ဆူးMarch 31, 20113min2788
အဝေးတစ်နေရာ ကနေဘုရားကြီးကို မြင်တွေ့ရတာ ဖြစ်ပါတယ်။ ဘုရားပေါ်ကနေ မြင်တွေ့ရတဲ့ ကားရပ်နားကွင်း အောင်မြေ နေရာ ဖြစ်ပါတယ်။ ဟိုးအဝေးက မြင်နေရတဲ့ လွမ်းတောင်က စေတီလေး ဖြစ်ပါတယ်။ ဖြူဖြူ အတန်းလေးက လွတ်တော် အဆောင်အုံ ဖြစ်ပါတယ်။ ကင်မရာ ဇွန်းရသလောက် ဆွဲရိုက်ပေမဲ့ သိပ်မမြင်ရဘူး ဖြစ်နေတယ်။ လမ်းမီးတွေ ထိန်ထိန်ငြီးနေတဲ့ လမ်းမကြီး တွေ နဲ့ အဆောက်အအုံတွေကို ရိုက်ယူထားတာ ဖြစ်ပါတယ်။ ဘုရား အတွင်း ပတ်လမ်း မှ ပုံအချို့… သူအိုသူနာ ရဟန်း မြင်ပြီး တောထွက်တော်မူခန်း တောထွက်တဲ့ အခန်း ဘုရားမဖြစ်ခင် ၆နှစ် ကျင့်စဉ် အခါ ဒုက္ခရ စရိယာ ကျင့်ခဲ့တာကို ပြတဲ့ အကွက် ဖြစ်ပါတယ်။ မာန်နတ် […]


ဆူးMarch 31, 20111min1316
ရေပန်းဥယျာဉ်ထဲ မှာ ကင်မရာ တလုံးကို အခွန် ၂၀၀ဝ တောင်းလို့ မပေးချင်လို့ ဘာမှ မရိုက်ဘဲ နေခဲ့တာ.. အတွင်းက ရေပန်းတွေကတော့ သိပ်တော့ ထူးဆန်းလှတယ် မဟုတ်ပေမဲ့.. လှေကြီးကိုတော့ အမှတ်တရ ရိုက်ယူခဲ့တယ်။ သတင်းအနေနဲ့တော့ သိပြီးသား ဖြစ်မှာပါ။ အခုမှ တွေ့လို့ ရိုက်လာတာ.. အားပေးကြအုန်းပေါ့။ သင်္ကန်းနက် လှေသမိုင်း သင်္ကန်းနက် လှေတော်ကို နေပြည်တော် လွတ်တော် အဆောက်အအုံ အနီး ငလိုက်ချောင်းနှင့် ချောင်းမကြီး ဆုံရာ နေရာတွင် ဘီစီ ၂၀၀ရ မတ်လ ၂ရက်တွေ့တွင် တွေ့ရှိခဲ့သည်။ အလျား ၄၃ပေ အနံ ၂ပေ၆လက်မ လုံးပတ် ၁ဝပေ ရှိသော သင်္ကန်းနက် တစ်ပင်တည်းကိုသာ ထွင်းလုပ်ထားသော ရှေးဟောင်းလှေတော်ကြီး ဖြစ်ပါသည်။ […]


ဆူးMarch 22, 20111min15910
ဟိုးရှေးရှေးတုန်းကပေါ့ကွယ် ဘုရင်တပါးက သူသိပ်ချစ်ရတဲ့ ဆိတ်ကလေး တစ်ကောင် ရှိတယ်။ အဲဒီ ဆိတ်ကလေးကို ချစ်လွန်းလို့ မွေးထားပေမဲ့ ဆိတ်ကို အစာကျွေးတာတော့ နန်းတော်က လူတွေက အလှည့်ကျ တာဝန်ယူရတယ်။ ဘုရင်ကြီးက ညီလာခံ ပြီးတာနဲ့ ဆိတ်ကလေးကို သွားကြည့်ပြီး သစ်ရွက်ကလေး ထိုးပေးလိုက်တယ်.. ဆိတ်ရဲ့ ထုံးစံ အတိုင်း သစ်ရွက်မြင်ရင် ဘယ်လောက် ဗိုက်ဝဝ မစားဘဲ မနေနိုင်ဘူး။ အလှည့်ကျ တာဝန်ယူရတဲ့ သူတွေက စိတ်ညစ်ကြတာပေါ့။ သူတို့ အစာ ကောင်းကောင်းမကျွေးလို့ ဒီလိုဖြစ်တယ် ဆိုပြီး အပြစ်တင်တာ ငြိုငြင်တာ ခံကြရတယ်။ လျှာရှည်တဲ့ လူတယောက်က လျှောက်တင်တယ် ကျွန်တော်မျိုးကြီး သေချာ ကျွေးပါတယ် သူ့ဟာသူ အစာငမ်းလို့ ထပ်စားတာပါ.. ထိုကဲ့သို့ လျှေက်တင်တဲ့ အတွက် […]


ဆူးMarch 21, 20111min15711
ကျွန်တော် နာမည် စာဘူးတောင်းပါ ခင်ဗျ။ အိမ်ယာတွေကို ကိုယ်တိုင် ဆောက်တယ်။ ဇနီးနဲ့ သားသမီးတွေ မျက်နှာ မငယ်ရအောင် ကျွမ်းကျင်စွာ အိမ်ဆောက်နိုင်တယ်။ စာဘူးတောင်း အိမ်ယာ စီမံကိန်းကြီး တခုဖြစ်ပါတယ်။ အိမ်တွေရဲ့ အရှည် မှန်းလို့ရအောင် မော်ဒယ်ငှား ရိုက်ယူထားတယ်။


ဆူးMarch 18, 20111min1419
ခုနှစ်တော့ မမှတ်မိတော့ဘူး လူကြီးတွေ သွားလို့ လိုက်သွားတာ အဘိုးတယောက်ရဲ့ အသုဘပါဘဲ.. မသေခင် ၁နှစ်လောက်တော့ နှလုံးရောဂါနဲ့ အိပ်ယာထဲ လဲနေခဲ့တယ်။ ပထမ မယားကြီး သေသွားတော့မှ မီးခံသေတ္တာထဲမှာ ပိုက်ဆံ နဲ့ ရွှေတွေ ဘယ်လောက် ရှိမှန်း သိပြီး ဘာအလုပ်မှ မလုပ်တော့ဘဲ နောက်မိန်းမ ယူပြီး မယားငယ်နဲ့ တရားဝင် ၁၅နှစ်ပေါင်းခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်။မယားငယ်ဆိုလို့ အမျိုးသမီး ငယ်ငယ် မထင်နဲ့နော်.. အဘိုးကြီးက အသက် ၆၆နှစ်မှာ ယူတဲ့ မိန်းမ အသက် ၆ဝကျော်အဘွားကြီးပါဘဲ။ နောက်မိန်းမ ယူတော့ အလွန်စီစစ်ပါတယ်။ သော့ကိုင်ထားပြီး ကျန်းမာရေး မကောင်းတဲ့ အချိန်မှ မိန်းမ လက်ထဲ သော့အပ်ထားပြီး ဆေးကုရပါတယ်။ ၁နှစ်လောက် အိပ်ယာထဲ လဲနေတော့ အခွင့်အခါကောင်း […]


ဆူးMarch 17, 20111min13016
ညနေစောင်း သားသမီးတွေ အိမ်ရောက်တော့ ခွေးကိုက်ကြောင်း ပြောတော့ အဲဒီ နားမှာ ခွေးရူးသောင်းကျန်းနေလို့ ရွာက လူတွေ လိုက်ရှင်းနေတာ အကြောင်း စပ်စပ်မိသွားပြီး အကိုက်ခံရတာ ခွေးရူးမှန်း လည်း သိသိချင်း မြို့တက်ပြီး ခွေးရူးကာကွယ်ဆေး ထိုးဖို့ သွားရန် ပြင်ဆင်ကြပါတယ်။ မြို့တက်ပြီး မြို့က ဆေးရုံမှာ ကာကွယ်ဆေး ထိုးတယ်လို့တော့ ပြောပါတယ်။ ဆေးပတ်လည်အောင် ထိုးသလား မထိုးသလားတော့ မသိပါဘူး။ ဒါပေမဲ့ ညနေစောင်းရင် သမီးလုပ်သူကို မြင်တိုင်း ဟဲ့ မိနှင်း နင့်မျက်နှာမှာ ဘာတွေ သုတ်ထားတာလဲ မျက်လုံးမှာလည်း အကွင်းအကွင်းတွေနဲ့ နင်ငါ့ကို ခြောက်လန့်ချင်လို့လား။ မလုပ်ပါနဲ့ ငါကြောက်တယ်နော်။ သွား မလာနဲ့ သမီးလုပ်သူကို မောင်းထုတ်တတ်ပါတယ်။ သားသမီးတွေ မြင်တာနဲ့ အော်ထုတ်နေတော့ အနီးအနားက […]


ဆူးMarch 17, 20111min692
မြို့သားတွေ အိမ်ပေါ်တက်ပြီး စောင်ခြုံ အိပ်နေရန်ပြင်ဆင်ပြီး ပြူတင်းပေါက်က လရောင်ကို ပက်လက် အနေအထား ငေးပြီး ကြည့်နေရင်းနဲ့ တနေ့တာ ပင်ပန်းခဲ့သမျှ အကြောလျော့ပြီး အိပ်ပျော်ရန် မှေးခနဲ ဖြစ်ချိန်မှာ ရုတ်တရက် ခွေးဟောင်သံနဲ့ အတူ အသံ နက်ကြီး တသံကို ကြားလိုက်ရသည်။ အသံကြားရခြင်းနှင့် အတူ ရုတ်တရက် ထိတ်လန့်သွားသည်။ အသံဘယ်က လာသလဲ သိချင် စိတ်နဲ့ စူးစမ်းချင်မိသည်။ အသံလာရာကို အိပ်ယာမှာ နိးသွားသော လူငယ်များ တယောက်နဲ့ တယောက် ကုတ်ပြီး ထကြည့်ရန် အချက်ပေးကြသည်။ မင်းကြားလား ငါတော့ ခွေးဟောင်သံ ကြားတယ်။ ဟိုအသံကြီးက ဘာသံကြီးလဲ လူသံလိုလို နဲ့ ခွေးအူသံကို တုပြီး လိုက်ဟောင်နေသလိုဘဲ အသံကြီးကတော့ ကြောက်စရာကြီး စသဖြင့် […]


ဆူးMarch 17, 20111min631
အထက်အညာ လေ့လာရေး ခရီးထွက်တဲ့ အုပ်စုအဖွဲ့ ညအိပ်ညနေ တည်းခိုရန်အတွက် ရွာညောင်ပင်ကြီးရွာကို ဝင်လာခဲ့တယ်။ ရွာထဲ အဝင်မှာတော့ ရွာလူကြီးများက တည်းခိုစရာ အိမ်ကြီးတခုကို နေရာချပေးတော့ လူငယ်အဖွဲ့ အထုတ်တွေချ ပြီး ရွာထဲကို လျောက်သွားကြသည်။ ရွာတလျောက်မှာတော့ ဖုန်ထူထူနဲ့ လူတွေ သွားလာနေကြသလို ရွာကို အလည်လာတဲ့ လူတွေ ကို မြင်ချင် သိချင်လို့ လာတဲ့ ရွာက လူတွေကလည်း တဖွဲဖွဲနဲ့ လာကြတယ်။ တည်းခိုစရာ အိမ်ကြီးရဲ့ ဘေးနှစ်ဘက်မှာတော့ တဲအိမ်လေးတွေဘဲ ရှိပါတယ်။ ထိုအိမ်က သည် တရွာလုံးတွင် အကြီးဆုံး ဖြစ်ပြီး ရှေးဟောင်းအိမ်ကြီး ဖြစ်သည့်အလျောက် အိမ်ကြီးက နှစ်ထပ်အိမ်ဖြစ်ပြီး အိမ် အတွင်းပိုင်း အခန်းအလွတ်တွေ များစွာ ရှိပါသည်။ အခန်းလွတ်များစွာ ထဲကမှ […]


ဆူးMarch 16, 20111min833
ခရီးခဏခဏ ထွက်လို့ဘဲ ပြောရမလားဘဲ။ ဟိုတယ်တွေမှာ သရဲ ခြောက်တာ ခဏခဏ ကြုံဘူးပါတယ်။ ကိုရီးယား က ဟိုတယ် တခုမှာ ဟိုတယ်နာမည်တော့ မေ့သွားပြီး ခရီးထွက်တာ တညကို ဟိုတယ် တခု အိပ်တာ ဆိုတော့ ၂ရက်ဆက်တိုက် သရဲ ခြောက်တဲ့ ခံစားမှုကို ခံစားခဲ့ရတယ်။ ဟိုတယ်တွေကတော့ အကောင်းစားတွေကြီးဘဲ အခန်းတွေကလည်း ဖွဲ့စည်းပုံက တော်တော် ကျယ်တယ်။ လူနေတိုက်ခန်း တခုလောက်နီးပါးကျယ်ပါတယ်။ ဟိုတယ် ရဲ့ အောက်ဘက် မြေအောက်ထပ်မှာ စူပါမားကတ် တွေ ရှိတတ်ပါတယ်။ အခန်းထဲမှာ ကုတင် ၂ခု အပြင် ရိုးရာ ပုံစံ ခင်းအိပ်လို့ရအောင် အခန်းသီးသန့် တခန်းပါသေးတယ်။ သူ့လူမျိုးတွေ ဓလေ့ အကြိုက် လုပ်ထားလို့ တော့ ပြောတာဘဲ။ […]