“စိတ်မိတ္တူ”   ကိုယ်လိုတာကို ချဲ့လိုက်   ကိုယ်မလိုတာကို ချုံ့လိုက်   ဆိုတော့ ကမ္ဘာကြီးကလဲ   ကျယ်လိုက်   ကျဉ်းလိုက်     ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၇၁၁၁၆


” ဟတ်ထိတယ် ”   ဘဝမှာ တစ်ခါ တစ်ခါတော့ ဘာမှမသိတာ ပိုကောင်းသလိုလို။   ဖုံးထားတာကိုဖော်မိ လိမ်နေတာကိုဖြည်မိ အဲ့အခါမျိုးမှာ အင်း ဟတ်ထိသွားတာပေါ့။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၅၁၁၁၆


“မိတ်ဆွေကောင်း” မိတ်ဆွေကောင်းဆိုတာ လမ်းပျောက်လျှင် အလင်းပြ လမ်းဘေးကျလျှင် တွဲခေါ် လမ်းချော်လျှင်ပြန်ဆွဲ လမ်းမှားလျှင် ပြန်တည့် လဲကျလျှင် မထူ အားငယ်နေရင် ဖေးမ တတ်နိုင်သလောက် ကူရပါမယ်။ “ဖြစ်ချင်ရာဖြစ် နင့်အပြစ်နင်ခံ” ဆိုသဟာမှန်သလိုလို ဆိုပေမယ့် မိတ်ဆွေကောင်းမှန်ရင် ဘာဖြစ်ဖြစ် ပစ်မထားသင့်ပါဘူး။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၁၁၀၁၆  


”  – – – – – ပြီးတဲ့အခါမှ   ”   တောင်းဆု ကောင်းမူ့ အမျှဝေ ဒါတွေကို မင်းမလုပ်ရဘူးနော်   ငါသေ- – – – – ငါသေ- – – – – –   ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၂၁၀၁၆


”  ဘဝထဲမှာ” လင်းတဲ့နေရာ လင်း မှောင်တဲ့နေရာ မှောင် လင်းချင်လင်း မှောင်ချင်မှောင် ကိုယ် ချောင်ပိတ်မမိဘို့ဘဲ လိုပါတယ် မောင်။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၉၈၁၆


”  မူ” တစ်ဝက်ထဲဖြတ်ကြည့်သူ တစ်ခြမ်းဘဲ ဖြတ်ကြည့်သူ အဖြတ်မတူရင် အမြင်လဲမတူ။ ကိုယ့်အယူ သူ့ ့အယူ သ ူ ့မူ ကိုယ့်မူ မတူချင်လဲမတူနိုင်သလို တူချင်လဲတူနိုင်မယ်။ သူနှစ်သက်တာ သူယူ ကိုယ်နှစ်သက်တာ ကိုယ်ယူ အဲဒါ့စိတ်ချမ်းသာစေတဲ့မူ။   ကိုပေါက်လက်ဆောင် အတွေးစဉ် ၂၈၈၁၆        


”  ငြိမ်းချမ်းရေးကိုရှာဖွေခြင်း” ညကလေးက အပြာရောင် လရောင်ကလဲ သဲ့သဲ့လေးဆိုတော့ သိပ်တော့မမှောင်ပေဘူး။   တောင်ကုန်းနဲ့သစ်ပင်အချို့ အငို ဝ သွားတဲ့ ကလေး လေးလို့ တစ်တစ်ခါထွက်လာတတ်တဲ့ သဲ့သဲ့ရှိုက်သံကလွဲရင် အားလုံးတိတ်ဆိတ်။   ဒီလိုအချိန်လေးမှာ အရာရာကိုခဝါချ ဗလာ ကျနေတဲ့စိတ်နဲ့ လောက ကိုမြင်ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးဆိုတာ အဝေးသွားရှာစရာမလိုပါဘူး ကိုယ့်နံဘေးမှာတင်ရှိလေရဲ့ သတိမထားမိသေးလို့ဝေးနေတာပါ။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၅၈၁၆          


”   နောက်ဆုံးစကား”   အလုံးစုံ ပျက်စီးခြင်းရဲ့အဆုံး သုံးမရ ပြင်မရ ဒီဘဝရောက်မှတော့ သံယောဇဉ်တွေ အစိမ်းလိုက်ဖြတ် ပြတ်သားစွာ အားလုံးရပ် ငါ့ကိုချန်ထားခဲ့ပါတော့။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၈၇၁၆  


“စင်ကြယ်သော အေးသော” ဘာမှ မသိ ဘာမှ မရှိ   မာန မသိ မာန မရှိ   တပ်မက်ခြင်း မသိ တပ်မက်ခြင်းမရှိ   မနာလိုခြင်း မသိ မနာလိုခြင်း မရှိ   အပူ မသိ အပူ မရှိ   ထို့ကြောင့် စင်ကြယ်ခြင်းအတိ ငြိမ်းချမ်းပါဘိ။     ကိုပေါက်လက်ဆောင်အတွေးစဉ် 19716