ဆူးMay 19, 20111min23011
ဘေးအိမ်က တချိန်က ညည တံခါးခေါက်ခံရတယ် နောက်ပိုင်း ဆရာ တယောက် လာပြီး ကူညီ ဖြေရှင်းပေးတဲ့ အတွက် ပြသနာ တခု အဆင်ပြေသွားခဲ့တယ်။ နောက်တော့ လူကြီးများ မေးမြန်းကြည့်တယ် ဒီဆရာကို ဘယ်လို နည်းနဲ့ သိခဲ့တာလည်း သူနဲ့ ပတ်သတ်တဲ့ ထူးခြားတဲ့ သိတာလေးတွေ ရှိရင် ပြောပါဆိုပြီး လူကြီး တယောက်ကို မေးခဲ့တယ်။ သူရဲ့ ပြောကြားချက်အရ ဆိုရင်တော့.. တချိန်က မြန်မာနိုင်ငံကို အင်္ဂလိပ် အုပ်ချုပ်ခဲ့ပြီး နောက်ပိုင်း ဂျပန် ဝင်တော့ ကင်ပေတိုင် စနစ်နဲ့ အုပ်ချုပ်မှုတွေ ရှိခဲ့တာ ကြားဖူးပါတယ်။ ကင်ပေတိုင် စခန်း လုပ်ပြီး လူတွေကို နိပ်စက်ဖို့ သိမ်းပိုက်ခံရတဲ့ အိမ် အကြောင်း ပြောပြပါတယ်။ အင်္ဂလိပ်ခေတ်တုန်းကတော့ […]


ဆူးMay 11, 20111min28116
ကလေး အခွင့်အရေးတွေ ပြောနေကြတာနဲ့..သတိရမိတာ တခုရှိတယ်။ ၆တန်း ရတန်း လောက်တုန်းက (၁၉၉၇ဝန်းကျင်) ကျောင်းကားစီးရင် ကျောင်းကား ပတ်တဲ့ လမ်းမှာ အမြဲမြင်နေရတဲ့ အရူးမကြီး တယောက်ရှိတယ် ကလေးက ၂ယောက်တောင် ရှိတယ်။ အရူးမ ဆိုပေမဲ့ စိတ်ဖောက်တဲ့ အခါ တော်တော် ဆိုးပေမဲ့ သာမန်ဆိုရင် ကျပ်မပြည့် သလို ဖြစ်ယုံပါပဲ။ အရမ်းကြမ်းကြမ်း တမ်းတမ်းကြီး မဟုတ်တော့ ရပ်ကွက်က စောင့်ရှောက်ပေးထား ကြပါတယ်။ သူရဲ့ ကလေး ၂ယောက်က ၆ နှစ် ရနှစ်လောက် ရှိမဲ့ ကလေး က တစ်ယောက် နှင့် နောက်ကလေးတစ်ယောက်က ၁နှစ် ၂နှစ် ထက်မပိုဘူးထင်ပါတယ်။ လမ်းလျှောက်တတ်ပေမဲ့ အကြီးလေးက ချီလို့.. သူတို့ ဝမ်းရေး အတွက် […]


ဆူးMay 6, 20111min1336
တနေ့ နယ်ဘက်ကို ခရီးထွက်သွားတော့ တည်းခိုတဲ့ အိမ်က ဒေသခံ အဘိုးအိုတယောက်နဲ့ စကားလက်ဆုံ ကျရင်းနဲ့ အဖြစ်အပျက် တခု ကို သူပြောပြခဲ့တယ်။ အလုပ်တူပေမဲ့ ကံမတူတဲ့ အကြောင်းပါ။ အဲဒီ အဘိုးက အသက် ၈ဝ ကျော်နေပါပြီ။ သူပြောတာ နားထောင်တော့လည်း ပုံပြင် တပုဒ်လိုပါပဲ။ ထို အဘိုးရဲ့ နာမည်က ဦးစံကျော် သူရဲ့ မိတ်ဆွေ ရဲ့ နာမည်က ဦးခွန်လုံဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကိုလိုနီခတ် အချိန်အခါက သူတို့တွေ ရင်းနှီးခဲ့ကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေပေါ့။ အသက်ကလည်း ငယ်ငယ် လုပ်အားကလည်း အလွန်ရှိ အားကောင်းမောင်းသန် လူငယ်များဖြစ်ကြပါတယ်။ တနေ့မှာတော့ ဦးခွန်လုံ က ဧရာဝတီ မြစ်ကြောင်းကို စုန်ကာ ဆန်ကာ ပြုလုပ်ပြီး […]


ဆူးMay 6, 20111min22915
ခါတိုင်းတော့ မိုးတွင်း ရေကြီးမလား မကြီးဘူးလား သူတို့ကို ကြည့်ရတယ်။ အခုတော့.. မိုးတွေ အားကြီးရွာမှ.. ရုတ်ရုတ်သဲသဲ အိမ်ပြောင်းနေကြတယ်။ မိုးဇလ နဲ့ အဆက်အသွယ် ပြတ်နေလို့လား မသိဘူး။ ယနေ့ မိုးရွာပါသည်။ ရေအတော်များများပါသည်။ နွေအခါ မိုးရွာတာ နာဂစ် ပြီးတော့လည်း ရွာတယ်။ ဒီနှစ်လည်း ဒီအချိန် မိုးရွာတယ်။ မနှစ်ကလို မပူလို့ ကျေးဇူးတင်ရမယ်။


ဆူးMay 2, 20111min22911
ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီး သာသနာတော် နှစ် ၂၃၅နှစ်မြောက် တွင် ပါတလိပုတ်ပြည် (ယခု အိန္ဒိယနိုင်ငံ ပတ္တနား) အာသောကာရုံ ကျောင်းတိုက်ကြီး ၌ သျှင်မောဂ္ဂလိပုတ္တတိဿ မဟာထေရ် အကြီး အမှူးပြု၍ ရဟနာ္တတစ်ထောင် ရွှေးချယ်ပြီး သီရိဓမ္မာသောကမင်းကြီး၏ အထောက်အပံ့ကို ခံယူကာ ကိုးလတိုင်တိုင် တတိယ သင်္ဂါယနာတင်တော်မူရာ သီတင်းကျွတ်လပြည့်နေ့တွင် ပြီးဆုံးအောင်မြင်တော်မူကြသည်။ တတိယ သင်္ဂါယနာတင်ပြီးလျှင် သျှင်မောဂ္ဂလိပုတ္တတိဿထေရ်သည် နောင် အခါ မစ္စန ္တရစ် အရပ်များတွင် သာသနာတော် တည်တံ့ပြန့်ပွားထွန်းကားမည့် အကြောင်းကို အနာဂတံသ ဉာဏ်တော်ဖြင့် မြင်တော်မူ၍ သာသနာတော်နှစ် ၂၃၅နှစ် မြောက် တန်ဆောင်မုန်းလပြည့်နေ့၌ ကိုးတိုင်း ကိုးဌာန သာသနာပြု စေလွတ်တော်မူသည်။ ကိုးတိုင်း ကိုးဌာန သာသနာပြု ကြွရာတွင် သုဝဏဘူမိ […]


ဆူးApril 30, 20119min17811
မိတ်ဆက် ဤကလိင်္ဂစစ်မြေပြင်က စာတစ်ရွက် ပို့စ်အဖြစ်တင်ဖို့ရန် သီတဂူစတား၏ ဆရာလည်းဖြစ် နောင်တော်လည်းဖြစ်သော သီတဂူ ဒေါက်တာ အရှင်ကုမာရ (ဒေလီတက္ကသိုလ်) ကို မေတ္တာရပ်ခံခဲ့ပါသည်။ နောင်တော်ကလည်း ဝမ်းမြောက်ဝမ်းသာ ကြည်ကြည်ဖြူဖြူ ခွင့်ပြုသဖြင့် ပို့စ်တစ်ခုအဖြစ် တင်ကာ ကလိင်္ဂ ဗဟုသုတ တစ်ခု မျှဝေလိုက်ပါသည်။ ကလိင်္ဂစစ်မြေပြင်က စာတစ်ရွက် ‘ကလိင်္ဂ’ ဆိုတဲ့ ဤနာမည်ကို ငယ်ငယ်ကတည်းက ကြားဘူးသည်၊ သို့သော် မည့်သည့်အရပ်ဒေသမှန်း မသိ၊ ပုံ ပြောကောင်းသောလူကြီး များ၏ ဒဏ္ဍာရီ ပုံပြင်တစ်ခုသဘွယ် မှတ်ထင်ခဲ့သည်။ အခုတော့ ဤ ‘ကလိင်္ဂ’ စစ်မြေပြင်ဟောင်းနေရာကို မိမိ အမှန်တကယ် ရောက်နေပြီ။ မိမိခြေချမိသော နေရာကား- စစ်နိုင်သောဘုရင်ကြီးတစ်ပါး လက်နက်စွန့်လွှတ်သော ‘ဒေါလီ’ (Dauli) တောင်ကုန်းလေးတစ်ခု ဖြစ်သည်။ သီတဂူအဖွဲ့ကို […]


ဆူးApril 30, 20111min22720
ငါ ဒါတွေ မစားချင်ပါဘူး ဆိုမှ… ဆိုတဲ့ အဘိုး ဦးမြရဲ့ အသံလေး ကြားလိုက်တော့ နားစွင့်မိတယ် ဘာများ ဖြစ်သလဲလို့။ ဘေးအိမ်က အဘိုးကြီး သူငယ်ပြန်တယ်ပြောတယ်။ ကလေးယောက်လို ဂျစ်ကန်ကန်နဲ့ တခါတလေ လုပ်မိပြီးတာလည်း မေ့မေ့နေပြီး ထမင်းစားမယ် ဆိုပြီး ထပ်ခါ ထပ်ခါ တောင်းတက်သလို.. ပြောထားတဲ့ စကားတွေ လည်း မေ့ပြီး ထပ်ခါ ထပ်ခါ ပြောသံတွေ ကြားနေရတော့ အထာလည်း သိနေပါပြီ။ သနားဖို့လည်း ကောင်းတယ်။ တခါတလေများ ငါ ဗိုက်ဆာတယ် ဆိုပြီး ထမင်းစားပြီးလည်း ထပ်တောင်းတယ်။ ပေးလိုက်တော့ မဟုတ်ဘူးဆိုပြီး ဖြစ်ပြန်ကော.. အသိ သတိ ရှိတဲ့ အချိန်ဆို လူကြီးဆန်ဆန် နေတတ်ပြီး မြေးတွေကို လိုက်အော်ပြီး ကလေးတွေ […]


ဆူးApril 29, 20111min25433
အရင်က ဆူး နေတဲ့ အိမ်ရဲ့ ဘေးကပ်ရပ် အခန်းမှာ ဖြစ်သွားတဲ့ ကိစ္စပါဘဲ။ ညနေစောင်းလို့.. အချိန် ၄နာရီ ၅နာရီ ဆိုရင် အဲဒီ ဇတ်လမ်းက စပါပြီ။ ကပ်ရပ် ဘေး အခန်းဆိုတော့ ဟိုဘက် အိမ် ဒီဘက်အိမ်က စကားပြောရင်တော့ ကြားရပါတယ်။ သူတို့ အိမ်ကို ဧည့်သည်များ လာရင်လည်း သိသာပါတယ်။ တံခါးခေါက်သံ ကြားရသလို.. ကိုယ့်အိမ်လာတဲ့ ဧည့်သည်လည်း သူတို့ သိကြတယ်။ ညနေစောင်းရင် ဘေးအိမ်ကို တံခါးခေါက်သံ ကြားကြားနေရသလို အိမ်ရှင်များကလည်း အိမ်သူ အိမ်သားများ အလုပ်ပြန် ကျောင်းပြန် ရှိတော့ တံခါး အမြဲ ဖွင့်ကြည့်တယ်။ သို့သော်…….. တံခါးက ခေါက်သံသာ ကြားရတယ် ဘယ်သူမှ မရှိဘူး။ နေ့စဉ်ရက်ဆက် […]


ဆူးApril 28, 20112min21819
  “ဒက္ခိဏ” ဆိုသည်မှာ ပါဠိစကားဖြစ်ပြီး မြန်မာဘာသာအားဖြင့် “တောင်အရပ်” ဟုအဓိပ္ပာယ်ရ၏ ။ “သာခါ” ဆိုသည်မှာလည်း ပါဠိဝေါဟာရပင်ဖြစ်ပြီး “သစ်ကိုင်း” ဟုအဓိပ္ပာယ်ရ၏။ ထို့ကြောင့် “ဒက္ခိဏသာခါ” ဟူသည် “တောင်အရပ်မှသစ်ကိုင်း” ဟု ခေါ်ဆိုရမည်ဖြစ်၏ ။ လွယ်လွယ်ကူကူမှတ်လျှင် “ဗောဓိတောင်ကိုင်း” ဟုဆိုနိုင်၏ ။ ထို“ဗောဓိတောင်ကိုင်း” ကိုပင် “အာဒိလဒ္ဒနာမ” အားဖြင့် “ဒက္ခိဏသာခါ” ဟုပင်ခေါ်ကြ၏ ။ ထိုတောင်ကိုင်းသားကို ဘုရားထုထား၍ “ဒက္ခိဏသာခါ”  ဘုရားဟု ခေါ်ခြင်းဖြစ်၏ ။   ဤတွင် ပါရမီသုံးဆယ်ကို အသက်ပါအသေခံ၍ ဖြည့်ဆည်းခဲ့သည့်အတွက် အလောင်းတော်များဘုရားဖြစ်သည့်အခါပြုလုပ်ခဲ့သော ကုသိုလ်များသည် အစွမ်းကုန်အကျိုးပေးကြသည်ဖြစ်၍ လူ့လောက၌သာမက နတ်ဗြဟ္မာများ ထက် ဘုရားရှင်က အသပ္ပာယ်ဆုံးဟု ကျမ်းဂန်များကဆို၏ ။ ပါရမီကုသိုလ် များသည် နောက်ထပ်အကျိုးပေးစရာ […]