“အဝါရောင် လွှမ်းမိုးခြင်း    “ မိုးမင်းသမီးလေးရဲ့ ရွာမလိုလို မရွာသလိုလို   ဟန်ရေးပြခြင်းရဲ့အဆုံးမှာ အဝါရောင်တွေလွှမ်းဖုံး   မျှော်လင့်ခြင်းတွေလဲ ပျက်သုဉ်းသွားခဲ့တယ်။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၅၅၁၆


“ စိတ်သာ ရှင်စော” နေ့နေ့ ညည ပြေးပြေး လွှားလွှား ရှာရှာ မောမော အတောမသတ် မရပ်မနား တသွားထဲ သွား စိတ်တွေမအားလေသောအခါ “ဗလာ နတ္ထိ ဘာမျှ မရှိခြင်းသည်လည်း ကောင်းလေစွ တကား” စိတ်မှတ်ထားသည် ထန်းရေ အမူးမပြေခင်ထိ။   ကိုပေါက်လက်ဆောင်အတွေးစဉ် 1-5-2016


“၁၃၇၈ နှစ်သစ်ဆုတောင်း”   ဆိုင်းဘုတ်တွေသာ အလီလီပြောင်း အနှစ်သာရမပြောင်းတဲ့ နှစ်ဟောင်းများစွာကို ချန်ထား ပယ်ပစ် ကျနော်တို့စွန့်လွှတ်ခဲ့ကြပြီ။ ၁၃၇၈ မြန်မာနှစ်သစ်ကို အသစ်အစစ်တို့ဖြင့် ကြိုဆိုရင်း လွန်လေပြီးသောကာလများမှ စံနစ်ဟောင်း အဖြစ်ဟောင်း အမြင်ဟောင်း အတွေးဟောင်း အကျင့်ဟောင်း အညစ်ဟောင်း မှန်သမျှ ချန်ထားပယ်ပစ်ခြင်းဖြင့် နှစ်သစ်ကို မျှော်လင့်ကြပါစို့။   ကိုပေါက်လက်ဆောင်အတွေးစဉ် မြန်မာနှစ်ဆန်းတစ်ရက်နေ့  


“ရှုပ်ဇယား” ရှုပ်ထွေး ပွေလီ မညီ  မမျှ ဒီလောကကြီးထဲမှာ ရှူပ် ပါတယ်ဆိုမှ ပိုပို သာသာ ကန့်လန့်ခံတာတွေ ဝင်ဝင်ပါနေတော့ ခက်မှခက် လို့ဘဲ ဆိုချင်မိပါတယ်။   ကိုပေါက်လက်ဆောင် အတွေးစဉ် ၂၁၂၁၆


”   လွပ်လပ်ရေး နေ့ အစစ် ကိုကြိုဆိုခြင်း ”   လွတ်လပ်ရေး ဆိုသဟာကို အခြားသူလက်မှ သွေး ချွေး  အသက် များစွာ ရင်းခဲ့ပြီး သကာလ ရယူခဲ့ကြ တာ ၁၉၄၈မှာပ။   လွတ်လပ်ရေး ခေတ်အလွန် ပါလီမန်ခေတ် ရောင်စုံသူပုန်ခေတ် ရန်ကုန်အစိုးရခေတ် ကမောက်ကမဖြစ်ချိန် ခေတ်ဟောင်းကိုတွန်းလှန် ခေတ်သစ်ကိုစီမံ အပြောင်းအလဲအဖြစ် တော်လှန်ရေးကောင်စီခေတ် စစ်အစိုးရ ခေတ်ကိုရောက်လာပြန်ပါတယ်။   မြန့်မာ့နည်းမြန်မာဟန် ဆိုရှယ်လစ် တစ်ပါတီခေတ်ရဲ့အသီးအပွင့် ခါးခါး အား ၂၆နှစ်တာ စားသုံးအပြီး မှာတော့ လူထုအားနဲ့ ဖွင့်လှစ် ရှစ်လေးလုံးဆိုတဲ့ ကဏ္ဍအသစ်အပြီးမှာ ငြိမ်ဝပ်ပိပြားရေးက တသွေးတမွေးဖြစ် အစိမ်းရောင်ကြီးစိုးသောခေတ် ဖြစ်လာပြန်ပါတယ်။   ရုန်းကန်ရင်း ငြင်းဆန်ရင်း   ိဖိနှိပ်ရင်း […]


“ မြင်အောင်ကြည့်ကြ ပါစို့”   ဟိုအရေး  ဒီအရေး စိတ်တွေ  လေးမနေပါနဲ့ ရိုးရိုးလေး  တွေးရင် အမှန်တွေ  မြင်လာပါမယ်။   ဟိုအကြောင်း  ဒီအကြောင်း စိတ်တွေ ညောင်း မနေပါနဲ့ ဖြည်းဖြည်းလေး စောင့်ရင် အမှန်တွေ မြင်လာပါမယ်။   ဟိုအပူ ဒီအပူ စိတ်ထဲကို ယူမထားပါနဲ့ အေးအေးလေး နေရင် အမှန်တွေ မြင်လာပါမယ်။   ဟိုလိုကြား ဒီလိုကြား စိတ်တွေ ဗျာမ များပါနဲ့ ရေးရေးလေးတွေးရင် အမှန်တွေ မြင်လာပါမယ်။   ဟိုလိုလူ ဒီလိုလူ စိတ်တွေ ပူမနေပါနဲ့ ………………………….. ………………………………. ……………………………….. ……………………………………. အမှန်တွေ မြင်လာပါမယ်။ အမှန်တွေမြင်လာပါမယ်။ အမှန်တွေ အမှန်တွေ အမှန်တွေ […]


“မမေ့ဘို့” အချို့က ယုံကြည်ချက်အရ အချို့ကတော့ ကိုယ်ကျိုးသက်သက် အချို့က အများအရေး အချို့က တော့စီးပွားရေးအရ အချို့က အပျော်သဘော အချို့ကတော့ ယောရိယောရာ အချို့က ဖျာခင်း အချို့ကတော့ သာလို့ပူး မထူးခြားတဲ့အခြေအနေမှ ပြောင်းလဲခြင်းဘဝ ှ စလုံးရေ စမယ်ကြံဆဲ “အတော်ကိုပြဲအောင်လုပ်မှ တန်ကာကျမယ်” ဆိုတဲ့စကားမေ့မထားဘို့တော့လိုပါတယ်။ ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး ၅ ၁၂ ၁၅


“မတူ ခြားနား ဘဝများ ” အချို့က နေပူကျဲကျဲမှာ ချွေးသံရွှဲရွှဲ ဇွဲနဘဲနဲ့ အော်လို့ကောင်းနေချိန် အချို့ကတော့ ဘာမှတွေးမပူ အေးအေးလူလူ KFC မှာ ကြက်ကြော်ဆွဲနေ ဆဲ။ အချို့က အသဲအသန် မဲစာရင်းအမှန်ဖြစ်ရေး ကြိုးစားနေချိန် အချို့ကတော့ အေးအေးငြိမ့်ငြိမ့် သံစဉ်အနိမ့်အမြင့်နဲ့ KTVမှာ သီချင်းဟဲလို့ကောင်းနေဆဲ။ အချို့က တက်ကြွသူ သမီးသား ဝန်းရံသူလင်သား ရုံးထုတ်မယ့်ရက် လက်ချိုးတွက်နေချိန် အချို့ကတော့ FBမှာ အော်လိုအော် ဖြဲလိုဖြဲ ကီးဘုတ်သူရဲကောင်းလုပ်နေဆဲ။ သူ့ဘဝနဲ့သူ ကိုယ့် ဘဝနဲ့ကိုယ် သူ့ယုံကြည်ချက်နဲ့သူ ကိုယ့် ယုံကြည်ချက်နဲ့ကိုယ် သူမှားသလား ကိုယ်မှန်သလား မစဉ်းစားပါနဲ့တော့ ဟိုကြော်ငြာထဲကလို “ကိုယ့်အတွေးနဲ့ကိုယ်”ပေါ့နော်။ ကိုပေါက်လက်ဆောင်အတွေးစဉ် 30-6-2015


“ယုံမိမှား” လောကထဲက လောဘသား ပွားလာမလားလို့ ယုံမှတ်။ ပုံအပ်မိ သကာလ အလိုလေး   လေး မမင်းတုပ် အရင်းပြုတ်ပါပကော တော်။   ကိုပေါက်လက်ဆောင် အတွေးစဉ် ၁၀- ၄-  ၂၀၁၅


“ဒီမှာလေ တက်  တယ်  တက်တယ်  ” ၁၉၆၂ အိမ်စောင့် အစိုးရ တက်။ အရင်းရှင်စံနစ် ချုပ်ငြိမ်းအောင် ပြည်သူပိုင်တွေ သိမ်းလိုက်တော့ ကုန်ဈေးနူန်းတွေ ွတက်။   အဲဒီ ဆိုရှယ်လစ်ခေတ်မှာ ကုန်သည်တွေကို ဝိသမ လောဘသား အမည်ပေး ဇူဇကာ စစ်ဆင်ရေးနဲ့ ကျွေးထဲ့ လိုက်တဲ့အခါ ဆန် တွေ  ဆီတွေ လွယ် လွယ် ဝယ်မရတော့ တက်။   ” ပြည်တွင်းဖြစ်ကိုအားပေးပါ ” နိုင်ငံတော်ကိုတံခါးပိတ် ပြည်ပ လုံးဝ အားမကိုး ကိုယ်ထူကိုယ်ထ မာန်တွေကြွ စက်ရုံဆောက် သမ အသင်းတွေထောင် တစ်ခုမှ မအောင်မြင်တော့ ဟိုဟာမရှိ ဒီဟာရှား လိုချင်တာများရှိရင် မှောင်ခိုဈေးကိုပြေး ခိုးဝင်လာတာကိုဘဲ အားပေးရတယ်ဆိုတော့ ရှိသမျှ […]


”  မနက်ဖြန်” နောက် လာမယ့် ရက် ဆိုတာ မနက်ဖြန်။ မနက်ဖြန်မှာ ……???????? …????????? ဘာဆိုတာ မျှော်လင့်ရင်း လူ့ပြည်မှာနေခွင့်ရခြင်း ဗီဇာ တစ်ရက်ကုန်သွားပြီဆိုတာ ကျနော် ခင်ဗျား သူ ငါ မတွေးမိတာအမှန်ပါဘဲ။ မျှော်သည်   ဖြစ်ဖြစ် မမျှော်သည်  ဖြစ်ဖြစ် သဘာဝတရားဆိုတာ သူ့အလိုလိုလည်ပါတ် ရပ်မသွားတာကတော့ အသေအချာ။ မရေ ရာချင်းတွေနဲ့ဖြစ်တည် မျှော်လင့်ခြင်းနဲ့ အသက်ဆက်သူ ကျနော် ခင်ဗျား သူ ငါ စဉ်းစားစရာ တစ်ချက် မသေခင်လေးမှာ ကိုယ့်ဘဝ ကိုယ့်အရေး တွေးစရာ ရှိတာတွေး လုပ်စရာရှိတာလုပ် အချိန်တွေကို ဖြုတ်မလား????? သေဆုံးမယ့်ရက် လက်ချိုးတွက်ရင်း ရှင်သေမင်းကိုစောင့် မလား???? လားတွေထပ်ပေမယ့် မရပ်ပေါင် ကိုယ့်သဘောကိုယ်ဆောင် ယောင်တောင်ပေါင်တောင် […]


”  မျက်နှာဖုံး  လု်ိ၏  မလို၏”   အချို့ အချို့သော မရိုးသားသူ ဟန်ဆောင်သူ လိမ်ညာသူ ဟူသမျှ ရှက်မဆုံးလို့ မျက်နှာဖုံးတွေကို အကွယ်အကာ အနေနဲ့သုံးကြပါတယ်။   သို့သော် သို့သော် လက်ရဲ ဇက်ရဲ အရှက် နည်းပါးသူ အချို့ အချို့ကတော့ မျက်နှာဖုံးစရာ အကွယ်အကာမလိုပေါင် ပြောင်  ပြောင် ဆိုမှ ပြောင်ပြောင် ကြီးပါတော်။     ကိုပေါက်လက်ဆောင် အတွေးစဉ် ၂၄-  ၃-၂၀၁၅