Mr WorldWideJune 4, 20131min600
ဗီယက်နမ်နိုင်ငံတွင် အသက် ၂၁ နှစ်အရွယ် ယောက်ျားလေးတစ်ယောက်အား မူလဗီဇ ပင်ပ ဆဲလ် (Stem Cell)  အစားထိုးကုသမှု ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်အောင်မြင်ခဲ့သည်ဟု ၎င်း၏နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါသည်။ ဧပြီလကုန်ပိုင်း၌ Ho Chi Minh မြို့ တောင်ပိုင်းရှိ Institude of Haematology and Blood Transfusion မှ ဆရာဝန်များက Dong Nai မြို့ တောင်ပိုင်းမှ အသက် ၂၁ နှစ်အရွယ်ရှိ Cao Xuan Hiep ကို Haploidentical မူလဗီဇ ပင်မဆဲလ် အစားထိုးကုသမှု လုပ်ဆောင်ခဲ့သည်။ ၎င်းဆေးရုံမှ ဒေါက်တာ Phu Chi Dung ၏ ဧပြီလအစောပိုင်းက ပြုလုပ်ခဲ့သော စမ်းသပ်ချက်များအရ […]


Mr WorldWideMay 31, 20131min1703
ကျနော် တရုတ်နိုင်ငံက ထုတ်လုပ်နေတဲ့ Rare Earth လို့ခေါ်တဲ့ မြေရှားသတ္တုအကြောင်းလေး အခန်းဆက်လေးအနေနဲ့တင်ပြချင်ပါတယ်။ ဒီစာတမ်းလေးက အင်တာနက်မှာလည်း ရှာဖွေဖတ်ရှုနိုင်ပါတယ်။ တရုတ်နိုင်ငံက မြေရှားသတ္တုထုတ်လုပ်ရာမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ပြောဆိုနေတာကြောင့် တရုတ်နိုင်ငံက ဒီစာတမ်းလေးကို ထုတ်ပြန်ခဲ့တာပါ။ မြေရှားသတ္တုဆိုတာဘာလဲ..ဘာအတွက်အသုံးများလဲ…သူတို့နိုင်ငံမှာ ဘယ်လိုတွေလုပ်နေလဲဆိုတာ ဗဟုသုတအလို့ဌာ စာတမ်းတစ်စောင်လုံးအား အင်္ဂလိပ်မှ မြန်မာလို ပြန်ပေးလိုက်ပါသည်။ နိဒါန်း မြေရှားသတ္တုများသည်အရေးကြီးသော ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်သော သဘာဝအရင်းအမြစ်ဖြစ်ပြီး ၎င်းတို့အား စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ နယ်ပယ်အသီးသီးတွင် ကျယ်ပြန့်စွာအသုံးပြုကြပါသည်။  တရုတ်နိုင်ငံသည် မြေရှားသတ္တုအရင်းအမြစ်များ ပေါ်များသောနိုင်ငံတစ်ခုဖြစ်ပါသည်။ ၁၉၅ဝ ခုနှစ်မှစ၍ တရုတ်နိုင်ငံ၏ မြေရှားသတ္တုထုတ်လုပ်ရေးစက်မှုလုပ်ငန်းသည် ထူးခြားတိုးတက်မှုများရှိလာခဲ့ကြောင်း တွေ့ရှိရ ပါသည်။ နှစ်အတန်ကြာကြိုးပမ်းအားထုတ်ခဲ့ရပြီးနောက် တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တုထုတ် လုပ်သူ၊ သုံးစွဲသူ၊ တင်ပို့သူဖြစ်လာခဲ့ပါသည်။ မြေရှားသတ္တုထုတ်ယူသုံးစွဲခြင်းကြောင့် လူသားများအား အကျိုးရှိစေသကဲ့သို့ […]


Mr WorldWideMay 30, 20131min1363
Iron Dome လေကြောင်းရန်ကာကွယ်ရေးစနစ်သည် လူဦးရေထူထပ်သောဒေသတစ်ခုသို့ ဦးတည်ကျ ရောက်လာနေသည့် တာတိုပစ်ဒုံးပျံများနှင့် အကွာအဝေး ၄ ကီလိုမီတာမှ ၇ဝ ကီလိုမီတာအတွင်းမှ ပစ်ခတ်လိုက် သော ရန်သူ့အမြောက်ဆံများအား ကြားဖြတ်တိုက်ခိုက်ရေးနှင့် ပစ်ချဖျက်ဆီးနိုင်ရေးဒီဇိုင်းရေးဆွဲထားသော ရွေ့လျားလေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုဖြစ်သည်။ Iron Dome စနစ်အား Rafael Adveanced Defenese System မှ သုတေသန ပြုလုပ်ခဲ့သည်။ အစ္စရေး နိုင်ငံ၏ တောင်ဘက်နှင့်မြောက်ဘက်နယ်စပ်များရှိ လူဦးရေထူထပ်သောဒေသများသို့ ခြိမ်းခြောက်ပျံသန်းလာ သော ဒုံးပျံများကိုကာကွယ်ပေးမည့် လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုအဖြစ် တီထွင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်၊မတ်လ ၂ရ ရက်နေ့တွင် Iron Dome စနစ်အား ပထမဦးဆုံး တရားဝင်ကြေငြာခဲ့သည်။ ၂၀၁၁ ခုနှစ်၊ဧပြီလ ရ ရက်နေ့တွင် ဂါဇာဒေသမှပစ်ခတ်လိုက်သည့် Grad ဒုံးပျံတစ်ခုအား ပထမဆုံးအကြိမ်အောင်မြင် စွာကြားဖြတ်ဟန့်တားနိုင်ခဲ့သည်။ […]


Mr WorldWideMay 29, 20131min1698
သက်ရှိလူသားဆဲလ်များမှ ပင်မဗီဇဆဲလ်များ ကလုန်းလုပ်ယူခြင်းကို အမေရိကန်နိုင်ငံ၊ Portland ပြည်နယ်ရှိ  Oregon Health&Science University မှ သုတေသနအဖွဲ့ကအောင်မြင်စွာ ပြုလုပ်နိုင် ခဲ့ပါသည်။ ကျန်းမာသောကိုယ်ခန္ဓာဆဲလ်များမှ မူလဗီဇဆဲလ်ကို ဖန်တီးယူခြင်းသည် ကမ္ဘာ့တစ်ဝန်းမှ သုတေသန ပညာရှင်များ နှစ်ပေါင်းများစွာ အပတ်တကုတ်လုပ်ဆောင်နေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ဤသို့ဖန်တီးနိုင် ခြင်းသည် ရောဂါကြောင့်လည်းကောင်း၊ အသက်အရွယ်အရလည်းကောင်း သေဆုံး၊ သို့မဟုတ် ဒဏ်ရာရနေ သော ဆဲလ်များနေရာတွင် အသစ်တစ်ခုအစားထိုးပေးနိုင်ရေးစသည့် ဆေးဘက်ဆိုင်ရာအစီအစဉ်များအတွက် အဓိကအောင်မြင်မှုတစ်ခုဖြစ်ပါသည်။ ဓာတ်ခွဲခန်းထဲတွင် ကိုယ်အင်္ဂါများအစားထိုးကုသရေးအတွက် အသဲ၊ကျောက်ကပ်၊ နှလုံးတို့ကို အသစ်တစ်ခုအဖြစ်ဖန်တီးခြင်းနှင့် Parkinson ရောဂါကဲ့သို့ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါများခံစားနေရသူများအတွက် အစားထိုးကုသပေးနိုင်ခြင်းတို့လုပ်ဆောင်လာနိုင်မည် ဖြစ်ပါသည်။ ၎င်းသုတေသနလုပ်ငန်းအား Oregon National Primate Research ၏ Reproductive and Development Science […]


Mr WorldWideMay 29, 20131min893
လေဖြင့်စွမ်းအင်ထုတ်ယူခြင်းနှင့် ပင်လယ်ရေအောက်ရှိရေစီးကြောင်းများကိုအသုံးပြု၍ စွမ်းအင်ထုတ်ယူ ခြင်းများကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်ယူမှုစနစ်များသည် ယခင်ကတည်းကပင် ရှိခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ MODEC ကုမ္ပဏီ (Mitsui Ocean Development & Engineering Co) မှ ဂျပန်အင်ဂျင်နီယာများ သည် မကြာမီကာလတွင် အထက်ပါနည်းလမ်းနှစ်မျိုးအားပေါင်းစပ်၍ စွမ်းအင်ထုတ်လုပ်မည်ဖြစ်ပါသည်။ SKWTD (Savonius Keel and Wing Turbine Darrieus)  ဆိုသည်မှာ Savonius  တာဘိုင်အမျိုး အစားနှင့် ီမေမငနကျ တာဘိုင်အမျိုးအစားနှစ်ခုအား ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ ၎င်းသည် ရေပေါ်ပေါ်နေ သော အဆောက်အဦတစ်ခုဖြစ်ပြီး ရေစီးကြောင်းအောက်ဘက်တွင် Savonius ဒီရေတာဘိုင်နှင့် လေထဲတွင် Darrieus အမျိုးအစား ဒေါင်လိုက်လေရဟတ်တာဘိုင်တို့အား ပေါင်းစပ်ထားရှိခြင်းဖြစ်သည်။ တာဘိုင်နှစ်ခုကို အလယ်ဗဟိုတွင် ဂီယာအုံ၊ သို့မဟုတ် ဂျင်နရေတာနှင့်ချိတ်ဆက်ပေးထားပြီး ၎င်းဂျင်နရေတာသည် ရေစီးကြောင်း၊ […]


Mr WorldWideMay 27, 20131min1122
အမေရိကန်စစ်တပ်နှင့် ထောက်လှမ်းရေးဂြိုဟ်တုများကို တိုက်ခိုက်ဖျက်ဆီးခြင်းခံရပါက မူလအတိုင်း စွမ်းဆောင်ရည်ပြန်လည်ရရှိစေရန် ၊သို့မဟုတ် ထိုဂြိုဟ်တုများ လုံးဝပျက်စီးဆုံးရှုံးသွားခဲ့လျင် မည်ကဲ့သို့ဆက်လက် လုပ်ဆောင်သွားရန်နှင့် ပတ်သက်၍ စဉ်းစားအဖြေရှာလျက်ရှိကြောင်း ပင်တဂွန်မှ Mr.Carter က ပြောကြားခဲ့ပါ သည်။ ၂၀၁၄ ခုနှစ် ဘဏ္ဍာငွေခွဲဝေမှုတွင် အဆိုပါကိစ္စအား အကောင်အထည်ဖော်နိုင်ရန်အတွက် ငွေကြေး ထောက်ပံ့မှုရရှိပြီးဖြစ်သည့်အပြင် အခြားနိုင်ငံများနှင့် ပဋိပက္ခဖြစ်ချိန်တွင် အာကာသရှိဂြိုဟ်တုများကို အသုံးမပြုပဲ ကျွန်ုပ်တို့၏ တပ်ဖွဲ့များနှင့်ပင် တွန်းလှန်တိုက်ခိုက်နိုင်ရန်အတွက် ကိုယ်ပိုင်ရင်းနှီးမြုပ်နှံမှုများလည်း ပြုလုပ်ပြီးဖြစ်သည် ဟု  Mr.Carter က ပြောကြားခဲ့ပါသည်။ သူသည် နောက်ထပ်အသေးစိတ်အချက်များကို ထပ်မံပြောကြားခဲ့ခြင်း မပြုခဲ့ပါ။ အမေရိကန်အစိုးရသည် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းတာဝန်များအပါအဝင် မဟာဗျူဟာနှင့် နည်းဗျူ ဟာအရ ကင်းထောက်ရှာဖွေခြင်း၊ ဒုံးပစ်လွှတ်ခြင်း၊ ဆက်သွယ်ရေးဆိုင်ရာနှင့် မိုးလေဝသစောင့်ကြည့်စစ်ဆေးခြင်း ၊ ကြိုတင်သတိပေးခြင်းများအတွက် ဂြိုဟ်တုများအပေါ်အားထားယုံကြည်လျက်ရှိပါသည်။ အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်မှ တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနသို့ […]


Mr WorldWideMay 23, 20131min1192
ဂြိုဟ်တုတစ်ခုလုံးသည် အမြဲတမ်းလိုလို လောင်စာကုန်ခမ်းသည်နှင့်တစ်ခါတည်း ပစ်လွှတ် လိုက်ရသည်သာ ဖြစ်သည်။ ဂြိုဟ်တုတစ်လုံး ပတ်လမ်းအတွင်းလွှတ်တင်လိုက်သည့်အခါ ၎င်း၌ပါဝင်သော ပစ္စည်းကိရိယာများ မပျက်မစီးခြင်း၊သို့မဟုတ် လောင်စာ မကုန်ခမ်းမခြင်း အလုပ်လုပ်နေမည်ဖြစ်ပြီး ကမ္ဘာ့ လေထုလွှာထဲသို့ ပြန်လည်ကျရောက်လာသည့်အခါ မီးလောင်ပျက်စီးသွားမည်ဖြစ်သည်။ လူတို့အနေဖြင့် ဂြိုဟ်တုများကို လွှတ်တင်ခဲ့သည်မှာ ရာစုနှစ်ဝက်ထက် ပို၍ ကြာမြင့်ခဲ့ပြီဖြစ်ရာ ဂြိုဟ်တုများကြောင့်လည်း ပိုမို၍ထိရောက်ကောင်းမွန်သော နေထိုင်မှုဘဝများကို ရရှိခဲ့ပြီး ဖြစ်သည်။ ကျွန်တော်တို့ အာကာသကြီးရဲ့ ဖွဲ့စည်းထားမှုဟာ အနုစိတ်ပြီး ဆန်းကျယ်လွန်းတဲ့အရာတစ်ခုပါပဲဟု MDA (MacDonald,Detwiler and Associates) ရှိ SIS (Space Infrastructure Services) ဖြစ်သူ စတိဗ် အိုးလ်ဟမ်းက ဆိုသည်။ ကျွန်တော်တို့အားလုံးဟာ အဲဒီအပေါ်မှာမူတည်နေပြီးတော့ ကျွန်တော်တို့ဆီမှာ အာကာသယဉ်ကျေးမှု တစ်ရပ် ကိုလည်း ပိုင်ဆိုင်ထားပါပြီ ဟု […]


Mr WorldWideMay 23, 20131min1223
ရန်ကုန်ကပြန်ရောက်ပါပီဗျာ ။ ပူတော့ ပူလိုက်တာ။ ဒါပေမယ့် ကိုယ့်မွေးရပ်မြေကို ပူတယ်လို့ပြောရမှာ အားနာတယ်။ အခုအချိန်က စပြီး ဘာသာပြန်သတင်းများကို ပြန်လည်တင်ဆက်ပါတော့မယ်။ အတွေးအခေါ်ပိုင်းဆိုင်ရာတွေ၊ ရသပိုင်းဆိုင်ရာတွေ ရေးချင်ပေမယ့်..တစ်နေ့မှ ၂ ပို့စ်ဆိုတော့ ဘာသာပြန်သတင်းတင်တာနဲ့တင် လစ်မစ်က ပြည့်နေတော့ မရေးဖြစ်တော့ပါဘူး။ ရွာထဲကတစ်ယောက်ကတော့ ပြောတာတွေ့မိတယ်။ ၂ ပို့စ်ဆိုတော့ နည်းတာပေ့ါတဲ့။ စည်းကမ်းကစည်းကမ်းပါပဲ။ နောက်ဆိုရင်တော့ ဘာသာပြန်သတင်းများကို သုတစွယ်စုံလိုမဂ္ဂဇင်းမျိုး၊ ဒါမှမဟုတ် တခြားအပတ်စဉ်ထုတ်ဂျာနယ်တွေမှာပဲ ရောင်းစားပါတော့မယ်။ 😀 ဒီမှာတော့ ကျနော်စာချည်းသက်သက် ရေးဖို့ကြိုးစားတော့မယ်။ အင်္ဂလန်နိုင်ငံရှိ ှQueen`s University အပ မှ သုတေသနပညာရှင်များသည် မျက်လှည့်ကျည်ဆန် (Magic Bullet ) ဟု အမည်ပေးထားသော နာနိုနည်းပညာသုံးဆေးဝါးတစ်မျိုးကို တီထွင်နိုင်ခဲ့ပြီး ၎င်းသည် ပြင်းထန်သော အဆုတ်ဝေဒနာကို ကုသပေးနိုင်လိမ့်မည်ဖြစ်ပေသည်။ အင်္ဂလန်နိုင်ငံတွင် […]


Mr WorldWideMay 8, 20131min691
ထိတွေ့ရာတွင် လူ၏အရေပြားကဲ့သို့ အာရုံခံစားမှုပေးစွမ်းနိုင်သည့် အရေပြားအတုအား နာနိုသိပံ္ပပညာရှင်များမှ ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါနည်းပညာကိုစက်ရုပ်များတွင် အသုံးပြုရန်အတွက် ပြုလုပ်ခဲ့သည်ဟုဆိုပါသည်။ ၎င်းအရေပြားအတုတွင် Taxels ဟုခေါ်သော အာရုံခံစားနိုင်သည့် ထရန်စစ္စတာ ၈၀၀ဝ ပါဝင်ပြီး ၎င်းထရန်စစ္စတာလေးများသည် တစ်ခုနှင့်တစ်ခု မှီခိုနေကာ သေးငယ်သည့် အီလက်ထရောနစ် အချက်ပြ နည်းစနစ်များ ထုတ်လွှတ်ခြင်းဖြင့် ပြင်ပမှ သက်ရောက်လာသည့် ထိတွေ့မှုကို တုံ့ပြန်ပါသည်။   စက်ရုပ်၏ လက်ချောင်းထိပ် ၊သို့မဟုတ် လက်မောင်းလှုပ်ရှားမှု စသည့်မည်သည့် လှုပ်ရှားမှုမျိုးကိုမဆို ထိန်းချုပ်ရေးအချက်ပြစနစ်သို့ ပြောင်းလဲလိုက်သည်ဟု ၎င်းနည်းပညာကို ဦးဆောင်ပြုလုပ်ခဲ့သူ ဒြပ်ပစ္စည်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ Zhoung Lin Wang မှပြောကြားခဲ့ပါသည်။ ၎င်းသည် လူ၏ဦးရေပြားကဲ့သို့ လုံးဝနီးပါးတူညီမှု ရှိသည်ဟု ဆိုပါသည်။ ထရန်စစ္စတာ တစ်ခုဆီတွင် နာနိုဝါယာပေါင်း ၁၅၀ဝ ခန့်ပါဝင်ပြီး […]


Mr WorldWideMay 8, 20131min690
ကွန်ပျူတာသိပ္ပံပညာရှင်များအဖွဲ့တစ်ဖွဲ့သည် သေနတ်ပစ်ခတ်လိုက်သောနေရာအား အချိန်နှင့် တစ်ပြေးညီ ရှာဖွေနိုင်ရန်အတွက် Android အသုံးပြုစနစ်တစ်ခုအား ဖန်တီးနိုင်ခဲ့ပါသည်။ ၎င်းစနစ်ကို အမေရိကန်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာအဆင့်မြင့်သုတေသနအဖွဲ့မှငွေကြေးထောက်ပံ့ထားသော Vanderbilt University ၏ Institute of Software Integrated Systems ရှာဖွေဖန်တီးခဲ့ပြီး စစ်ဆင်ရေးသုံးဦးထုပ် များတွင် တပ်ဆင်နိုင်၍ အလွယ်တကူရွှေ့ပြောင်းသယ်ဆောင်နိုင်သော ကိရိယာအဖြစ် ဖန်တီးရန်အတွက် စိတ်ကူးပုံဖော်ခဲ့ပါသည်။ ယခုအခါ ၎င်းအဖွဲ့သည် အသုံးပြုသူများ၏ စမတ်ဖုန်းတွင် အလိုအလျောက်စနစ် မြေပုံပါရှိစေခြင်းနှင့် သေနတ်ပစ်ခတ်လိုက်သောအခါ ပစ်ခတ်လိုက်သည့်တည်နေရာကို အနီရောင်မြှားဖြင့် ထောက်ပြနိုင်ခြင်းစသော စွမ်းဆောင်ရည်များနှင့် အလွယ်တကူသယ်ဆောင်နိုင်ခြင်းတို့ကို သရုပ်ဖော် ပြသခဲ့ပါသည်။     Countersniper System လို့ လူအများကသိထားခဲ့ကြပြီး ၎င်းအား သေနတ်ပစ်ခတ်မှု၏ ကျည်သွား လမ်းကြောင်းနှင့် ပစ်ခတ်မှုမူလတည်နေရာတို့ကို ခြေရာခံထောက်လှမ်းနိုင်ရန်အတွက် အသံလှိုင်းတိုင်းတာခြင်း စနစ်အား […]


Mr WorldWideMay 6, 20131min1132
ကျွန်ုပ်တို့၏ ကမ္ဘာ့လေထုထဲ၌ကာဘွန်ဒိုင်အောက်ဆိုဒ်များ အပုံတစ်သန်းပုံလျင် ၄၀ဝ ပုံအထိပါဝင်လာခြင်းသည် လူသားတို့သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ ၎င်းသမိုင်းမှတ်တမ်းသစ်သည် အချို့ သိပ္ပံပညာရှင်များ၏ ရာသီဥတုပြောင်းလဲစေနိုင်သည်ဆိုသော ညွှန်းချက်များကဲ့သို့ ဂရုစိုက်ထားရန် မလို အပ်သော်လည်း အရေးပါသော စိတ်ပိုင်းဆိုင်ရာ အနှောက်အယှက်တစ်ခုဖြစ်စေခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၈ သိန်းခန့်၊ မျိုးတူသက်ရှိများ အာဖရိကမှ ဥရောပနှင့် အာရှအတွင်းသို့ ပြောင်းရွှေ့ချိန်ကို ပြန်သွားကြည့်လျင်ပင် လေထုအတွင်း၌ ကာဘွန်ဒိုင်အောက်ဆိုဒ်များ များစွာပါဝင်ခြင်း မရှိသေးသည်ကို တွေ့ရှိရပေမည်။ နှစ်ပေါင်း ၈ သိန်းကျော်ကာလကို ကျော်လွန်လာခဲ့ပြီးနောက်တွင် သဘာဝတရား၏ အပူအအေးပြောင်းလဲခြင်းသံသရာ တစ်စိတ်တစ်ပိုင်းဖြစ်သော ကာဘွန်ဒိုင်အောက်ဆိုဒ် ပါဝင်နှုန်းသည် ၂၀ဝ စစာ  မှ ၃၀ဝ စစာ အတွင်းတွင် တက်လိုက်ကျလိုက်ဖြစ်နေခဲ့သည်။ ကုန်လွန်ခဲ့ပြီးသော ရာစု ၂ ခုတွင်လည်း စက်မှုတော်လှန်ရေးသည် မရပ်မနားဖြစ်ပျက်နေခဲ့ပါသည်။ […]


Mr WorldWideMay 6, 20131min1243
ECBC ( Edgewood Chemical Biological Center) ၏စစ်ဘက်သုတေသီများသည် ဓာတု လက်နက်ဆိုင်ရာစစ်ပွဲအတွင်း  အမေရိကန် စစ်သည်များအား အကူအညီပေးနိုင်မည့် နည်းပညာသစ်တစ်ရပ်အား စမ်းသပ်ဆောင်ရွက်လျက်ရှိပါသည်။ ဆိုဒါသံဗူးတစ်ဘူး အရွယ်အစားခန့်ရှိသည့် အဆိုပါနည်းပညာထည့်သွင်း ထားသော ဘူးငယ်လေးသည် အန္တရယ်ရှိသည့် ဓာတုပစ္စည်းများအား အနံ့ခံနိုင်မည်ဖြစ်ကာ ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်နှင့်ပက်သက်သည့် သတင်းအချက်လက်များအား အမေရိကန်စစ်သည်များထံသို့ ဖြန့်ဝေပေးပို့ သွားမည်ဖြစ်သည်။ ယခုနည်းပညာဖြင့် ပြုလုပ်ထားသောဘူးမှာ ဆီးရီးယားနိုင်ငံ၌ အထူးအသုံးဝင်မည် ဖြစ်ပါသည်။ အိမ်ဖြူတော်မှ ယနေ့ထုတ်ဝေခဲ့သည့် စာတစ်စောင်တွင် ဆီးရီးယား စစ်ဘက်အနေဖြင့် ဓာတုလက်နက်များအား ဆီးရီးယားနိုင်ငံအတွင်း ပမာဏအနည်းငယ်မျစီ အသုံးပြုလျက်ရှိကြောင်းနှင့် အထူးသဖြင့် Sarin ကဲ့သို့သော ဓာတုလက်နက်မျိုးဖြစ်ကြောင်း ယုံကြည်လောက်ဖွယ်ရာ အကြောင်းအချက်များ ကို သေသေချာချာရရှိထား ကြောင်း ဖော်ပြခဲ့သည်။ အနံ့အသက်နှင့် အရောင်အဆင်းကင်းမဲ့သည့် ဓာတုလက်နက်များသည် […]


Mr WorldWideMay 3, 20131min1040
Nasa မှသိပ္ပံပညာရှင်များသည် အလင်းနှစ် ၁၂၀ဝ အကွာအဝေးတွင် နေနှင့်သဏ္ဌာန်တူ ကြယ်ကြီး တစ်စင်းအား လှည့်ပတ်နေသောသက်ရှိများ နေထိုင်အခြေချနိုင်မည့် ကမ္ဘာနှင့်ဆင်တူသည့် ဂြိုဟ်ကြီးနှစ်လုံးကို ရှာဖွေ တွေ့ရှိခဲ့ကြသည်။ Kepler ရည်မှန်းချက် (Kepler ဆိုသည့် ဂြိုဟ်များလေ့လာရေး အာကာသယာဉ်အား Nasa မှ ၂၀၀၉ခုနှစ် မတ်လ ရ ရက်နေ့တွင် လွှတ်တင်ခဲ့သည်) ဖြင့် ရှာဖွေတွေ့ရှိမှုများကို စုစည်းလျက် ရှိသော  ဝီလျံ ဘိုရူ(စ်)က  ဦးဆောင်သည့် အေမက်(စ်) သုတေသနဌာန (Ames Research Center)  က ကယ်ပလာ- ၆၂  ခေါ် နေနှင့်သဏ္ဌာန်တူကြယ်အား လှည့်ပတ်နေသည့် ဂြိုဟ်ကြီး ၅ လုံးကို တွေ့ရှိခြဲ့ကသည်။ ၎င်းတို့အနက်မှ  ဂြိုဟ်ကြီး (၄) လုံးသည် ကျွန်ုပ်တို့ နေအဖွဲ့အစည်းအတွင်းမှ […]