khinmintatthuJune 25, 20101min770
ကျောင်းလေး ပိတ်တုန်း နေတိုင်းလိုလို ပို့စ်လေးတွေ တင်ပေးဖြစ်ပါတယ်။ ဒီနေ့လည်း Portable လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Portable ကတော့ Photo Convert လေးဗျာ။ အပျင်းပြေပေါ့ မိမိ ဓါတ်ပုံလေးကို ပုံကြမ်းလေး ခဲရောင် မှင်ရောင် အဲလိုလေးတွေ ပြောင်းလဲ ကြည့်ရအောင်။ စိတ်ဝင်စားတဲ့ မိတ်ဆွေတွေ အတွက် အပြည့်အစုံလေး ဖော်ပြပေးပါ့မယ်။ အခု ကတော့ Potable လေးကို သုံးလို့ အဆင်ပြေမယ် ထင်လို့ ရွှေးတင်ပေး လို်က်ပါတယ်။ Portable မကြိုက်တဲ့ သူငယ်ချင်းတွေ အတွက်လည်း Software အသုံးပြုနိုင်ရန် စီစဉ်ပေးထားပါတယ်။ ဒါမှမဟုတ် Online မှာ တိုက်ရိုက် Convert လုပ်ပေးနိုင်တဲ့ လင့်လေးကိုလည်း ညွန်းပေးသွားပါမယ်..။ ဒီပို့စ်လေးက […]


khinmintatthuJune 25, 20101min751
ပြီးခဲ ့သည့် မကြာသေးမီ ကာလက ရန်ကုန်မြိ ု့တွင် လူမသိသူမသိ အဖြစ်အပျက်လေးတစ်ခုဖြစ်ပျက်ခဲ ့သည်။ တခြားတော့ မဟုတ်ပါ Computer Keyboard မှ Bacteria များက မွေးကင်းစကလေးငယ် တစ်ဦးကို ဆုံးပါးသွားစေခဲ ့သည်။ အသက်ကြီးမှာ အိမ်ထောင်ကျသော ဇနီးမောင်နှံ နှစ်ဦး တို ့တွင် အသက် ၃ဝ ကျော်မှ ရသောကလေးလေး ဖြစ်သည်။ အသက်ကြီးမှ ရသောကလေးမို ့မိဘများက တအားတန်ဖိုးထားသည့် (Precious Baby ) လေး ဖြစ်သည်။ အဖေဖြစ်သူက Computer Programmer – တနေကုန် Computer ရှေ ့တွင် အလုပ်ရှုပ်နေသူ ရုံးကပြန်လာတိုင်း လုပ်လေ့လုပ်ထရှိသည့် အကျင့်လေးတစ်ခုက သားလေးကို ချီပြီး နမ်း […]


khinmintatthuJune 25, 20102min490
ဈေးကွက်တွေမှာ ဈေးပေါပေါနဲ ့ ရောင်းချနေတဲ့ တရုတ်နိုင်ငံထုတ် စားသောက်ကုန်များ၊ ဆေးဝါးများသာမက လူသုံးကုန် အသုံးအဆောင်ပစ္စည်းတွေကိုပါ သတိထား သုံးစွဲရမယ့် အခြေအနေတွေ ရှိပါတယ်။ ဈေးပေါတယ်၊ သက်သာတယ်၊ သုံးရတာ လွယ်ကူ အဆင်ပြေတယ် ဆိုတာလောက်ကို ကြည့်ပြီး ဘေးအန္တရယ် ကျရောက်နိုင်တာ၊ သုံးစွဲရ သင့်တော် မသင့်တော် ကိုပါ ထည့်တွက် စဉ်းစားပြီးမှ ဝယ်ယူသုံးစွဲ သင့်ပါတယ်။ ဘေးဒုက္ခ ရောက်မှသာ မရှူနိုင် မကယ်နိုင်ဖြစ်ပြီး အချိန်လွန် ဆုံးရှုံးရတာတွေ မဖြစ်စေချင်ပါ။ ယခုဖေါ်ပြတဲ့ ဆံပင် ခေါင်းစည်းကြိုးက တရုတ်ပြည်ကနေ ထုတ်လုပ်တာပါ။ ဒီ ဆံပင်ခေါင်းစည်းကြိုးဟာ ဈေးပေါပေါနဲ ့ရောင်းချသလို ဝယ်ယူသုံးစွဲကြသူ အမျိုးသမီးထုဟာလည်း အရောင်အသွေးလှလှပပနဲ ့မို ့ ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် ဒီဆံပင် ခေါင်းစည်းကြိုးကို […]


khinmintatthuJune 25, 20101min1571
ဆရာမင်းသိင်္ခ တချိန်က အောင်မြင်ကျော်ကြားခဲ့သော 30 Years Cycle သို ့တကျော့ပြန် ဝင်လာနေပြီမို့…….. ၂ဝဝ၂ ဇွန်လ၏ မိုးရေစက်များအောက်ဝယ်… အဲဒီတုန်းက ရန်ကုန်ဆိုတာကို သုံးခေါက်မြောက် ရောက်ဖူးတဲ့အချိန်။ မှော်ဘီနဲ့ ရန်ကုန် ဘယ်လောက် ဝေးတယ် မသိ။ မှော်ဘီကနေ အယူတော်မင်္ဂလာခြံဆီ ထော်လာဂျီစီးပြီး တစ်ဆင့် ထပ်သွားရတယ်ဆိုတာ မသိ။ ကိုယ်သွားတဲ့လက အဘမွေးနေ့ကျင်းပမယ့် လနဲ့ တိုက်ဆိုင်နေတာ သတိမထားမိ။ ခြံထဲမှာ လူတွေ ပြည့်ကြပ်နေလို့ ဖိနပ်တွေ စုပုံချွတ်ထားတဲ့ ဘေးမှာ ပုဆိုးလေးခင်း အိပ်ရမယ်မှန်း ကြိုမသိ၊ အဘရဲ့ အသံဟာ သံလိုက်ဓာတ်အပြည့်ပါနေမယ်ဆိုတာ မထင်မိ။ သင်ပေးသမျှ ပညာတွေထဲမှာ ယတြာနဲ့ အတွေးအခေါ်ကို အကြိုက်ဆုံး ဖြစ်လာမယ်ဆိုတာ ကြိုမသိ။ မသင်မီက တတ်နှင့်သူ ဆိုတဲ့ […]


khinmintatthuJune 25, 20101min1074
ဥပါတသန္တိစေတီတော်၊ လွှတ်တော်အပါအဝင် နေပြည်တော်ရှိ အထင်ကရ အဆောက်အအုံများကို ကြည့်ရှုနိုင်မည့် ပေ၄ဝအမြင့်ရှိ အထပ်လေးထပ်ပါ မျှော်စင်တစ်ခုကို မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အဦးဌာနမှ သတင်းရရှိပါသည်။ အဆိုပါမျှော်စင်ကို နေပြည်တော် ရေပန်းဥယျာဉ်အဆင့် (၃) တည်ဆောက်ရေးစီမံကိန်း မြေနေရာတွင် တည်ဆောက်လျက်ရှိသည်။ “မျှော်စင်ကို မကြာခင်ဖွင့်လှစ်သွားမှာပါ။ မျှော်စင်ပေါ်မှာ ဆောင်းဘောက်စ်တွေတပ်ဆင်ပြီး သဘာဝရနံ့ကို အမှန်တကယ်ရရှိအောင် ကျေးငှက်သာရကာ အသံတွေ၊ တောရိုင်းတိရစ္ဆာန် အသံတွေ၊ စမ်းရေစီးသံ စတာတွေကို အသံလွှင့်ထုတ်ပေး တာပါ”ဟု နေပြည်တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ ဌာနမှူး ဦးသန်းဦးက ပြောကြားသည်။ ရေပန်းဥယျာဉ် (နေပြည်တော်) အမှတ် (၁) သည် ၆၅ ဧက၊အမှတ် (၂) သည် ၂၅ ဧက၊အမှတ် (၃) […]


khinmintatthuJune 25, 20102min1092
ဆယ်စုနှစ်ကျော် ရပ်တည်ခဲ့ပြီး ဖြစ်သည့် အထင်ကရဈေးကြီးများ ပြောင်းရွှေ့အဆင့်မြှင့်တင်မှုများ ပြုလုပ်ရာတွင် ဈေးကွက်သစ် ဖော်ဆောင်နိုင်မှု အနေအထား၊ အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ရရှိနိုင်မှုနှင့် အခြားကဏ္ဍများအပေါ် သက်ရောက် နိုင်မည့် အချက်အလက်များကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဟု မြို့ပြရေးရာ ကျွမ်းကျင်သူများက သုံးသပ် ပြောကြားသည်။ ယင်းအပြင် ဈေးကြီးများအား အဆင့်မြှင့်တင်မှု ဆောင်ရွက်နေသည့်ကာလ၌ ယာယီနေရာချထားပေးမှု အခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဟု လေ့လာသူများက အကြံပြုထားသည်။ ”ဆယ်စုနှစ်နဲ့ ချီပြီး တည်ရှိခဲ့တဲ့ အထင်ကရဈေးကြီးတွေကို အဆင့်မြှင့်တင်မှုတွေ လုပ်တဲ့နေရာမှာ အကြောင်းအရင်းတွေ အများအပြားရှိပါတယ်။ ဒါလည်းပဲ ဈေးကွက်နဲ့ ရောင်းဝယ် ဖောက်ကားမှု အခြေအနေအပေါ်ကို မူတည်ပါတယ်။ ရန်ကုန်မှာ နှစ်ရာပြည့်တော့မယ့် ဈေးတွေ အများကြီးရှိပါ တယ်။ ဥပမာ ဗိုလ်ချုပ်ဈေးတို့ သိမ် ကြီးဈေး(ဘီရုံ) […]


khinmintatthuJune 25, 20101min520
ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင် ချောင်း မြစ်သုံးဆိုင် အတွင်း နစ်မြုပ် နေသော ဓမ္မစေတီမင်း ခေါင်းလောင်း တော်ကြီးကို အဖွဲ့အသီးသီး က နှစ်ရှည်လများ အကြိမ် ပေါင်းများစွာ ရှာဖွေ သော်လည်း ရလဒ် ပီပီ ပြင်ပြင် မရရှိ ခဲ့ကြောင်းသိရသည်။ ဩစတြေး လျနိုင်ငံ အခြေစိုက် ANIMAX Films က History Maker များအနေဖြင့် Documentary Film ထုတ်လုပ်ရေး အတွက် ခေတ်မီ ပစ္စည်း ကိရိယာများ အသုံးပြု၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ နစ်မြုပ် နေသည့် ခေါင်းလောင်း တော်ကြီး၏ ပုံရိပ်ဟု ယူဆ ရသော နေရာ နှစ် နေရာကို ဖမ်းယူ ရရှိ ခဲ့ကြောင်း၊ […]


khinmintatthuJune 25, 20101min864
မြန်မာနိုင်ငံ မှ တစ်ဆင့် ဖြတ်သန်း၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဖောက်လုပ်မည့် ဘင်္ဂ လားဒေ့ရှ် အစိုးရ ၏ လမ်း ဆက်သွယ် ဖောက် လုပ်ရေး အဆိုပြုလွှာ ကို တရုတ် အစိုးရက သဘော တူညီ လိုက်ပြီ ဖြစ်ကြောင်း ဇွန် ၁၉ ရက် သတင်းတစ်ရပ် အရ သိရသည်။ အဆိုပါ လမ်းဖောက်လုပ်ရေး လုပ်ငန်း ကြီးကို ဘင်္ဂလားဒေ့ရှ် အစိုးရက ငွေကြေး စိုက်ထုတ် တည်ဆောက် မည်ဖြစ်ပြီး ယခု အခါ စီမံကိန်း အတွက် အပြီးသတ် ဒီဇိုင်း ရေးဆွဲမှုများ ပြုလုပ် လျက်ရှိကြောင်း  ဘင်္ဂ လားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ပါလီမန်သို့ […]


khinmintatthuJune 24, 20101min790
MP3 ဖြင့် တစ်နာရီ (သို့မဟုတ်) တစ်နာရီထက်ကျော်ပြီး သီချင်းနားထောင်ရုံဖြင့် ရေရှည်တွင် အကြားအာရုံပျက်စီးနိုင်ကြောင်း ဘယ်လ်ဂျီယံရှိ Ghent တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာမှုတစ်ရပ်အရ သိရသည်။ MP3 ဖြင့် သီချင်းနားထောင်ခြင်းသည် ရေရှည်တွင် အကြားအာရုံပျက်စီးစေကြောင်း၊ အချိန်တိုအတွင်း အသံပြောင်းလဲမှုကြောင့် နားထဲရှိ အမွေးအမှင်ဆဲလ်များအတွင်း လှုံ့ဆော်မှု အလွန်အကျွံဖြစ်ပေါ်ကြောင်း လေ့လာမှုတွင် ဖော်ပြခဲ့သည်။MP3 ကို နားကြပ်တပ်ပြီး အသံကျယ်ကျယ်နားထောင်ခြင်းသည် အကြားအာရုံပျက်စီးနိုင်သည်ဟု သုတေသနပညာရှင်များ၏ သတိပေးချက်ထုတ် ပြန်ခဲ့ပြီးနောက် အသက် ၁၉ နှစ်မှ ၂၈ နှစ်အကြား လူငယ် ၆ဝ ကို လေ့လာခဲ့ခြင်းဖြစ်သည်။ MP3 ဖြင့် ပေါ့ပ်နှင့်ရော့ခ်ဂီတများကို တစ်နာရီခန့် နားထောင်စေပြီး အသံအတိုးအကျယ် ပြုလုပ်ကာ သီချင်းနားမထောင်မီနှင့် နားထောင်ပြီးနောက်ပိုင်း အကြားအာရုံများကို စစ်ဆေးခဲ့သည်။ သုတေသနအဖွဲ့ခေါင်းဆောင် […]


khinmintatthuJune 24, 20101min531
အမျိုးသား – အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ် အမျိုးသမီး – ဟင်းနော်….ထားသွား လိုက်ရမလား? အမျိုးသား – အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့ အမျိုးသမီး – တကယ် ချစ်ရဲ ့လားဟင်? အမျိုးသား – ဒါပေါ့ ဒီထက်တောင်ပိုသေးတယ် အမျိုးသမီး – ကျွန်မကို အရူးလုပ်မှာလား အမျိုးသား – ဘုရားစူးရစေရဲ ့ ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား အမျိုးသမီး – ကျွန်မကို နမ်းချင်သလား ဟင်? အမျိုးသား – အချိန်မရွေးပဲ အမျိုးသမီး – နှိပ် ကော နှိပ်စက်မှာလား? အမျိုးသား – မင်းရူးများရူးနေလားကွာ အမျိုးသမီး – ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်? အမျိုးသား […]


khinmintatthuJune 24, 20101min681
တောင်အာဖရိကမှာ ကျင်းပနေတဲ့ ၂၀၁ဝ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအေတွင် ပြင်သစ်အသင်းသည်  ၃ ပွဲကစား၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံးဖြင့် ရမှတ် ၁ မှတ်သာ ရရှိပြီး အုပ်စုတွင်းမှ စောစီးစွာထွက်ခွာသွားခဲ့ရ သည်။ ပြင်သစ်၏နောက်သို့ ထပ်မံလိုက်ပါလာတဲ့အသင်းကတော့ ၂၀၀၆ ချန်ပီယံ အီတလီ အသင်းပင်ဖြစ်သည်။ အီတလီအသင်းသည် ဇွန်လ ၁၄ ရက်နေ့က ကိပ်တောင်းမြို့၊ ကိပ်တောင်း အားကစားကွင်းတွင် ကစားသွားခဲ့သော ကမာ္ဘ့ဖလားအုပ်စု (F) ပွဲစဉ်တွင် လက်ရှိချန်ပီယံ အီတလီ အသင်းသည် ပါရာဂွေးအသင်းနှင့် (၁-၁)ဂိုး သရေကျ သွားခဲ့သည်။ အီတလီ အသင်းသည် ပါရာဂွေးအား ကစားကွက်နှင့် ဘောလုံး ပိုင်ဆိုင်မှု အသာရ ခဲ့သော်လည်း အဆုံးသတ်ပိုင်း သေချာမှု မရှိခဲ့သဖြင့် ရလဒ်မကောင်း […]


khinmintatthuJune 24, 20101min530
“အကြောပြတ်ခြင်း” ကို ဖတ်ပြီး၊ “အကြောထုံး” တာလည်း သိချင်တယ်ဆိုလို့။ နောက်တခါ “သားကြောဖြတ်” တာ ရေးရမလားဘဲ။ ဗမာစကားမှာ “အကြော” ဆိုတာကို အလွယ် သုံးတတ်ကြတယ်။ Nerve အာရုံကြော၊ Muscle ကြွက်သား၊ Tendon အရွတ်၊ အကုန် အကြောချည်းဘဲ ပြောတယ်။ တခါတလေ ဘာပြောတယ်ဆိုတာ မှန်းမရတတ်ဘူး။ “ရှက်ကြောပြတ်တာ” တာ့ ဆရာဝန်ရော၊ လူနာပါ အတူတူ သိကြတယ်။ တခြားလူမျိုးတွေက မသိကြရှာဘူး။ သွေးကြောဆိုတာ နှလုံးကနေ တကိုယ်လုံး ရောက်အောင်လွှတ်ပေးတဲ့ Artery သွေးလွှတ်ကြော နဲ့ ခန္ဓာကိုယ်အနှံ့ကနေ နှလုံးဆီကို ပြန်လာတဲ့ Vein သွေးပြန်ကြော ဆိုပြီး နှစ်မျိုးရှိတယ်။ Capillaries သွေးကြောမျှဉ်လေးတွေ ဆိုတာလည်း ရှိပါသေးတယ်။ မျက်စိနဲ့တော့ မမြင်နိုင်ဘူး။ […]


khinmintatthuJune 24, 20101min641
အိမ်ထောင်သည်နှင့်အပျို၊ လူပျို လူတိုင်းဟာ အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ နေထိုင်လိုကြတဲ့ သူချည်းပါပဲ။ ‘သေချင်လိုက်တာနော်’ ဆိုတဲ့ သူတွေတောင်မှ… ပါးစပ်ကသာ ပြောနေကြပြီး ဘယ်သူမှ မသေလိုကြပါဘူး…။ ဒီတော့… အသက်ရှည်ပြီး၊ ကျန်းကျန်းမာမာ၊ လှလှပပနဲ့ ဘဝကို နေထိုင်သွားချင်တယ်ဆိုရင်တော့…. လူပျိုကြီး၊ အပျိုကြီးများအဖြစ်နဲ့ မနေကြဖို့ ခေတ်သစ်ဆေးသိပ္ပံပညာရှင်များက စာတမ်းတစောင် ထုတ်ပြီး ပြောဆိုခဲ့ပြပါတယ်။ အိမ်ထောင်သည်များဟာ… တကိုယ်တည်း လူပျိုကြီး၊ အပျိုကြီးများထက် စစ်တမ်းကောက်ယူချက်များအရ အသက်ပိုပြီး ရှည်ကြမယ်လို့ ဆိုပါတယ်။ အိမ်ထောင်သက် ရှည်ကြာလာတာနဲ့အမျှ အိမ်ထောင်သည် အမျိုးသား၊ အမျိုးသမီးများဟာ ရောဂါပိုမွှားများရဲ့ ဒဏ်ကို လူပျိုကြီး၊ အပျိုကြီးများထက် ပိုမိုပြီး ခုခံနိုင်ရည်ရှိကြတယ်လို့ ဆိုပါတယ်။ ကျားနဲ့ မ ဖွားသေစာရင်းများအရ… အမျိုးသမီးများရဲ့ သေဆုံးမှုဟာ … အမျိုးသားများ၏ သေဆုံးမှုထက် […]