Mr. MarGaJuly 15, 201212min1178
. . . . . .. . . . . . . . ကဗျာပြခန်း အမှတ်ငါး မှ ကြိုဆိုပါ၏။ ပထမဆုံး အရင်ပြခန်းက ဆောင်းပါး အဆက်ကို ခံစားကြပါဦးစို့လား…….. ……………………………………… (၂) ခေတ်ပေါ်ကဗျာသည် မိဘမဲ့မဟုတ်။ ရှေးခေတ်ဟောင်းမှ မွေးဖွားလာသူ၊ သို့သော် အတိဇာတ သားသမီး၊ ဝမ်းဗိုက်ဖောက်၍ မွေးရသည်၊ ဘာကြောင့်လဲ။ ပြည်သူများမှ ခေတ်အဆက်ဆက် ဖိနှိပ်ခံခဲ့ရသဖြင့် နာကျည်းနေကြသည်၊ လွတ်လပ်ချင်ကြသည်။ ပြည်သူတို့သည် သက်သာချောင်ချိသော စီးပွားရေးစနစ်ကို လိုချင်နေကြသည်။ လေးယောက်စီး မှန်ကားနှင့် မသွားရချင်နေပါစေ၊ အချင်းချင်း ထိ၍ပင် ဖြစ်စေ၊ ဈေးပေါပေါ စီးရသော ဘတ်(စ်)ကား နှင့် လမ်းတိုင်း ပေါက်ချင်သည်။ […]


Mr. MarGaJuly 1, 20128min99
အမှတ်လေးကို ရောက်လာပါပေါ့ တစ်ခန်းထက်တစ်ခန်း ကဗျာတွေကလဲ ပိုလို့ ပိုလို့ ကောင်းလာတယ်လို့တောင် ပြောရမလား မသိ ဒီ ပြခန်းမှာ ကဗျာ ဆယ့်ခြောက်ပုဒ် ထည့်သွင်း ပြသထားပါတယ်ဗျို့ အဲ……..အဲ မေ့တော့မလို့ ဒီအပတ် ပြခန်းပို့စ် တင်တဲ့ အမွန်က ပေးထားတဲ့ ကဗျာဆောင်းပါး တစ်ပုဒ် ရှိသေးတယ် ရှေ့ပို့စ်မှာ နေရာမလောက်လို့ ဒီမှာ ထည့်ပေးလိုက်ပါတယ်ခင်ဗျ။ ၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာလ ထုတ် “တော်လှန်ကဗျာ” စာအုပ်မှာ ပါတဲ့  ဆရာကြီး ဒဂုန်တာရာ ရဲ့  အမှာစာပါ ခင်ဗျ။ (၁) ခေတ်ပေါ်ကဗျာသည် ဘာလဲ။ ခေတ်သစ်ကဗျာဟု ဆိုသူက ဆိုကြသည်။ မျက်မှောက်ခေတ်ကဗျာဟု ဝေဘန်ရေးဆရာတချို့က နာမည်ပေးကြသည်။ ယနေ့ လက်ရှိ ကဗျာရေးနေကြသူများရော၊ စာဖတ်ပရိသတ်ကပါ ယင်းဝေါဟာရသစ်ကို ပြဿနာမလုပ်ကြ။ ယင်းဝေါဟာရသစ်ကို ဘယ်ကဗျာဆရာကမှ အငြင်းပွါးမနေကြတော့။ သူတို့အားလုံးရင်ထဲက ကဗျာသစ်ပါတကားဟု ခံစားကြသောကြောင့် ဖြစ်သည်။ […]


Mr. MarGaJune 17, 20121min103
အင်း……………. တစ်လှမ်းချင်းစီ ရှေ့ဆက်လာခဲ့တာ ပြခန်း သုံးတောင် ရောက်လာပါပြီဗျာ ဒါကတော့ ပြခန်း သုံးက ကဗျာလေးတွေပါ။ စာသားနဲ့ပါ တွဲတင်ထားပါတယ်။ ကြည့်ရှု ခံစားကြပါကုန်။ ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ အာဇာနည်ဗိမာန် ဪ…အဆောင်ဆောင်နန်းတွေ ကြငှန်းတွေနှင့်နှော အခေါင်မမြန်းခင်က အောင်စာတန်းချို့စေဘို့၊ အောင်ပန်းညှို့ရရှာတဲ့ တောင်တမန်း တို့ဗမာမှာ အဟောင်းသံသရာအငုတ်တွေနှင့် အောင်ဆန်းတို့ မသာမယာဟာ ၎င်းကံကြမ္မာ အလုပ်ပေထင့် သောင်းမြန်မရဏာ စမုတ်မှာတော့ ချုပ်သနဲ့ယင်းအလိုတွင် ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့်သင်္ဂြိုလ်ချင်။ ဪ…တပည့်အရင်းတွေမို့ ကဝိမကင်းနိုင်ဘူးကွဲ့ သတိကင်းကာ မျက်ရည်ကျကျပြီး ခက်ကပြီ လက်ဆည်လို့မရနိုင်ဘူ့ သောက ဗလောင်ဆူတော့ တောင်ဇမ္ဗူ ပုဂံခေတ်ဆီက ယခေါင်မူ ယမန်သနစ်တွေပေါ့ ရန်အဖြစ်မကွဲ့ မနှေးသနော် တသောင်းဒီဇမ္ဗူ ရမ်းနေကြ ကျန်ရစ်ကဲ့မြေးတော် အလောင်းစည်သူရဲ့နန်းကိုဖြင့် လူကြမ်းဒမြတွေ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ ဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့ သွေးချောင်းစီးကာ သေပုံရှာရဲ့ပြင် ရွှေမြန်မာဘုံမှာ […]


Mr. MarGaJune 3, 201221min116
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အားလုံး မင်္ဂလာပါဗျို့ ကဗျာပြခန်း အမှတ်နှစ်က ကြိုဆိုပါတယ် ကဗျာလေးတွေကို  အေးအေးဆေးဆေး ခံစားနိုင်အောင် လုပ်ပေးထားပါတယ်။ အစကဗျာကနေ အဆုံး ကဗျာအထိ ခံစားချက် အမျိုးမျိုးကို ပေးစွမ်းနိုင်မှာပါခင်ဗျာ။ ဒါဆို အေးအေးဆေးဆေး ကြည့်ကြပါခင်ဗျ။   *** အချို့အချို့သော ပုံများတွင် စာသားများအား ထင်ရှားစွာ မမြင်ရပါက အဆိုပါ ပုံပေါ်တွင် Click တစ်ချက်နှိပ်၍ ကြည့်ရှုခံစားနိုင်ပါကြောင်း ***   >>> ကဗျာစာသားချည်းသာ ဖတ်ရှုလိုပါလျှင် <<< ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~                           $$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$ ရွှေလရောင် သခင်ကိုယ်တော်မှိုုင်း (၁၈၇၆ – ၁၉၆၄) […]


Mr. MarGaApril 18, 20121min31414
ဦးမာဃ စဉ်းစားမိတာလေး တစ်ခုပါ။ ဦးမာဃတို့ မန္တလေးမှာ FM တွေ တော်တော်များများ ဖမ်းလို့ရပါတယ်။ သိသလောက် ပြောရရင် မန္တလေး FM ၊ပတ္တမြား FM ၊ ချယ်ရီ FM ၊ ရွှေ FM ၊ ပြီးတော့ FM ပုဂံ စတာတွေ နားဆင်နိုင်ပါတယ်။ အဲဒီ အထဲက မန္တလေး FM ကို နည်းနည်း တောင်းဆိုချင်လို့ပါ။ မန္တလေး FM က သင်္ကြန်ရောက်ပြီဆိုရင် မြို့တော်ဝန် မဏ္ဏပ်မှာ နေရာယူပြီး ဖျော်ဖြေတင်ဆက်မှုတွေကို တိုက်ရိုက် ထုတ်လွှင့်ပေးပါတယ်။ အဲ အချိန် အကန့်အသတ်တော့ ရှိတာပေါ့ဗျာ။ ညပိုင်းဆိုရင် ည ရ နာရီလောက်ကနေ သူတို့ ပုံမှန်အသံလွှင့်ချိန် ည ၁၁ နာရီထိ […]


Mr. MarGaApril 3, 20121min22713
မြင်းမိုရ်တောင်ခြေရင်း ပင်လယ်ကသစ်ပင်အောက်တွင် အသူရာနတ်မင်းသည် စိတ်ပျက်လက်ပျက်ဖြင့် ထိုင်နေသည်။ အနီးတွင်ကား အသူရာတို့၏ မှူးကြီးမတ်ရာ သေနာပတိများသည် အသူရာနတ်မင်းကြီး၏ အရိပ်အကဲကိုကြည့်၍ ခေါင်းခြင်းရိုက်ကာ ဆွေးနွေးနေကြလေသည်။ ထိုသို့ အရေးတကြီး ခေါင်းချင်းရိုက်ကာ ဆွေးနွေးနေရခြင်းကား ယမန်နေ့က ကျင်းပခဲ့သော တာဝတိ  ံသာနတ်ပြည် လွှတ်တော်အတွက် ရွေးကောက်သော ရွေးကောက်ပွဲတွင် အသူရာတို့သည် ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲသောကြောင့်ပင် အသူရာတို့၏ နတ်ပြည်ပြန်တက်ရန် လမ်းစကလေးမှာ နောက်တစ်ကြိမ် ပျောက်ပျက်ပြန်လေပြီ။ အသူရာတို့သည် ပင်လယ်ကသစ်ပွင့်လေတိုင်း နတ်ပြည်ကို သတိရလေသောကြောင့် အကြိမ်ကြိမ် စစ်မက်ယှဉ်ပြိုင်၍ နတ်ပြည်သို့ ပြန်လည်ရောက်ရှိရန် ကြိုးပမ်းသော်လည်း နတ်ပြည် သမ္မတ ဦးမာဃ၏ တပ်တော်များကို မယှဉ်နိုင်သောကြောင့် အကြိမ်ကြိမ်ပင် အရေးနိမ့်ခဲ့လေသည်။ ထိုအတွက်ကြောင့် အသူရာတို့က စစ်မက်ယှဉ်ပြိုင်ခြင်း မပြုလိုတော့ဘဲ တရားမျှတစွာဖြင့် ရွေးကောက်ပွဲလုပ်၍ အရွေးခံနိုင်ရန် […]