နောက်တစ်နေ့..နံနက် ကျွန်ုုပ်အိပ်ယာနိုုးလာတော့… ကိုုအောင်တိုုက်မှာ မနေ့ကရန်ကုုန်တက္ကသိုုလ်စာကြည့်တိုုက်မှယူဆောင်လာခဲ့သော စာအုုပ်အထူကြီးကိုု စိတ်ဝင်တစားဖတ်နေသည်ကိုုတွေ့ရလေသည်။ ဘေးတွင်ချထားသော လပ်ကီးစရွိုက်စီးကရက်အဆီခံများနှင့်ပြည့်နေသော ဆေးလပ်ပြာခွက်ကိုုကြည့်ခြင်းဖြင့် တစ်ညလုုံးနီးပါးစာဖတ်ထားသည်ကိုုခန့်မှန်းမိပါသည်။   အောင်တိုက် ။ ။ ကိုုသူရနိုုးပြီလားဗျ…ရေသွားချိုးဗျာ… ပြီးရင် သုုံးပန်လှမှာ အာလူးဟင်းချာပါတီလေးကိုု ချိုစိမ့်လေးတစ်ခွက်နဲ့စားပြီး အချိန်မလင့်ခင်အလုုပ်လေးဆက်ကြဦးစိုု့…   ပြောပြောဆိုုဆိုု ကိုုအောင်တိုုက်သည် စာအုုပ်ထူကြီးကုိုလက်မှချပြီးနောက် ခြံပြင်သိုု့ထွက်ပြီး ကျွန်ုုပ်တိုု့နေထိုုင်ရာ အမှတ်(၂၃၂)၊ စရည်းပင်လမ်း၊ သုုဝဏ္ဏဟူသော ကြေးဆိုုင်းဘုုတ်အား သေချာစိုုက်ကြည့်နေလေတော့သည်.. စိုုက်ကြည့်၍ အားရသည်နှင့် ဧည့်ခန်းအတွင်းရှိခုုံပေါ်တွင် ပြန်ထိုုင်ပြီး စာအုုပ်ထူကြီးအားပြန်လည်ဖတ်နေပြန်တော့သည်…   ကျွနုု်ပ်ရေချိုးပြီး အပြင်သွားရန်အတွက် မော်တော်ကားလေးအား မောင်းနှင်မည်အပြုတွင်…   အောင်တိုက် ။ ။ ကိုုသူရ ကျွန်တော်မောင်းမယ်ဗျ…. အခုုအချိန်မှာ အတွေ့အကြုံမရှိသေးတဲ့ခင်ဗျား ကားမောင်းဖိုု့မသင့်တော်ဘူး… ကျွန်တော်တိုု့သွားမယ့်လမ်းကိုု ကြိုခန့်မှန်းတဲ့လူရှိသလိုု…အချိန်မရွေးလုုပ်ကြံခံရနိုုင်တယ်ဗျ… စုုံထောက်အလုုပ်ဆိုုတာ အသက်ကိုုအလောင်းအစားလုုပ်ပြီး အမှန်တရားကိုုရှာဖွေရတာမဟုုတ်လား…ကိုုသူရရယ်… […]


ကျွန်တော်တိုု့ ရန်ကုုန်တက္ကသိုုလ်စာကြည့်တိုုက်သိုု့ရောက်ရှိသွားချိန်တွင် ကိုုအောင်တိုုက်သည် ခြင်္သေ့အရွက်ကလေး (၂)ရွက်ဖြင့် တံခါးအားဖွင့်စေပြီး စာကြည့်တိုုက်ထဲသိုု့ဝင်ကာ အတော်အတန်ကြာအောင် စာအုုပ်များ လှန်လှောရှာဖွေလေသည်…. မိနစ် (၃၀)ခန့်ကြာသောအခါ… စာအုုပ်တစ်အုုပ်ကိုု ပိုုက်လျှက် အောင်တိုုက် ။         ။ ကိုုသူရရေ…ဒီကိစ္စက ကျွန်တော်တစ်ယောက်ထဲ ရှင်းလိုု့တော့မရတော့ဘူးဗျ… ကိုုယ့်ထက်တတ်သိနားလည်တဲ့လူဆီကိုုတော့ ပြေး ရမယ်…ဝေသာလီဆောင်ဘက်ကိုုမောင်းတော့ဗျာ… ကျွန်တော်လဲ ကိုုအောင်တိုုက်ရဲ့ လမ်းညွှန်ချက်အတိုုင်း ဝေသာလီဆောင်ဘက်ကိုု ကျူကျူကားလေးအပြင်းမောင်းထွက်ခဲ့ပါတော့သည်… ထိုုသုို့ သွားရောက်နေစဉ် စဉ်းစားမိသည်က ကိုုအောင်တိုုက်မှာ လက်ရုုံးရည်တင်မက နှလုုံးရည်ပြည့်ဝပြီး စည်းကပ်ကိုုးကွယ်သင့်သူကိုု ကိုုးကွယ်တတ်သော အကျင့်ကောင်းရှိသည့် ယောင်္ကျားကောင်းတစ်ယောက်ဖြစ်နေခြင်းကိုု လက်မခံ၍ မရနိုုင်လောက်အောင် လေးစားအံ့ဩမိပါသည်…. သိုု့သော်ငြားလဲ ထိုုသိုု့အရည်အချင်းပြည့်ဝသောယောင်္ကျားကောင်း ဘေးနားတွင် ကြင်သူဇနီးမယားရှိမနေခြင်းကား အံ့ဩစရာဖြစ်ပေသည်… လူတိုုင်းတွင်လဲ အားနည်းချက်ရှိကြသည်မဟုုတ်ပါလော…. (ထိုုအကြောင်း အပြည့်အစုုံကိုု စုုံထောက်အောင်တိုုက်နှင့် […]


တစ်နေ့ ကျွနုု်ုပ်သူရဇော်သည် အလုုပ်အကုိုင်များအဆင်မပြေခြင်း၊ ဇနီးမယားမှာ လင်ငယ်နေခြင်း၊ ဓနဥစ္စာများအပိုုင်စည်းခံရခြင်းစသော ဘေးဒုုက္ခအရပ်ရပ်ကိုု ခါးစည်း၊ ရင်စည်းခံပြီးနောက် အလုုပ်အကိုုင်မယ်မယ်ရရမရှိသည်ဖြစ်သောကြောင့် ကြုံရာကျဘန်းလုုပ်ကိုုင်စားသောက်ရင်း နာမည်ကျော်စုုံထောက်ကြီးအောင်တိုုက်နှင့် အလုုံဆိပ်ကမ်းတစ်နေရာတွင် စုုံစည်းမိကြသည်….   အောင်တိုုက် ။             ။ ကိုုသူရ၊ ခင်ဗျား စိတ်ဓာတ်ကျတယ်ဆိုုပြီး စာတွေလဲဆက်မရေး၊ အရက်ကိုုအဖော်ပြုလိုု့ ဒီလိုုကုုန်စိမ်းထမ်းလိုုက်     အရက်သောက်လိုုက်လုုပ်နေလိုု့ ခင်ဗျားဖြစ်မလား သူရဇော် ။                ။ ကိုုအောင်တိုုက်ရယ်…ခင်ဗျားနဲ့ ဂျာနယ်တိုုက်မှာ နှစ်ခါသုုံးခါပဲ ဆုုံဖူးပေမယ့် ကျုပ်အဖိုု့တော့ ငယ်ပေါင်းလိုုကိုု ခင်မင်မိပါတယ်… ဒါပေမယ့်ဗျာ ကံကြမ္မာက ကျွန်တော့်ကိုု လှိုင်းတံပိုုးတင်မကဘူး၊ […]