ကုိ ထြဋ္December 13, 20142min20212
အဘွားအိမ်မှာ… နာရီရဲ့ ချက်ချက်မြည်သံ မှန်မှန်ပေါ်ထွက်နေတယ် အချိန်တွေ ကျော်ဖြတ်သွားပြီ ငါ ဘတ်စ်ကားမှ မှီပါ့မလား။ မပူပါနဲ့ လူကလေးရယ် အချိန်မှီမှာပါ ဒါပေမဲ့ ထမင်းတော့ မကျက်သေးဘူးနော်တဲ့။ စိတ်တိုတာတွေ၊ ဒေါသထွက်တာတွေ အရေးကြီးနေတာတွေ ရင်ထဲ ပြည့်လျှံနေတယ် ဒီလူအိုကြီးတွေဟာ အချိန်ဆိုတာကို နားမလည်ဘူးလို့ တွေးလိုက်မိတယ် ဒါပေမဲ့ နှုတ်လှန်မထိုးလိုက်တော့ပါဘူး။ ထင်းခွဲနေတဲ့အသံ ကြားလိုက်လို့ အပြင်ထွက်လာခဲ့တယ် တုန်တုန်ရီရီလက်တွေနဲ့ ဖြည်းဖြည်းချင်း ဂရုတစိုက် ထင်းတွေခွဲစိတ်နေတာ အဘွားပေါ့။ ကြီးမားလှတဲ့ ဒီမေတ္တာကို မိုက်လုံးကြီးစွာ မလေးမခန့်ပြုမိလို့ နောင်တမျက်ရည်တွေ ငါ့မျက်လုံးထဲ ပြည့်လျှံနေခဲ့ရပြီ။   OKUMBA MIRUKA ကင်ညာ (အတွေးရှင်း၊ အရေးရှင်း၊ စာရှုခင်း) လူထုဦးစိန်ဝင်း ဖတ်ရင်း စိတ်ထဲ တမျိုးဖြစ်လာလို့ တင်ပေးလိုက်ပါတယ်…. ရေမြေ့သနင်း


ကုိ ထြဋ္November 25, 20142min34922
–  ဒီတပတ် သွားမယ်၊ ဝါးမယ် ကဏ္ဍလေးကို အချိန်မှီတင်လိုက်ပါတယ်ဗျာ… နောက်ကျနေလို့ ဗိုက်ဆာနေပြီလား… ကဲ…ကဲ … သွားနေပါပြီဗျာ…. – ပထမက နေရာစုံစားတာကို တင်ပေးမို့ပါ… အခုက လောလောလတ်လတ် မနေ့က သွားဝါးခဲ့တာလေးကို ပြောပြချင်လာတာနဲ့ Wonderful လေးပဲ တင်လိုက်ပါတယ်…   ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။   – Wonderful Fast Food & Bakery  တဲ့… – နေရာက သိမ်ကြီးဈေး ဘယ်ရုံလဲတော့ မသိဘူးဗျ… မင်္ဂလာရုပ်ရှင်ရုံ ဝင်ပေါက်နဲ့ မျက်စောင်းထိုးလောက်မှာ… – အကျယ်အဝန်း သဘောကျစရာ… ကျယ်တော့ သူ့ဝိုင်းသူစား၊ ကိုယ့်ဝိုင်းကိုယ်စား … ပြောချင်တာပြော မကြားရဘူး… – မွေးနေ့ပွဲတွေ… ကန်တော်ကြီးမှာလုပ်သွားတဲ့ ဆွေးနွေးပွဲလေးတွေလဲ လုပ်လို့ရပါတယ်… […]


ကုိ ထြဋ္November 10, 20142min32824
–” E E ဘယ်သူပေါက်… မောင်ပေါက်… ပေါက်တဲ့သူ မှန်မှန်ပြော… E ဘွတ်တရားဟော… ဟောလို့ မကြေ သံပရာရည်… တောင်ပေါ်က ခရမ်းသီး… ဓားနဲ့ ပါးပါးလှီး …. E  …”   – အာ.. ဒီကောင်တော့ လုပ်ချလိုက်ပြန်ပြီ မပြောနဲ့နော်… တကယ် ကြည့်လိုက်ရင် ရေမြေ့သနင်းချည်းပဲ… မန့်လိုက်ရင် ပြောပါတယ်… ဒီတော့ မန့်မကောင်းလို့လား… ဒါမှမဟုတ် စာတွေက လေးနေလို့လား… – ဒီတော့.. ပေါ့ပေ့ါပါးပါး မဟုတ်က ဟုတ်က မန့်လို့ ရအောင် ပို့စ်တင်လိုက်တယ်ဗျာ… – ကဲ … နှာခေါင်းလေးတွေ ပိတ်ပြီး ဖတ်လိုက်ကြရအောင်… 🙂   ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။   – အပေါ်က […]


ကုိ ထြဋ္November 7, 20141min39414
  – သူငယ်ချင်းတွေကို ပြောပြတော့ .. မင်းဆီးယိုစားဖို့ လိုနေပြီတဲ့… သည်းခြေသိပ်မကောင်းတော့ဘူးလားတဲ့… – ဟဲ… သူတို့မသိတာ Creative Thinking (ဝါ) Imagination ( စိတ်ကူးကွန့်မြူ းခြင်း) ဆိုတာကိုပဲ… – Joyce ရဲ့ Epiphany သဘောတရားအရ happening —> imagination —> creation/ Art   (မိုးတိမ် အမှတ် ( ၉၃ ) မှ ) ဆိုတာကို လက်မခံနိုင်ကြတာ… – နာမည် မကြီးသေးတော့လဲ … ဒီလို သမုတ်တာ မထူးဆန်းပါဘူး… ပီကာဆို ပန်းချီကားတောင် ပထမက ဘာတွေ ဆွဲထားလဲ မသိဖြစ်ကြသေးတာပဲ… – တခုပဲ.. မသေခင်တော့ […]


ကုိ ထြဋ္October 31, 20147min15515
– သူ့နာမည်က ဆိုးပေ… – နာမည်နဲ့ လိုက်အောင် ဆိုးတဲ့ပေတဲ့ ကောင်လေးပေါ့… သူ့ကို မတရားလာလုပ်ရင်လဲ ရန်ဖြစ်… သူများကို လုပ်နေတာမြင်ရင်လဲ အမြင်မတော်ရင် ဝင်ပါ… ဒီတော့ ပါလေရာငပွကြီးပေါ့… – လူဆိုတာ အဆိုး ရှိသလို အကောင်းလဲ ပါတတ်ပါတယ်… အသားလွတ် ရမ်းကားဆိုးနေတာမျိုးတော့ မဟုတ်ပါဘူး… ပင်ကိုယ်ဓာတ်ခံကတော့ အဖြူ  သက်သက်ပါ… – သူများဈေးခြင်းတောင်း မနိုင်တာတွေ့ရင် ဝင်သယ်… အဘိုးကြီး၊ အဘွားကြီးတွေ လမ်းလျှောက်ရင် ဝင်ကူ… ကိုယ့်လမ်းသားနဲ့ သူများ ချရင် ဝင်ချ… ဒီလိုမျိုးကျ  ချစ်လို့လဲ မဖြစ်သလို… ပစ်လို့လဲ မရ… – သနားဖို့ကောင်းတာက သူများမိဘတွေဆိုရင် ရန်ဖြစ်ပြီဆိုတာနဲ့ ကိုယ့်သားသမီးဘက်ပါတတ်ကြပေမယ့် သူ့အတွက်ကတော့ ဆန့်ကျင်ဘက်…   ဘယ်သူမှားမှား […]


ကုိ ထြဋ္October 28, 20148min29643
  –  အဟွာကို ရေပြန်နူးတာ မဟုတ်ပါ… တအုံ့ နွေးနွေး ဖြစ်ဖြစ်နေတာကို ရင်ပြန်ဖွင့်တာပါ.. ခုချိန်ထိ လတ်ဆတ်နေဆဲပဲ… – ဖြစ်ပုံက ဒီလိုဗျ… ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ကလင်.. ကလင်… ကလင်….                    ။ အောင်လေးလား???                   ။ ဟုတ်.. ကိုကြီး…                  ။  အဖေ ဆီးကြိတ်တည်နေလို့ ခွဲရမယ်… ရန်ကုန် တက်လာရမယ်တဲ့…                  ။ လာခဲ့လေ.. အမေ့တုန်းကတော့ ဂျပန်ဆေးရုံမှာ အဆင်ပြေသွားတယ်…                  ။ အေး .. ရောက်တော့ တိုင်ပင်တာပေါ့… ခုက ဆီးပိုက်နဲ့.. ငွေလဲ ၁ဝ သိန်း လောက်ပဲ ပါလာမယ်…                 ။ ဟုတ်.. လာခဲ့လေ… […]


ကုိ ထြဋ္October 28, 20142min28515
ဒီပုံမှာ ပဝါ ကျန်ခဲ့တယ်လေ… 🙂 ကျွန်တော် ဒေါခွီးနေလို့ သိပ်မပြုံးဖြစ်လိုက်ဘူး… 🙂 ဒီပုံက ပွဲအပြီး အလှပုံပေါ့… ဟဲ သက်ပြင်း ခုမှ ချနိုင်တာ… 🙂 ဒီပုံက ကျန်ခဲ့တဲ့ ပုဝါ အရှည်ကို အမှတ်တရ… 🙂 ဒီပုံက နှစ်ဘက်မိဘ နဲ့ အမျိုးတွေ… 🙂 ဘယ်အစွန်ဆုံးက အဖေ့ သူငယ်ချင်း သားအဖ၊ အမေ နဲ့ အဖေ၊ ကျွန်တော်တို့ လင်မယား၊ ဦးချိုအောင်သန်း၊ ယောက္ခထီး နဲ့ ယောက္ခမ ဒီပုံက ရုံးအဖွဲ့ နဲ့ သတို့သား သတို့သမီး အရံ… 🙂 ဒီဘယ်အစွန်ဆုံးက Finance Manager၊ ယောက်ဖ တို့ စုံတွဲ၊ ကျွန်တော်တို့ လင်မယား၊ […]


ကုိ ထြဋ္October 25, 20141min16513
ဒါက သူငယ်ချင်း တယောက် မွေးနေ့တုန်းက စုရိုက်ထားတာပါ… 🙂 ဒါလဲ ကစားနေတုန်း ရိုက်မယ် ဟေ့.. ရိုက်မယ် ဟေ့… ဆိုလို့… 🙂 သူငယ်ချင်း တယောက် အိမ် ပြန်ဆောက်နေတုန်း… လာ.. သားတို့ အမှတ်တရ ရိုက်မယ်ဆိုလို့… 🙂   ကဲ.. ဆိုးပေလေးကို ရှာလိုက်ကြရအောင်… ဂဇက် ပရိသတ်ကြီး ပျင်းနေမှာစိုးလို့ပါ… 🙂 အခုထိ အဲတုန်းက အကျီင်္လေးတွေ ဘဝ မမေ့အောင် သိမ်းထားပါတယ်… 🙂  


ကုိ ထြဋ္October 22, 20141min21610
လိမ်နိုင်လျှင် သမာဓိ ညာနိုင်လျှင် ပညာရှိ အပေါ်ဖားပြီး အောက်ဖိ… ။ ။ မျက်နှာကြီးရာ ဟင်းဖတ်ပါ မြေနိမ့်တဲ့အခါ လှံစိုက် မရောင်ရာလဲ ဆီလူး… ။ ။ မရှက်အပ်သည်ကို ရှက် ရှက်သင့်သည်ကို မရှက် ငတေမာရင် ပြီးရောစိတ်ဓာတ်… ။ ။ ငကန်းသေရင် ငဆွေတက် သူများမိုးခါးဆို ဒို့မိုးခါး ငွေများရင် တရားနိုင်… ။ ။ ထမင်းတလုပ် တသံသရာ သမုဒ္ဒရာ ဝမ်းတထွာမို့ ဆိုရေးရှိရာ ဆိုပါစေတော့… ။ ။ လူ့ဘုံခန်းဝါ  လူ့ပြည်ရွာဝယ် နေတတ်ရင် ကျေနပ်စရာမို့ ထမင်းတနပ် ဝမ်းရေးမခက်ဖို့ မျက်လုံးကိုမှိတ် နှာခေါင်းပိတ်လို့ ဆေးခါးကြီးကို သောက်လိုက်တော့မည်…. – တခါတလေ အများနည်းတူ ကျှ် ကို […]


ကုိ ထြဋ္October 21, 20141min1528
  – ဗီဒီယို အညွှန်း မတင်တာ ကြာပြီမို့… မေ့နေကြပြီ ထင်ပါတယ်… တကယ်တော့ ကိုယ်ပိုင် ပေ့ချ်မှာတော့ တော်တော် တင်ဖြစ်ပါတယ်… – ဒီမှာက မောင် ဘ လှိုင် တင်နေတော့ မတင်တော့တာဗျ… ကျွန်တော်က ကြည့်ကောင်းရင် ကြည့်လိုက်တာပဲ… နာမည်ပေးထားတာ မိုက်ရင် ဝယ်ဖြစ်တာ များတယ်… – ဘယ်မင်းသားရယ်၊ ဘယ် ဒါရိုက်တာရယ်၊ ဘယ် လောက် ဝင်ငွေရတယ်၊ နံပါတ် ဘယ်လောက်လဲ ဒါတွေကို သိပ် စိတ်မဝင်စားဘူးဗျ… ပြောရရင် ဝါသနာအိုး မစစ်ဘူး ပြောရမှာပေါ့… – ဘာပဲ ပြောပြော တင်ရင်တော့ ပြည့်စုံမှ ကောင်းမယ် ဆိုပြီး… မတင်ဖြစ်တာဗျ… ကြည့်တာကတော့ နေ့တိုင်းနီးပါး တကားတော့ ကြည့်ဖြစ်တယ်… […]


ကုိ ထြဋ္October 20, 20142min44824
ရေတွေက မသန့်ဘူး ညီလေး အနည်တွေပါတယ် ကိုယ်တို့ အရက်သောက်ကြမယ်… ။ ။ အရက်ဆိုတာ ပိုးသတ်ထားတဲ့ အရည်တမျိုးပဲ သူ့အရောင်အဆင်းက Sexy အရမ်းကျတယ် ပြီးတော့ သူ့ထုပ်ပိုးမှူတိုင်းမှာ ဂုဏ်သိက္ခာကြီးတယ်… ။ ။ သူ့အနံ့အသက်က သစ်မွှေးဆီတွေကနေ ချက်လုပ်ထားခဲ့တာဆိုတော့ တခါရပြီးတိုင်း နောက်တခါ တမ်းတမိနေတယ်… ။ ။ ဟန်ဆောင်မှုတွေကိုလည်း သူက ချွတ်ချပေးတယ် အဲဒါကြောင့် မရိုးသားတဲ့သူတွေ မသောက်ရဲတဲ့ သစ္စာရေတမျိုးပဲ… ။ ။ နောက်တနေ့ ဘာဖြစ်မယ်ကြိုမသိရတဲ့ လောကကြီးအတွက် ခွန်အားသစ်မွေးပြီး သွေးသစ်တွေ လောင်းပေးတဲ့ အားဆေးဆိုလဲ မမှားဘူး… ။ ။ ခင်မင်မှုကို တံတားထိုး ရင်ဘတ်ချင်းနီးစေပြီး အနုပညာ ဈာန်ကြွစေတဲ့ သိဒ္ဓိပေါက်တန်ခိုး တမျိုးပဲ… ။ ။ […]


ကုိ ထြဋ္October 20, 20141min1506
– အရီးရေ… ဒါ ၅ အုပ်စာလောက်ထဲက ဟုတ်ဘူး… ခုတလော ကဗျာတွေ ထွက်နေတယ် ထင်တယ်… ရေးမိနေတယ်… ဘဝ နဲ့ ဆိုင်တာလေးတွေပေါ့… – ဖြစ်ချင်တဲ့ ဆန္ဒလေးရယ်… နုံချာတဲ့ ကံတရားရယ်… အားပေးတဲ့ မိတ်ဆွေကောင်းတွေရယ်… တဘက်စောင်းနင်းတဲ့ ကံကြမ္မာရယ်ကို ဖွဲ့ထားတာ… – အားပေး မန့်ကြပါဦးနော်… 🙂   ” ပြည့်စုံရပါစေသား “     အမြင့်ကို   တက်ပါမယ်ဆိုမှ လှေကားက   မရှိ… ကြိုးနဲ့တက်ပေါ့..  ဟုတ်သားပဲ ! ကြိုးက လျော့ရဲနေတော့ တက်ဖို့   ယုံကြည်ချက်မရှိ…..   ရေဆန်ကို   လှော်ပါမယ်ဆိုမှ တက်က   မရှိ… ရွက်တိုက်လိုက်ပေါ့..  ဟုတ်သားပဲ ! လေက ကိုယ့်ဘက်မပါတော့ […]


ကုိ ထြဋ္October 19, 20141min29920
– ကျွန်တော် ၈ တန်းလောက်တုန်းက အမျိုးတွေ စုပြီး တရုတ်စာသင်ဖူးတယ်… ကြီးမှ ထပ်ပြီး GESC မှာတက်တယ်… – အခု ကြီးမှ တက်တာ မမှတ်မိတော့ဘူး.. ဆရာမတွေ မကောင်းတာ မဟုတ်ဘူး… တကယ်တော့ ငယ်တုန်းက မှတ်ဉာဏ်က ပိုမှတ်မိတယ် ဆိုလိုချင်တာပါ… – အဲတုန်း ကဗျာ တပုဒ် သင်ပေးတယ်.. မှတ်မိတယ်ဗျ… ဆရာမက ဘာသာပြန်ပြီး စပ်တာလား… တရုတ်မှာလဲ  ရှိတာလား ဖြေပေးကြပါဗျာ…   ” ငါးလေးတကောင် ဖမ်းမိတယ်… “   တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး … ငါးလေးတကောင် ဖမ်းမိတယ်… ဘာဖြစ်လို့ လွှတ်လိုက်တယ်… ကျွန်တော့်လက်ကို သူ ကိုက်တယ်… […]