“ပန်းပျိုးဥယျာဉ် တစ်ခုသို့အလည်သွားခြင်း”(တစ်)     ပြီးခဲ့တဲ့ဥပုဒ်နေ့က ထုံးစံအတိုင်း မနက်လမ်းလျောက်ထွက်လာခဲ့ပါတယ်။ ခါတိုင်း အလုပ်ပိတ်ရက်ဆိုရင် မနက်ရှစ်နာရီလောက်မှအိမ်ပြန်ရောက်တတ်ပါတယ်။ ကန်တော်ကြီးတောင်ဘက်လမ်းအဆုံးက ရှမ်းလေးကျွန်းထိသွားတာကိုးဗျ။ အခုရက်ရှမ်းလေးကျွန်းကိုသွားထားတာလဲသိပ်မကြာသေးတော့ မသွားချင်။ ဒါနဲ့ဘဲ လမ်းတစ်ဝက်မှာရှိတဲ့ပျိုးပင်တွေရောင်းတဲ့ဥယျာဉ်ထဲကိုဝင်လာခဲ့ပါတယ်။ ဟိုငေးဒီလျောက်နဲ့လာလိုက်တာ တစ်နေရာအရောက်မှာအင်မတန်မှလှပတဲ့ အဝါရောင်ပန်းပွင့်တွေက ကျနော်ကို “ လာခဲ့”လို့ခေါ်နေသလိုလို။ ဒါနဲ့ဘဲ အဲဒီအဝါရောင်ပန်းတွေကို ဓါတ်ပုံရိုက်။. ခြံထဲလှမ်းကြည့်တော့ ပန်းရောင်စက္ကူပန်းတွေက အဆုပ်အဆုပ်။ နောက်တော့အကြော်ပင် စင်္ကြာပန်းပင် စံပယ်ပင်အဖြူရောင်တွေစုံလို့ပါဘဲ။ ကျနော်ပန်လေးတွေရိုက်နေတုံးခြံပိုင်ရှင်အဒေါ်ကြီးထွက်လာပါတယ်။ ကျနော်ကို သူတို့အိမ်လေးရဲ့အရှေ့ဘက်မှာ ပန်းတွေရှိတဲ့အကြောင်း ပြောပြီး ဝင်ပြီးဓါတ်ပုံရိုက်ခိုင်းပါတယ်။ အဲဒါနဲ့ဘဲ အတွင်းထဲကိုရောက်သွားတဲ့အခါ ပန်းဝင်္ကပါထဲရောက်သွားသလိုပါဘဲ။. ကဲမပြောတော့ဘူးနော် ကြည့်ဘဲကြည့်လိုက်ပါတော့   ကိုပေါက်လမ်းသလားနေသည် (11-8-2012)      


      “အဟုတ်တကယ်တီးလို့ကောင်းတဲ့………… အိုဘယ့် တရုပ်ဇီးသီး……………….ံ”     ဒီနေ့ မနက်စစ်ကိုင်းဘက်ကို ရောက်သွားပါတယ်။ အဓိက ကတော့တရုပ်ဇီးသီးဝယ်ချင်လို့ပါ။ နှစ်တိုင်းနှစ်တိုင်း ဒီအချိန်ရောက်ရင်သွားဝယ်နေကျပါ။ ဒီအသီးလေးတွေကို တရုပ်ဇီးသီးလို့ခေါ်ပေမယ့် နာမယ်အရင်းကနှင်းသီးဖြစ်ပါတယ်။ အသီးအရသာက အရမ်းချိုပါတယ်။ လွန်ခဲ့သော ဆယ်နှစ်လောက်က ထိ ဒီအသီးကို လူသိနည်းပါတယ်။ စစ်ကိုင်းမြို့နဲ့စစ်ကိုင်းတိုင်းအထက်ပိုင်းလောက် ကလူများသာ နှစ်သက်စွာစားကြပါတယ်။ 2000ခုနှစ်ပိုင်းမှာတော့ မြန်မာပြည်ကို မြောက်ပိုင်းကလူတွေအနေများလာပါတယ်။ အဲတော့လဲဒီအသီးတွေက တရုပ်တန်းဈေးထဲကိုရောက်လာတော့တာပေါ့။ အဲတော့မှ မြန်မာတွေလဲစားရကောင်းမှန်းသိလာတာပေါ့။ ဒီတော့လဲ ဒီအသီးလေးက ဈေးကွက်ဝင်လာတာပေါ့။   စစ်ကို်င်းမြို့က အိမ်တိုင်းလောက်မှာ ဒီတရုပ်ဇီးသီးပင်ရှိပါတယ်။ ဒီအပင်က အကြမ်းအတမ်းခံပါတယ်။ အသီးပေါ်ချိန်မှာတော့ အသီးတွေကို စက္ကူအိပ်နဲ့စွပ်ထားရပါတယ်။ အသီးကချိုတော့ ငှက်တွေလင်းဝက်တွေအရမ်းကြိုက်တော့ အုပ်မထားရင် အကုန်စားပစ်တတ်ပါသတဲ့။ ကျနော်ကြိုက်မှန်းသိတော့ စစ်ကိုင်းကမိတ်ဆွေတွေက အမြဲပို့ပေးပါတယ်။ သူတို့မပို့သေးခင်စားချင်တော့ […]


      ဒီပုံလေးတွေကတော့ မူဆယ်ကနေမန္တလေးအပြန်လမ်းမှကားပေါ်ကနေတွေ့ခဲ့ရတဲ့ မိုးတိမ်ခိုးတွေဆိုင်းနေတဲ့မြင်ကွင်းလေးပါဘဲ.


  “သစ်ပင်ကဖြစ်တဲ့ကျောက်”     ကျနော်ဓါတ်ပုံရိုက်ခဲ့တဲ့ဆိုင်ပိုင်ရှင်ကအတော်လေးသဘောကောင်းပါတယ်။ သူ့ဆိုင်ထဲမှာလဲခင်းကျင်းထားတဲ့ ပစ္စည်းတွေက လှလဲလှ အနုပညာလည်းမြောက်လှပါတယ်။ ကနုမာခွံလေးတွေဆိုရင်လဲ လှလှပပဖြူဖြူဖွေးဖွေး။ အင်ကြင်းကျောက်များကလဲ အချောက်ိုင်ထားတော့ဝင်းဝင်လက်လက်။ ကျနော်အကြိုက်ဆုံးကတော့ ကျွဲချိုနဲ့ ကနုကမာတွဲထားတဲ့အလှပစ္စည်းလေးပါဘဲ။ ဆိုင်ထဲမှာရော ဆိုင်အပြင်ဘက်မှာပါ အရောင်အသွေးစုံလှတဲ့ကျောက်တုံးတွေအများကြီးပါဘဲ။ ပုံစံဆန်းဆန်းတွေလဲပါရဲ့။ သူဆိုင်အဝင်ဝမှာ အချောမကိုင်ရသေးတဲ့ အင်ကြင်းပင်အရိုင်းကြီးကလှဲထားပါတယ်။ အဲဒီအပင်မြင်မှ ကျောက်မျက်ပြခန်းအဝင်နားမှာ ချထားတဲ့အင်ကြင်းကျောက်ကြီးကို သတိရသွားပါတယ်။ အပင်ကြီးကို (7)ပိုင်း တိတိပိုင်းထားပါတယ်။ အောက်မှာဒလိမ့်တုံးတွေခံလိုပေါ့။ လုံးပါတ်ကလဲ လက်တစ်ဖက်စာမက။ ဘယ်ကနေရောက်လာတယ်တော့မသိတတ်ပါဘူး။   အဲဒီအပင်ကြီးနဲ့မျက်နှာချင်းဆိုင်မှာတော့ ပုံစံအမျိုးမျိုး အရွယ်အစားအမျိုးမျိုးနဲ့ချထားတာကိုတွေ့ရပါတယ်။ အားလုံးကအချောကိုင်ပြီးရင်ရောင်းဘို့ပါဘဲ။ သူတို့နားဘေးမှာတော့ မတ်မတ်ရပ်ရပ်နေတဲ့ ကျောက်တိုင်တွေ။ ဒီကျောက်တိုင်တွေက အကြမ်းထည်အဆင့်မှာဘဲရှိပါတယ်။ သူနဲ့မလှမ်းမကမ်းမှာကျောက်စားပွဲခုံတစ်စုံ။ ကျနော်ရောက်သမျှနေရာတော်တော်များများမှာ ကျောက်စားပွဲခုံလေးတွေ ့ ကို တွေ့ရပါတယ်။ အဲဒီကနေပြန်လာတော့ မတ်မတ်ရပ်နေတဲ့ သစ်ညီနောင်။ အကြမ်းထည်အဆင့်။ ရွှေလီတံတားဘက်ကိုသွားမယ့်အဝိုင်းပါတ်မှာတော့ဆိုင်လေးတစ်ဆိုင်ထဲမှာ […]


    “အင်ကြင်းကျောက်လို့ခေါ်ပါသတဲ့…………………..”   ဟိုအရင်လေးငါးနှစ်လောက်က မတွေ့တာကြာတဲ့မိတ်ဆွေတစ်ယောက်နဲ့တွေ့တော့ မာကြောင်းသာကြောင်းမေးကြရင်း သူက “အင်ကြင်းကျောက်”အရောင်းအဝယ်လုပ်နေတယ် လို့ပြောတေ့ာ ဒီအခေါ်အဝေါ်လေးကနားထဲမှာခပ်ဆန်းဆန်း။ ပြောလို့နားထောင်ထားလိုက်တယ် သူဘာဆိုလိုချင်မှန်းမသိ.။ 2010ပထမတစ်ခေါက်ရောက်တော့ ကျောက်မျက်တန်းတစ်လျောက်နဲ့သူတောင်ဘက်က အပြမှာ ဒီလိုအင်ကြင်းကျောက်ဆိုင်လေးတွေတွေ့ခဲ့ရပါတယ်။ အဲဒီကနေတောင်ဘက်ကိုဆက်သွားတော့ ခြံဝန်းထဲမှာ ယာယီတဲလေးတွေနဲ့ အင်ကြင်းကျောက်တွေကို အချောက်ိုင်နေကြတဲ့ မြန်မာလုပ်သားတွေကိုတွေ့ရပါတယ်။ အဲဒီတုန်းက ကင်မရာမရှိသေးတော့ကြည့်ရုံဘဲကြည့်ခဲ့ရပါတယ်.။ ဒီတစ်ခေါက်သွားတေ့ာအဲဒီနားမှာ ကားပြင်တဲ့နေရာဖြစ်နေပါတယ်။ ကျယ်ခေါင်ထဲမှာ အင်ကြင်းကျောက်ရောင်းတဲ့ဆိုင်လေးတွေ တွေ့ပေမယ့် ဓါတ်ပုံမရိုက်ဖြစ်ပါဘူး။ ရိုက်ဘို့အဆင်မပြောတာ လဲ ပါပါတယ်။ ရူ့ခင်းတွေဘာတွေသာ ရိုက်လို့ကောင်းတာ ဆိုင်တွေရိုက်ဘို့ဆိုတာက သူတို့မနှစ်သက်မှာစိုးလို့ပါ။ အဲဒါနဲ့တစ်ရက်မှာတော့ ခြင်္သေ့ရုပ်ကြီးကို ရိုက်ချင်တာနဲ့ ရွှေလီဘက်ကို အသွား အင်ကြင်းကျောက်တွေကို အချောကိုင်ပြီးရောင်းတဲ့ဆိုင်လေးတွေကို တွေ့ရပါတယ်။ ဒါနဲ့ဘဲ ဘာသာပြန်ုလို့လွဲစရာမရှိတဲ့ နိုင်ငံတကာ ဘာသာစကားသုံးလို့ဆိုင်ရှင်ကိုတောင်းပန်ပြီးရိုက်တော့ လှပသောအသွင်ရှိတဲ့ပုံတွေကိုရပါတယ်။ သူတို့တွေကဒီအင်ကြင်းကျောက်တွေကို အိမ်မှာအလှဆင်ဘို့အတွက်ဈေးကြီးပေးလို့ဝယ်ကြပါတယ်. ဒီကျောက်တွေဘယ်ကလာသလဲဆိုတာတော့…………….   […]


        “လက်ဖက်ရည်သောက်မယ်  ထမင်းစားမယ် (သူတို့ဆီမှာ)………….”     သင်္ကြန်ပြီးနောက်ပိုင်းမှာ ကျနော်ခရီးတွေဆက်တိုက်ထွက်နေရပါတယ်။ အဲဒီလိုခရီးထွက်ချိန်မှာကြုံရတဲ့အခက်အခဲကတော့ လက်ဖက်ရည်သောက်တာ ထမင်းစားတာပါဘဲ။ လက်ဖက်ရည်သောက်တဲ့အခါ ကိုယ်ကြိုက်တဲ့ပုံစံကိုဖျော်ပေးတဲ့ဆိုင်ရအောင် ဟိုဆိုင်ထိုင်ဒီဆိုင်ထိုင်နဲ့စမ်းသောက်ရတာပေါ့။ အခုခေတ်မှာတော့ ဘာဘဲပြောပြော မြို့ကြီးနဲ့နယ်မြို့ကွာခြားချက်သိပ်မရှိတော့ပါဘူး။ ကိုယ်က ရှာနိုင်ဘို့ဘဲလိုအပ်ပါတယ်။   တောင်ကြီးရောက်တော့ ကမ္ဘောဇဘဏ်နဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့လက်ဖက်ရည်ဆိုင်မှာထိုင်ဖြစ်ပါတယ်။ ခရီးထွက်တယ်ဆိုရင် မြန်မာထမင်းဆိုင်မှာစားတာထက် တရုပ်ဆိုင်မှာစားဖြစ်တာများပါတယ်။ မြန်မာဟင်းက ထမင်းဟင်းတွဲလျက် ကိုယ်မှာတာကိုယ်စားရုံသက်သက်။ တရုပ်ဟင်းကတော့ ဟင်းလေးပွဲလောက်မှာ အတူတူစားဆိုတော့ အပြောင်းအလဲဖြစ်သလို ပူပူနွေးနွေးစားရတာ တပန်းသာပြန်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အောင်ပန်းအရောက် ကိုယ်တည်းတဲ့ ရူခင်းသာနံဘေးမှာက တရုပ်ထမင်းဆိုင်တစ်ဆိုင် မြန်မာထမင်းဆိုင်တစ်ဆိုင်ရှိပါတယ်။ အဝေးမှာတော့ ဆိုင်တွေအများကြီးပေမယ့်တကူးတက သွားမစားဖြစ်။ ညပိုင်းရောက်ပြန်တော့ မိတ်ဆွေတွေထမင်းစားလာခေါ်လို့လိုက်သွားပြန်ရင်လည်းတရုပ်ဆိုင်။ နေ့လည်ထမင်းစားချိန်ရောက်ပြန်တော့ မြန်မာဆိုင်လေးမှာက ထိုင်စရာမရှိအောင်လူများ.။ တရုပ်ဆိုင်ကဟင်းချက်ကောင်းပေမယ့် ကြာတော့လဲရိုးသွားတာပါဘဲ။ တစ်ခါစားပြန်ရင်လဲ သုံးယောက်ကို […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်းတစ် (တောသားမြို့ သွားစီစဉ်ခန်း)” ကျနော်ရန်ကုန်ကို မရောက်တာ 1983ခုနှစ်ကတည်းကဆိုတော့ 29နှစ်။ ကျနော်သူငယ်ချင်းဟောင်းမှန်သမျှ နိုင်ငံခြားရောက်သူရောက် မြန်မာပြည်အနှံ့ရောက်သူရောက် ရန်ကုန်မှာဘယ်သူမှ မရှိတော့ဘူး။ အဲတော့ ရန်ကုန်ကိုလာဘို့စိတ်ကူးမရှိခဲ့ဘူး။ 2009ကစလို့ ဘာအခွင့်အလမ်းမှ မျော်လင့်စရာမရှိတဲ့ အင်တာနက်မှာ ဝါသနာအရ စာရေးလိုက် ဓါတ်ပုံတွေတင်လိုက်လုပ်ရာကနေ ကိုပေါက်(မန္တလေး)ဆိုတဲ့ နာမယ်လေးက လူသိလာပါတယ်။ လူသိတယ်ဆိုတာလဲ အများကြီးမသိပါဘူး စာတစ်ခါရေးမှ ကော်မင်းလေး ဆယ်ခုတောင်မရသေးတဲ့ စာပေဝါသနာအိုးပါ။ (ဒါပေမယ့် ကို်ယ့်စိ်တ်ထဲတော့ လူအတော်သိနေပြီဆိုပြီး တစ်ခါတစ်ခါ ဘဝင်တွေမြင့်တတ်ပါတယ်။ ပညာသည်လဲမဟုတ်တော့ အများကြီးလဲ မပြောတတ်ပါဘူး။) လောလောဆယ် ကျနော်ဝင်ပြီးတစ်ခါထဲရေးနေတဲ့ဆိုက်တွေကတော့ (1) မြန်မာသူငယ်ချင်းများနေ့ (2) poemscornor (3) အိမ်လွမ်းသူ (4)ချောကလက်မြို့တော် (5)ထာဝရသူငယ်ချင်းများ (6)ချစ်သူမြို့တော် အပါအဝင်ဆယ်ခုလောက်ရှိမယ်ထင်ပါတယ်။ အဲတော့ စာတွေရေးနေရင်းက အဲဒီဆိုက်က မိတ်ဆွေများလဲရှိလာပါတယ်။ […]