padonmarOctober 15, 20121min31025
ဆရာမဒေါ်မာဂရက် ဆိုရင် ကျမတို့မြို့လေးက လူတိုင်းသိကြပါတယ်။ အလွန်ရိုးသားတဲ့ Baptist ဘာသာဝင် ကရင်လူမျိုး အပျိုကြီးပါ။ အရပ်မြင့်မြင့် ၊တစ်ခေါင်းလုံးဖြူနေတဲ့ ဆံပင်တွေကို သပ်သပ်ရပ်ရပ် ထုံးဖွဲ့၊အမြဲတမ်း အဝတ်အစားလည်း သန့်သန့်ပြန့်ပြန့်နဲ့ ရုပ်ချောတဲ့ ဆရာမဖြစ်ပါတယ်။ (ဒီလောက်ရုပ်ချော သဘောကောင်းတဲ့ ဆရာမ ဘာလို့ အပျိုကြီး ဖြစ်နေလဲဆိုတာ ငယ်ငယ်တုံးက သဘောမပေါက်ခဲ့ပါဘူး။) စာသင်တာလည်း အလွန်ကောင်း၊စိတ်လည်းရှည်၊ကျောင်းသားတွေကိုလည်းချစ် ၊ကျောင်းသားတိုင်းကလည်း ချစ်တဲ့ ဆရာမပါ။ ဆရာမသက်တမ်းအလွန်ရှည်တော့ တစ်မြို့လုံး ဆရာမတပည့်တွေချည်းပါပဲ။အားလုံးကိုလည်း နာမည်နဲ့ တကွမှတ်မိသူဖြစ်ပါတယ်။ သတ္တမတန်း “A” ခန်းရဲ့ အတန်းပိုင်ဆရာမအဖြစ်နဲ့ အင်္ဂလိပ်စာ သင်ကြားခြင်းမှာ တစ်သက်တာလုံး မြုှပ်နှံသွားသူပါ။ ကျမတို့ခေတ်က ၅တန်းရောက်မှ အင်္ဂလိပ်စာ စသင်ရပါတယ်။ ကျူရှင်တွေလည်း မတက်ချင်တဲ့ ကျမ ၅ တန်းအတက်မှာ အင်္ဂလိပ်စာ အခက်အခဲနဲ့ […]


padonmarOctober 12, 20121min24627
ဒီနေ့ညနေ ၃နာရီခွဲ မြို့ထဲကို အပြန် အင်းစိန်လမ်းပေါ် ဆင်ရေတွင်းနားမှာ ဘေးချင်းပွတ်ပြီး ချိတ်နေတဲ့ ပါရမီဘတ်စကား ၂စီးကို တစ်ဖက်ယာဉ်ကြောမှာ တွေ့လိုက်ရလို့ မှတ်တမ်းတင်ထားလိုက်ပါတယ်။ ဒရိုင်ဘာတွေ စပါယ်ယာတွေလည်း သူမှားငါမှန် အချင်းများနေကြပါတယ်။ ထုံးစံအတိုင်း လမ်းဘေးကလူအုပ်ကြီးကလည်း ဝိုင်းစပ်စုလို့ပါပဲ။ သူတို့နောက်က လမ်းပိတ်နေလို့ သွားမရတော့တဲ့ ယာဉ်တန်းကြီးဟာ ကား ၁မှတ်တိုင်စာ (စွယ်တော်ရွက် သင်တန်းရှေ့ထိ) ရောက်ပြီး ခရီးသည်တွေလည်း စိတ်ပျက်ပျက်နဲ့ သူတို့ရှင်းအပြီးကိုစောင့်နေကြရပါတယ်။ ပြီးခဲ့တဲ့လက သတင်းစာထဲမှာပါတဲ့ ပါရမီ-အဓိပတိယာဉ်များ မဆင်မခြင်မောင်းလျှင်၊ဆက်ဆံရေးမပြေပြစ်လျှင် အောက်ပါဖုန်းနံပါတ်များသို့တိုင်ပါဆိုတဲ့ ကြော်ငြာလေး သတိရမိပါတယ်။ သူတို့ပေးထားတဲ့ ဖုန်းနံပါတ်က မှတ်မိလွယ် နံပါတ် မဟုတ်ပါဘူး။ (ဥပမာ- အရေးပေါ်လူနာတင်ယာဉ်ခေါ်ချင်ရင် 500005 ဆိုတာမျိုး တစ်ခါကြားတာနဲ့ မမေ့နိုင်တဲ့ နံပါတ်မျိုး ဖြစ်သင့်ပါတယ်) ကျမ ကတော့ တိုင်မယ်တောမယ် […]


padonmarOctober 10, 20121min36817
အမေရိကန်၊အင်္ဂလန်၊ ဂျပန်နဲ့ ကိုရီးယား အော်ဇီသားများပါမကျန် Cholestrol မတက်ဖို့အရေး သံလွင်ဆီရွေးလို့စားမယ်တဲ့။ သဘာဝလွန်တဲ့ ဂျီအမ်ဖုဒ် စိတ်တော်ခုလို့ ရှောင်ကြဉ်မယ်တဲ့။ ရောဂါပိုးမွှား အိုကပ်ပါးတု့ိ သူတိုု့့တိုင်းပြည်ထဲ မဝင်ရဲအောင် ပါလာသမျှမျိုးစေ့ လေဆိပ်မှာ ထားခဲ့ရမယ်တဲ့ဟေ့။ ………………….. ဒို့ရွှေမြန်မာက သူဌေးးကြီးများ ပေါများတဲ့အရေး ဒေါ်လှတွေ အထပ်လိုက်ပေးတယ်တဲ့ဟေး။ ……………………….. မလပ်တလပ် လူတန်းစား ဒို့များကလည်း ဆေးဆိုးတဲ့ မျှစ် ဒို့မချစ်ပေါင်၊ ပန်းရောင် သမ်းတဲ့ ငါးပိ စေ့စေ့မကြည့်ပါအမိ။ ကြွပ်ကြွပ်အိတ်ထည့်ထား အကြော်များ ဝေးရာကရှား။ မြောင်းဆီလူဆီ ဒို့မသတီ ရွတ်မည်ဖတ်မည် ကန့်ကွက်ပါမည်။ လိုအပ်ရင်လည်း ဆန္ဒတွေထုတ်ဖော်ဖို့အရေး ဒို့အရေး။ သို့သော် ဒီလူမပီကြက်မပီကလေးတွေမှာတော့ အမှိုက်ပုံတွေရဲ့ကြား တိုးဝှေ့ကာသွား ဘယ်သူတွေ ပစ်ထားထား ဘယ်သူတွေ နင်းသွားသွား ကြက်ကလေးတွေလို ယက်ပါလား […]


padonmarOctober 1, 20121min30022
ပိန္နဲ္နဲရွက်ကလေး နှစ်ရွက် မရဏာနုဿတိ ကမ္မဋ္ဌာန်းအကြောင်းကို စိတ်ဝင်စားလို့ ဖတ်ရှုနေရင်း စိတ်ထဲမှာ သတိတစ်ခုရလိုက်မိတယ်။ မနက်စောစော ဘုန်းကြီးပျံပင့်ထားလို့ သွားရမယ့်ကိစ္စပါ။ ဒါနဲ့ ဖတ်နေတဲ့ စာအုပ်လေး ဘေးမှာ ချပြီးတော့ စောစောလေး အိပ်ယာဝင်လိုက်တယ်။ မနက်လေးနာရီခွဲလောက် အနောက်ဥယျာဉ်တိုက်က ဘုန်းကြီးပျံကို ကျောင်းက ကားနဲ့လိုက်ပို့ခိုင်းပြီးတော့ ကားကို ပြန်လွှတ်လိုက်တယ်။ ကျောင်းဝင်းထဲရောက်တော့ ပင်မကျောင်းဆောင်ကြီးရဲ့ အရှေ့ကွက်လပ်ထဲမှာ ယာယီစံကျောင်းပြုလုပ်ပြီး ပျံတော်မူသွားတဲ့ ဆရာတော်ရုပ်ကလာပ်အား အပူဇော်ခံထားရှိပါတယ်။ ဆရာတော်အရွယ်ကောင်းစဉ်က ရိုက်ကူးထားတဲ့ ခန့်ညားထည်ဝါတဲ့ မတ်ရပ်ဓာတ်ပုံကြီးက ရုပ်ကလာပ်ဦးခေါင်းပိုင်းကနေ ချိတ်ဆွဲထားတယ်။ မှန်အခေါင်းထဲမှာတော့ ဆရာတော်ရဲ့ ရုပ်ကလာပ်က ငြိမ်သက်နေလျက်။ ဆရာတော်သက်တော်က (၇၆)နှစ်၊ ဝါတော်က(၅၆)ဝါလို့ မှန်အခေါင်းအပြင်မှာ ရေးထားတယ်။ဆရာတော်ကြီးရဲ့ သီလ သမာဓိ ပညာဂုဏ်များကို အာရုံပြုကာ ဦးညွှတ် ကန်တော့လိုက်ပါတယ်။ ဆရာတော်ကြီး ရုပ်ကလာပ်တော်ကို […]


padonmarSeptember 18, 20121min31224
`ငါကံကောင်းနေသေးတယ်´ဆိုတဲ့ စာလေးကို ရေးသူ ဘုန်းသုခေဆိုတာ စမ်းချောင်းမြို့နယ် ဓမ္မစေတီစာသင်တိုက်က ဆရာတော် ဦးသုခေဓိတ ဖြစ်ပါတယ်။ စာသင်သား ၁၀ဝ ကျော်ကို စည်းကမ်းတကျ ပရိယတ်သင်ပေးရုံသာမက အနီးပတ်ဝန်းကျင်က ရပ်ကွက်သူားတွေကိုလည်း ဝိပဿနာတရားဟော အဘိဓမ္မာသင်တန်းပေးဆိုတာတွေကို ဓမ္မပူဇာမပါ အပတ်စဉ် ဟောကြားသင်ပြပေးနေပါတယ်။ ဆရာတော်ရဲ့ တပည့်စာသင်သားတွေဟာ စည်းကမ်းသေဝပ်စွာနေကြရပါတယ်။ မနက် တန်းဆွမ်းခံထွက်ချိန်ကလွဲလို့ အပြင်မှာ ဦးပဉ္ဖင်းတွေကိုရင်တွေကို မမြင်တွေ့ရပါ။ စာသင်စာကျက် ဝေယျာဝစ္စတွေလုပ်နဲ့ မအားလပ်ကြရပါဘူး။လူတွေနဲ့ ရောနှောခြင်းမရှိရပါဘူး။ ဒါပေမယ့် နာဂစ်ကြောင့် ကျောင်းတိုက်ရှေ့လမ်းမကြီး သစ်ပင်တွေ လဲပြိုပြီး ပိတ်သွားတာလို လိုအပ်တဲ့အချိန်တွေမှာ စာသင်သားတွေထွက်ပြီး သစ်ပင်တွေ ရှင်းလင်းဖယ်ရှားပေးတာမျိုး လုပ်ပေးစေပါတယ်။ သင်္ကြန်တွင်းမှာ ပဏ္ဍိတာရာမဆရာတော်ကြီးရဲ့ ဩဝါဒခံယူပြီး တရားစခန်းဖွင့်လှစ်ပေးလေ့ရှိပါတယ်။ ကျမထက်အသက်ငယ်ပေမယ့် ဆရာတော့် သင်တန်းမှာ ကျမအားလပ်တိုင်း သွားတက်လေ့ရှိတော့ ကျမရဲ့ ဆရာ […]


padonmarAugust 30, 20121min1277
ဝါးခယ်မ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း(ကျောင်းကြီး) အာစရိယပူဇော်ပွဲ Teacher homage of 1973-1988 batches of B.E.H.S(1),Wakhema will be held on 30th Dec,2012 at Wakhema township. We aim to donate large amount of money.(3-5 lakhs). Plz share this as much as u can. Thz. ဝါးခယ်မ ကျောင်းကြီးတွင် 1973မှ1988 အတွင်း ဒသမတန်းဖြေဆိုခဲ့ကြသော ကျောင်းသားကျောင်းသူဟောင်းများမှ ဦးဆောင်၍ ထိုနှစ်များအတွင်း ပညာသင်ကြားပေးခဲ့သော ဆရာကြီး ဆရာမကြီးများအား အာစရိယပူဇော်ပွဲကို 2012 December 30 (တနင်္ဂနွေနေ့) […]


padonmarAugust 24, 20121min49039
ဒီနေ့မနက် ၉နာရီခွဲ ကျမ အလုပ်အသွားလမ်းမှာ ကား accident တစ်ခုကြုံရပါတယ်။ Car accident ကတော့ ခုတလော နေ့စဉ် ဖြစ်နေတာ ဆိုတော့ မဆန်းပါဘူး။ ဒါပေမယ့် မျက်စိရှေ့မှာတင် ဖြစ်သွားတာဆိုတော့ ဖြစ်ပြီးသား ဓာတ်ပုံတွေ တွေ့ရတာနဲ့ မတူပဲ ဖြစ်စဉ်တစ်ခုလုံးမြင်လိုက်ရလို့ အတွေးတွေ တော်တော်ရှုပ်သွားရပါတယ်။ ဲဖြစ်စဉ်လေးပြောပြချင်ပါတယ်။ ပြည်လမ်းနဲ့ ပါရမီလမ်းဆုံ ကို လူတိုင်းသိကြပါတယ်။ အင်းလျားလေးနားပါ။ ပြည်လမ်းကနေ ပါရမီလမ်း RC2 ဖက်ကို ကွေ့လိုင်း(၁၅ စက္ကန့်ပေးပါတယ်)ပေးတဲ့အချိန် မှာ ပုံထဲက ဆလွန်းကားအနက်လေးက သူ့ယာဉ်ကြောအတိုင်းမောင်းထွက်ပါတယ်။ ချော်တွင်းကုန်းဖက် ပါရမီလမ်းကနေ ပြည်လမ်းမြို့လယ်ဖက်ကို မီးဝါပေးထားချိန် မှာ ကက အဖြူရောင်က မီးဝါကို အမီဖြတ်ဖို့ အရှိန်နဲ့မောင်းလာပါတယ်။ အဲဒီ မီးဝါဖြတ်တဲ့ ကကအဖြူက ကွေ့လိုင်းက […]


padonmarAugust 20, 20121min60327
နေဝင်းမောင်ရဲ့ ဆက်ဆံရေး အနုပညာ စာအုပ် ကို ဖတ်ညွှန်းလေး ကျမရေးမိပါတယ်။ နေဝင်းမောင်ရဲ့ ဆက်ဆံရေး အနုပညာ မှန်တာပြောရရင် ကျမ နေဝင်းမောင်ရဲ့ စာတွေ လေးစားပေမယ့် သူ့အကြောင်း သိပ်မသိပါဘူး။ သူ လူရည်ချွန်ဖြစ်ခဲ့တယ်ဆိုတာတောင် သူကွယ်လွန်ပြီးမှ သူ့အမေရဲ့ဆောင်းပါးတွေ ဖတ်ပြီးသိရတာပါ။ ကျမတို့ ခေတ်က လူရည်ချွန်ဆိုတာ တကယ့်ကို ကျောင်းပညာ၊ဗဟုသုတ၊အားကစား၊အနုပညာ ဘက်စုံအတော်ဆုံးမဟုတ်တောင် တီးမိခေါက်မိရှိတဲ့ လူတော်တွေကို မျက်နှာကြီးငယ် မလိုက် ရွေးချယ်ခဲ့တာဖြစ်လို့ လူတော်တိုင်း လူရည်ချွန်မဖြစ်ပေမယ့် လူရည်ချွန်တိုင်းဟာတော့ လူတော်တွေဖြစ်ပါတယ်။ (ကျမတော့ လူရည်ချွန်ထဲမပါခဲ့ပါဘူးနော်၊အလွန် အားကျမိတဲ့ဘဝပါ) ဒီလို လူတော်တွေ တော်တော်များများ ပြည်တွင်းမှာ မရှိကြတော့တာလည်း ကျမ မကြာခဏရေးဖြစ်ခဲ့ပါတယ်။ အဲဒီထဲက မြန်မာပြည်မှာ ကျန်တဲ့၊ နိုင်ငံ့အပြင်ထွက်ပြီးမှ မြန်မာပြည်ကိုပြန်လာတဲ့ လူရည်ချွန်တွေထဲက တစ်ယောက်ဖြစ်တဲ့ နေဝင်းမောင်အကြောင်းကို […]


padonmarAugust 20, 20121min26419
ကျမနဲ့နေဝင်းမောင် ကျမနဲ့နေဝင်းမောင်ဟာ ဆေး(၁)မှာ တစ်တန်းတည်းသားတွေပါ။ ဒါပေမယ့် ခင်မင်တဲ့ သူငယ်ချင်းတွေတော့ မဟုတ်ခဲ့ပါဘူး။ သူက ပညာတတ်အရာရှိ မိဘကမွေးတဲ့သူဖြစ်ပြီး ကျမက ပညာမတတ်တဲ့ ကုန်သည်မိဘက မွေးတဲ့သူဆိုတော့ Orbit မတူတဲ့ အသိုင်းအဝိုင်းတွေကြားမှာ ကျောင်းနေစဉ်က သိကျွမ်းခဲ့ခြင်းတောင် မရှိပါဘူး။ 3rd MB အရောက်မှာ သူဟာ ကျမတို့အတန်းနဲ့ လမ်းခွဲခဲ့ရပါတယ်။ ကျောင်းပြီးလို့ အနှစ် ၂ဝ အကြာ သူငယ်ချင်းတွေ ပြန်ဆုံကြတဲ့ပွဲလေးမှာ နေဝင်းမောင်နဲ့ ပြန်တွေ့ခဲ့ပါတယ်။ သူရဲ့ပါတနာဖြစ်တဲ့ ကျမတို့အတန်းရဲ့ မရှိမဖြစ် ခိုင် ကမိတ်ဆက်ပေးလို့ ပြော ဖြစ်တဲ့ စကား ၄-၅ ခွန်းထက်မပိုပါဘူး။ ကျမတို့ သူငယ်ချင်းတွေ နောက်ပိုင်းမှာ အဲဒီနေဝင်းမောင် ဆိုတာ ဟိုတစ်ယောက်မလားလို့ တီးတိုးတီးတိုး လုပ်ခဲ့ကြရုံပါဘဲ။ ကျမတို့ အတန်းရဲ့ […]


padonmarAugust 14, 201214min35967
CJ ကြီး ကထူးဆန်းက ရံပုံငွေ အငြိမ့်ပွဲ မကြည့်လိုက်ရတဲ့သူတွေ အတွက် Link လေးပေးပါလို့ တောင်းဆိုထားလို့ မန်းဂေဇက် ချစ်သူများစာပေဆုပေးပွဲ (ဂျုလိုင်လ) https://myanmargazette.net/143974/creative-writing အချိန်-၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၃ရက် တနင်္ဂနွေနေ့ နံနက် ၈ နာရီ နေရာ-အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး၊နေပူတော် Air A.K.S Pazin ပိုင် Pazin One (Air Force One နှင့် တည်ဆောက်မှုပိုင်းတွင် ချွတ်စွပ်တူ၍ အမည်သာကွဲသော) လေယာဉ်ကြီး ဟာ မူလသတ်မှတ်ထားတဲ့ အချိန်အတိုင်း ဆိုက်ရောက်လာပါတယ်။ လေယာဉ်မှူးကြီး Mr.Cobra ဟာ လေယာဉ်မှူးခန်းမှ ထွက်ပြီး သူ့ရဲ့ဘော့စ်ဖြစ်တဲ့ A.K.S Group of Companies ရဲ့ ဥက္ကဋ္ဌကြီးMr.  Alexander […]


padonmarAugust 13, 20121min85279
ကြက်သွေးရောင် ကတ္တီပါကားလိပ်ကြီး သည် လေပြေအဝေ့မှာ တလှုပ်လှုပ်လွန့်လူးလျက် ရွှေပွဲလာ ပရိသတ်ကြီးကို ဆွဲဆောင်နေပါသည်။ ကတ္တီပါကားလိပ်အထက်တွင်ကား မန်းဂေဇက် ချစ်သူများစာပေဆု ရံပုံငွေ အငြိမ့်သဘင် နှင့် ဆုပေးပွဲ အခမ်းအနား ဟူသော နဖူးစည်းကြီးက ခန့်ညားစွာ တည်နေပါသည်။ ဇာတ်ခုံရှေ့တွင် မြန်မာဆိုင်းဝိုင်းကြီး နှင့် စန္ဒယားတို့က တစ်ဖက်တစ်ချက်စီနေရာယူထားကြသည်။ ပွဲကြည့်ပရိသတ် များအတွက် ဆိုဖာထိုင်ခုံများမှာ ဇာတ်ခုံကို “ပ”ပုံ ဝိုင်း၍ ၃ တန်းခွဲ စီထားသည်။ အထူးအစီအစဉ်အဖြစ် အလယ်ခုံတန်းတွင် မိသားစုများ၊ဘယ်ဖက်ခုံတန်းတွင် ရွာသူအပျိုချောများ၊ညာဖက်ခုံတန်းတွင် ရွာသားလူပျိုမချောတချော၊မပြိုတပြိုများ ထိုင်ရန် စီစဉ်ထားသည်။ ရွာသားများမှာ အပျိုလေးတွေနားကပ်ထိုင်ခွင့်မရဟုသိရစဉ်က မကျေနပ်ကြသော်လည်း မေတ္တာလက်မှတ်များဖြစ်၍ ခန္တီစ သည်းခံနေကြရသည်။ သို့သော် ထိုင်ခုံများစီစဉ်ထားပုံမှာ ရွာ့အလှလေးများကို မစောင်းတစောင်းလေး မြင်နေရမှန်းသိသဖြင့် ကျေနပ်သွားကြသည်။ ပရိသတ်ကြီးမှာ တဖွဲဖွဲရောက်လာပြီး […]


padonmarAugust 5, 20121min61143
ဗုဒ္ဓဘာသာဝင်တွေအတွက် ဝါတွင်း ၃ လ အစဖြစ်တဲ့ ဝါဆိုလပြည့်ရောက်လာပါပြီ။ ဝါတွင်းကာလမှာ သီလစောင့်ကြမယ့် သူတွေ အတွက် အဓိဋ္ဌာန်ကဒ်လေး လက်ဆောင် ပေးချင်ပါတယ်။ ဘုရားအလောင်းသူတော်ကောင်းကြီးတွေ ဖြည့်ကျင့်ကြတဲ့ ပါရမီဆယ်ပါး အပြားသုံးဆယ် ဆိုတာကို မမှီနိုင်ပေမယ့် ကိုယ့်တစ်နိုင် ပါရမီတွေ ဖြည့်ကျင့်နိုင်မယ့် နည်းလမ်းတွေလည်း ပေးထားပါတယ်။ ဆယ်ပါးလုံး မနိုင်လည်း နိုင်သလောက် ဖြည့်ကြတာပေါ့။ ဒီရက်ထဲ ဖတ်မိတဲ့ Post တွေထဲမှာ မန ္တလေးက မောင်ပေ တစ်ယောက် ဝါတွင်းမှာ မသောက်တော့ဘူးလို့ ဖတ်လိုက်ရတော့ တော်တော်ဝမ်းသာမိပါတယ်။ ကျမဟာ အရက်မုန်းတီးရေး အရက်သမားဆန့်ကျင်ရေး ဝါဒသမား မဟုတ်ပါဘူး။ ကျမကြီးပြင်းရခဲ့တဲ့၊ ခုထိလည်း ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်မှာ အရက်ကို ရံခါသောက်တဲ့သူ၊ စွဲစွဲမြဲမြဲ ကြိုက်လို့သောက်တဲ့သူတွေ တော်တော်များများရှိပါတယ်။ ကျွန်မ […]


padonmarJuly 26, 20121min87079
ကိုဘလက်ချော စလိုက်တဲ့ ဇာတ်လမ်းလေးပါ။မှတ်မိကြမယ်ထင်ပါတယ်။ ဂေဇက်မှာ တစ်လတာ တင်တဲ့ ပို့စ်တွေထဲက အကြိုက်ဆုံးတစ်ပုဒ် ရွေးပြီး စာပေဆုလေးပေးကြမယ်ဆိုတဲ့ အစီအစဉ်လေးပါ။ ဂေဇက်မှာ လက်သွေးကြတဲ့ ကလောင်တွေအတွက် မြေတောင်မြှောက်(အားပေး)ချင်တဲ့ စေတနာလေးနဲ့ ကျမတို့စုပေါင်း အကောင်အထည်ဖော်ကြပါမယ်။ လောလောဆယ်မှာ အစပျိုးတဲ့ အနေနဲ့ ကျမတို့(သက်ကြီး)လူကြီးပိုင်းတွေက ကိုယ်ကြိုက်တဲ့ ပို့စ်လေးတွေ ရွေးပေးကြပါမယ်။ အခု ဖွဲ့ထားတဲ့အဖွဲ့လေးရဲ့ အဖွဲ့ဝင်တွေကတော့ ၁။ Foreign Resident ၂။ ဦးဦး ပါလေရာ ၃။ ကိုပေါက် (မန္တလေး) ၄။ ကိုကြီးမိုက် ၅။ ကိုထူးဆန်း ၆။ ကိုနိုဇိုးမိ ၇။ ကိုလင်းဝေ ၈။ ကိုအင်ဇာဂီ ၉။ ဘလက်ချော ၁၀။ အရီးခင်လတ် ၁၁။ မပဒုမ္မာ ၁၂။ မမ […]