bigbirdApril 7, 20111min795
ထိုင်းနိုင်ငံမှာ ၂၀၁၁ခုနှစ်ပတ်လည် စစ်မှုမထမ်းမနေရသူတွေကြားထဲမှာ သူတို့တွေ ..စစ်မှုထမ်းခွင့်ကနေ အလိုအလျှောက် ကင်းလွတ်ခွင့်ရသွားကြပါတယ်။ လိုအပ်သောခန္တာကိုယ်အချိုးအစားမရှိသူများစာရင်းမှာ ရောက်ရှိသွာလို့ပါတဲ့။


bigbirdApril 7, 20111min1089
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ လွဲအက်မြို့တွင်နေထိုင်သော ထမင်းဟင်းရောင်းသူတစ်ဦး၏ ကိုယ်ပိုင်ကားတွင် ပျားအုံစွဲနေပါတယ်။ ပျားတွေကလဲ လူကိုအန္တရယ်မပြုတဲ့အပြင် ကားဘယ်သွားသွား လိုက်ပါနေကြပါတယ်။ ထိုသူရဲ့အိမ်နံပါတ်ကတော့ ၁/၈ ဖြစ်ပြီး ကားနံပါတ်ကတော့ ၁၈၁၅ ဖြစ်ပါတယ်။ အဲ့ဒီမြို့မှာရှိတဲ့သူတွေက ဒီအပါတ် ၁၈ မဟုတ်ရင် ၁၅ ထွက်မယ်ဆိုပြီး အသည်းအသန် ချဲလိုက်ထိုးနေကြပါတယ်။ ဝါသနာပါတဲ့သူတွေအတွက် ထိုးချင်ရင်လိုက်ထိုးနိုင်ဖို့ပါ။ ငှက်ကြီးတော့ ဝါသနာမပါဘူးဗျို့..ဟီး..ဟီး။


bigbirdMarch 23, 20111min1158
World Water Day နေ့ဖြစ်တဲ့ မတ်လ ၂၂ ရက်နေ့ကအင်္ဂလန်နိုင်ငံ လန်ဒန်မြို့လယ်ခေါင်တစ်နေရာမှာ ရေချွေတာရေးအတွက် မော်ဒယ်အလှမယ် ၂ ဦးက လှုံဆော်နေတဲ့ပုံဖြစ်ပါတယ်။


bigbirdMarch 20, 20111min19520
ထိုင်းနိုင်ငံ ပလာကျင်ပူလီမြို့မှာ လိင်တူမင်္ဂလာဆောင်အခမ်းအနားကို မတ်လ၁ရ ရက်နေ ့က ပြုလုပ်ကျင်းပခဲ့ပါတယ်။နှစ်ဖက်သောမိဘများကလဲ ကျေနပ်ဝမ်းမြောက်သဘောတူကြပါတယ်။ သတို့သမီးဟုဆိုသူက သတို့သားဟုဆိုသူကို ဘတ်ငွေ၂သိန်း၊ရွှေ ၈ကျပ်သား၊toyota ကား သစ်တစ်စီး၊အိမ်တစ်လုံးတို့နှင့် တောင်းရမ်းလက်ထပ်ခဲ့တယ်လို့ဆိုပါတယ်။


bigbirdMarch 20, 20111min1067
ညီ၊ညီမလေးတို့ရေ..ဦးငှက်ကြီးကပုံပြင်လေးတစ်ပုံလောက်ပြောပြချင်ပါသေးတယ်ကွယ်။ ဟိုးတစ်ချိန်တုန်းကလူလည်သဌေးကြီးတစ်ဦးဟာ ဆင်းရဲသားတောင်သူလယ်သမားတွေအပေါ်မှာ ကြွေးမီချစားပြီးနိုင်ထက်စီးနင်းပြုကာနေသတဲ့ကွယ်။တောင်သူလယ်သမားကြီးတစ်ဦးမှာ ချောမြော လှပပြီးလိမ္မာပါးနပ်တဲ့ သမီးလေးတစ်ယောက်ရှိသတဲ့။အဲ့ဒီတောင်သူကြီးရဲ့သမီးလေးကိုလူလည်သဌေးကြီး က ကြိုက်နှစ်သက်နေသတဲ့ကွယ်။တောင်သူဦးကြီးကလဲ သဌေးကြီးဆီမှာ အကြွေးတွေရှိနေတော့ သဌေး ကြီးက ကလိန်ကကျင့်ဉာဏ်ဆင်ပြီး တောင်သူကြီးရဲ့သမီးလေးကို ရယူပိုင်ဆိုင်နိုင်ဖို့ကြံစည်ပါတော့တယ်။ သဌေးကြီးကသမီးလေးကိုပေးရင် အကြွေးတွေကိုပေးစရာမလိုတော့တဲ့အပြင် ငွေသားပါလိုက်ပေးမယ်လို့ တောင်သူဦးကြီးကိုပြောပါတယ်။တောင်သူဦးကြီးက အကြွေးကိုသာဆပ်ပါ့မယ်၊ သမီးကိုတော့မပေးနိုင်ပါဘူးလို့ပြန်ပြောလိုက်သတဲ့။အဲ့ဒီတော့ သဌေးကြီးက တောင်သူကြီးသားအဖကို ကျောက်စရစ်ခဲတွေရှိတဲ့နေရာတစ်ခုကိုခေါ်သွားပြီး ဒီနေရာမှာခင်မျာတို့သားအဖနဲ့ကျုပ်နဲ့ အလောင်း ကစားတစ်ခုလုပ်ရအောင်လို့ပြောသတဲ့။ဟော့ဒီအိတ်ထဲမှာ ကျောက်စရစ်ခဲနှစ်လုံးကိုထည့်မယ်။တစ်လုံးက အဖြူရောင်၊နောက်တစ်လုံးက အမဲရောင်။ခင်ဗျာသမီးလေးက အိတ်ထဲကိုနှိုက်လို့အဖြူရောင်ရခဲ့ရင် ကျုပ်နဲ့လက်ထပ်စရာမလိုပဲအကြွေးတွေအားပုံးကိုပါ ဖျက်သိမ်းပေးမယ်။အကယ်၍ အမဲရောင်ရခဲ့ရင် ခင်ဗျာသမီးကို ကျုပ်နဲ့လက်ဆက်ပေးရမယ်။ကျုပ်ကလဲ အကြွေးတွေအားလုံးကို ဖျက်သိမ်းပေးမယ်လို့ ပြောသတဲ့။အဲ့ဒီတော့ တောင်သူကြီးနဲ့သမီးဖြစ်သူတို့ကသဘောတူလိုက်ကြသတဲ့။ အဲ့ဒီအခါမှာ သူဌေးကြီးက ကျောက်စရစ်ခဲ ၂ လုံးကိုအိတ်ထဲကောက်ထည့်လိုက်သတဲ့။ကောက်ထည့်လိုက် တဲ့ ကျောက်စရစ်ခဲ ၂ လုံး လုံးဟာအမဲရောင်ချည်းပဲဖြစ်နေတာကို တောင်သူကြီးရဲ့သမီးက အမှက်တမဲ့နဲ့ မြင်လိုက်ပါတယ်။ သူမ.ဘယ်လိုလုပ်ရပါ့မလဲ? […]