မောင် ပေJanuary 31, 20121min34229
အစဦးဆုံး ကျုပ် ကို ကျုပ် မိတ်ဆက်ပေးရဦးမယ် ။ ကျုပ် အသက်က ၆၂ နှစ်ရှိပါပြီ ။ ဘမောင် လို ့ခေါ်ပါတယ် ။ အစိုးရ ဌာန တစ်ခုမှာ သစ္စာရှိရှိ ဝန်ထမ်းခဲ့တဲ့ မန်နေဂျာဟောင်းတစ်ယောက်ပေါ့ဗျာ ။ အဲ…. “သစ္စာရှိရှိ” လို ့ကျုပ်ဘာလို ့ပြောနိုင်သလဲ ဆိုရင် ၊ ကျုပ် ကိုယ် ကျုပ် လိပ်ပြာလုံလို ့ဘဲ ၊ ကျုပ် လုပ်သက် နှစ်၄ဝနီးပါး ရှိခဲတဲ့အတွင်းမှာ ၊ ဘာလာဘ်မှ မစားခဲ့ဘူးရယ် ၊ တစ်ကယ်ပါ ၊ ကျုပ်တို ့ဌာန က ဝန်ထမ်းတွေအတွက် တိုက်ခန်းတွေ ခွဲတမ်းနဲ ့ချရောင်းပေးတော့ ၊ ကံကောင်းစွာနဲ ့တိုက်ခန်းတစ်ခန်း […]


မောင် ပေJanuary 28, 20121min66
အားလုံး ကို အနူးအညွတ် တောင်းပန်ပါ၏ စာလုံးရေ ၅၀ဝ ကျော်ဖြင့် ရေးပြီးတင်လိုက်သော်လည်း စုတ်ပြတ်သော ကွန်နက်ရှင်ကြောင့် အင်ထရို သုံးကြောင်းသာ ပါသွားသဖြင့် ၊ ထို သုံးကြောင်း ကို ဖျက်ကာ သည်တောင်းပန်စကား ကို ပြန်ရေးပါသည် ။ မနက်ဖန် ကြမှ ပြန်ရေးတင်ပါတော့မည် ။ ယခုမူ ရေးခဲ့ပြီးသော စာအတိုင်းပြန်ရေးရန် ဖီလင်မလာတော့ပါသဖြင့် အားလုံး ကို ကိုးဆယ့်ကိုးစားပါသည် ။ “ ဘာမှ မရသော အပ်ဒိတ် ” ဟု ခေါင်းစဉ် ပြောင်းလိုက်ပါမည်


မောင် ပေJanuary 10, 20121min26321
ပုံပြင်တွေထဲမှာ ပေါ့နော် ။ ဘယ်ပုံပြင်ထဲမှာလဲ နာမည်တွေ ဘာလဲ တော့ အသာ ခဏမေ့ထားပြီး ရေးချင်ပါတယ် ။ ဒါက အင်ထရိုမို ့ပါ ။ ဟိုးရှေးရှေးတုန်းက နတ်ကြီး တစ်ပါး နဲ ့ဗြဟ္မာကြီး တစ်ပါး လောင်းကစား လုပ်ခဲ့ကြတယ်တဲ့ ။ သူရို ့တွေ လောင်းတဲ့ ကြေး က မနည်းဘူးဗျ ။ နိုင်တဲ့သူ က ရှုံးတဲ့သူ ရဲ ့ခေါင်းကို ဖြတ်ကြေးဆိုဘဲ ။ ဒါနဲ ့ပွဲအပြီးမှာ ဗြဟ္မာကြီး ဟာ ရှုံးသွားပါလေရော ။ သူ က ကတိအတိုင်း သူ ့ခေါင်းကို ဖြတ်ယူဖို ့၊ နတ်ကြီး ကို ပြောပါသတဲ့ ။ […]


မောင် ပေNovember 12, 20111min29027
အောက်ပါ အကြောင်းအရာများသည် မြန်မာနိုင်ငံတွင်ဖြစ်ပြီး ၊ တစ်နိုင်ငံလုံးမှ ဆိုင်ကယ်ချစ်သူ ၊ ဆိုင်ကယ်ခရေဇီ ၊ ဆိုင်ကယ်စီးသူများ အတွက် ရည်ရွယ်ပါသည် ။ “ ဆိုင်ကယ်ကလဲဗျာ ၊ တစ်ပျက်ထဲ ပျက်နေတာဘဲ ဦးလေးရေ ” စောစောစီးစီး အိမ်ဘေးနားမှ ညည်းသံကြားရသဖြင့် ထွက်ကြည့်မိတော့ ၊ အိမ်ဘေးမှ ကိုသံချောင်းတို ့တူဝရီး စကားပြောနေသည်ကို တွေ ့လိုက်ရသည် ။ ကိုသံချောင်း တူ မောင်ရေခဲ က သူ ့ဆိုင်ကယ် ခဏခဏ ပျက်သည့်အကြောင်းကို သူ ့ဦးလေး ထံတွင် ရင်လာဖွင့်နေခြင်း ဖြစ်သည် ။ ကျွန်ုပ်လည်း အလုပ်သွားရန် အချိန်မကျသေးသဖြင့် ၊ သူတို ့စကားဝိုင်းထဲ ဝင်လိုက်သည် ။ သူ […]


မောင် ပေNovember 12, 20111min24529
သည်ပို ့စ်ပါ အကြောင်းအရာတွေကတော့ မြန်မာနိုင်ငံတွင် ဖြစ်တာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ အဖိတ်နေ ့ကပေါ့ဗျာ ။ ၉/၁၁/၂၀၁၁ ပေါ့ ။ ဂေဇက်က ဆြာတွေကို  အားကျပြီး ၊ ကျုပ်မောင်ပေ တစ်ယောက်လဲ ဆိုနီ ကင်မရာလေး သွားဝယ်ခဲ့ပါတယ် ။ လပြည့်နေ ့ည မေမြို  ့တက်မယ် ။ မီးပုံးပျံပွဲကြည့်မယ် ။ ဓါတ်ပုံတွေ ရိုက်မယ်ပေါ့ ။ ဒါနဲ ့အဖိတ်နေ ့ကင်မရာ ဝယ်လာပြီး ၊ ဓါတ်ခဲအားကုန်အောင် တစ်နေ ကုန် လျှောက်ဆော့ရသပ ။ တစ်ခြားနိုင်ငံတွေတော့ မသိဘူးဗျ ။ ကျုပ်တို ့ဆီမှာတော့ ၊ ဖုန်းဟန်းဆက် ဖြစ်ဖြစ် ၊ ကင်မရာ ဘဲ […]


မောင် ပေOctober 11, 20111min21013
မင်္ဂလာပါ ခင်ဗျား ဂေဇက်လာ မိတ်သဟာများနဲ ့ဂေဇက်ဝင်များ အတွက် အပျင်းပြေစေဖို ့ ၊ ကျွန်တော် မောင်ပေ ရဲ  ့တစ်ပါတ်အတွင်း ဖတ်ဖြစ်ခဲ့တဲ့ သတင်းများကို ပြန်ပြောပြချင်ပါတယ် ။ ကျွန်တော့် သတင်းလေးတွေ ဟာ ဆိုရင် သတိထားစရာလေးတွေ ပါသလို ခိုးလိုးခုလု ဖြစ်စရာ လည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ် ။ ဦးစွာပြောချင်တာကတော့ ၊ ကျွန်တော့် ရဲ  ့တစ်နေ ့တာ လုပ်ငန်းဆောင်တာများထဲမှာ ဟိုပြေး ဒီပြေး ခရီးစဉ်လေးတွေ လဲ ပါပါတယ် ။ တစ်ခါတစ်လေကြတော့ အချိန်တော်တော်ကြာအောင် ထိုင်စောင့်ရတဲ့ အလုပ်မျိုးလည်း ရှိပါတယ် ။ ထိုအခါ မျိုးဆိုလျှင် ဟိုဒီပြေးလွှားရင်း လမ်းက ဝယ်လာတဲ့ ၅၀ဝကျပ်၊၆၀ဝကျပ်၊၇၀ဝကျပ် အသီးသီးတန်ဘိုးရှိ […]


မောင် ပေOctober 9, 20111min1368
( ရှေးဦးစွာ ကျေးဇူးတင်စကားလေး အနည်းငယ် ပြောကြားလိုပါသည် ။ မြားတစ်စင်း ၂ ကို တင်အပြီးတွင် မိတ်ဆွေဖြစ်သူ comegyi မှ စေတနာဖြင့် ကျွန်ုပ် လွဲမှားနေသော စာလုံးပေါင်းကို ထောက်ပြလာပါသည် ။ ဟုတ်ပါသည် ။ မြှား ဟု သုံးခဲ့မိပါသည် ။ ယခု မူ မြား ဟု ပြင်ပြီးသွားပါပြီ ။ ကျေးဇူးကြီးလှပါသည် ကမ်းကြီး ရေ ၊ အညာဆေးရိုး ရှဲရှဲနီ ) မန်းတလေး မြို  ့ရှိ နာမည်ကြီး အသားကင်ဆိုင် တစ်ဆိုင်တွင် ကိုရှီနို နှင့် ကမ်းကြီး တို ့အတူတကွ စားသောက်နေရင်း ကမ်းကြီးတစ်ယောက် အမူးလွန်ကာ ဇက်ကျိုးသွားခဲ့သည် ။ ( […]


မောင် ပေOctober 9, 20111min2049
ကိုရှီနို ကြယ်ဂေါင်ထဲမှ ဆိုင်ကယ်ငါးစီး ဝယ်လိုက်ရာ တစ်စီးကို နှစ်သောင်းကျပ် ထပ်လျှော့ပေးသဖြင့် ၊ တစ်စီးလျှင် လေးသိန်းရှစ်သောင်းကျပ်သာ ဖြစ်သွားသည် ။ ကျောက်ရောင်းရသော ငွေ မှာ စုစုပေါင်း ၃၂ သိန်း ရှိရာ ၊ ဆိုင်ကယ်ဝယ်အပြီး ၈ သိန်းကျော် လက်ထဲ ကျန်သည် ။ ထို ့နောက် ကယ်ရီသမား ရွှေဘိုသား တို ့အဖွဲ  ့ကို ကယ်ရီခ ပေး ၊ ဆိုင်ကယ် များ အပ်ကာ မန်းတလေး သို ့ပြန်ဆင်းလာခဲ့သည် ။ ကယ်ရီခ နဲ ့ သီးသန် ့ပေးတဲ့ မုန် ့ဖိုး က ခုနှစ်သောင်းရှစ်ထောင် ကျပ် ။ မန်းတလေး […]


မောင် ပေOctober 7, 20111min1736
ကျွန်ုပ် မောင်ပေ နေထိုင်သော မန်းတလေးမြို  ့ကြီးမှာ ဆိုင်ကယ်မြို  ့တော် ဟု တင်စားခေါ်ဆိုကြသည် ကို အခြားမြို  ့သူမြို  ့သားများ ကြားဖူးကြပါလိမ့်မည် ။ မကြားဖူးသော အခြားမြို  ့သူား များ နှင့် နိုင်ငံခြားတွင် ငယ်စဉ်ကတဲက ကြီးပြင်းရှင်သန်လာသူများ အနေဖြင့် ကိုပေါက် (မန်းတလေး) ၏ ပို ့စ်တွင် ဓါတ်ပုံများ သွားကြည့်နိုင်ပါသည် ။ https://myanmargazette.net/71325/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories ကျွန်ုပ် ငယ်စဉ်ကမူ ဆိုင်ကယ် ဆိုသည်မှာ ယနေ ့လောက်မများပြားခဲ့ပေ ။ ထို ့အပြင် ကျွန်ုပ် တို ့ငယ်စဉ်က စက်ဘီးမြို  ့တော် ဟု လည်း ခေါ်ခဲ့သေးသည် ကို မှတ်မိနေသည် ။ ဟိုးတုန်းကတော့ ဂျပန်ဆိုင်ကယ် […]


မောင် ပေOctober 6, 20111min825
ကိုရှီနို တစ်ယောက် လဘက်ရည်ဆိုင်၏ ထောင့်စားပွဲတွင် ခြေပစ်လက်ပစ် ထိုင်နေရင်း ၊ အလကားပေးသော ရေနွေး ကို ဘယ်နှစ်အိုးမြောက်မှန်းမသိ ထပ်တောင်းလိုက်သည် ။ စားပွဲထိုးကောင်လေး က မကြည်မသာဖြင့် ရေနွေးအိုး ကို ဆောင့်ချသွားသည် ကို သတိမပြုအား ။ ကိုယ့်စိတ်ထဲမှာ ပူနေသော ဖြစ်နေသော အလိုမကျခြင်းတွေ ထက် အရေးမကြီး ဟု ကိုရှီနို ယူဆထားသည် ။ လက်ထဲမှာ ကိုယ်လိုချင်တဲ့ ပိုက်ဆံပမာဏ မရှိ ။ လက်ရှိ ကိုယ်ရှင်သန်နေတဲ့ ဘဝမှာ ကိုယ့် ဆန္ဒတွေ မပြည့်စုံ ။ စိတ်ညစ်စရာ ၊ စိတ်အနှောင့်အယှက် ဖြစ်စရာတွေက ၊ နေ ့စဉ် ကိုယ့်ဘေးနားမှာ…ပုံ ။ အရေးထဲ တွဲနေတဲ့ […]


မောင် ပေOctober 2, 20111min20014
အဟမ်း..အဟမ်း..အဟမ်း ၊ မင်္ဂလာပါ စာဖတ်သူများ ခင်ဗျား (သည်းခံကြပါ ချစ်လှစွာ ၊ စာဖတ်သူ အပေါင်းတို ့ခင်ဗျား ၊ ဒီရက်ပိုင်းအတွင်း ရွာလိုက်တဲ့ မိုးနှယ် ၊ မစို ့မပို ့လေး ဆိုတော့ နှာစေး ချောင်းဆိုး ဖြစ်နေလို ့ပါ ) ကျန်းမာရေး က သိပ်အလန်းကြီး မဟုတ်ပေမယ့် လည်း ၊ ရေးစရာလေး နဲနဲ ရလာလို ့ ရောက်အောင် လာရေးရပါတယ် ။ ဂေဇက်ဝင် တွေ အတွက် ပြန်ဖောက်သည်ချ ချင်ဇောအားကြီးစွာနဲ ့ လာခဲ့ရပါတယ် ။ ပထမဦးစွာ မန်းဂေဇက် မိုနိုဒိုင်ယာလော့ခ် လို ့ခေါင်းစဉ်တပ်ရခြင်း ကတော့ ၊ ဆရာ ဂျက်ကွမ်းခြံကုန်း […]


မောင် ပေSeptember 22, 20111min16814
အမှာစာ ။  ။ ဆရာသုမောင် ၏ ကွမ်းစကား စာအုပ်များ ကို ဖတ်ဖူးကြမည် ဟု ထင်ပါသည် ။ မန်းတလေး ဂေဇက် ရှိ မောင်ပေ့ တင်ခဲ့သမျှ ကွမ်းပို ့စ်များမှာ လည်း ၊ ဆရာသုမောင် ကို လေးစားအားကျပြီး အတုခိုးရေးထားသားခြင်း ဖြစ်ကြောင်း ဝန်ခံခဲ့ပါသည် ။ ယခုရေးတင်သည် ပို ့စ်မှာလည်း ၊ တပ်စရာ ခေါင်းစဉ် ခက်နေပါသဖြင့် ၊ ကွမ်းပိုစ် ဟု တပ်လိုက်ပါသည် ။ ကျွန်တော် ချစ်ခင်၊လေးစား၊အားကျရပါသော ဆရာသုမောင် တစ်မောင် တစ်ယောက် ကောင်းရာသုဂတိ မှ ၊ ကောင်းရာဘုံ မှ နေ၍ မောင်ပေ့အား တပည့်တစ်ယောက်တိုးပြီဟုဆိုကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပါစေ […]


မောင် ပေSeptember 20, 20111min1186
ဝမ်းဒေးဝမ်း တုန်းကပေါ့.. အောက်အကြေအရပ်ဆီက လာအခြေစိုက်တဲ့ ရွာသူလေး တစ်ယောက်နဲ ့ အထက်အရပ်ဆီက လာအခြေစိုက်တဲ့ ရွာသား လူငယ် တစ်ယောက် တို ့ ရွာထိပ်က ဇရပ်ကြီး မှာ ဆုံဖြစ်ကြတယ်.. အဲ..ဘယ်ရွာလဲ လို ့၊ မသိဘူး ဆိုရင်တော့ အရင်တစ်ခါ ကျွန်တော် တင်ထားတဲ့ ဒီလိပ်စာလေး မှာ ၊ တစ်ချက်လောက် အရင်သွားကြည့်စေချင်ပါတယ် နော် ။ https://myanmargazette.net/66534/creative-writing ရွာသူလေးက ဖော်ရွှေစွာနဲ ့နှုတ်ဆက်လာတယ် ။ “ ဟယ်လို..မစ်စတာရွာသား ၊ နီးဟောင်မား ” လူငယ် က လဲ ဘယ်ရမလဲ ၊ တတ်သလောက် မှတ်သလောက် နဲ ့ပြန်ပြောရတာပ “ ဝေ..ဟောင်ဟောင် ၊ […]