မြစပဲရိုးJune 25, 20151min38818
“ပြည်သူ တွေ စိတ်ဓာတ်ကျစရာ မလို” လို့ အားပေးတဲ့ စကား အတွက် ကျေးဇူးတင်ပါတယ် ဒေါ်အောင်ဆန်းစုကြည်။ အားမလျှော့မိ အောင် ကြိုးစားနေပါတယ်။ . ဒေါ်အောင်ဆန်းစုကြည် လဲ ကျန်းမာရေး ဂရုစိုက်စေလိုပါတယ်။ အစစ အရာရာ လဲ သတိနဲ့ နေပေးပါ။ ***** NLD မှာ အမတ် ၄၂ ယောက်ဘဲ ရှိတဲ့အပြင် လွှတ်တော် ရဲ့ ၂၅% က စစ်တပ် ခွဲတမ်း ယူထားတာတောင် မှ ၆၆% ကျော်မဲ ရတာ တကယ်တော့ ဝမ်းမြောက်စရာပါဘဲ။ ဒါပေမဲ့ စိတ်ပျက်စရာ တော့ နဲနဲ (တကယ်တော့ အများကြီး) ကောင်း ပါတယ်။ . ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကို […]


မြစပဲရိုးJune 21, 20153min36320
ဒီတစ်ပါတ်အတွက် သီချင်းကို ဖော်ပေးသူက ဒေါ်ဇီလေးပါ။ သူ့ရဲ့ မျက်လုံးစိမ်းနဲ့ မင်းသား ကိုကြည့်ပြီး ကိုယ့်ရဲ့ ဖေးဘရိတ် မင်းသား တစ်ယောက် ကို ပြေးမြင်မိတယ်။ သူလဲ သိပ်မကျော်ကြားပါဘူး။ ဟောလိဝုဒ် မှာလဲ နေရာမရဘူးထင်ပါရဲ့။ သူ့ကို သိလိုက်တာက ခရစ်စမတ် ဆို အမြဲတမ်းပြ တဲ့ အင်္ဂလိပ်ရုပ်ရှင် “Love Actually ” မှာ ပါ။ လူတွေရဲ့ ကြားက အပြန်အလှန် ခင်တွယ်မှုလေးတွေ၊ ပျော်ရွှင်မှု နာကျင်မှု လေး တွေ ကို ခရစ်စမတ်အချိန် မှာ ခွင့်လွှတ်ခြင်း ၊ မေတ္တာထားခြင်း တွေ နဲ့ ဆုံးထားတဲ့ ကား။ လူတန်းစားစုံ ရဲ့ သာမာန် အဖြစ်အပျက် လေးတွေ ကို […]


မြစပဲရိုးJune 19, 20151min35617
. ပြီးခဲ့တဲ့ နှစ်  သူ့မွေးနေ့မှာ မီလင်ဒါဂိတ် ရဲ့ စကား “That is the moment when change is born” နဲ့ ဆုတောင်းခဲ့တယ်။ မြန်မာပြည် မှာလဲ ကောင်းတဲ့ အပြောင်းအလဲ တခုကို မွေးဖွားဖို့ အချိန်တန်ပါပြီ။ ဒီနှစ်မှာတော့ အားလုံးကြားပြီး နားထောင်ပြီး ဖြစ်မဲ့ သီချင်း တစ်ပုဒ် ကို ဒီ ရက် နားဦးတည့်နေခဲ့တာပါ။ “မေမေ” ဆိုတဲ့ ဆောင်းဦးလှိုင် ရဲ့ သီချင်း ပေါ့။ သူ့ကို သမ္မတ ဖြစ်စေချင်တာ ကိုယ့်ရဲ့ ကြီးမားလွန်းတဲ့ ပါစင်နယ်တောင့်တ ချက်ပါ။ Reality မှာတော့ ဗိုလ်စိတ်ပုတ်၊ ဦးစိတ်ယုတ် များ ပိတ်ဆို့ ထားဆဲမို့ သူတို့ […]


မြစပဲရိုးJune 12, 20153min16511
. ပြောရရင် နားဦးတည့်စီးရီး အတွက် သိုးဆောင်းသီချင်း တွေ က မြန်မာသီချင်း တွေ ထက် ပိုပြီး နားထဲရောက်နေတာ များတာပါ။ ဒီတစ်ပါတ် မှာတော့ မြန်မာသီချင်း တစ်ပုဒ် က ဘဲ နားထဲ မှာ အမြဲရှိနေခဲ့တယ်။ ဒါပေမဲ့ အလှည့်က သိုးဆောင်းဘာသာ သီချင်း မို့ ဘာသီချင်း တင်ရမယ် ဆိုပြီး ရွေးမရဖြစ်နေခဲ့တာ။ အခုရွာထဲ လည်အပြီးမှာတော့ ကိုမျိုး ရဲ့ ( ရွာနှင့်ဦးပေါ့လေ ) ဆိုတဲ့ ရင်တွင်းဖြစ်  ကဗျာ ထဲ က “မိန်းမဆိုတဲ့လူစား” ဆိုတဲ့ စာလုံးလေးတွေ ကို ဖတ်ပြီး ပြုံးမိသွားတယ်။ ဒါနဲ့ဘဲ သီချင်း တစ်ပုဒ် ချက်ချင်း ရသွားခဲ့တာပါဘဲ။ . […]


. ပြီးခဲ့တဲ့ အပါတ်တုန်းက မဟာပုရိသ မင်းယောကျာင်္းကြီး များ အတွက် လက်ချာပြီး တော့ ဒီတစ်ပါတ် ချစ်သော လုံမ တို့ အတွက် လက်ချာပါ။ အမှန်လို့တော့ မပြောပါဘူး။ အပျော်နည်းပေါ့။ (ဒါကြောင့် အတည်ကြံပြီးကြကုန် သော မွန်မွန် the လုံမတို့၊ တုံတုံ the လုံမ တို့ မဖတ်ရ။) လက်ချာ ကို နိဒါန်းချီမနေဘဲ ဒဲ့ စရမယ် ဆိုရင်တော့ “အိမ်ထောင်မပြု ခင် ဘယ်သူ့ အတုတ်အနှောင် ကိုမှ မခံကြဖို့ပါဘဲ”။ . ရှေးလူကြီးများ ပြောစကား “လင်စံရွေး လင်ခွေး နဲ့ညား” ဆိုတာ ဘာသဘောလဲတော့မသိ။ သို့ပေမဲ့ ကိုယ့်တစ်သက်လုံးပေါင်းရမဲ့ သူ (ဒီတစ်ယောက်မကောင်း နောက်တစ်ယောက်ပေါင်း ဆိုတဲ့ […]


သူများ ကလေး ဆယ်ကျော်သက်တွေ အဆိုတော် တွေ၊ ရုပ်ရှင်မင်းသား တွေ ကို ခရေးဇီး ဖြစ်ကြချိန်မှာ ကိုယ့် ကလေး အပါအဝင် သူတို့ ကျောင်းက မိန်းကလေးများ “အင်္ဂလိပ် လူမျိုး ရူပဗေဒ သိပ္ပံပညာရှင် ပါမောက္ခ Brian Cox” ဆိုသူ ကို ကြွေကြပါတယ်။ အဲဒီလူ အသက် က သူတို့ အဖေ အရွယ် လို့ ခေါ်နိုင်မယ်။ ဒီမှာတော့ ဒီနေ့ခေတ်ထဲ မိန်းကလေး တွေ ယောကျာင်္းလေးများ နဲ့ ရင်ဘောင်တန်း နိုင်လာကြဖို့ကို  ကျောင်းတွေ ကလဲ ပံ့ပိုးပေးပါတယ်။ သူတို့ က မိန်းကလေးသီးသန့်ကျောင်းပါ။ . အဲဒီ မိန်းကလေး တော်တော်များများ က အရင် ယောကျာင်္းတွေ သာ […]


အရှေ့မှာ ရေးခဲ့တဲ့ ကနဦး ကို ဆက်ပါပြီ။ သမီး ၃ယောက် မှာ  အမေ တစ်ယောက်ဘဲ ကံကောင်းစွာ (သို့) ကံမကောင်းစွာ အိမ်ထောင်ကျ ပါတယ်။ တကယ်တော့ အဖွားက သူ့ သမီး တွေကို အိမ်ထောင်ပြုပေးဖို့ စိတ်မကူးပါဘူး။ အမေ ကို အဖိုး ရဲ့ ညီမ တစ်ယောက်က အတင်းယူ မွေးစား ထားလို့ သူ့သဘော အတင်းလုပ်မရတာလဲ ပါမှာပေါ့။ သူတို့ လုပ်ငန်းဖက်တစ်ယောက် က သားသမီးချင်း စပ်ချင်တာနဲ့ အတင်းတောင်းတော့ ပေးလိုက်ရတာ။ အဲဒီ အချိန်က လုပ်ငန်းရှင် တွေ က အစိုးရ ဝန်ထမ်းအရာရှိမျိုး တွေ ကို အထင်ကြီးတာ ရော။ (နောက်ပိုင်း သူတို့မှာ အရာရှိ ဖြစ်သော သား […]


နားဦးတည့်ရာ နှစ်ဆယ့်တစ် မှာ ၂၁ ပေါက် ကစား ရတဲ့ ဖဲ အကြောင်း ရေးရမလားဘဲ။ lol:-)) ဂျိုကာ မပါတဲ့ ပွဲမှာ Ace က အကောင်းဆုံး ကဒ် မို့ Ace  ကို မျှော်ကြ ရတယ်။ ဘယ်သူမဆို ကိုယ့်လိုချင်တဲ့ ကဒ် သူများ ရ သွားတာ ကို ဘယ်လိုချင်ပါ့မလဲ။ ဒီတော့ ကစားပွဲ ထဲ ထိုင် လိုက်ပြီ ဆိုတာ နဲ့ ဝိုင်း ထဲ က သူတိုင်း ကိုယ့် ပြိုင်ဘက် ဘဲပေါ့။ (က) . ပြီးခဲ့တဲ့ ရက်ထဲ မှာ ဖဘ ထဲ သူငယ်ချင်း တစ်ယောက် က […]


အိမ်ပြန်တိုင်း မပျက်မကွက် သွားရတဲ့ နေရာ လေး တစ်ခု ရှိပါရဲ့။ အဲဒီ မှာ အမှတ်အသား နေရာ ခြေရာလေး တွေ အများကြီး။ ဂျပ်ဆင် နား က စင်္ကြန်လမ်းတွေ၊ အာစီ ထဲ က ဘောလီဘောပွဲ တွေ၊ သစ်ပုတ်ပင်ကြီး နား က အုတ်ခုံ တန်း တွေ၊ အီကို ရှေ့က မြက်ခင်း စိမ်းစိမ်း တွေ၊ အဓိပတိလမ်း က ကံ့ကော်ပင် တွေ၊ တက္ကသိုလ် စာကြည့်တိုက် ရဲ့ လှေခါးထစ် တွေ၊ ဘွဲ့နှင်းသဘင် တစ်ဝိုက်က ဖြတ်လျှောက်နေကျ လမ်းလေး တွေ၊ အင်းလျား ဘေးက အကြော်ဆိုင်တွေ၊ ဘယ်တော့ မှ မမေ့မဲ့ အမှတ်တရ […]


ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါး အပျော်သီချင်းလေး နားထောင်ကြရအောင်လား။ . နှစ်တိုင်းလုပ်နေကျ Eurovision Song Contest ပွဲ က နီးလာပြန်တာမို့ ကြိုက်ခဲ့ဖူးတဲ့ သီချင်းလေး တစ်ပုဒ် ကို ပြန်ကြားလာလို့။ ဒီ သီချင်း က ၂၀၀၉ ခုနှစ် ရဲ့ Eurovision song contest winner song  ပါ။ အဆိုတော်က နော်ဝေးလူမျိုး ဖြစ်ပြီး နော်ဝေးနိုင်ငံကိုယ်စားပြု ပြီး နိုင်တာပါ။ တကဲ့ ပရို မြူးဇစ်ရှင် ဆိုတာ သီချင်းဆို တာတင်မဟုတ်ဘဲ တူရိယာ တစ်မျိုးမျိုး (ဒါမှမဟုတ်) တစ်မျိုးထက်ပို တီးတတ်ကြတယ်။ သူတို့ ကိုယ်တိုင် သီချင်း ရေးနိုင်တယ်။ အခု အဆိုတော်လေးကလဲ ဒီလိုပါဘဲ။ တယောထိုး ရင်း […]


မြစပဲရိုးApril 26, 20151min29521
ငယ်ငယ်တုန်း က စာမေးပွဲပြီးတိုင်း အသံမထွက်သလောက် ဖြစ်ကျန်လေ့ရှိတယ်။ အသားကုန် အော်ကျက် လိုက်မှ စာရတယ် မှတ်တာကိုး။ အိမ်နီးချင်းတွေ က တော့ ကိုယ့်စာကျက်သံ ကို အပျင်းပြေတယ် တွေးမလား၊ နားညည်းတယ် ဆိုပြီးပြေးမလား မသိ။ အခုလို ပညာရေးစနစ်ကြီး ဇောက်ထိုးမှောက်နေချိန် အတွင်း လှောင်ပြောပြော နေ သလို ပြောရရင် “ကြက်တူရွေး” နှုတ်တိုက် ကျက်တယ် ပေါ့။ ကိုယ့်အချိန်တွေ တုန်းကလို အခုချိန် မှာရော စာအော် ကျက် ကြတဲ့ ဓလေ့ ရှိသေးလား သိချင်သား။ တွေးမိနေတယ်။ စာအော်ကျက် ခဲ့တာ က စာတွေကို နားမလည်ဘဲ နှုတ်တိုက် အလွတ်အော်ခဲ့တာလား လို့။ နားလည်တဲ့ စာ ကို နှုတ်တိုက်ရအောင် […]


မြစပဲရိုးApril 18, 20153min39520
ဒီ ပို့စ် က အိမ်အပြန် တတိယစီးရီး ပေါ့။ . နောက်မှ ရေးခဲ့ပေမဲ့ ဂရုထားခြင်း ကတော့ မနည်းပါ။ စစ်ကြည့်ရင် ပါဝါတောင် ပိုကြီးလေမလားဘဲ။ ရွာ က လူ တွေ နဲ့ တွေ့လိုက်ဖို့ ကို  နှစ်ပေါင်းများစွာ ရင်းနှီး ခင်မင် ခဲ့သူ တွေ ထက်  ဦးစားပေးဖို့ ကြိုးစားနေခဲ့ တဲ့ အဖြစ်။ . ရောက်ပြီး နောက်တစ်နေ့ဘဲ သွားလာလို့ လမ်း အသင့်ဆုံး နဲ့ ကားရပ်စရာ ခေါင်းမစားရတဲ့နေရာမှာ ရှိတဲ့ သွေးသောက် ညီအစ်မ ဆီ ကို လွန်ခဲ့တဲ့ ၃နှစ် က ရှိထား တဲ့ နံပါတ် အတိုင်း ဖုန်းခေါ်ပါတယ်။ ကံ […]


မြစပဲရိုးApril 14, 20151min31831
အိမ်ပြန်ခဲ့တယ်။ အိမ်ပြန်ခဲ့တိုင်း ကိုယ်တို့ရဲ့ နယ်မြေဟောင်းလေး ဆီ ကို အမြဲသွားတယ်။ အဲဒီရောက်တိုင်း ဟိုးအရင်အချိန်တွေ က အရိပ် တွေ ထဲ မှာ လူက ပြန်ငယ်သွားသလိုဘဲ။ အရင်အခေါက်တိုင်း မှာ လူဟောင်းကြီး တွေ ပြန်တွေ့လဲ မစုံ ပါဘူး။ ဒီတစ်ခေါက် အကုန် မဟုတ်ပေမဲ့ ထိပ်တန်း တွေ ကို အတော်လေး လူစုံ တွေ့တယ်။ မင်းလဲ ပြန်ရောက်နေသတဲ့။ အတိတ် ကို ပြန်တွေး ရင် ရီ ရ သလို အတော် လွမ်းစရာလဲ အကောင်းသား။ မိန်းမ တွေ ဆို အဖက်မလုပ် သလို နေတတ်တဲ့ စရိုက် ရှိတဲ့ လူ နဲ့ မှ […]