Mr. MarGaMay 16, 20131min49724
မဟာစင် မုန်တိုင်းကတော့ ကမ်းခြေကို ဝင်ရောက်ဖို့ အရှိန်အဟုန်နဲ့ လာနေပြီ။ နောက်ဆုံးခန့်မှန်းချက်တွေအရတော့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံ ကြားကနေ ဝင်လိမ့်မယ်လို့ ပြောလို့ရတယ်။ မြန်မာဘက်မှာဆို မောင်တော၊ ဘင်္ဂလားဒေ့ရှ်မှာတော့ စစ်တကောင်းပေါ့ ဒီမြို့တွေက အဓိက လမ်းကြောင်းပေါ်ကို ရောက်နေတယ်။ အထူးသဖြင့် စစ်တကောင်းက မုန်တိုင်းရဲ့ လမ်းကြောင်းနဲ့ တည့်တည့်ပဲ။ မြန်မာ အနေနဲ့တော့ မုန်တိုင်းလမ်းကြောင်းနဲ့ တည့်တည့်မှာကျတာ ချင်းပြည်နယ် တစ်ခုပဲရှိတယ် ကျန်တာတွေက မုန်တိုင်းဗဟို မရှိဘူး။ ဆက်ပြီး ခန့်မှန်းချက်အရဆိုရင် မြန်မာနိုင်ငံ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထိကို ဆက်သွားမယ်ဆိုတော့ မြန်မာဘက်က ရခိုင်ကမ်းရိုးတမ်းနဲ့ ချင်းပြည်နယ်ဘက် အဓိက အာရုံစိုက်ရလိမ့်မယ်။ ကံကောင်းတာတစ်ခုက အဲဒီဘက်မှာ ရခိုင်ရိုးမ ရှိနေတာကြောင့် အသင့်အတင့် အားလျော့သွားမယ်လို့တော့ ယူဆမိတယ်။ နောက် ဆက်ကာဆက်ကာ […]


Mr. MarGaMay 15, 20131min52353
ခေါင်းစဉ်ကို ဖတ်ပြီး ဦးမာဃ ဘာတွေများ ကို့လို့ကန့်လန့် တွေးပြန်ပါလိမ့်လို့ တွေးမိနေကြမယ် ထင်ပါတယ်။ ဘာမှတော့ မဟုတ်ပါဘူးဗျာ မျက်စိရှေ့မှာ ရောက်လာတတ်တဲ့၊ ပုံမှန်လိုလို တွေ့နေတတ်တဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေကို သူလိုကိုယ်လိုပဲ ကြည့်ရှုရင်း မြင်မိတဲ့ တွေ့မိတဲ့ အတွေးလေးတွေကို ချ ပြ မလို့ပါ။ ဒီဇာတ်လမ်းတွဲတွေက တကူးတက ကြည့်နေတာတော့ တကယ် မဟုတ်ရပါဘူးရယ်။ ဦးမာဃ အဲလောက်လဲ စွဲစွဲမြဲမြဲ မရှိတတ်ပါဘူး အများစု ပြောသလိုပဲ ဒီ ဇာတ်လမ်းတွဲတွေကလဲ ကောင်းတာလဲရှိ ဆိုးတာလဲရှိ ပေါ့လေ။ တစ်ခါတစ်ခါ ကျပြန်ရင်လဲ ဦးမာဃတို့ ယဉ်ကျေးမှုနဲ့ မကိုက်တာတွေလဲ ပါလာတတ်သေးသကိုး ဒါပေသိ သူတို့ ယဉ်ကျေးမှုကို ရိုက်ကူးပြသတာ ဆိုတော့လဲအပြစ်တော့ ဆိုလို့မရဘူးပေါ့လေ။ ဘာတွေ ဘယ်လိုပဲဖြစ်နေဖြစ်နေ သူတို့တတွေကိုတော့ […]


Mr. MarGaMay 1, 20131min66469
  လူတွေဟာလေ…………………. တစ်ခါတစ်ခါကျရင် လွယ်တာကို ခက်အောင် လုပ်တတ်ကြပါလားနော်…………. ဒီတစ်ခါတော့ ဦးမာဃ ခေါင်းထဲကို ဝင်လာတဲ့ အတွေးစလေးတွေက ကလေးငယ်တွေအကြောင်းပါ။ ရန်ကုန်မတော့ မသိဘူး( မသိဘူးသာပြောတာရယ် ရန်ကုန်မလဲ ရှိတာပါပဲလေ) မန်းမှာတော့ မီးပွိုင့်တွေမှာ……ပွိုင့်မိလို့ စောင့်ရပြီဆိုရင် အဲဒီမီးပွိုင့်နားမှာပဲ အခြေချလို့ တောင်းရမ်းနေကြတဲ့ ကလေးတွေကို တစ်ခါတစ်ခါ တွေ့ရတတ်တယ်။ တစ်ခါတစ်ခါလို့ ပြောရတဲ့ အကြောင်းရင်းက အခုနောက်ပိုင်း နည်းသွားလို့ပါ။ အရင်ကဆို လမ်း ၈၀၊ ၂၆ မီးပွိုင့်နဲ့ ၇၈၊ ၃၅ထောင့်က မီးပွိုင့်တွေမှာ သူတို့လေးတွေကို ကြိုကြားကြိုကြား တွေ့ရတတ်တယ်။ ရပ်ထားတဲ့ ကားတွေ ဆိုင်ကယ်တွေကြားထဲကနေ ဖြတ်လို့ တောင်းရမ်းနေကြတာတွေပေါ့။ ကလေးတွေပဲ များပါတယ်။ နောက် လူစည်တဲ့၊ လူသွားများတဲ့ နေရာတွေ မှာလဲ ရှိတတ်တယ်။ […]


Mr. MarGaApril 23, 20135min98
– – +++++++++++++++++++++++++++++++++++++++++++++++ ” ဂဇက်ကဗျာချစ်သူများ၏ကဗျာပြခန်းမှ လှိုက်လှဲစွာ ကြိုဆိုပါ၏ “ +++++++++++++++++++++++++++++++++++++++++++++++   ဒီပို့စ်မှာ မှတ်ချက်ပေးခွင့် မရှိတာကြောင့် ပြခန်းအဝင်ဝကို ပြန်သွားလို့ မှတ်ချက်ပေးကြပါလို့ ထပ်မံ တောင်းဆိုပါတယ်ခင်ဗျာ။   လေးစားစွာဖြင့် ဦးမာဃ (ခေတ္တ လူ့ပြည်)


Mr. MarGaApril 21, 20131min56658
“အိမ်” ဆိုတဲ့ စကားလုံးလေးဟာ တစ်လုံးတည်းနဲ့ များပြားလှတဲ့ အဓိပ္ပာယ်ကို ဆောင်နေသလိုပဲ။ အိမ်တွေကို အမျိုးအစားခွဲမယ်ဆိုရင် သစ်တစ်ပင် ဝါးတစ်ပင်အောက်ကစလို့ တိုက်ကြီးတာကြီးအလယ် စံအိမ် ရဲတိုက်တွေ အဆုံး အကုန်လုံးကို အိမ် ဆိုတဲ့ အမျိုးအစားထဲမှာ ထည့်နိုင်တယ်။ လူတစ်ယောက် ပိုင်ဆိုင်တဲ့ အိမ်ကိုကြည့်လို့ ဒီလူရဲ့ ပိုင်ဆိုင်မှု အဆင့်အတန်းကို ခန့်မှန်းကြသလို တစ်ချို့ကျပြန်တော့ သူ့ရဲ့အဆင့်အတန်းပေါ်မူတည်လို့ နေထိုင်ဖို့ အိမ်ကို ရွေးချယ်တတ်ကြတယ်။ ဘယ်လိုပဲ ရွေးချယ်ကြပါစေ လူအများစုကတော့ နေထိုင်တဲ့အိမ်ကို ကြည့်လို့ အဆင့်အတန်းကို ဆန်းစစ်ကြတာပဲမဟုတ်လား။ ဒီတော့ အိမ်ကို ဂုဏ်တွေ ပကာသနတွေနဲ့ ထုံမွှမ်းထားကြသူတွေကလဲ အများစုပါ။ အိမ်တစ်အိမ်အတွက် သူ့ရဲ့ ပတ်ဝန်းကျင်ဟာလဲ အရေးပါတဲ့ အရာတစ်ခုပါပဲ။ စိတ်ကူးယဉ်ကမာ္ဘထဲက တောအုပ်လေးတွေ ပတ်လည်ဝိုင်းလို့ စိမ်းစိုသာယာတဲ့ ပတ်ဝန်းကျင်ရှိတဲ့ […]


Mr. MarGaApril 9, 20131min27929
သင်္ကြန်အက သင်္ကြန်နား နီးလာတော့ သင်္ကြန်နဲ့ပတ်သက်တာလေးတစ်ခုခု ရေးချင်စိတ်ပေါ်လာတယ်။ ရေးမယ် ဆိုပြန်တော့ ရေးစရာအကြောင်းအရာက ရှာမတွေ့။ ဘယ်တွေ့မလဲ အတွေ့အကြုံက နည်းသလို ဖြစ်နေတာကိုး ဒါပေမင့် အဲဒီလို ရှာလိုက်တာ တစ်ခုတော့ သွားတွေ့တယ်။ သင်္ကြန် အက အကြောင်းပါ။ မန္တလေးဟာ အရင်ကတည်းက ယဉ်ကျေးမှုမြို့တော်လို့ ခေါ်ခဲ့ကြတယ်။ မြန်မာရှင်ဘုရင် နောက်ဆုံး နန်းစိုက်သွားတဲ့မြို့မို့ နန်းမူနန်းရာတွေ ယဉ်ကျေးမှု အငွေ့အသက်တွေ ကျန်ကောင်းကျန်ရာ ကျန်သင့်သလောက် ကျန်ခဲ့တာကိုး။ ကျော်ကြားတဲ့ အနုပညာသည်တွေလဲ ပေါ်ထွက်ခဲ့ကြတယ်။ အခုအချိန်ထိလဲ ယဉ်ကျေးမှုနဲ့ပတ်သက်ရင် စံတစ်ခု ရှိနေဆဲပဲ။ ဟို အရင်ခေတ်တွေတုန်းက မန္တလေးမြို့ပတ်လည်မှာ ရေပက်အသင်းတွေနဲ့ သင်္ကြန်ပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ဖူးပါတယ်။ စတင်ခဲ့တာကတော့ နဂါးဆေးလိပ်က နဂါးရေသဘင်လို့ အမေလူထုဒေါ်အမာ ရေးတာ ဖတ်ရဖူးပါတယ်။ ရေပက်ခံကားတွေနဲ့ […]


Mr. MarGaApril 7, 20131min39135
ညဟာ တိတ်ဆိတ်လို့နေတယ်။ ည… ဆိုတာ လူသားတွေ အိပ်စက် အနားယူတဲ့အချိန်ကိုး သူတကာတွေ အိပ်နေချိန်မှာ ဒီမှာတော့ တစ်ယောက်ထဲ ငူငူငိုင်ငိုင်နဲ့ ကွန်ပျူတာရှေ့မှာ တစ်ယောက်တည်း ရတာမလို လိုတာမရပါလားနော်….. ခေါင်းထဲမှာ အတွေးတွေ ပြည့်ကျပ်နေတယ်။ ဂျောင်းဂျောင်းပြေးနေအောင် ချ ရေးချင်နေပေမင့် ဘယ်လို အစဆွဲထုတ်ရမှန်းမသိ ထုတ်ထားသမျှ ရေးဖို့ အစလေးတွေကလဲ အကိုးအကားက မစုံသေး စာ မရေးနိုင်တဲ့ အချိန်တုန်းကတော့ ရေးချင်လိုက်တဲ့ အကြောင်းအရာတွေ…….တွေးမိလိုက်တဲ့အတွေးတွေ………… အောတိုက်နေတာပဲ။ အခု စာရေးချိန်ရလို့ ရေးမယ်လုပ်တော့ တချို့ အတွေးတွေက ပူပူနွေးနွေး ရေးရမယ့်အရာတွေဆိုတော့ လက်ရှိအချိန်မှာ အချိန်လွန်သွားပြီ ဒိတ်အောက်သွားသော အတွေးများပေါ့ တချို့တွေက အပေါ်က ပြောတဲ့အတိုင်း အကိုးအကား ရှာရဦးမယ် အခု ချရေးလိုက်ရင် သူများနားလည်ဖို့ မပြောနဲ့ […]


Mr. MarGaApril 4, 20131min49365
ဒီစကားလုံးလေးအကြောင်းကို တွေးမိတာ နည်းနည်းတော့ ကြာပြီ။ သူ့ကို တိုက်ရိုက် အဓိပ္ပာယ်ဖွင့်ရင် တာဝန် သိသူအတွက်သာ တာဝန်ဆိုတာ ဖန်တီးထားသလိုလို၊ တာဝန်မသိသူတွေ၊ တာဝန်ကိုရှောင်လွှဲသူတွေအတွက်တော့ ဘာမှ မဆိုုင်သလိုလို ထင်ရတယ်။ တကယ်တမ်း တွေးရင်တော့ တာဝန်သိသူတွေ ရှိမှသာ၊ တာဝန်မဲ့သူတွေ၊ တာဝန်ကို ရှောင်တဲ့သူတွေဟာ အသေအချာ ပေါ်ပေါက်လာမယ်၊ တိတိကျကျ ဖော်ထုတ်နိုင်မယ်လို့ တွေးမိသလိုပဲ။ တာဝန်ဆိုတာဟာ ပေးအပ်လာတဲ့ တာဝန်ရှိသလို ဘယ်သူကမှ တာဝန်မပေးဘဲ မိမိဘာသာ တာဝန်ယူတာလဲ ရှိတတ်ပါတယ်။ ပေးအပ်လာတဲ့ တာဝန်ကို လေးစားစွာနဲ့ ထမ်းဆောင်သူကို ချီးမွမ်းတတ်ကြသလို ဘယ်သူကမှ တာဝန်မပေးဘဲနဲ့ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ် တာဝန်ယူသွားတတ်သူတွေကိုလဲ အလေးထားကြပါတယ်။ တာဝန်ရှိသူ တာဝန်ရှိသူ ဆိုတာကို တွေ့လိုက်တာနဲ့ ပြေးမြင်တတ်ကြတာက အလုပ်တစ်ခု၊ နေရာတစ်ခုအတွက် စီမံခန့်ခွဲ […]


Mr. MarGaMarch 16, 20131min37836
ဆင်ဆာရယ် ပြန်လာခဲ့ပါ မြန်မာနိုင်ငံမှာ ဗီဒီယိုဆင်ဆာအဖွဲ့ ဖျက်သိမ်းတာ နည်းနည်းတောင် ကြာပါပြီ။ ဆင်ဆာ ဖျက်သိမ်းလိုက်လို့ အားရဝမ်းသာ ကြိုဆိုမှုတွေလဲ တွေ့ခဲ့ပေါ့။ ဒါပေမယ့် အခုတစ်လော (ပြောရမယ်ဆိုရင်တော့ ဟိုအရင်ကတည်းကပါ။) တွေ့နေတာ မြင်နေ၊ ကြားနေတာကို အခြေပြုလို့ ထွက်လာတဲ့ အတွေးလေးတွေကို နည်းနည်း ပြောချင်မိတယ်။ အဖြစ်အပျက်လေး နှစ်ခုကို တင်ပြပါမယ်။ ပထမ အဖြစ်အပျက်ကတော့ ကြော်ငြာနဲ့ ပတ်သက်တာပါ။ ကျွန်တော်တို့အိမ်မှာ ရုပ်မြင်သံကြား ရှိပါတယ်( ဒါများ ပြောနေစရာလားလို့ မမေးပါနဲ့ ရှေ့ဆက်ဖတ်ပါဦး) လာသမျှ၊ လွှင့်သမျှ အခမဲ့လိုင်းအစုံကို မနက်ကနေ ညနေထိ (အချိန်အတော်များများကြည့်ပါတယ်) အိမ်မှာက အဖွားရှိတယ်လေ။ ကျန်တဲ့သူတွေက အလုပ်သွား၊ ကျောင်းသွားနဲ့ အပြင်ရောက်နေတာများတော့ သူက ဒီ တီဗွီတစ်လုံးနဲ့ အပျင်းဖြေရသကိုးဗျ။ ညနေ […]


Mr. MarGaMarch 12, 20131min24518
အဘဖောရဲ့ ဥရောပသွား ပေါ်တာတောလား pdf ကဲ ရွာသူားတို့ရေ နောက်ဆုံးမှာတော့ တစ်လကျော်ကျော် သွားခဲ့တဲ့ ခရီးရှည်ကြီးရဲ့ pdf version ထွက်လာပါပြီ။ အမှန်တကယ်ဆို ဒီထက် စောပြီး တင်ပေးနိုင်ပေမင့် ဦးမာဃ လက်နှေးနေတာကြောင့် ကြားထဲမှာအချိန်တွေ ကြာသွားခဲ့တာ ခွင့်လွှတ်ကြပါကုန်။ နောက်ဆုံး ဘဖော တင်ခဲ့တဲ့ ရက်နဲ့ဆို တစ်လလောက် ကွာသွားတာမို့ မေ့တေ့တေ့တောင် ဖြစ်နေကြပြီလားမသိ။ သဂျီးကို မေးမြန်းထားချက်အရ အခု လုပ်တဲ့ pdf ဟာ ရွာထဲမှာ ပထမဆုံး ထုတ်ဝေခြင်း ဖြစ်တယ်လို့သိရပါတယ်။ (အဲ မှားလို့ ဟိုတစ်လက ဆုရသွားတဲ့ ဦးကျောက်ပို့စ်နဲ့ အရင်တုန်းက ရွှေအိရဲ့ ပို့စ်တွေကို ဆြာဂီ pdf လုပ်ဖူးတယ်နော်) ဘယ်လိုပဲဖြစ်ဖြစ်ပါ အခု pdf ဟာ […]


Mr. MarGaMarch 4, 20131min47336
ကနေ့ facebook  ကို မွှေရင်း ဒါလေးတွေ့မိလို့ ရွာထဲကို ဆွဲလာပါသဗျ ကမာ္ဘတောင် ကျော်သွားတဲ့ အလွဲတွေလို့ ပြောရမှာပေါ့ MMU Trollers Page က ယူလာတာ ဖြစ်ပါတယ်။ ဘေးက ကွင်းစ ကွင်းပိတ်လေးများကတော့ ဦးမာဃရဲ့ ဆင့်ပွား အတွေးများပါဗျ။ ဖတ်ကြည့်ကြပါဦး   ကမ္ဘာကျော်အလွဲများ ================ ၁။ Windows ထုတ်လုပ်တဲ့ Microsoft ကုမ္ပဏီကို စတင်တည်ထောင်တုန်းက ဘီလ်ဂိတ်က ဆော့ဖ်ဝဲ ကုမ္ပဏီအသေးလေးလုပ်မယ်ဆိုပြီး နာမည်ကို Micro (သေးငယ်သော) Soft (Software) ဆိုပြီး နာမည်ပေးခဲ့တာ။ ယနေ့ခေတ်မှာ အကြီးဆုံးကုမ္ပဏီထဲက တစ်ခုဖြစ်နေပြီ။ (နာမည်ကိုသာ megasoft လို့ ပေးခဲ့ရင်တော့ ဘယ်လိုဖြစ်သွားမယ်မသိဘူးနော်) ၂။ စတိဗ်ဂျော့က သူ့ကုမ္ပဏီအသစ်ကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲစဉ်းစားနေချိန်မှာ သူ့သူငယ်ချင်းက စားဖို့ ပန်းသီးလာပေးတော့ တစ်ကိုက် ကိုက်လိုက်မိပြီး […]


Mr. MarGaFebruary 25, 20133min33638
ယုဇန မဟာမြိုင်မှာ ကမာ္ဘတိုင် မှီးမယ်မှန်းပေမင့် ကိစ္စများမြောင် လူတို့ဘောင်ဆိုတဲ့ စကားကို ဘယ်သကောင့်သားကများ ထွင်သွားပါလိမ့်နော် တကယ်ဆိုရင် လူတို့ဘောင်ထက် နတ်တို့ဘောင်က ပို ရှုပ်သဗျ တစ်နေ့တစ်နေ့ နတ်သားတွေ နတ်သမီးလုတဲ့ကိစ္စ၊ နတ်သမီးအချင်းချင်း ရန်ဖြစ်တဲ့ကိစ္စတွေ ရှင်းလိုက်ရတာ ဖတ်ဖတ်ကို မောလို့ သမ္မတမို့ ပုံမှန် အလုပ်တွေကမှ များပါတယ်ဆိုမှ အဲဒီကိစ္စတွေပါ ရှင်းလိုက်ရရင်ဖြင့် တစ်လ ကိုးသီတင်း မပြီးနိုင်တော့ဘူး အင်းပေါ့လေ၊ ကိုယ်တိုင်က အုပ်ချုပ်ရေးတင်မက၊ တရားစီရင်ရေးပါ ကိုင်ထားမိတာကိုး ဒါတောင် ဥပဒေပိုင်းကို နတ်ပြည်လွှတ်တော်ဖွဲ့ပေးပြီးတော့ ဥပဒေပြုဖို့ အတင်းအကျပ် အမိန့်ပေးထားလို့သာ။ တစ်ယောက်ထဲ သုံးခုလုံးကိုင်ရင် ဒီထက်တောင် ပိုများလိမ့်ဦးမယ်။ အဲဒီလို တစ်နေ့တစ်နေ့ နတ်မှုရေးရာတွေ ရှင်းရလွန်းလို့ တစ်ခါတစ်ခါ တောထွက်ချင်စိတ် ပေါက်မိတယ်။ တောထွက်မယ် ဆိုပြန်တော့လဲ […]


Mr. MarGaFebruary 19, 20131min37340
ယဉ်ကျေးမှု အမွေ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သူနဲ့ သက်ဆိုင်တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ရှိပါတယ်။ ဒီ ယဉ်ကျေးမှု အမွေအနှစ်တွေကို နိုင်ငံတိုင်းကလဲ ထိန်းသိမ်းစောင့်ရှောက်နေကြပါတယ်။ အဲဒီလို ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ခွဲခြားတဲ့အခါမှာ (Wikipedia အရ) သုံးမျိုးခွဲလို့ ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အမွေအနှစ် (ဘုရားပုထိုး၊ ဂူ၊ ကျောင်းတွေ၊ ဝတ်စားဆင်ယင်မှုပုံစံ စတာတွေပေါ့) စိတ်ပိုင်းဆိုင်ရာ အမွေအနှစ် (စာပေ၊ ဂီတ စတဲ့ အနုပညာတွေ၊ နေ့စဉ်ဘဝမှာ သုံးစွဲနေတဲ့ ဘာသာစကား စတာတွေပေါ့) နောက်တစ်ခုက သဘာဝအမွေအနှစ် (သူကတော့ နည်းနည်း ကျယ်ပြန့်လာတယ်၊ ဘေးမဲ့တောတွေ၊ နိုင်ငံအတွင်းက သက်ရှိမျိုးစိတ်တွေ၊ သဘာဝအရ ထူးခြားဆန်းကျယ်တဲ့ နေရာတွေ ပါလာတယ်) ဆိုပြီးတော့ပါ။ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ထိမ်းသိမ်းရာမှာလဲ […]