အဲဒီအလုပ်ကိုကျနော်ရောက်ကတည်းက မန်းလေးမှာသိပ်နေရတယ်မရှိပါဘူး။ မန်းလေးမှာနေရ ပြန်တော့လည်းမနက်မိုးလင်းကညပြန်တဲ့အထိ မုန့်ဖိုလုပ်ထားတဲ့ခြံထဲမှာဘဲနေရတယ်ဆိုတော့ အပြင်လောကနဲ့တော်တော်လေးအဆက်ပြတ်ပါတယ်။ ခရီးထွက်တဲ့နေ့မျုးိမှာမှ သွားရင်းလာရင်းကိုယ်မကြားဘူးတဲ့အသံလေးကြားတယ်ဆိုမှ ” ဒါဘယ်သူလေးလဲ “လို့မေးယူရပါတယ်။ ဝါသနာပါသူဆိုတော့လဲ သီချင်းသံကြားတာနဲ့နားစွင့်တာကတော့အကျင့်ပါနေပါတယ်။ သွားလေရာမှာအမျျားဆုံးကြားရတဲ့အသံလေး(နေရောင်ခြည်ကိုကန့်လန့်ကာဖွင့်……………………..) အသံချိုချိုလေးနဲ့မေးကြည့်တော့ (အေးချမ်းမေ)တဲ့။ သူ့နာမယ်အကြီးဆုံးသီချင်းတော့(တစ်စစီကျိုးပဲ့နေတယ်)ပါတဲ့။ ခုတော့သူလဲဘယ်ရောက်နေပြီမသိ။ သူနဲ့ပါတ်သက်လို့ကြားမိတာတော့ တစ်ကိုယ်တော်စတိတ်ရှိုးတစ်ခုမှာ တကယ်မဆိုဘဲကက်ဆက်ဖွင့်ဆိုတယ်လို့နာမယ်ထွက်ဘူးပါတယ်။ နောက်နာမယ်ကြီးတာကတော့(အဖြူနဲ့အမဲ့)ဆိုတဲ့သီချင်းလေးကြားရတဲ့ စားသောက်ဆိုင်အဆိုတော်ဘဝကနေ အောင်မြင်သောဘဝကို တက်လှမ်းလာတဲ့(လေးလေးဝါး)ပါ။ အသံအားကောင်းကောင်းနဲ့ဆိုတတ်သူလေးဖြစ်ပြီးအားလုံးရင်ထဲကိုဖောက်သွားအောင်ဆိုထားတဲ့သီချင်းလေးကတော့ လေဒီဒိုင်ယာနာသေဆုံးသွားတဲ့အခါဆိုထားတဲ့(လေထဲကဖယောင်းတိုင်)ပါ။ နောက်အောင်မြင်နေတုန်း အမေရိကကိုထွက်သွားတဲ့ မြန်မာပြည်သိန်းတန်ရဲ့သမီး ပိုးဒါလီသိန်းတန် သူကလဲ သူ့အဖေအောင်မြင်တဲ့သီချင်းတွေကို ပြန်ဆိုတာလဲ အတော်လေးကိုကောင်းပါတယ်။ သူ့အသံနဲု့လိုက်ဖက်ပါတယ်။လူတွေကလဲလက်ခံကြပါတယ်။ သူ့ညီမလေး ဖြိုးဒါလီသိန်းတန်က တော့ သူ့လောက်မအောင်မြင်ဘူးပြောနိုင်ပါတယ်။ ထူးဆန်းတာက (ကြာပါတယ်ကွာ မြန်မြန်လာ ဟူး ဟူး………….ပြီးပါပြီ အိုကြာတယ်ကွာ)လို့အတွဲညီညီဆိုခဲ့ဘူးတဲ့ ဖေဖေမြန်မာပြည်သိန်းတန်ရဲ့ချစ်ဇနီး မေမေဖြစ်သူ အေပရယ်ချစ်ခင်(ခ)ဇာခြည်လင်းရဲ့လှပတဲ့သီချင်းရော လူရောပျောက်သွားတာပါဘဲ။ တစ်ရက် ခရီးသွားနေတုန်း (တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာကွယ် မင်္ဂလာဆောင်ပွဲလေးကျင်းပနေတယ်……………တို့) […]


ကျနော်တေးသံသွင်းကနေနားလိုက်တဲ့အခါမှာ သည်လောကနဲ့မသက်ဆိုင်တဲ့လုပ်ငန်းထဲရောက်သွားပါတယ်။ အဲဒါကတော့ စားသောက်ကုန်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းမှာ အုပ်ချုပ်သူအဖြစ်လုပ်ရပါတယ်။ အဲဒီမှာရောက်တော့ အရင်ကလိုသီချင်းတောထဲမှာတော့အချိန်ပြည့်ရှိမနေနိုင်တော့တဲ့အတွက်အစကတော့မနေတတ်သလိုပါ ဒါပေမဲ့ ကျနော်နဲ့အတူနေတဲ့ကောင်လေးက သီချင်းထက်ဂစ်တာတီးတာကို ဝါသနာပါပါ တယ် ။ဂစ်တာတီးတာကတော့ ကျွမ်းကျင်အဆင့်မှာရှိပါတယ်။သူ့မှာရှိ JVC စတီရီယိုကက်ဆက်ကလေး ရှိပါတယ်။ ဒါပေမဲ့သူ့မှာရှိတဲ့ကက်ဆက်ခွေတွေက ဂစ်တာလေ့ကျင့်ခန်းခွေတွေများပါတယ်။ သူနဲ့တွေ့မှ နိုင်ငံခြားက ရော့ဂစ်တာဘုရင်တွေဖြစ်တဲ့ ဂျင်မီဟင်းဒရစ်တို့၊စတီဗိုင်းတို့၊ဂျိုးဆက်သနီတို့ဆိုတဲ့ နာမယ်တွေရော သူတို့လက်သံဒေါင်ဒေါင်လန် တွေကိုပါကြားဘူးပါတော့တယ်။ သူကတော့ တီးလုံးတွေဖွင့်ပြ ပြီးရင် ဒီနားလေးကတီးလို့အရမ်းခက်တာ ဘယ်လိုတီးရတာတို့ကိုပြောရင်းသူ့ဟော်လိုဂစ်တာလေးနဲ့လဲ တီးပြပါတယ်။တက်ပင်ပေါက်တာက ဒီလိုဆို ဂစ်တာကြိုးကိုလက်နဲ့ပုတ်ပုတ်ပြီး အသံတွေထွက်အောင် လုပ်လုပ်ပြတာ။ အစကတော့ကျနော့်နားထဲမှာဒေါင်ဒေါင် ဒန့်ဒန့်တို့ ဒွန်……………ဒူန့်ဒူန့်တို့ကို ဘဲကြားတာပေါ့။ နောက်မှသူက ရော့စကေးကဘယ်လို သူကဒရမ်ရိုက်ချက်ပေါ်မှာမှီပြီး အသံကို ရစ်တင်တို့ဆွဲတင်တာတို့တွေကိုပြောပြလို့လား ဒါမှမဟုတ်နေ့စဉ်ကြားနေရလို့ နားယဉ်ပြီးနားထောင်တတ်လာလို့လားတော့မသိ သူတို့တီးတဲ့တီးကွက်တွေကို ခံစားလို့ရလာသလိုပါဘဲ။ သူပြောမှသိလိုက်ရတာ မြန်မာပြည်မှ ဂစ်တာဆရာကြီးက စောဘွဲ့မှူးဆိုတာရယ် သူသင်ပေးနေတဲ့ထွက်မလာသေးတဲ့ချစ်စမ်းမောင်ဆိုတာရယ် အဆိုတော်လွှမ်းမိုးကလဲ […]


ပလေးဘွိုင်သန်းနိုင်တို့ ရွှေသီချင်းများက အစပြုလို့ တစ်ခေတ်ပြန်လည်ခေတ်စားလာချိန်မှာ ခင်မောင်ထူးဆိုတဲ့ အဆိုတော်လေးတစ်ယောက်က (ကြံကြံဖန်ဖန်မေးမယ် နင်လေနင်လေချစ်တတ်သလား)ဆိုပြီး (မီးခြစ်)ဆိုတဲ့ ဟာသီချင်းလေး ပေါ်လာပါတယ်။ သည်သီချင်းလေးက လူနည်းနည်းသိလာပါတယ်။ အဲဒီနောက်မှာ ပလေးဘွိုင်သန်းနို်င်တို့ရဲ့တီးဝိုင်းနဲ့အတူ မင်းလမ်းမင်းလျှောက် ဆိုတဲ့ဆီးရီးစ်မှာ (ချိုချိုရေ ကိုယ်တစ်ယောက်ထဲဆွေးပြီ အချစ်ကြီးချစ်လို့ အမုန်းကြီးမုန်းပြီလား………….ဆိုတဲ့ ချစ်အယူခံ ဆိုတဲ့သီချင်းလေးနဲ့ လူအားလုံးလက်ခံလာပါတယ်။ သူ့က သီချင်းဆိုတဲ့နေရာမှာ စတိတ်ရှိုးမှာဆိုရင် ခေါင်းလေးတငြိမ့်ငြိမ့်ခပ်ပြုံးပြုံလေးဆိုတတ်သူပါ။ သူ့သီချင်းထဲက အငြိမ့်ပျက်လုံးမှာတောင် ပါသွားတဲ့သီချင်းလေးကတော့အမှတ်တမဲ့များနားထောင်ရင် (ကျွဲမနေ နဲ့)လို့ကြားနေရတဲ့ ချွဲမနေနဲ့သီချင်းကတော့ အတော်လေးကိုအောင်မြင်တယ်ပြောရပါမယ်။ (ဗန်ဒါပင်လေးအောက်က တို့ထိုင်စောင့်ပြီး………………………..ဆိုတဲ့ မောင့်ဆေးကျောင်းသူ) (မိုးဦးရဲ့ကုန်လွန်တဲ့နေ့ဟောင်းများပြောင်းသွားတော့ဘယ်ဆီကိုရောက်သွားလဲ ………..ဆိုတဲ့ ခွဲမသွားနဲ့) (အမေရေ သားတော့သူ့ကိုအစွဲကြီးစွဲမိပြီ…………….ဆိုတဲ့ အချစ်နတ်သမီး) (ရွှေမန်းသူလေး။စိတ်ရောင်စုံ။မောင့်မူံရွှေရည်)စတာတွေကနာမယ်ကြီးသီချင်းတွေပါ။ အဲဒီတုန်းက နာမယ်ကြီးတဲ့ဟေမာနေဝင်းနဲ့ အိုဆန်းဆန်းပြားပြားဆိုတဲ့ သီချင်းဟောင်းလေးကို အမ်တီဗွီရိုက်တာလေးက အမှတ်တရပါ။ ဟေမာနေဝင်းနဲ့ လဲတစ်ခွေတွဲထုတ်ခဲ့ပါသေးတယ်။ အခုအချိန်မှာဆီးရီးစ်မထုတ်ပေမဲ့ စင်ပေါ်မှာ […]


ရုပ်ရှင်မင်းသမီးခင်ယုမေရဲ့နာမယ်ကြီးသီချင်းလေး တပုဒ်ရှိပါတယ်။ (ပျံကာဝဲကာ မြစ်ရေပြင်ပေါ်…………………..သံသာသာဟစ်ကာကြွေးကာ သူ့ဘဝသူဘဲပျော်……………. ထင်ရာလဲစိုင်းသနော် ……………………………….ရိုင်းတဲ့ဇင်ယော်)ဆိုတဲ့သီချင်းလေးပါ။ ဒီသီချင်းလေးကို အောင်ဘိုဘိုဆိုတဲ့ ကောင်လေးတစ်ယောက်က သူကိုယ်တိုင်ရေးသူကိုယ်တိုင်ဆိုတဲ့ ဆီးရီးစ်လေးထဲမှာ(ရိုင်းတဲ့ဇင်ယော်)ဆိုတဲ့ ဒီသီချင်းလေးကို ထည့်ဆိုလိုက်ပါတယ်။ သူသီချင်းတွေက လူသိနည်းပေးမဲ့ ဒီသီချင်းလေးကိုတော့ လူငယ်တော်တော်များများပါးစပ်ဖျားမှာရောက်သွားပါတယ်။ သူနဲ့ဆက်စပ်လို့ (မေရွက်ဝါ)ဆိုတဲ့ အဆိုတော်မလေးလဲ ဒီလောကထဲကိုရောက်လာပါတယ်။ ရွက်ဝါတေးသံသွင်းရဲ့မူပို်င်အဆိုတော်ဖြစ်တဲ့အတွက် (မေရွက်ဝါ)လို့နာမယ်ယူထားတာလဲဖြစ်ပါတယ်။ သူ့အဖေက တော့ သီချင်းလဲဆို တဲ့နာမယ်ကျော်ရုပ်ရှင်သရုပ်ဆောင် ဝါးခယ်မရဲမောင်ပါ။ (မေရွက်ဝါ)ကိုလူစသိစေတာကတော့ ရွက်ဝါတေးသံသွင်းကထုတ်လုပ်တဲ့ (စိုးပိုင် ပထမသီချင်းများ)ထဲ ကစုံတွဲသီချင်းတွေမှာ လူသိများသွားတာပါ။ သူဆိုတာကလဲကောင်းတာကိုးဗျ။ နောက်သူ့နာမယ်ကြီးစတီရိယိုသီချင်းတွေကတော့(အောက်စီဂျင်။မီးရထား။စန္ဒယားခလုတ်။76631)စတဲ့သီချင်းတွေဖြစ်ပါတယ်။ နောက်မြန်မာသံစဉ်ပြန်ဆိုသီချင်းများထဲက (ပင်မြက်ကလေးတို့။အရိုင်းသဘင်မလေးမိမော်လွင်တို့။)က သူ့ကိုမြန်မာသံစဉ်ပိုင်နိုင်သူအဖြစ်မှတ်ကျောက် တင်ပေးလိုက်ပါတယ်။ မြန်မာပြည်ရဲ့မှတ်တိုင်ရုပ်ရှင်တစ်ခုဖြစ်တဲ့ (သင်္ကြန်မိုး)ဇာတ်ကားထဲမှာ မင်းသမီးရဲ့သူငယ်ချင်းနေရာကပါဝင်သရုပ်ဆောင်သလို အဓိက ဇာတ်ဝင်တေးဖြစ်တဲ့ (သီချင်းလေးတွေကို တူတူဆိုရအောင်တို့ကိုဟန်တင်နဲ့တွဲလို့ကတမျိုး) (လောင်းကပက်ကာ မောင်ရင်းနှမပါခင်မင်စွာ………..ညိုမြတော့အခေါ်မခံနိုင်ဘူးဆရာတို့) ့(ယိမ်းနွဲ့ကာတီးကွက်နဲ့အတူကမယ်……………..လက်ခုပ်သံစီးချက်လိုက်မှာလား)တို့အပါအဝင် သီချင်းတွေကိုလဲသီဆိုထားပါတယ်။ နောက်တော့ ဂီတလောက ကပျောက်ကွယ်သွားတာကိုတွေ့ရပါတယ်။ […]


လက်ဖက်ရည်ဆိုင်ကိုသွားကြဘို့ခေါ်နေတဲ့ ကိုင်ဇာအကြောင်းမပြောခင်မှာ သူနဲ့အတွဲညီခဲ့တဲ့ (ညှို့နိုင်လွန်းတဲ့ကျမချစ်သူတို့ ချစ်ချစ်ချစ်တို့ ကိုကိုမကောင်းဘူးတို့)ကို ပိုင်နိုင်စွာသီဆိုသွားတဲ့ မေဆွိနဲ့ တိုက်တိုက်ဆိုင်ဆိုင်(လေယာဉ်ပျံ)ဆိုတဲ့ ဆီးရီးစ်ခေါင်းစဉ်ခြင်းသွားတူနေခဲံတဲ့ Lခွန်းရီ ဆိုတဲ့ ကချင်တိုင်းရင်းသူ အဆိုတော်ပါဘဲ။ Lခွန်းရီ ကတော့မေဆွိနာမယ်မကြီးခင်လေးမှာ အရင်က မိတ္ထီလာလေတပ်တီးဝိုင်းမှာ ပင်တိုင်အဆိုရှင် (စန်းစန်းဆိုတဲ့နာမယ်နဲ့ပေါ့)တစ်ယောက်ဖြစ်ပါတယ်။ သူကရုပ်ရှင်နောက်ခံတေးတွေကိုလဲဆိုပေးနေတဲ့အချိန်မှာ တက္ကသိုလ်အေးမောင်ရဲ့အဝေးပြေးဆီးရီးစ်မှာဝင်ဆိုခွင့်ရလိုက်ပါတယ်။ အဲဒီခွေလေးထဲမှာ(မလိခမှအလွမ်းတွေနဲ့နုတ်ဆက်မဲ့နွေ)သီချင်းက လူသိများသွားပါတယ်။ အဲဒီနောက်မှာ အမြန်ယာဉ်။အနှေးယာဉ်။လေယာဉ်ပျံ။ရွှေပိုက်ဆံ။ဗွီဒီယို)စတဲ့ဆီးရီးစ်တွေဆက်တိုက်ထွက်လာသလို (ခဲမလောက်တီးဝိုင်း။ကိန္နရာချောင်းခြားအမှာစကား။ရောမကျောက်ရုပ်။ကိုကိုကရွှေမင်းသားကျမကစင်ဒရဲလား။ရွှေပိုက်ဆံ။ ဓါတ်ပြားဟောင်းလေး။နှင်းဆီကိုကို။ချစ်ပြက္ခဒိန်။ယူပါကို။တိမ်ပေါ်ခုန်တက်ကလိုက်စမ်း။လွန်းကြင်ငှက်)စတဲ့သီချင်းတွေက ကောင်းပါတယ်ဆိုတဲ့ သူ့သီချင်းတွေထဲက ပိုလို့ကောင်းတဲ့သီချင်းလေးတွေဖြစ်ပါတယ်။ ထူးခြားတဲ့သီချင်းလေးက တော့ ပလေးဘွိုင်သန်းနိုင်နဲ့တွဲဘက်လို့ ဆိုထားတဲ့ မရောက်သေးတဲ့တမလွန်ဘဝကိုခံစားပြီးဆိုထားတဲ့ (ဖြည်းဖြည်းလေးနဲ့ငြိမ့်ငြိမ့်လေး)သီချင်းဖြစ်ပါတယ်။ အခုလောလောဆယ်ထိ အသံကောင်းနေသေးကြောင်းသက်သေပြလိုက်တာကတော့ တူမဖြစ်သူ Lဆိုင်းဇီနဲ့တွဲလို့ (ယူသွားအုံးပေါ့ တို့ရဲ့အချစ်မင်းအလိုပြည့်ဘို့ဆိုရင် ယူ ယူ မျက်ရည်များလည်းယူ)လို့ အယူခိုင်းနေပါသေးတယ်။ အသံအေးအေးချိုချိုလေးနဲ့ သီချင်းအေးအေးလေးတွေဆိုတတ်တဲ့ Lလွန်းဝါရဲ့အဒေါ်လည်းတော်စပ်ပါသေးတယ်။ ခန့်မှန်ချေ 1981-82 ပါတ်ဝန်းကျင်လောက်ဖြစ်မယ်ထင်ပါတယ် ရန်ကုန်တက္ကသိုလ်က ပုပုသေးသေးမျက်မှန်ထူထူနဲ့အသံသေးသေးလေးနဲ့ကိုယ်တို်င်ရေးကိုယ်တို်င်ဆိုတဲ့ […]


မြန်မာပြည်က စတီရီယိုသီချင်းအကြောင်းပြောမယ်ဆိုရင် ကောင်းဘွိုင်နှစ်ယောက်ကိုလည်းချန်ထားလို့မရပါဘူး။ မြန်မာပြည်က ကောင်းဘွိုင် ကိုကို ဘိုဘိုဟန်နဲ့ နှလုံးသားမက္ကဆီကိုက ကောင်းဘွိုင်မမ နော်လီဇာ တို့နှစ်ယောက်ပါ။ ဘိုဘိုဟန်ရော နော်လီဇာရော ဒစ္စကိုခေတ်မှာအောင်မြင်ခဲ့ကြတဲ့ အဆိုတော် နှစ်ယောက်ဖြစ်ကြလို့ ဒစ္စကိုကင်းနဲ့ ဒစ္စကိုကွင်းလို့ ပြောမယ် ဆိုရင်လဲမမှားပြန်ပါဘူး။ ဘိုဘိုဟန် က ပလေးဘွိုင်သန်းနိုင် (မီးမဆော့နဲ့။မကျေနပ်ရင် အသေသတ်။မဟာရန်သူအချစ်တော်ကြီး)စတဲ့သီချင်းတွေနာမယ်ကြီးတဲ့ ခေတ်ကတဲကပါလာတာပါ။ ဘိုဘိုဟန်သီချင်းခပ်အေးအေးထဲက စနာမယ်ကြီးတာကတော့ ဗိုလ်ချုပ်အောင်ဆန်းတောင် နှစ်သက်ပါတယ်ဆိုတဲ့ (ငွေသော်တာရောင်ခြည် ထိန်လင်းတော့သည်ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီ …….ဆရာမကိုဘဲအသဲစွဲအောင်ချစ်မိပြီ)ဆိုတဲ့သီချင်းလေးပါ။ သူတကယ်စနာမယ်ကြီးတာကတော့ (ပွမ်ပွမ်မြည်တဲ့အသဲလေး)ဆိုတဲ့သီမျင်းမှာ တပြည်လုံးအတိုင်းအတာနဲ့ပေါက်သွားပါတယ်။ သူ့သီချင်းတွေက ဒစ္စကိုသီချင်းလို မြူးမြူး သူကလဲ စင်ပေါ်မှာ အနက်ရောင်ဝမ်းဆက် ဆံပင်က အရှည်ကြီးလန်ထွက်ပြီးဝဲနေတာနဲ့မြူးကြွနေအောင် ပါဖော့မင့်အပြည့်နဲ့ ပွဲဆူအောင် ပွဲစည်အောင်ဆိုနှိုင်တဲ့လူပါ။ ပြောရမယ်ဆိုရင် အခုလဲ ကတုံးကြီးနဲ့ပေမဲ့ လူငယ်တွေနဲ့အပြိုင်ကဲနိုင်သေးသူပါ။ စင်ပေါ်မှာဆိုရင်ထူးခြားတဲ့သီချင်လေးတပုဒ်ကတော့ မူရင်းက ပန်းရောင်ဝတ်ထားတာဖြစ်ပေမဲ့ […]


ဂီတလောက ကိုဝင်လာကြတယ်ဆိုရင် ကိုယ်သုံးမယ့်နာမယ်ကို လှအောင်ဆန်းအောင် ခေါ်ကောင်းအောင် ပေးလေ့ရှိကြပါတယ်။ လူစိတ်ဝင်စားအောင်ဖြစ်စေ ကိုယ်ကိုးကွယ်ဆည်းကပ်တဲ့ဆရာတော်ပေးတဲ့နာမယ်ဒါမှမဟုတ်ရင်လဲ နာမယ်ကြီးဗေဒင်ဆရာပေးတဲ့နာမယ် တွေကိုသုံးတတ်ကြပါတယ်။ ဒီအထဲကနေ ရိုးရိုးလေး နဲ့ဖောက်ထွက်လာတဲ့သူကတော့ (ဖိုးချို)ပါ။ ပိုင်စိုးမူ့ဧကရီတမ်းချင်း ဆိုတဲ့သီချင်းခွေလေးထဲက (ဆူးများတဲ့ပန်း။အဆောင်သူရဲ။အလွမ်းညဟေမာန်။ရေလိုအေးလို့ပန်းလိုချမ်းမြေ့ပါစေ။)စတာတွေနဲ့လူငယ်တွေကြား၊ အထူးသဖြင့်တက္ကသိုလ်ကျောင်းသားတွေကြားမှာ အရမ်းကိုခေတ်စားလို့သွားပါတယ်။ နောက်သူပြန်လည်ဖော်ထုတ်သီဆိုလိုက်တဲ့အတွက် ဆလိုင်းသွှအောင်တို့ ဂျွန်သင်ဇမ်းတို့ရဲ့ (မြိုင်နန်းစံပန်းတစ်ပွင့် (အရင်က ဂျေမောင်မောင်ဆိုဘူးတယ် လူသိပ်မသိခင်ကပေါ့)၊ ဝေးလွင့်ခြင်းနောက်ဆုံးခြေရာ)တွေက ပိုအောင်မြင်သွားပါတယ်။ သူကလဲသူ့ထွက်တဲ့ဆီးရီးစ်တိုင်းမှာ သူတို့သီချင်းတွေပါအောင်ထည့်ဆိုတတ်ပါတယ်။ (ညိုှ့မျက်ဝန်း။ပြန်လည်တမ်းတခြင်း၊ကဗျာမျက်နှာ။ပြန်မြင်စေချင်တယ်။ချစ်သူကို။ချစ်သူ့ရင်ခွင်)တွေကတော့ ပြောစရာမလိုအောင်ကောင်းတဲ့သီချင်း။ သူ့ထဲမှာ ထူးခြားတဲ့သီချင်းကတော့ (တပင်ထဲရင်ထဲကနွယ်)ပါ။ လူမောင်(ဆေး-1)ရေးတဲ့သီချင်းပါ။ ဖိုးချိုကတော့ငယ်ငယ်ရွယ်ရွယ်နဲ့သူချစ်သော သူ့ကိုချစ်ကြသောဂီတလောက ကိုစွန့်ခွာသွားပါပြီ။ သူမသေခင်မှာ သူ့သီချင်းတွေကို ပြန်လည်ဆန်းသစ်ရာမှာ အသံလေးမမှီတမှီနဲ့ကြိုးစားဆိုသွားတာကို နားထောင်ရတဲ့ ဖိုးချိုပရိတ်သတ်တိုင်းလွမ်းကျန်ရင်အောင်ချန်ထားခဲ့သလိုပါဘဲနော်။ မြန်မာ့ဂီတလောက အကြောင်းပြောမယ်ဆိုရင် ချန်ထားလို့မရနို်င်သူတစ်ယောက်ကလဲ ဖိုးချိုလို လောကကိုစွန့်ခွာသွားခဲ့ပါပြီ သူကတော့ နာမယ်အဆန်းဆုံး ငှက်လို့ချစ်စနိုးခေါ်ကြတဲ့ (ထူးအိမ်သင်)ပါ။ သူ့ဘဝမှာ […]


မြန်မာပြည်ရဲ့စတီရီယိုလောကအစမှာတုံးတော့ သီချင်းတော်တော်များများ ဟာကော်ပီနဲ့အစပြုခဲ့ပါတယ်။ ကိုယ်ပိုင်သံစဉ်ရှိတယ်ဆိုပေမဲ့နည်းပါတယ်။ ဒါပေမဲ့ ထီးဆိုင်တို့ စိုင်းခမ်းလိပ်တို့ကစလို့ ရိုးရှင်းတဲ့စကားလုံးတွေ သာမန်လူတွေနေ့စဉ်သုံးနေတဲ့စကားတွေကိုသုံးလို့ ကိုယ်ပိုင်သံစဉ်တွေနဲ့ လှပတဲ့သီချင်းလေးတွေရေးဖွဲ့တာကို နားထောင်သူတွေက လက်ခံလာကြပါတယ်။ ဒါတောင် လားရှိုးသိန်းအောင် ဆိုတဲ့(နေပါအုံးလို့ပြောမထွက်တယ် လယ်သူမလေးချစ်သူကိုခွဲရတော့ကွယ်)ဆိုတဲ့သီချင်းနဲ့ ထီးဆိုင်ဆိုတဲ့(ဟိုတုန်းကမတွေ့ကြရင် ကိုယ်တို့ဇာတ်လမ်းလေးဟာလေတစ်မျိုးဖြစ်ခဲ့မယ်)သီချင်းနှစ်ပုဒ်က သံစဉ်အလိုက်တူနေတာကိုတွေ့ရပါတယ်။ ဒါကိုဘယ်သူက မှ ဘာကြောင့်လို့ဖြေရှင်းတာ စောဒကတက်တာ မတွေ့ပါ။ တူတာကိုတူတယ်လို့သဘောထားလို်က်ကြတော့လဲအေးဆေးပါ။ ကိုယ်ပိုင်သံစဉ်အကြောင်းပြောမယ်ဆိုရင် ကျနော်ရင်ထဲကို စူးနစ်စွာရောက်လာဘူးတဲ့ (ခင်ဝမ်း)ကစရမယ်ထင်ပါတယ်။ (ပြင်သစ်ကတောင်ပြန်လာတယ် ပန်းချီလဲဆွဲတယ် စာလဲရေးတယ်လို့ကြားဘူးပါတယ်) အရင်က (နုတ်ဆက်ခဲ့ပါတယ် ကျနော်သွားတော့မယ် လမ်းရဲ့သယ်ဆောင်ရာ ဟိုအဝေးကို………………….)ဆိုတဲ့စာသားလေးတွေကို အဆောင်ရှေ့ကဂစ်တာဝိုင်းမှာကြားနေပေမယ့် ဘယ်သူ့သီချင်းဆိုတာ မသိခဲ့တာအမှန်ပါှ ဒီဂီတနဲ့ပါတ်သက်တဲ့အလုပ်ကိုလုပ်မိမှ ဒါက (ခင်ဝမ်း)ဆိုတဲ့သီချင်းတွေပါလားဆိုတာသိလာပါတယ်။ သူရဲ့နှင်းဆီဖြူရဲ့အဝေးကလူတစ်ယောက်ဆိုတဲ့ ဆီးရီးစ်မှာ(အချစ်ကိုရင်း၍)ဆိုတဲ့သီချင်းမှာနောက်ကနေဟာမိုနီလိုက်ပေးတဲ့(ရင်းကီး)ရဲ့ (ဟာ…….ဟ…ဟာ….ဟာ)ဆိုတဲ့အသံပါးပါးလေးက အခုပြန်ပြောနေရင်းတောင် နားထဲမှာကြားနေပါတယ်။ ဒီသီချင်းကို ရင်ဂိုပြန်ဆိုတော့ သည်လှပတဲ့ ဟာမိုနီအသံလေး မပါတာကိုတွေ့ရပါတယ်.။ ခင်ဝမ်းရဲ့ […]


မြန်မာ့သီချင်းလောကမှာ ကော်ပီတေးတွေ ဘိုသံတွေ ဒစ္စကိုတွေ ခေတ်စားနေတာကနေ မြန်မာသံစဉ်လေးတွေကို နားထောင်လာအောင် နှစ်သက်လာအောင် ခေတ်ပြောင်းပေးလိုက်သူကတော့ ဧရာဝတီတို်င်းသားလေး “မင်းအောင် “ပါ။ ” ရဝေ ရဝေ ဟိုမြိုင်စောင်းမှာလ “ဆိုတဲ့ တောဘွဲ့သီချင်းလေးစထွက်လာတော့ စနားထောင်ထောင်ခြင်းမှာတေ့ာဘာတွေလဲပေါ့။ နောက်မှနားထောင်ရင်း ကြိုက်သွားကြတယ်။ သူဆိုတဲ့မြန်မာသံလေးတွေထဲမှာ ” နိုင်တော်မူ “၊” အနိုင်မယူသူမို့ရှုံးပြန်ပြီ ” ” သူများနဲ့ညားတဲ့ငါ့ရည်းစား “၊” အချစ်ရှေ့နေ “၊”ဇီးသီးဇယ်မဗျိုင်း”၊” မလွမ်းပိုမငိုနဲ့ “၊ စတဲ့သီချင်းတွေက လူကြိုက်အရမ်းများခဲ့ပါတယ် နောက်ဂီတစာဆိုစိန်မောင်မြင့်နဲ့တွက်ဘက်လို့ (ပန်းတံတား)ဆိုတဲ့ဆီးရီ်းစ်ကလဲ အတော်လေးကို အောင်မြင်တဲ့သီချင်းခွေလေးလို့ပြောနိုင်ပါတယ်။ သူ့စဖွင့်လိုက်တဲ့လမ်းကလေးကိုလိုက်လျှောက်သူများပါတယ်။ သူတို့ဧရာဝတီတိုင်းသား သီချင်းသမားလေးဒင်္ဂါးပေါ်လာပါတယ်။ သူ့သီချင်း”လထွက်ကလေးရယ် တဲ့မြင်းပေါ်တင် “ကလဲလူကြိုက်များခဲ့ပါတယ်။ နောက်မင်းအောင်နဲ့အသံလုံးဆင်တူတဲ့ ” အနိုင်”ပေါ်လာပါတယ်။ ” စလယ်ဝင်အိုးလေး “တို့ “ရွှေပိတောက်နဲ့အကြိုထောက် “တို့ “မောင့်အချစ်က […]


ကျနော်မြန်မာသီချင်းလေးတွေအကြောင်းစမပြောခင် ပြောပြဘို့ကျန်နေတာလေးတွေကတော့ကျနော်တို့လူတွေကြားမှာပြောစမှတ်ဖြစ်ကျန်တာလေးကတော့ လေပေါသူ အရမ်းကိုကြွယ်တဲ့သူ တွေကို အဲဒီတုန်းက “အာလူးပေးတယ်”လို့ဘန်းစကားလေးတွင်ခဲ့ဘူးပါတယ်။ သည်စာလုံးလေးတွေကိုလူသိအောင်ကြွေးကြော်ခဲ့သူကိုတော့ “ဇော်မင်းလေး “ဖြစ်ပါတယ်။ “ညာပြီးလာမလှိမ့်နဲ့ လေနည်းနည်းလျှော့ ၊အာလူးလာမပေးနဲ့လေနည်းနည်းလျှော့ “ဆိုတာက တစ်နိုင်ငံလုံးလူငယ်လူကြီးမရွေးသည်စာသားလေးကို အော်ခဲ့ ကြိုက်ခဲ့ ကြပါတယ်။ နောက်တစ်ယောက်ကတော့မန်းလေးတက္ကသိုလ်က ရဲအောင်ပါ “ရှမ်းရိုးမက အိုးစည်သံ “ဆိုတဲ့ရှမ်းအလိုက်သီချင်းလေးကလဲရေပန်းစားခဲ့ဘူးသလို၊ နောက်ခင်မောင်တိုးဆိုတဲ့ မန်းလေးသားလေးကလည်း “မျက်သွယ် ” တို့ “ချစ်ပြီးမှ မုန်းမေ့တတ်တဲ့မင်းကို “တို့နဲ့ မသိမသာဖမ်းစားဘူးသလို ချင်းအမျိုးသား သွှအောင်နဲ့ဂျွန်သင်ဇမ်းဆိုတဲ့ တိုင်းရင်းသားအဆိုတော်နှစ်ယောက်ရဲ့ “မြိုင်နန်းစံပန်းတပွင့် “တို့ ” ဝေးလွင့်ခြင်းရဲ့နောက်ဆုံးခြေရာ “သီချင်းလေး တွေကလည်း မန်းလေးတက္ကသိ်ုလ်ရဲ့အပျိုဆောင်များရှေ့မှာ အပျုးိသီချင်းလေး အပိုးသီချင်းအဖြစ်လွင့်ပျံခဲ့ဘူးပါတယ်။ နောက် တိုင်းရင်းသူအဆိုတော်မလေး ကေဂျာနူးရဲ့ ” ဒို့ရှမ်းပြည်ပွဲတော် “သီချင်းက ခေတ်စားဘူးသလို ထီးဆိုင်ရဲ့ အခွေထဲမှာတွဲပါလာတတ်တဲ့ ကေဇင်လတ်ရဲ့ သီချင်းများလည်း […]


“လမ်းသူရဲသီချင်း “လို့နာမယ်ဆိုးအတပ်ခံရတာတော့ ဒီသီချင်းကိုသီဆိုတဲ့သူတွေကို “လမ်းသူရဲ “လို့သတ်မှတ်ထားလို့်ပါ။ ဒီသီချင်းတွေကိုဆိုကြတဲ့သူတွေဝတ်တာစားတာကလဲ အခုခေတ်လိုပြောရင်တော့ အလန်းဇယားတွေကိုးဗျ။ ဆံပင်တွေက ကျောလယ်ရောက်အောင်ဝဲနေတယ် ခေါင်းလောင်းဘောင်းဘီကလဲ ပွနိုင်သလောက်ပွ အကျင်္ီက ကိုယ်ကျပ် ရင်ဘတ်ကဟပြဲ လယ်ပင်းမှာpeace အထိ်န်းအမှတ် ဆွဲကြိုးအဝိုင်းကြီးကလဲ ဟီးနေတာဘဲ။ အဲဒီခေတ်မှာ သီချင်းအမျုးိအစားကိုသတ်မှတ်လိုက်ကြတာက “လမ်းသူရဲသီချင်း”လို့ ခပ်နှိမ်နှိမ်လေး သတ်မှတ်လိုက်တဲ့ “စတီရီယိုတေး”ရယ် ၊ ” မိုနိုသီချင်း “လို့သတ်မှတ်ကြတဲ့ မြန်မာသံစဉ်သီချင်းရယ်ပါ။ ဥပမာပြောရရင် အခု”ထွန်းထွန်း”တို့ပြန်ဆိုကြတဲ့ “မာမီရယ်ရှာပေးကွယ်”လိုသီချင်းမျုးိက လမ်းသူရဲသီချင်း ၊ စိုးစန္ဒာထွန်းလို “မောင့်အချစ်မျှားအသဲမှာစူးနုတ်လဲနုတ်ချင်တော့ဘူးလေ” ဆိုတာမျုးိက “မိုနိုသီချင်း”ပေါ့။ အသံဖမ်းစနစ်ပေါ်မှာမူတည်ပြီးဒါကလဲ အလွယ်သတ်မှတ်လို်က်ကြတာပါ။ ဟိုအရင်က မိုနိုထရက်လို့ခေါ်တဲ့ အသံဖမ်းစနစ်မှာ အသံရောတီးလုံးပါ လိုင်းတစ်လိုင်းထဲကနေပြီးရောထွက်လာပါတယ်။ ဆောင်းဘောက်ဘယ်နှစ်လုံးနဲ့ဖွင့်ဖွင့် နှစ်ဖက်စလုံးက တစ်သံတည်းထွက်ပါတယ်။ စတီရီယို စနစ်မှာတော့ အသံကတစ်ဖက်တစ်မျိုးထွက်ပါတယ်။ ဆောင်းဘောက်နှစ်လုံးခွဲထားရင် တစ်ဖက်က လူသံ […]


ကျနော်ရဲ ့ငယ်စဉ်ဘဝကတည်းက စလို့ခုထိမကင်းနိုင်တာလေးကိုပြောပြပါဆိုရင် ကျနော်ကတော့ထမင်းကလွဲရင် သီချင်းလို့ပြောရမှာပါဘဲ။ အခုကျနော်ပြောပြချင်တာလေးကလည်း ကျနော်ငယ်စဉ်ကစလို့ ကြားဘူးခဲ့ ဘဝနဲ့ယှဉ်လို့နှစ်သက်ခဲ့တဲ့သီချင်းမှတ်တမ်းလေးလို့လဲပြောရင်ရပါတယ်။ ကျနော်ပြောပြတဲ့သီချင်းလေးတွေကကောင်းတယ် ကျန်တာတွေမကောင်းဘူးလို့လဲမဆိုလိုပါဘူး။ ကျနော့်ရင်ကိုလာညိတဲ့ ဟတ်ထိလို့မှတ်မိနေတဲ့သီချင်းလေးတွေကို ပြောပြချင်လွန်းလို့ပါ။ ဟိုအရင်နားထောင်စကတော့ သီချင်းနာမယ်တွေရယ် ဘယ်သူဆိုခဲ့တယ်ဆိုတာကိုတော့ဘယ်သိမလဲပေါ့။ ဒါတွေက ကြီးမှ ဘယ်သီချင်းကိုဘယ်သူတွေဆိုတယ်ဆိုတာကို သိလာရတာပါ။ငယ်ငယ်တုန်းကတော့ကြိုက်သာကြိုက်လိုက်တာ သီချင်းနာမယ်လဲမသိ ဘယ်သူဆိုတာလဲမသိ ဘယ်သူရေးတယ်ဆိုတာ ကတော့ပိုဝေးပေါ့ဗျာ။ ပထမဆုံးစပြောမယ်ဆိုရင် စကားမပီ့တစ်ပီပြောတတ်စမှာ စတင်လို့သိတဲ့သီချင်လေး့ကတော့ ” လက်ပန်ပွင့်တွေ လေအတိုက်ကြွေလိုက်တဲ့အခါ တဝဲဝဲလွင့်လို့လေယာဉ်ပမာ “ဆိုတဲ့စာသားလေးပါတဲ့ ပိုးအိစံရဲ့ဖေဖေ သန်းထွန်းလေးရဲ့” မမေ့သောအညာ “သီချင်းလေးပေါ့။ ကျနော်တို့အိမ်မှာ ESB လို့တံဆိပ်တပ်ထားတဲ့ ရက်ကော်ဒါကြီးတစ်လုံးရှိပါတယ်။ ဒီကောင်ကြီးက အသံလဲဖမ်းလို့ရတယ်လေ။ ” ရက်ပန်ပွင့်တွေ ရေအတိုက်ကြေရိုက်တဲ့အခါ ” လို့ကျနော်ရဲ့ပိုးစားလို့ကျိုးနေတဲ့သွားကျုးိလေးကလေထွက်တဲ့အသံနဲ့သန်းထွန်းလေးရဲ့သီချင်းကိုမပီမသဆိုတာကိုဘဲအိမ်ကလူကြီးတွေက လက်ခုပ်တွေဝိုင်းတီးပေး၊အသံဖမ်းထားပြီးနောက်ပြီးတော့မှ ပြန်ဖွင့်ပြကြ ရီလိုက်ကြနဲ့လုပ်ခဲ့ကြတာလေးကို အခုပြန်တွေးမိတာတောင်စိတ်ထဲမှာကြည်နူးမိပါတယ်။ နောက်ကျနော်သုံးနှစ်သားလောက်မှာအိမ်က အမရပူရလို့လည်းခေါ် ကျနော်တို့မန်းလေးသားတွေကတော့ […]


တစ်ရက်ကျနော်တို့ တတွေ ရောက်တတ်ရာရာထိုင်ပြောနေကြတုန်းသန်းလွင်က ပုံပြောမယ်ဆိုပြီးထဖောက်လာပါတယ်။ “မင်းက ငါတို့ကိုပုံပြောပြရအောင်ငါတို့ကလေးမှမဟုတ်တာ ” လို့ဇော်ကြီးကပြောတော့ ” အောင်မာ ကြီးကြီးကျယ်ကျယ် မင်းတို့တစ်သက်လုံးပုံပြောခံရမှန်းမသိ ခံလာရတာ ခုမှ လာကျယ်မနေနဲ့ ” လို့သန်းလွင်ကြီးက ဇော်ကြီးကိုပြန်ပက်ပါတယ်။ နောက်ဆက်ပြီးတော့ “ငါကမင်းတို့ကို အသစ်တွေချပြမှာပါ “လို့ သန်းလွင်ကပြောတော့ ဇော်ကြီးက ” အင်တာဗျူးခံရတဲ့မင်းသမီးအသစ်လေသံနဲ့မပြောစမ်းပါနဲ့ကွာ စိတ်ကုန်လွန်းလို့ပါ “လို့ဆက်ပြောပါတယ်။ သန်းလွင်ကအမြဲဗရုတ်သုက္ခပြောတတ်တဲ့ကောင်ပါ သူက စပြောရင် တော့အဟုတ်ရယ် နောက်မှပြောရင်းပြောရင်းပေါက်ကရတွေဖြစ်ကုန်တတ်တာ။ ” ငါဒီတခါတော့အတည်ပြောမှာပါကွာ ငါလဲသူများပြောတာကြားလာတာ မင်းတို့ကိုပြန်ပြောပြမလို့ “လို့ဆက်ပြောပါတယ်။ နောက်မှသန်းလွင်ကဒီလိုလေးပြောပြပါတယ်။ “တစ်ခါကဆို တစ်ခါကပေါ့ကွာ၊ ကိုဖိုးဘလို့ခေါ်တဲ့လူတစ်ယောက်က ဘဝမှာအဆင်မပြေတာတွေများလွန်းလို့စိတ်ကုန်ပြီး အဆင်မပြေလွန်းတဲ့လောကကြီးကို ကိုယ့်ဘာသာကိုယ်အဆုံးသတ်ပစ်မယ် ဆိုပြီး ထွက်လာပါသတဲ့။ အစကတော့ရေထဲဆင်းသေမယ်ဆိုပြီး ရေကန်နားရောက်လာတော့ တော်ကြာလုံချည်ကျွတ်ရက်ကြီးပေါ်လာရင် ရှက်စရာကြီးလို့တွေးမိတော့ သည်နည်းမကောင်းဘူးဆိုပြီး ရေကန်နားကထွက်လို့တောထဲဝင်လာပါသတဲ့။ တောထဲရောက်တော့ ကြိုးဆွဲချပြီးအဆုံးစီရင်လိုက်ရင်လဲ […]