Tag: စစ်ဆို ကောင်းကိုမကောင်းဘူး


panpanDecember 1, 20133min022
မင်္ဂလာပါ။ ပေးကလန် ပေါ်မလာကြာကြာလှပါပြီ။ ခုတော့ အခါသင့်လို့အခွင့်သာ ပြန်ရောက်လာပါတယ်။ ဒါနဲ့ပဲ စကားမစပ်ရအောင်စပ်ပါရစေတော့ မနေ့က ရုံးကဂျပန်မလေးတွေနဲ့ ဟီရိုရှီးမားရောက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးသတ်ဖို့ USAက အရှေ့ကျွန်းကို နျူဗုံးကြဲချတဲ့မြို့၊ အမှတ်တရအထိမ်းအမှတ်အနေနဲ့ ပြတိုက်လုပ်ထားတဲ့နေရာ။ အဲ့နေရာသွားချင်ပါတယ်ဆိုပြီး ပေးကလန်ပါးစပ်ဆော့လိုက်ရာက လိုက်ပို့ပေးလို့ရောက်ဖြစ်တယ်ဆိုကြပါစို့ရဲ့။ အဲ့ဒီမှာ အရင်ဆုံးပြတိုက်ထဲဝင်ရောက်လေ့လာဖြစ်ပါတယ်။ ပြတိုက်ဝင်ကြေး ၅ဝယန်း (မြန်မာငွေ၅၀ဝကျပ်၊ ရန်ကုန်တိရစာ္ဆန်ဥယျာဉ်ဝင်ကြေးရဲ့ထက်ဝက်ကြီးများတောင်သက်သာဒယ်)။ ဝင်တာနဲ့ ပြတိုက်ထဲတောင်ရောက်မြောက်ရောက် ကြည့်ရတာမျိုးမဟုတ်ဘဲသူ့လမ်းကြောင်းလေးအတိုင်းသွားရုံပါပဲ။ ဒတ်ပုံရိုက်ချင်တာလက်ကိုယားနေတာပဲ ဘူမှလည်းမရိုက်ကြ ကင်မလာကိုင်တာလည်းမတွေ့တော့ ပေးကလန်လည်းမရိုက်ရဲဘူး။ ဒီလိုပဲတန်းစီကြည့်နေကြရင်း ပုံကြီးတစ်ပုံရှေ့လည်းရောက်ရော လူကြီးတစ်ယောက်က ကိုယ့်ရှေ့ကနေဖပ်ဆိုဒတ်ပုံရိုက်သွားရော ပေးကလန်မရတော့ဘူး ရိုက်ချင်နေပြီလေ။ အတူပါတဲ့ထဲကဂျပန်မလေးတစ်ယောက်ကိုမေး ဒတ်ပုံရိုက်ရင်ရလားလို့ အဲ့ဒါသူကဟိုကြည့်ဒီကြည့်နဲ့ ဆိုင်းဘုတ်တစ်ခုလှမ်းမြင်တော့ညွှန်ပြပီး ရိုက်လို့ရဘူးတဲ့။ အဲ့ချိန်မှာပဲနောက်တစ်ယောက်က ဖပ်ခနဲ့ပြတိုက်ဝန်ထမ်းဆီပြေးပီးမေးလာတယ်။ ဒတ်ပုံတော့ရိုက်ချင်ရိုက်လို့ရပါတယ် ဖလက်ရှ်မီးလေးတော့ဖွင့်လို့မရပါဘူးတဲ့။ ဒါနဲ့ပဲ ရသလောက်ရိုက်လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက အနုမြူဗုံးကြဲဖို့ အမေရိကန်ကစီစဉ်တဲ့အခါ ဂျာမနီနဲ့ဂျပန် ဘယ်ကိုကြဲမလဲစဉ်းစားကြပါတယ်။ […]