်ကလေးတွေနဲ့သီထားတဲ့ အကင်လေးတွေမြင်လို့မေးကြည့်တော့။ အကောင်ရှည်ရှည်လေးတွေက ငါးရှဉ့်ကျပ်တင်ပါတဲ့။ အပုသေးသေးလေးတွေက တော့ ငါးရံ့ကင်ပါတဲ့။ အကောင်ကြီးကြီးတွေလဲ ပါပါတယ်။ […]


    “လျပ်တစ်ပြက်ကလော ” ကလောကိုရောက်သွားတဲ့တစ်ရက် ထွက်စက မိုးတွေကျနေပါတယ်။ အဲတော့ မိုးကာ တွေဝတ်ထားရတာပေါ့။ မိုးရွာတော့ အသွား ဓါတ်ပုံရိုက်ဘို့အဆင်မပြေတော့ဘူးလေ။ လာရင်းတန်းလန်းနဲ့ နေတွေက ပူလာပါတယ်၊ သွားနေရင်းဆိုင်ကယ်က စီးရတာ တမျိုးကြီးဖြစ်နေလို့ ငုံ့ကြည့်တော့ ရှေ့ဘီးကလေလျော့နေပါတယ်။ ဆို်င်ကယ်က အောင်ပန်းက မိတ်ဆွေက ပေးငှားလိုက်တဲ့ ဆိုင်ကယ်ပါ။ အဲတော့ ဘီးဖာတဲ့ဆိုင်ရှာရပါတယ်။ ဟိုမေးဒီမေးနဲ့ ညွန်လိုက်တဲ့နေရာကတော့ အောင်ပန်းဈေး အနောက်ဘက် လမ်းမှာရှိတဲ့ ဘုရားရဲ့               အနောက်ဘက်လမ်းမှာ ဆိုင်ကယ်ဘီးဖာတဲ့ဆိုင်ရှိတယ်ပြောတာနဲ့ ဆိုင်ကယ်ကို တွန်းသွားပါတယ်။ 18နှစ်လောက်ရှိတဲ့ကလေးလေးတစ်ယောက်က ဆိုင်ကယ် ကို ဝါယာရိန်းလုပ်နေပါတယ်။ အသက်50ကျော်လောက်ရှိတဲ့ ယောက်ျားကြီးက အင်ဂျင်နိုု်က်နေပြီး အသက်ကြီးကြီး မိန်းမကြီးက ဆိုင်ကယ်ဘီးဖြတ်ပေးပါတယ်။ လေစမ်းတော့ အသစ်လဲရမယ်တဲ့။ အဲဒါနဲ့လမ်းတောင်ဘက်က ဆိုင်လေးမှာ ကျွတ်အသစ်ဝယ်ထည့်ပါတယ်။ ပြီးတော့ဘယ်လောက်ကျလဲမေးတော့ 800တဲ့ […]


        8 ဘုရားဒါယိကာ မင်းတုန်းမင်း နောက်တစ်ပါတ်ဆိုရင် မန်းလေးတောင်ခြေက  ကုသိုလ်တော်ဘုရားပွဲစပါပြီ မန်းလေးသားများ အမှတ်ရအောင်သတိပေးတာပါ   ကိုပေါက်လမ်းသလားနေသည် (23-10-2012)  


          “အေးရိပ်တွင်ခိုလှုံခြင်း……………….”       ဒီနှစ်မိုးတွင်းက မိုးနည်းတော့ နွေအခါနဲ့သိပ်မခြားဘဲပူလွန်းလှပါတယ်။ အလုပ်ပိတ်တဲ့ဥပုဒ်ရက်မှာ မနက်ကိုးနာရီလောက်ကျောက်တော်ကြီးဘုရားကနေအပြန အရှေ့ကျုံးလမ်းအတိုင်းဆိုင်ကယ်မောင်းလာရင်းက ၂၆ဘီလမ်းအရောက်မှာ ရေတံခွန်တောင်ဘက်ကို သွားချင်လာမိပါတယ်။ ရေတံခွန်တောင်ထိတော့သွားဘို့စိတ်ကူးမရှိပါဘူး။ တကယ်သတိရမိတာက အဲဒီအသွားလမ်းက အောင်ပင်လယ်ကိုပါ။ အဲဒါနဲ့ ၂၆ဘီလမ်းအတိုင်းအရှေ့တက် အောင်ပင်လယ်ကန်ဘောင်ရိုးအတိုင်းမြောက်ဘက်ဆက်သွားပါတယ်။ အောင်ပင်လယ်ကန်ဘောင်ရိုးမှာလဲ အရိပ်မရှိတော့ နေကတော့ပူပါတယ်။ ဒါပေမယ့် လယ်ကွင်းကိုဖြတ်တိုက်လာတဲ့အေးမြလတ်ဆတ် မွှေးလှတဲ့ လေကြောင့် စိတ်တွေလန်းဆန်းလို့လာပါတယ်။ ၃၅ လမ်းရောက်ပြီးနည်းနည်းလေး လွန်သွားတာနဲ့ လမ်းဘယ်ဘက်ဘေးမှာရှိတဲ့ လမ်းခွဲလေးကို ဖဲ့ဆင်းလိုက်ပါတယ်။ ဒီလမ်းလေးကတော့ အောင်ပင်လယ်ရင်ခွင်ကိုဖြတ်ပြီး ဖောက်လုပ်ထားတဲ့လမ်းပေါ့။ ရေတံခွန်တောင်ကိုသွားလို့ရတယ်။ မန်းလေးစက်မှု့တက္ကသိုလ်ကိုသွားလို့ရတယ်။ ကျနော်ဒီလမ်းလေးကို အကြိမ်ပေါင်းများစွာဖြတ်သွားပေမယ့် မရိုးနိုင်အောင်ပါဘဲ။ လမ်းအပေါ်ကိုစီးမိုးထားတဲ့ သစ်ပင်တွေရှိတာကြောင့် လမ်းကလေးထဲကိုဝင်လိုက်တာနဲ့အေးမြ။ အဝေးကနေလာတဲ့လေကလဲ စိမ်းမြတဲ့ကောက်ပင်တွေကို ဖြတ်သန်းပြီးတိုက်ခတ်လာတဲ့အတွက် လတ်ဆတ်အေးမြ။ အောင်ပင်လယ်ကို […]


            “ပန်းပျိုးဥယျာဉ် တစ်ခုသို့အလည်သွားခြင်း”(နှစ်)     ခြံအတွင်းထဲရောက်တဲ့အခါမှ အပြင်ကလှမ်းမမြင်ရတဲ့ အပင်တွေကိုတွေ့ရပါတော့တယ်။ ပန်းလေးတွေထဲမှာရောင်စုံစက္ကူပန်းတွေများပါတယ်။ အရှေ့ဘက်ဆုံးထွက်လိုက်တော့ ကန်တော်ကြီး ရေပြင်။ နံဘေးနားက တဲအိမ်လေးနားမှာတော့ ပုစွန်ဆီအရောင်အသွေးနဲ့ခေါင်ရမ်းပင်၊ တစ်ခြံလုံးပါတ်ပါတ်လည်မှာ စက္ကူပန်းပင်တွေနဲ့ဝေဝေဆာဆာ။ စက္ကူပန်းကတော့တစ်ပင်ထဲမှာကို အရောင်မျိုးစုံ။ လိုက်ပြတော့ အဒေါ်ကြီးကတော့ ကျနော်ပန်းပင်တစ်ပင်နားရောက်ရင်တစ်ခါရှင်းပြ။ ခက်တာက အခုပြန်တွေးတော့ နာမယ်တွေမမှတ်မိတော့။. ထူးဆန်းတဲ့အပင်လေးကတော့ ဂမုန်းမျိုးစိတ်ဖြစ်ဘို့များပါတယ်။ လိပ်ပြာလေးပျံနေတဲ့ပုံစံ။ နောက်ထူးခြားတဲ့ပုံစံလေးပွင့်နေတဲ့အပင်လေးမေးကြည့်တေ့ာ မီးပုံးပန်းတဲ့.။ ကျနော်အတော်စုံအောင်ရိုက်ပြီးပြန်အထွက်မှာတာ့ “ကျမတို့ခြံကို ပန်းပင်ဝယ်ချင်တဲ့သူလွှတ်ပေးနော်”လို့ရိုးသားစွာ ဖိတ်ခေါ်ပါတယ်။ ဒါကြောင့်လဲပြန်အထွက်မှာခြံနံမယ်လေးသတိတရရိုက်ခဲ့ပါတယ်။ ပဒုမ္မာ ပါတဲ့။ ကဲသွားချင်တဲ့မန်းလေးက မိတ်ဆွေများကို နေရာလေးညွှန်းပေးလိုက်ပါမယ်။ အရှေ့ဘက်ကနေ ကန်တော်ကြီးအတိုင်းတည့်တည့်ဝင်လာ။ ကော်ဖီတာဝါစင်ကြီးနားမရောက်ခင်မှာတွေ့ရမယ့် လမ်းထဲကို ချိုးဝင်လိုက်ပါ။ အဝင်ဝကနေ နည်းနည်းသွား။. ညာဘက်လမ်းအတိုင်းကွေ့ ရင် စတွေ့ရတဲ့ခြံလေးကတော့ […]