ဆူးSeptember 22, 20111min32028
♫ ♫ နှစ်ကိုယ်တူချစ်သမျှတွေ.. အလိုတူရှစ်ဆကဲနေ.. ကြည်သာပြုံး မမုန်းတမ်းစိတ်မှာလေ.. ဒီပါလုံးတစ်မိုးအောက် တစ်ယောက်ထင်နေ မောင့်ချစ်ပန်းတွေ တစ်မျိုးလန်းနေ မညိူးနွမ်းစေ♫ ♫   ကျတော် ဆိုတဲ့လူက ပိတောက်ပွင့်လျှင် ရင်ခုန်တတ်တယ်။ ပိတောက်ပွင့်မှမဟုတ် ပါဘူးလေ.. ပိတောက်တွေပွင့်တော့မည်ဟု အမှတ်ပြုမိချိန်မှစကာကျတော် ရင်ခုန်လေမြဲဖြစ်သည်။ ကျတော်နဲ့ ပိတောက် အိမ်ချင်းကပ်လျှက်မို့ ငယ်စဉ်ကတည်းက ကစားဖော် အဖြစ်နဲ့ အတူတူကြီးပြင်း လာခဲ့ကြပြီး ကျောင်းတက်တော့လည်း တူတူ တက်ခဲ့ကြတယ်။ ငယ်ငယ်ကတည်းက ပိတောက်နဲ့ အတူတူ ဆော့ကစားပြီး သူဖြစ်ချင်တာကို လိုက်လုပ်ပေးတတ်တာ ကျတော့ အကျင့်ပါ။ မူလတန်း အထိ ကျောင်းအထိအတူတူ တစ်ခန်းတည်း အတူတူနဲ့ တက်ခဲ့ကြပြီး ကျောင်းမှာ ရွယ်တူ ကလေး အချင်းချင်း စနောက်တဲ့ အခါ ကျတော်က ပိတောက်ရှေ့က […]


ဆူးSeptember 21, 20111min23013
တနေ့က အသိတယောက် ဧရာဝတီတိုင်းဘက်က မိတ်ဆွေတယောက်ဆီက ကြားတဲ့ သတင်းကတော့ ၂လုံး ၃လုံး အသေအကြေ လိုက်ဖမ်းတော့ ဘင်ဂို ခေတ်ဖြစ်ကုန်ကြပြီ။ ညည ကစားရုံမှာ မအိပ်တန်းကို ကစားကြတာ တပွဲကို ၁၀၀ဝ နဲ့.. တညလုံး တချို့ဆို ၂သောင်း ၃သောင်း တညတည်းပြုတ်သွားကြတာပါပဲ။ ညည ကစားရုံတွေမှာ လူ ၅ဝလောက် ဆိုရင် တယောက် ၁၀၀ဝ နှုန်းနဲ့ ဆိုတော့ ၅သောင်း ကို နိုင်တဲ့ လူက ၄သောင်း၉ထောင် နဲ့ နံပါတ်ခေါ်တဲ့လူက ၁၀၀ဝ ယူပါတယ်။ တညလုံး အိပ်ရေးပျက်ခံ ကစားပြီး တပွဲမှ မနိုင်ရင်တော့ မရှိတဲ့ အထဲက မွဲနေကြအုန်းမှာပါပဲ။ လူတွေလည်း တမျိုးမဟုတ်တမျိုး ရှာကြံစွဲလန်းနေကြတာပဲ။


ဆူးAugust 31, 20111min57824
ယခုနှစ် အသီးအနှံ အောင်မြင်သည့် အတွက် အကြွေးတွေ ကြေပြီး ပိုက်ဆံ ပေါပေါများများ ဖြစ်နေတဲ့ အတွက် မြစိန်တယောက်တော့ တပြုံးပြုး နဲ့ ပျော်မဆုံး ဖြစ်နေပါတော့တယ်။ ရွာထဲမှာ အတင်းတုတ်ဖော် တုတ်ဖက် မိအေးက… ဟဲ့ မြစိန် ဒီနှစ် နင်တို့ အသီးအနှံတွေ အောင်မြင်တယ်နော်.. ပိုက်ဆံတွေ ရလာရင် ဘာလုပ်မှာလဲ.. မြစိန်က……. .အော်..အေ.. ငြီးကလည်း ငါတို့ တနေ့ တနေ့ ညဘက်ဆို ကြီးတော် မတင် တို့ အိမ်မှာ တီဗွီသွားပြီး ကပ်ကြည့်ရတာ မလွတ်မလပ်နဲ့ ငြူစူမှာလည်း ကြောက်ရသေးတယ်။ ကြီးတော် ယောင်္ကျားလာရင် ငါတို့ ထွက်ပြေးရသေးတယ် အဲဒါတွေကို စိတ်ကုန်လို့ ငါတို့ အိမ်မှာ ကိုယ်ပိုင် တီဗွီ ဝယ်မှာပေါ့အေ့.. […]


ဆူးAugust 29, 20111min21315
ပြည်ထောင်စု မြန်မာနိုင်ငံ (၁၄-၁၀-၁၉၉၈) Palliative Care (နောက်ဆုံး အဆင့် ဝေဒနာရှင်များ အား အထူး ပြုစုစောင့်ရှောက်ခြင်း) ဥက္ကဌကြီး ဆရာကြီး ဦးလှထွန်း မှ မိမိ၏ တစ်ဦးတည်းသော သမီး ဒေါ်မြစန္ဒာထွန်း အား အောက်မေ့ဖွယ် အထိမ်းအမှတ် အဖြစ် ကင်ဆာ ဝေဒနာ ခံစားနေရသော ဝေဒနာရှင်များအား ပြုစုစောင့်ရှောက်ရန် အတွက် အမြတ်မယူ (၁၀၀%) ကုသိုလ်ဖြစ် အဖွဲ့အစည်းကြီးကို (၁၉၉၈) ခုနစ်၊ အောက်တိုဘာ (၁၄) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။ ရည်ရွယ်ချက်။      ။ ဝေဒနာရှင်များ၏ ဝေဒနာခံစားနေရဆဲ အချိန်၊ ဘဝ ကူးတော့မည် အချိန်နှင့် သေဆုံးပြီးနောက်ပိုင်း အချိန်များတွင် လူနာနှင့် သူတို့၏ မိသားစုများကို ကူညီရင်း ဝေဒနာရှင်များ၏ ဘဝ […]


ဆူးAugust 25, 20111min26820
အာရုံတွင် နောက်ကျိ        မျက်စိတွေ မူးဝေ         ခြေလက်တွေလေးလံ          လူကထိုင်းမှိုင်း          ဦးနှောက်ကလည်း အလုပ်အဆိုင်း နားမယ်လို့ သူပြင်          စည်းချက်ရယ်မညီ              ရင်ခုန်သံ            မြန်တလှည့် နှေးတချီ           မောကြီးရယ် ပန်းကြီး               ကျောတနေရာ အသာဆန့် လို့ ကွေးလိုက်ချင်တယ်                   လူကွယ်ရာ အသာခိုးလို့                 မျက်စိကို မှိတ်        နေ့ခင်း              စည်းစိမ်            ဇိမ်ရစ်ပါလို့                   အိပ်လိုက်မယ်ပြင်                အိပ်မက် ကမာ္ဘ မဝေးကွာလို့                     လှမ်းကာ အတိုး                  အဆင်ဆင့် […]


ဆူးAugust 24, 20111min27025
အားလုံးတိတိကျကျမှန်မမှန်မသိေ ပမယ့် 75%လောက်က တော့ တိုက်ဆိုင်မှု ့ရှိတယ်လို ့ဆိုပါတယ်…ကဲ စလိုက်ကြရအောင်နော်…(1) တကယ်လို ့သင်ဟာတောနက်ကြီးတစ်ခုကို ဖြတ်သန်းပြီးသွားရတော့မယ်ဆိုပါစို ့…အဲဒီတောကြီးကသားရဲတိရစာ္ဆန်တွေပေါပြီး အင်မ တန်မှလည်း အန ္တရာယ်လည်းပေါများလွန်းပါတယ်..အဲဒီအခါမှာ သင်ဟာ i. တစ်ယောက်တည်းသွားမလား? ii. အဖော်တစ်ယောက်ခေါ်သွားမလား? iii. အန ္တရာယ်တွေကို ရှင်းပေးနိုင်လောက်တဲ့ ဒုတ်(သို ့)ဓါး တစ်ခုခုယူသွားမလား? (2 ) ဒီတောအုပ်ကြီးကိုဆက်လက်ဖြတ်သန်းလာတဲ့အခါမှာ သင့်ရဲ့ခေါင်းပေါ်မှာငှက်တွေပျံသန်းနေတာတွေ ့ရပါလိမ့်မယ်..အဲဒီငှက်ဟာ i. သိမ်းငှက် ii. စာကလေး iii. ခို iv.ကျီးကန်း (3 ) အရှ့ကိုဆက်ပြီးလျှောက်လာတဲ့အခါမှာ သင့်ရဲ့ရှေ့ကနေ အကောင်တစ်ကောင်ကောင် ဖြတ်ပြေးသွားတာသင်တွေ ့ရပါလိမ့်မယ်… အဲဒီအကောင်ဟာ i. မြွေ ii. ကျား iii. ကြောင် iv.ယုန် […]


ဆူးAugust 23, 20111min36246
အားလုံးကို အသိပေး ကြေညာတဲ့ သဘောနဲ့ ပိုစ်တင်လိုက်တာ ဖြစ်ပါတယ်။ ယခုလည်း ၁သိန်းပြည့်ဖို့ ရာဂဏန်း လိုနေပါသေးတယ်။ တနေ့က သဂျီးဆီကနေ အီးမေး လာပါတယ် ၁သိန်း ကို အားတဲ့ ရက် လွဲပေးမယ် ဆိုပြီး အကြောင်းကြားစာ လာခဲ့သလို လွဲပေးခဲ့ပါတယ်။ ဆူး လက်ထဲ ရရှိတဲ့ ၁သိန်း တိတိ ကို.. ကျေးဇူးကြီးမားလှတဲ့ မွေးမိခင်ကြီးကို ကိုယ်ပိုင် လုပ်အားခ သဘောမျိုး ဖြစ်တဲ့ ပိုက်ဆံနဲ့ ကန်တော့ခဲ့ပါတယ်။ ၁သိန်း အတွက် ၁နှစ်ကျော် မက အချိန်ပေးပြီးတော့ ပိုစ်ပေါင်း ၃၄ဝ ရေးခဲ့ပြီး ကွန်မန်း အခုရေပေါင်း ၅၀၀ဝ ကျော် ရေးသားခဲ့ရပါတယ်။ စပြီး ဝင်ရေးတုန်းကတော့ အပျော်သဘောနဲ့ ရေးသားခဲ့ပေမဲ့ တက်လာတဲ့ […]


ဆူးAugust 16, 20111min37133
မနက် ၆နာရီ ထိုးပြီ။ အိပ်ယာက ရုတ်တရက်ထပြီး နာရီကြည့်လိုက်မိတဲ့အခါ ၆နာရီ ထိုးနေတာ မြင်တဲ့ အတွက် ကဗျာကယာ အိပ်ယာထပြီး မျက်နှာ မသစ်ခင်မှာပင် ထမင်းအိုးတည်ရန်ပြင်ဆင်ရသည်။ ထမင်းအိုးတည်ပြီးသော် မျက်နှာသစ်ပြီး အိမ်သားအားလုံး နိုးရပါတော့သည်။ သားရေ.. သမီးရေ.. အဖေကြီး.. ထတော့.. အလုပ်နောက်ကျမယ်။ အော်ဟစ်ဆူပူပြီး အားလုံး ဆက်မအိပ်နိုင်သော အခါ မျက်စိပွတ်ပြီး အလျှိုလျှို အိမ်နောက်ဖေးခန်းသို့ ဝင်ကာ မျက်နှာသစ်သူနှင့် အိမ်သာဝင်သူ ကလည်း အိမ်သာဝင် အလုအယှက် လုပ်ပြီး ပြင်ဆင်ထားတဲ့ ထမင်းချိုင့်ကို ဆွဲပြီး အလုပ်ကိုယ်စီ ကျောင်းကိုယ်စီ သွားပါတော့တယ်။ အိမ်သားများ အားလုံး လူစုခွဲပြီး လိုရာ ခရီးသွားပြီးနောက်မှာတော့ အိပ်ယာထဲမှ စိုစိုရွဲနေတဲ့ ကလေးငယ်က ထပြီး အော်ဟစ်တာကို ဖြေရှင်းပေးရပါတော့တယ်။ […]


ဆူးAugust 10, 20111min38928
သရက်ယို.. မွှေး ဂျုံမှုန့် ၂၀ဝ တန် ၂ထုတ် ရေနဲ့ ဆီနဲ့ အချိုးကျ နယ်ထားတဲ့ ပန်းကန်က တစ်ချပ် ဆီ ချည်းပဲ သီးသန့် နယ်ထားတဲ့ ပန်းကန် က တစ်ချပ် ဆီ နဲ့ ရေ ကို အလုံးလုပ် သပ်သပ် စီထား.. ဆီချည်း သက်သက် ကို အလုံး သပ်သပ် လုပ်ထားပြီး သပ်သပ်စီ ပုံထား ထို့နောက်တွင်.. ဆီနဲ့ ရေ နယ်ထားတဲ့ ဟာတွေကို အပြားခပ်.. အပေါ်မှာ ဆီချည်း နယ်ထားတဲ့ အလုံးကို ထည့်ပြီး လုံးလိုက်ပါ… ပြီးတော့ အထပ်ထပ်.. ပြန်လုံးပြီးနောက်တွင်.. အပြားပြန်ခပ်ပြီး သရက်ယို အတွင်းမှာ ထည့်လို့ မုန့်ဖုတ်ရန် ပြင်ဆင်ပါသည်။ […]


ဆူးAugust 4, 20111min36617
သံသရာ လမ်းညွှန် အဘိဓမ္မာသင်တန်း သင်တန်း နည်းပြ – ဆရာမ ဒေါ်ငွေရည်ဦး သင်တန်း နေ့ရက်- ၁၄ – ၈ – ၂၀၁၁ (တနင်္ဂနွေနေ့၊ ဝါခေါင်လပြည့်နေ့) သင်တန်း အချိန်- နံနက် ၉နာရီ မှ ညနေ ၄နာရီ သင်တန်း နေရာ- ပန်းလှိုင်အာရုဏ်တော် ဝတ်အသင်း ဓမ္မာရုံ ဟုမ်းလမ်း ရပ်ကွက်။ မေတ္တာအခါတော်နေ့ အဖြစ် မေတ္တာသုတ်တော်ကို ကျင့်စဉ်နှင့် တကွ ပို့ချ သင်ကြားပေးမည် ဖြစ်ပါသည်။   မည်သူမဆို တက်ရောက် သင်ကြားနိုင်ပါသည်။   မေတ္တာ အာနိသင် `လူ့လောကမှာ မေတ္တာလောက် ကောင်းသော အရာ ဘာမှ မရှိဘူး။ မေတ္တာလောက် ကောင်းတဲ့ အဆောင်ကောင်းလဲ […]


ဆူးJuly 27, 20111min26717
ဘယ်လောက်ကြီးတဲ့ ညောင်ပင် ဖြစ်ပါစေ အပင်ပေါက်တဲ့ အရွယ် အပင် နုနု ချိုးလိုက်ရင် အပင်တပင် ဆက်လက် ရှင်သန်ဖို့ ပျက်သုန်းသွားနိုင်သလိုပါပဲ လောကကြီးမှာ ပထမဆုံး ခြေလှမ်းစမဲ့ လူတွေကို ခေါင်းပုံဖြတ် အလိမ်အညာ လုပ်မယ်ဆိုရင်လည်း နောက်ထက် ရှေ့ဆက်လျှောက်မဲ့ ခြေလမ်းတွေ ပျက်သွားနိုင်ပါတယ်။ မလျှောက်ရဲတော့ တာလည်း ဖြစ်နိုင်တယ်။ လွန်ခဲ့တဲ့ တပတ်လောက်က အိမ်နားက ကလေးမလေးတွေ အိမ်က ရှိတဲ့ စားပွဲတွေ ခုံတွေ ချပြီးတော့ အသုတ်စုံ ရောင်းမယ် ဆိုပြီး ပထမဆုံးနေ့ စပြီး ဈေးရောင်းကြတယ်။ ရှိစုမဲ့စု မုန့်ဖိုးလေးနဲ့ တွက်ချက်ပြီးတော့ အရင်းကြီးကြီးလည်း မထုတ်နိုင်တော့ လက်ဖက် နဲ့ အကြော်စုံ အအေးပုလင်းလေး အနည်းငယ် ဆေးလိပ်ဗူးလေး အနည်းငယ် စားပွဲပေါ်တင်ပြီး ရောင်းကြတယ်။ […]


ဆူးJuly 27, 20111min75238
သင် အသုံးချခံရတယ် ဆိုရင် ဘယ်လို နေမလဲ.. အဖိုးမတန်တဲ့ အရာ အတွက် ကိုယ်ကျိုး ကြည့်ပြီး သူများကို အသုံးမချသင့်တာ အမှန်ပဲ။ မှတ်မှတ်ရရ ဗုဒ္ဓဂါယာ သွားတော့ စီးသွားတဲ့ လေယာဉ်က သီရိလင်္ကာ လေကြောင်းလိုင်းက လေယာဉ်ပါ။ ထိုနေ့က တခြား ခရီးသွား အဖွဲ့တွေလည်း သွားကြတာ သတိထားမိတယ်။ ဗုဒ္ဓဂါယာ ကို သွားတဲ့ လူတွေဆိုတာ များသော အားဖြင့် အသက်ကြီးတဲ့ လူကြီးတွေ နဲ့ ဘုန်းကြီး သီလရှင်များ ဖြစ်ကြပါတယ်။ အဲဒီနေ့က ရန်ကုန် လေဆိပ်မှာ ကိုယ့် အဖွဲ့လိုပဲ တခြားသော အဖွဲ့ ၂ခုလောက်တွေ့မိတယ်။ သတိထားမိတာကတော့ တိုင်းရင်းသား ဝတ်စုံ ကို တူညီ ဝတ်ထားကြတာပါပဲ။ ရှမ်းပြည်ဘက်က တိုင်းရင်းသား […]