ဆူးJuly 27, 20111min22422
တနေ့ ညနေပိုင်း ပျင်းပျင်း ရှိတာနဲ့ သူငယ်ချင်း ဆိုင်ကို သွားလည်တယ်။ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်း ဆိုင်မှာ မဖိတ်ပဲ လာတဲ့ ဧည့်သည် ရောက်နေလို့ တော်တော် အလုပ်ရှပ်နေပါတယ်။ မဖိတ်ပဲ လာတဲ့ သူကတော့ ကြွက် တကောင်ပဲ ဖြစ်ပါတယ်။ ညနေစောင်း ဆိုင်တခါး ကြားထဲကနေ ဆိုင်ထဲကို အပြေးအလွား ဝင်ရောက်ပြီး အိမ်ဆောက်ဖို့ ဝင်လာတဲ့ ကြွက်တကောင်နဲ့ သတ္တိခဲ လူ ၄ယောက် ဆူး အပါအဝင် ၅ယောက် ဖြစ်သွားပါတယ်။ သူငယ်ချင်းကလည်း အသန့်အပြန့်ကြိုက်တဲ့ သူဆိုတော့ ကြွက် ခြင် ယင်တွေ မရှိအောင် သန့်ရှင်းရေး ဦးစားပေးတယ်။ ဆူး အမှားပေါ့.. ဆိုင်ထဲ ဝင်သွားတာ တံခါးကို သေချာ မပိတ်မိပဲ သတိမထားမိလိုက်ဘူး… […]


ဆူးJuly 17, 20111min16216
အဖွားတယောက် အနေနဲ့ မြေးကို ပြောချင်တယ်.. လောကကြီးမှာ လိင်ကိစ္စဆိုတာ အရွယ်ရောက်တဲ့ သူတိုင်း သင်စရာ မလိုပဲ တတ်ကြတယ်။ ဖွားတို့ ခေတ်အခါ ရိုးလှပါချည် ထုံလှပါချည်လို့ ပြောတဲ့ မိအေး အခုတော့ ကလေးများ အေ… မွေးထားတာ ကလေးတွေ ၂ဒါဇင် ကျော်လို့ သူ့ကလေးတွေ နာမည်တောင် အကုန် အလွတ်မရတော့ပါဘူး အေ… ဖိုးပေ.. ဒီလောက်ဆို သဘောပေါက်ပေါ့ အေ.. ဖွားတို့ခေတ်မှာ ဒီလို စာကြီး ပေကြီးတွေ မရှိဘူး ကျောက်သင်ပုန်း နဲ့ ကျောက်တံဆိုတာ ဟိုခြစ် ဒီခြစ်လောက်ပဲ သုံးတာ စာလည်း မယ်မယ်ရရ တတ်တာ မဟုတ်ဘူး အေ… ဒါပေမဲ့ မိအေး တယောက် ရိုးလွန်း ထုံလွန်းလို့.. အိမ်ထောင်ကျတော့ […]


ဆူးJuly 12, 20111min16020
ထူးခြားဖြစ်စဉ် အနေနဲ့ ပြောပြချင်တာ တခုရှိပါတယ်။ ပုံထဲမှာ မြင်ရတာကတော့ ဗုဒ္ဓဂါယာ မှာ ရှိတဲ့ မဟာဗောဓိစေတီတော် ဖြစ်ပါတယ်။ ဒေါသကြီးတဲ့ ပုဏ္ဏား တယောက်ကို မြတ်စွာဘုရား တရားဟောလိုက်တဲ့ နေရာကို တိုင်စိုက်ထားတာ ရှိပါတယ်။ အဲဒီ တိုင်ရဲ့ အခြေကျောက်ပြား တချပ် ပတ်လည် နေရာက ရာသီဥတု ဘယ်လောက် အေးအေး နွေးနေတယ်။ မရောက်ဘူးသူများ မှတ်သားထားပြီး သွားမဲ့သူများ ဗဟုသုတ အဖြစ်နဲ့ စမ်းသပ်လေ့လာ ကြပါကုန်တော့… အမှတ်အသား တိုင်လုပ်ထားတဲ့ တိုင်ကို ဓါတ်ပုံ ရှာမရတဲ့ အတွက် အနီးစပ်ဆုံး ပြောပြတာ ဖြစ်ပါတယ်။ လူတိုင်း သိနိုင်မယ် မထင်ပါဘူး။ အဖွဲ့နဲ့ ဘုရားဖူး ထွက်ရင်တော့ ဘုန်းကြီးများ ရှင်းပြပါလိမ့်မယ်။ ဓမ္မ အစွမ်း […]


ဆူးJuly 9, 20111min20723
အလှူကိစ္စ တခုနဲ့ နယ်ဘက်ကို ခရီးထွက်သွားတော့ အမျိုးတွေကလည်း ရှိပြန်တော့ ဧည်သည် သွားလုပ်ပြီး စကားလေး ရှေးဟောင်းနှောင်းဖြစ် မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ အကြောင်း စုံနေအောင် စမြုံပြန်နေကြတာပေါ့။ အဲဒီ အိမ်ရဲ့ ဘေးကပ်ရပ်က သင်္ကန်းရောင်းတဲ့ ဆိုင်တဆိုင် ဖြစ်နေတဲ့ အပြင် ထိုဆိုင်နဲ့ နှစ်အိမ် တစ်အိမ်လို ဖြစ်နေကြပါတယ်။ နယ်မှာ နေတဲ့ လူတွေ တော်တော် များများ က ထိုကဲ့သို့ ဖော်ရွေပြီး အချင်းချင်း ရိုင်းပင်း ကူညီတတ်ကြတယ်။ ဒီလိုနဲ့ စကားထိုင်ပြောပြီးနေတုန်း စကားဆူဆူညံညံ ကြားတော့ ထပြီး သွားကြည့်လိုက်ကြတယ်။ ဟဲ့… ဟဲ့.. ဘာဖြစ်တာလဲ.. အပြေးသွားကြည့်တော့.. ဘေးနားက သင်္ကန်းရောင်းတဲ့ ဆိုင်မှာ ဘုန်းကြီး တပါး အသက် ၄၅ […]


ဆူးJuly 7, 20111min22032
အတန်းပိုင် ဆရာမ အခန်းထဲ ဝင်လာသည်။ မင်္ဂလာပါ ဆရာမ… ကလေးများ ညီညီညာညာ နုတ်ဆက်လိုက်ကြသည်။ ထို့နောက်တွင်……… နေ့လည်စာ ထမင်းစား ခေါင်းလောင်းသံ ကြားရသော အခါ… ဆရာမအား နှုတ်ဆက်ပြီး ကျောင်းသားများ ထမင်းစားရန် ထမင်းချိုင့်ကိုယ်စီ ဖွင့်၍ စားကြသည်။ ထမင်းမစားခင် ဆရာက ခဏနေအုန်း ကလေးတို့ရေ… မစားနဲ့အုန်း ကျောင်းသား ဆိုတာ ကြီးတဲ့လူကို အရင်ဦးချ ရတယ်။ ပြောရင်း ဆိုရင်နဲ့ ထမင်းချိုင့်ဖွင့်ပြီး ထမင်းချိုင့် အလွတ် တခွက် ကို ထုတ်ပြီးလျှင် ကလေးတို့ ဆရာမ ကို မစားခင် ဦးချ ကြ ဟု ပြောပြော ဆိုဆိုနဲ့ ချိုင့်ခွက် အလွတ်ကို ကလေးတွေ စားပွဲရှေ့ကို ထိုးပေးလိုက်သည်။ တယောက်စီ […]


ဆူးJuly 5, 20111min20121
သန်လျင်သွားတော့ အလှူ အတန်းတွေနဲ့ ပျော်ရွင်ဖွယ် အမှတ်တရလေးတွေ အများကြီး ရှိခဲ့ပါတယ်။ရှေးနှစ်ပေါင်းများစွာ က တည်ဆောက်ထားတဲ့ တပါးကျောင်း တွေ တွေ့တယ်။ ခုနစ် ထိုးထားတာကတော့ ၁၉၀၉ ဆိုပြီး တွေ့မိတယ်။ ရှေးဟောင်းဆန်တဲ့ ဗိသုကာတွေ သရဲကား ရိုက်မယ်ဆိုရင် ထိတ်လန့်စရာ ဇတ်ကား ရိုက်နိုင်မယ် ထင်တယ်။ စိမ်းစိမ်းစိုစိုနဲ့ သစ်ဝါး ရိပ်တွေ နဲ့ တောလမ်း ခရီးကြမ်း ဇတ်လမ်းထဲမှာ ပါနေကျ ပုံစံတွေ မြင်ခဲ့တယ်။ သန်လျင် ဂိုက်ကတော့ အတော်ကို တော်ပါတယ်။ နောက်နေ့မှာ မှော်ဘီ အလှူသွားဖို့ ရှိတယ် ဆိုပြီး ပြောကြရင်းနဲ့ ကားကြုံတာနဲ့ မဝေ ကို မှော်ဘီ အလည်ခေါ်ခဲ့တယ်။ သန်လျင်နဲ့ မတူညီတာကတော့ မှော်ဘီ သွားတဲ့ လမ်းက […]


ဆူးJuly 3, 20111min15926
မတရားပါဘူး ဗျို့….. Violence, Non-Violence and Terrorism – ခင်မမမျိုး – kai |38- Hits| Posted by kai on Jul 2, 2011 in Contributor, Columnist, Opinions & Discussion, Think Tank လူစာရင်း – kai |61- Hits| Posted by kai on Jul 2, 2011 in Myanma News, Opinions & Discussion, Press Announcements | Burmese Community Center Fundraiser Event – July […]


ဆူးJuly 2, 20111min18716
ရွာထဲမှာ မှတ်တမ်းလေး တခု အနေနဲ့ စစ်တမ်း ဆိုတဲ့ ပိုစ်လေး တင်ထားပါတယ်။ တော်တော် များများ အားပေးပြီး လာရေးတာ တွေ့ရပါတယ်။ ထိုပိုစ်ရဲ့ ရည်ရွယ်ချက် က ရွာသားတွေ အချင်းချင်း အသက်ကြီးလား ငယ်လား မသိကြပေမဲ့ ရွာနာမည် တခုသာ မြင်နေကြတာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေ ကလည်း အားလုံး ဆယ်ကျော်သက်လို့ ထင်နေကြတာလည်း ရှိပါတယ်။ လူတိုင်း မှာ ဘဝ ကိုယ်စီ နေထိုင်မှု နေရာ ကိုယ်စီ ရှိနေကြသလို မတူညီတဲ့ ဘဝတွေ ပိုင်ဆိုင်ထားပြီး မတူညီတဲ့ အရေးအသားနဲ့ အမြင် မတူ မှုတွေကို ဖလှယ်ကြတာ ဖြစ်ပါတယ်။ ရွာထဲမှာ ညီရင်း အကို မောင်နှမ တွေလို သဘောထားနဲ့ […]


ဆူးJune 30, 20111min1127
အခုနောက်ပိုင်း ဖုန်း ဘီလ် တွေ ပိုက်ဆံ ကြိုသွင်းတဲ့ စနစ်ကြောင့် ပိုက်ဆံ သွင်းထားပြီးရင် ငွေဘယ်လောက် ကျန်သလဲ သတိမထားမိရင် ပိုက်ဆံ ကုန်သွားလို့ ဖုန်း ဆက်သွယ်မှု ဖျက်တောက် ခံရတတ်ပါတယ်။ ဖုန်း အတွက် သွင်းထားတဲ့ ပိုက်ဆံ လက်ကျန်ငွေ စစ်ရန် မေးမြန်းခဲသော ဖုန်း နံပါတ် ရှိပါသည်။ အများ သိစေရန် စေတနာ ရှေ့ထား တင်ပေးလိုက်ပါသည်။ တခြား မြို့ အတွက် မသိပါ ရန်ကုန် ဖုန်း အတွက် ငွေ လက်ကျန် စစ်ရန်သာ သိခဲ့ပါသည်။   ဖုန်း  ၃၇၀၇၀၃   ၃၇၀၇၀၈ ဖုန်းဆက်ပြီး မေးမြန်း စစ်ဆေးနိုင်သည်။ မနက် အလုပ်လုပ်ချိန်က စတင်ပြီး ထိုဖုန်းများ […]


ဆူးJune 25, 20111min81255
ရွာသားတွေကို တယောက်ကို မြေ ၁ဧက ပေးလိုက်မယ် ဆိုရင် အဲဒီ မြေ ၁ဧက မှာ ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ။ မှတ်ချက်.. အိမ် နဲ့ တခြား အဆောက်အအုံ မဆောက်ရ.. အပင် စိုက်ဖို့ သီးသန့် တွေးပြီး ရေးရန်သာ ဖြစ်သည်။  


ဆူးJune 25, 20111min18826
ရာသီဥတု သာယာတဲ့ လပြည့်နေ့ တနေ့ အခါကြီး ရက်ကြီး အိမ်နားက အဒေါ်ကြီး က ဘုရားသွားမယ် ဆိုလို့ မေမေ နဲ့ ဆူး တူတူ လိုက်သွားတယ် အဲဒီတုန်းက ဆူး အသက် ၅နှစ် ၆နှစ်လောက်ထက် ပိုမယ် မထင်ဘူး။ အဲဒီ အဒေါ်ကြီး မှာ ကလေး ၄ယောက် မွေးထားတာ ဆိုတော့ သူ့ ကလေးတွေ နဲ့ ဆူး တို့ သားအမိ ၂ယောက်နဲ့ ဆိုတော့ အားလုံး ရယာက် ဘုရားကို လေးဘီးကား ငှားပြီး သွားကြတယ်။ ဘုရားပေါ် ရောက်တော့ ကလေးတွေ အုပ်စုလိုက် ဟိုပတ် ဒီပတ် ဆော့ ကစား လူကြီးတွေ ဘုရားရှိခိုးကြတယ် ဘုရားမှာ […]


ဆူးJune 15, 20111min28222
တခါ ခရီးထွက်တုန်းက ဘုန်းကြီးကျောင်းမှာ အိပ်တော့ အိမ်သာနဲ့ ညအိပ်တဲ့ အဆောင်က ဝေးသကိုး.. မီးကလေးက မှိန်မှိန်.. လက်နိပ်ဓါတ်မီး အားကိုးနဲ့ အိမ်သာကို သွားရတယ်။ ဘုန်းကြီး ကျောင်းထဲမှာ ခွေးတွေ ရှိလို့ လိုက်ဆွဲမှာလည်း ကြောက်ရသေးတယ်။ ဝါးဆစ် တချောင်း လမ်းမှာ ကျနေတာ ကောက်ဆွဲပြီး သွားရတယ်။ ခွေးပါးတွေ ဒုတ်ပါတဲ့ လူ အနား ခွေးမလာရဲဘူး။ အိမ်သာ မှာတော့ မီးမှောင်မှောင် ရှိတာပေါ့။ အိမ်သာဘေးနားမှာ လယ်ကွင်းကြီးရှိတယ် သစ်ပင်တွေ ရှိတယ်။ အိမ်သာ နဲ့ အနီးဆုံး နေရာနားက သစ်ပင်က လေမတိုက်ပဲ လှုပ်နေတယ်။ လေတိုက်လို့ လှုပ်တာနဲ့ အတူ ကလောက် ကလောက် အသံ သဲ့သဲ့ ကြားရပါတယ်။ လေမတိုက်ပဲ […]


ဆူးJune 15, 20112min30430
အီးတုံးရဲ့ တွေ့ဆုံပွဲ ပြီးဆုံးသွားတဲ့ ပိုစ်လေး ဖတ်လိုက်ရတော့ တွေ့ဆုံပွဲမှာ ရွာသားတွေ ဘာတွေ လာကြသလဲ ဆိုတာ အားလုံး မြင်ယောင်သွားအောင် ဖန်တီးပေးလိုက်မယ်။ https://myanmargazette.net/51785/creative-writing/short-story အဲဒီနေ့ မနက်ကပေါ့.. အလုပ်တွေ ကိုယ်စီ နဲ့ ရှုပ်နေရင်းနဲ့ ချိန်းထားတဲ့ နေရာကို တွေ့ဖို့ အားလုံး သွားကြတယ်။ မျက်နှာ မြင်ရင် တယောက်နဲ့ တယောက် အတိတ်က ရွာထဲမှာ ဖြစ်တဲ့ ကိစ္စလေးတွေ အပြတ် ရှင်းမလို့ကြံစည်ရင်း သွားခဲ့ကြတာပေါ့။ အီးတုံးပေါ့.. အိပ်ပျော်နေတာ.. အချိန်လင့်တော့ မလို့.. ကျွန်တော် အာဂ တွေ့လို့ကတော့ အပြတ်ရှင်းဖို့ အားထုတ် နေတာပေါ့ကွယ်။ အီးတုံးက အိပ်ယာ နိးနိးချင်း ညက အိပ်မက် ထဲမှာ တမျိုးပဲ.. အကာအကွယ် ရအောင် […]