CourageJanuary 29, 20151min17711
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ ဧည့်သည်ကြီးနှင့် ကဗျာသုံးပုဒ်   “က ကလေးငယ် ချစ်စဖွယ်။ ခ ခရေကုန်း မလေးပြုံး”။ ဒီသင်ပုန်းကြီး ဖတ်စာကဗျာကို ဖတ်မိလိုက်တော့ မောင်ကာကြီးရဲ့ အတွေးထဲမှာ ဆရာတင်မိုးကိုချက်ခြင်းပဲ ပြေးမြင်လာမိပါတယ်။ ပြောရရင်တော့ ဆရာတင်မိုးဆိုတာ မောင်ကာကြီး အသက်တော်တော်ကြီးလို့ ကဗျာတွေရေး စာတွေရေးနေတဲ့အချိန်ရောက်မှ သိခဲ့တဲ့ဆရာကြီးပါ။ သိခဲ့ရင်ပဲ သိသိခြင်း အလွန်တရာမှကို ကြည်ညိုလေးစားသွားရတဲ့သူ၊ မောင်ကာကြီးအတွက် ရှေ့ဆောင် ကဗျာဆရာကြီးဖြစ်ခဲ့သူပေါ့။ တစ်ကယ်တော့ ဆရာတင်မိုးဆိုတာကို မောင်ကကြီးတို့လို နှောင်းပိုင်းလူတွေ သိပ်မရင်းနှီးရိုးအမှန်ပါ။အစပိုင်းကဆိုခဲ့သလိုပဲ ဗျည်းကဗျာတွေ၊ “မမ ဝဝ ထထက”ဆိုတဲ့ အရေးအဖတ်ကဗျာတွေ၊ “ယုန်ကလေးက နားရွက်ထောင်”ဆိုတဲ့ ပညာပေး ကလေးကဗျာတွေကို သိခဲ့ပေမယ့် ဒါတွေဟာ ဆရာတင်မိုးရဲ့ လက်ရာမှန်း တော်တော်များများကတော့ မသိကျဘူး။ ဒါဆို ဆရာတင်မိုးဆိုတာ […]


CourageJanuary 22, 20151min25012
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ မယ်လမ်းပါလား (ဇော်ဂျီ)   ရိုးသားစွာ ဝန်ခံရရင်တော့ ဒီစာစဉ်လေးဟာ ဆောင်းပါးတစ်ပုဒ်မဟုတ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အခု မောင်ကာကြီး ရေးသားမယ့် အကြောင်းအရာတွေဟာ မောင်ကာကြီးဘဝအတွက် အမှတ်တရဖြစ်စေတဲ့ ကဗျာတွေအကြောင်းကို ပြန်လည်ရေးသားထားခြင်း ဖြစ်တဲ့အတွက် ဆောင်းပါးဆိုတာထက် ခံစားမှု စကားပြေ စကားစုသာဖြစ်ပါလိမ့်မယ်။ တစ်ကယ်တော့ မောင်ကာကြီးဆီမှာ ကြိုက်နှစ်သက်ခဲ့ရတဲ့ ကဗျာတွေ၊ စာတွေဆိုတာ နည်းမှ မနည်းတာ။ အနုပညာကို ခံစားတတ်ကာစ အရွယ်ကတည်းက ကဗျာဆိုလဲ ခေတ်ဟောင်းရော မော်ဒန်ရော ပြောရရင် ပျို့တို့ ရတုတို့ကိုတောင်မှ ကြိုက်ခဲ့တာ။ စာဆိုလဲ အစုံကြိုက်တာပဲ။ ဒီကြားထဲ ဂီတသမားဆိုတော့ သီချင်းပိုင်းမှာဆို ပိုလို့တောင်များသေး။ ဒါပေမယ့် ဒီစာစဉ်မှာတော့ ကဗျာအကြောင်းတွေကိုပဲ အသားပေးဖေါ်ပြပါမယ်။ အကြောင်းအရင်းကတော့ ရေးချင်လို့ပေါ့ဗျာ။ အခုစတင်ပြီး မောင်ကာကြီးရဲ့ […]