Diamond KeyOctober 14, 20112min19218
ရှည်လျှားတဲ့ ဘဝရဲ့ ခရီးရှည် ကြီးထဲက နေ့သစ်တစ်ရက် ရောက်ပြန်ပြီ။ တစ်နေ့တာမှာ ရွာသူရွာသားတွေ ဝမ်းရေးအတွက်တော့ ရုန်းကန်လှုတ်ရှား၊ ရှာဖွေ စားသောက်ရကြတယ်။ ဘဝ ဆိုတာ ကတော့ ပန်းခင်းလမ်းမဟုတ်ပဲ ဆူးတွေ၊ အကျပ်အတည်းတွေ ကြားမှာ တော့နေရမှာပါပဲ။ ဆူးတွေ၊ အကျပ်အတည်းတွေ ကြားထဲကမှ အချင်းချင်း အဆင်မပြေကြရင်တော့ မကောင်းဘူးပေါ့။ လောကကြီးရဲ့ စေစားမှုအောက်မှာ တစ်ခါတစ်လေ အခက်အခဲတွေနဲ့လည်း လျှောက်လှမ်းရမယ်။ အတက်တွေ ရှိမယ်၊ အဆင်းတွေလည်း ရှိနေမယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ဘာတွေပဲ ရင်ဆိုင်ရရင်ဆိုင်ရ ချစ်ရတဲ့သူလေးက ဘေးနားမှာ ရှိနေပြီး အးပေးနေရင်တော့ တစ်အားရှိတာပေ့ါ။ သွားအတူ လာအတူ၊ တိုင်တိုင်ပင်ပင် နဲ့ ဘဝ ဆိုတာကြီးကို အတူရင်ဆိုင် နိုင်မယ်လေ။ အခက်ကြုံရင်လည်း ကိုရီးယား ရုပ်ရှင်ကားတွေမှာ တွေ့တွေ့ […]


Diamond KeyOctober 13, 20113min1148
အဲဒီကနေ မြို့ဟောင်းမြို့ရိုး အတွင်းပြန်ထွက်ပြီး ကျုံးနဲ့ အပြိုင် ရွာလမ်းကလေးအတိုင်းသွားလိုက်တော့ ဗားကရာသို့ ဆိုတဲ့ လမ်းခွဲကို ရောက်လာပါတယ်။ ဒီလမ်းအတိုင်းမောင်းလာတော့ ရတနာဆီမီး ဘုရားစုကို ရောက်ပါတယ်။ နိင်ငံခြား ခရီးသွားတွေကိုတော့ မြင်းလှည်းကိုယ်စီနဲ့ ဟိုနားဒီနား တွေ့ရပါတယ်။ အင်းဝမှာက ဘုရားဖူးနဲ့ လေ့လာသူတွေ အတွက် စီးစရာ မြင်းလှည်းလေးတွေ ရှိပါတယ်။ ရတနာဆီမီး ဘုရားစု ကနေဆက်သွားလိုက်တယ်ဆိုရင်ပဲ ဘယ်ဖက်လမ်းခွဲက ဗားကရာကျောင်းတော်ကြီး ဆီသွားတဲ့ လမ်းကလေးပါ။ လမ်းရဲ့ ဘယ်ညာမှာ စပါးစိုက်ခင်းတွေနဲ့၊ မြန်မာ့ ကျေးလက် အငွေ့အသက်၊ စိမ်းစိုနေတဲ့ လယ်ကွင်းပြင်ကျယ်ကို ဖြတ်သန်း တိုက်ခတ်လာတဲ့ လေနုအေးလေးက အညာနွေကြောင့် အပူဒဏ် ခံစားနေရမှုကို ပျောက်စေကာ ဗားကရာကျောင်းတော်ကြီးဆီ ရောက်သွားခဲ့ရပါတယ်။ ဗားကရာကျောင်းတော်ကြီး ကတော့ မြန်မာ့သက္ကရာဇ် ၁၁၉၆ မှာ […]


Diamond KeyOctober 13, 20115min14513
ဆိုင်ကယ်လေးက မန္တလေး တံတားဦး လေဆိပ်လမ်းဆီကနေ ခွဲထွက်ကာ တံတားဦးမြို့ ဖက်ဆီ ဦးတည် ပြေးနေတယ်။ မန္တလေး တံတားဦး လေဆိပ်လမ်းပေါ်မှာ မောင်းနေစဉ်တုန်းက လမ်းကကောင်းနေတော့ တရိပ်ရိပ်ပြေးခဲ့ ဆိုင်ကယ်လေးဟာ အခုတော့ ခုန်ဆွ ခုန်ဆွ နဲ့ ကျင်းတွေ ချိုင့်တွေကို ရှောင်ပြီး သွားနေရပါတယ်။ ဦးတည်သွား နေတဲ့ နေရာကတော့ တစ်ချိန်က မြန်မာ့သမိုင်းမှာ အလွန် ကျော်ဇောခဲ့တဲ့ (အခု မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ထဲက) အင်းဝ ရွှေမြို့တော်ဟောင်း ဆီပါ။ မန္တလေး တံတားဦး လေဆိပ်လမ်းဆီကနေ ၁၅ မိနစ်လောက် မောင်းပြီးရင်တော့ တံတားဦးမြို့ထိပ်ကို ရောက်လာပြီး မြို့ဖက်ကိုမကွေ့ပဲ ညာဖက်ကို ချိူးကွေ့ကာ သံတံတားကို ဖြတ်လိုက်တော့ တစ်ချိန်က ဘကြီးတော် စစ်ကိုင်းမင်းလက်ထက် နန်းမတော် မယ်နုရဲ့ […]


Diamond KeyOctober 11, 20114min15113
ကျွန်တော်ကို Hobby မေးတိုင်းမှာ ဓါတ်ပုံရိုက်ခြင်းဆိုတာကို ဝါသနာတစ်ခု အဖြစ် အမြဲထည့် ဖြေလေ့ ရှိပါတယ်။ ဟိုနားဒီနား ခရီးသွားဖြစ်ရင် ကင်မရာ တစ်လုံးနဲ့ တစ်ချပ်ချပ်ပါပဲ။ အပြင်းပြေ ပဲဖြစ်ဖြစ်၊ မရာက်ဖူးသူတွေအတွက်ဖြစ်ဖြစ် မန္တလေး၊ အမရပူရ က တောင်သမန် ရှုခင်းလေးတွေ တင်ပေးလိုက်ပါတယ်။ အဝေးရောက် ရွှာသူရွှာသားတွေ အတွက်လည်း မြန်မာ့မြေ အလွမ်းပြေပေါ့။ တောင်တမန်နဲ့ ဦးပိန်တံတား အကြောင်းလေးတွေကတော့ ရွှေအိမ်စည်က ဦးပိန်တံတား သမိုင်းစကား မမှားစေဖို့တို့ ၊ ကိုပေါက် ရဲ့ အရင်နဲ့ မတူတဲ့ …… (အင်းကြီးတောင်တမန်) ပို့စ် ..စတဲ့ အရင်က ပို့စ်တွေမှာ ပါပြီးသားမို့ ရေးမပြတော့ပါဘုူး။ နှတ်တရာ စာတစ်လုံး၊ စာလုံးပေါင်းများစွာ ပုံတစ်ပုံပါ။ ဓါတ်ပုံလေးတွေက ပုံပြင်လေးတွေ ပြောပြနေကြပါတယ်။ […]