padonmarJune 10, 20121min34320
ဘယ်နေရာက ဘယ်လို အကြောင်းကြောင့်နဲ့ဘဲစခဲ့စခဲ့ မောင်တောမြို့မှာတော့ ကြေကွဲဖွယ် မုန်တိုင်းတစ်ခုကျသွားခဲ့သလိုပါဘဲ။ သူ့ကြောင့်ငါ့ကြောင့်လို့ အကြောင်ရင်းကိုဖွေရှာတာကတော့ တရားစီရင်ရေးအဖွဲ့ရဲ့တာဝန်ပါ။ ကျမတို့တွေ ဒီမုန်တိုင်းလေး စဲစအပြုမှာ ရှေ့ဆက်ရမယ့် ခရီးစဉ်လေးတွေ ဆွဲကြည့်ကြရအောင်ပါ။ (၁)မောင်တောဒေသ ပြန်လည်ထူထောင်ရေး ရံပုံငွေ ကျမတို့ MG ရွာသားတွေကတော့ ရခိုင်သွေးချင်းများအတွက် ကူညီရန် ရံပုံငွေ စစုနေကြပါပြီ။ သွေးမကွဲကြောင်းပြတဲ့ အနေနဲ့ ရွာထဲက မြန်မာမွတ်ဆလင်တွေလည်း နည်းများမဆို ငွေအား၊ လူအားပါဝင်စေချင်ပါတယ်။ ထို့အတူ မြန်မာပြည်အနှံ့က မြန်မာမွတ်ဆလင်များကလည်း စိတ်ပါလက်ပါကူညီရင်း အာဃာတမီးတောက်တွေ ငြိမ်းသတ်ကြစေချင်ပါတယ်။ ရခိုင်ပြည်သူတွေရဲ့ စားရေးနေရေးဝတ်ရေးကျန်းမာရေးကစ ကလေးငယ်တွေပညာရေးအထိ လိုအပ်နေမယ့် ကူညီသွားရမယ် ့နေရာတွေ အများကြီးနေမှာပါ။ (၂)ဂေဇက်ရွာလုံခြုံရေး ဒီရက်ထဲ သဂျီး မအိပ်နိုင်ဖြစ်နေတာ ကြည့်ပြီး သနားပါတယ်။ လုပ်ငန်းသဘာဝတွေ နားမလည်ပေမယ့် Moderator တစ်ယောက် […]


padonmarMay 31, 20121min97444
မင်္ဂလာတရားတော်မှာ ပူဇာစ ပူဇနေယျာနံ (ချီးမြှောက်ထိုက်သူကို ချီးမြှောက်ခြင်းသည် မင်္ဂလာတစ်ပါး)လို့ ပါပါတယ်။ ကောင်းတဲ့ အမှုပြုနေကြတဲ့သူတွေကို အသိအမှတ်ပြုပေး ချီးကျူးပေးတာဟာ နောင်ကိုလည်း ကောင်းတာတွေ ဆက်လုပ်ဖြစ်အောင် တွန်းအားပေးပေးသလိုပါပဲ။ ကဲဘယ်သူတွေကို (ကောင်းချီးပေး)ချီးမြှောက်ပေးရမှာပါလဲ။ အခုတလော သတင်းစာတွေမှာပါတဲ့ သတင်းလေးတွေ ကြော်ငြာလေးတွေကို သတိထားမိကြပါသလား။ ဖတ်ကြည့်ကြပါအုံး။ သတ္ထုတွင်းဝန်ကြီးဌာနက သူတို့ရဲ့ မူဝါဒတွေ ပြင်ဆင်ဖို့ ပြည်သူတွေထံက အကြံဉာဏ်တောင်းတဲ့ ကြော်ငြာလေးပါ။ ၂ရ မေလ ထုတ် မြန်မာ့အလင်းသတင်းစာ ကြော်ငြာ ကဏ္ဍမှာပါတာပါ။ ရွာထဲက ရွှေတူးရာမှာ အတွေ့အကြုံရှိတဲ့ ကိုဖုန်းကျော်တို့ ရွှေလုပ်ငန်းကျွမ်းကျင်တဲ့ ကိုဆာမိတို့ အကြံပေးနိုင်ကြပါပြီ။ ပေးတဲ့ အကြံတွေ သုံးမသုံးကတော့ ရှေ့ဆက်ကြည့်ပေါ့နော်။ ဒီလို တစ်သက်လုံး တစ်ခါမှ ပြည်သူ့ထံမှ အကြံဉာဏ်ဆိုတာ ယူခဲ့ခြင်းမရှိ လိုအပ်သည်များကို သူတို့ကချည်း […]


padonmarMay 23, 20121min73334
အမေရိကန် စီးပွားရေးလုပ်ငန်းများ လာတော့မည် – လင်းဝေ ကို မန့်ချင်တာ ရှည်သွားတော့ FR လိုပဲ post တစ်ခုဖြစ်သွားပါတယ်။ ဒီစာမဖတ်ခင် ကျွန်မကြိုတင်တောင်းပန်ချင်တာက ကျွန်မရဲ့ ဉာဏ်တစ်ထွာတစ်မိုက်နဲ့ စဉ်းစားမိတာ ချော်နေရင် စီးပွားရေး နိုင်ငံရေး နားလည်သူတွေက အားမနာတမ်း ရှင်းပြပေးစေချင်ပါတယ်။ ကျွန်မလို နားမလည်နိုင်သူတွေ အများကြီးရှိမယ်ထင်ပါတယ်။ ကျွန်မဟာ ဒုံးဝေးတဲ့ သာမန်ပြည်သူတစ်ယောက်ပါ။ ကျွန်မတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဟီလာရီကလင်တန် တို့ရဲ့ ့ဆွေးနွေးပွဲအကြောင်းတွေဖတ်ပြီး ကျွန်မတို့မြန်မာပြည်ရှေ့ရေးအတွက် လမ်စတွေ ပွင့်လာပြီလို့ ဝမ်းသာပါတယ်။ ဘိုလိုဖတ်ရတာ အဓိပ္ပါယ်ကောက်လွဲမှာ စိုးလို့ သတင်းစာစောင့်ဖတ်ကြည့်ပါတယ်။ အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများ အလုံးစုံပယ်ဖျက်ရေးနှင့် ကုလသမဂ္ဂ အထွေအထွေညီလာခံနှင့် လူ့အခွင့်အရေးကော်မရှင်တို့တွင် မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ တစ်ဖက်သတ် […]


padonmarMarch 26, 20121min69863
ပုဂံမြို့ ဗူးဘုရားအနီး ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ ဓမ္မောတဿ ဆိုတဲ့ ဆေးခန်းလေး တစ်ခု ၂၀၁၁၁ ဩဂုတ်လ ကစပြီး ဖွင့်လှစ်ခဲ့ပါတယ်။ ဆေးခန်လေးကို ဦးစီးသူကတော့ Road To Mandalay (ပုဂံညောင်ဦးနဲ့ မန္တလေး ပြေးတဲ့ Shuttle Ship)က ဒေါက်တာ လှထွန်း (1986 batch IM 1) ပါ။ဒေသခံဆရာဝန် ၂ ယောက်လည်း အားဖြည့်ထားပါတယ်။ လူနာတွေကို ဒီဆေးခန်းမှာ ကုသမှုခံယူရင် ကိုယ်နိုင်သလောက် ဆေးဖိုးပေးသွားနိုင်တဲ့သူလည်းပေး၊မပေးနိုင်ကြတဲ့ သူတွေကိုတော့ အခမဲ့ကုပေး ဆိုတဲ့ စနစ်နဲ့ကုပေးပါတယ်။ အများစုကတော့ အခမဲ့ပေါ့။ရွာနီးချုပ်စပ်တွေကပါ လာကုကြပါတယ်။ ပခုက္ကူ၊စလင်းဖက်တွေကတောင် ဧရာဝတီမြစ်ကို လှေနဲ့ ကူးပြီးလာကုကြပါတယ်။ ဆေးခန်း တစ်ပတ်ကို သောကြာ၊စနေ၊တနင်္ဂနွေ ၃ရက်ဖွင့်ပြီးကုပေးနေပါတယ်။လူနာဦးရေ တိုးတိုးလာတာ အခုဆို တစ်နေ့ကို လူနာ […]


padonmarMarch 19, 20121min130379
မနေ့က မုံရွာကမိတ်ဆွေတစ်ယောက် ရန်ကုန်ကိုအလုပ်ကိစ္စနဲ့လာရင်း ကျွန်မဆီကို လက်ဆောင်ပေးအလည်ရောက်လာပါတယ်။ အလုပ်အကိုင်တွေ အဆင်ပြေရဲ့လားလို့နှုတ်ခွန်းဆက်တော့ ဆရာမရေ အခုထိတော့ ဖုတ်လှိုက်ဖုတ်လှိုက်ပါဘဲ၊ မကြာခင်တော့ လုံးပါးပါးပြီး ရပ်တော့ မယ်ထင်ပါရဲ့လို့ပြောလာပါတယ်။ မိတ်ဆွေက မုံရွာမှာ ဂွမ်းဖတ်စက်နဲ့ မုံရွာစောင်ယက္ကန်းလုပ်ငန်းလုပ်တာပါ။ အထည်ချုပ် စက်ရုံတွေ အလုပ်ကောင်းစဉ်က ကုန်ကြမ်းဖြစ်တဲ့ ဖြတ်စညှပ်စတွေကလည်း ဈေးပေါပေါနဲ့ များများဝယ်လို့ရ၊ မြန်မာပြည်ထဲကလည်း ကျေးလက်တွေမှာ ဒီမုံရွာစောင်တွေအသုံးများ၊ အိနိ္ဒယ ဘက်ကိုတောင် ပို့ခဲ့ရပါတယ်။ အခုတော့ အထည်ချုပ်စက်ရုံအရေအတွက် လျော့သလို ကုန်ကြမ်းကလည်းလျော့လာ တယ်။ ရှားပါးတော့ ဈေးကလည်းပိုပေးရပါတယ်။ လေးပြီးကြမ်းတဲ့ မုံရွာချည်စောင်တွေနေရာမှာ ပေါ့ပြီးလှပတဲ့ တရုတ်စောင်၊ကိုရီးယားစောင် ဆိုတာတွေက အစားထိုးလာပါတယ်။ ဈေးချင်းကလည်း သိပ်မကွာတော့ ပြည်တွင်းရော အိန္ဒိယကိုပါ မထိုးဖောက်နိုင်တော့ပါဘူး။ စားသုံးသူတွေကိုလည်း ပြည်တွင်းဖြစ်ကိုအားပေးပါလို့ ဇွတ်ကြီးပြောလို့မရနိုင်ပါဘူး။ ဟိုအရင် အင်္ဂလိပ်ခေတ်က ဆရာကြီးသိန်းဖေမြင့်တောင်မှ […]


padonmarMarch 9, 20121min34415
ကျွန်မ ရန်ကုန်ကိုပြောင်းလာတဲ့အခါ ဆရာရန်ကုန်ကို ကျောင်းကိစ္စနဲ့ လာရင် လာတွေ့တတ်ပါတယ်။ အဲဒီအချိန် ကျောင်းမှာကွန်ပျူတာခန်းလုပ်ပြီး ကလေးတွေကို ကွန်ပျူတာသင်ပေးတော့ သချင်္ာကို ချစ်တဲ့ဆရာဟာ ကွန်ပျူတာကိုလည်း သိပ်ချစ်သွားပါတယ် ။ကျောင်းကွန်ပျူတာခန်းရဲ့ တာဝန်ကို ဆရာပဲ ယူထားပြီး စာသင်ချိန်ကလွဲရင် နေ့နေ့ညညကွန်ပျူတာသင်ခန်းစာ စာအုပ်တွေနဲ့ လေ့လာနေတတ်ပါတယ်။ ကျွန်မနဲ့တွေ့တဲ့အခါတွေမှာ မင်းကတော့ ကွန်ပျူတာတော်တော်တတ်နေရောပေါ့နော်၊ ဆရာ သိပ်အားကျတာပဲလို့ ပြောတတ်ပါသေးတယ်။ ဆရာထင်သလောက် မတတ်ပါဘူးလို့ ရှင်းပြရပါတယ်။ လွန်ခဲ့တဲ့ ၅နှစ်က တစ်ရက်မှာ နယ်က သူငယ်ချင်းဆရာဝန်ဆီက ဖုန်းဝင်လာပါတယ်။ ဆရာ ဦးသန်းရ ကျောင်း ကွန်ပျူတာခန်းထဲမှာ ဦးနှောက်သွေးကြောပေါက်ပြီး မေ့လဲသွားလို့ ရန်ကုန်က ဦးနှောက်နဲ့ အာရုံကြောခွဲစိတ်ကု ဒေါက်တာ ဦးစောဆိုင်မွန်သာရဲ့ ကွယ်ကဘောဆေးခန်းကို လွှတ်လိုက်ပါတယ်တဲ့၊ (ကရင် အမျိုးသားချင်းလည်းဖြစ် ၊စားရိတ်လည်း သက်သာစေချင်လို့ ညွှန်လိုက်တာပါ) […]


padonmarFebruary 25, 20121min74721
အဲဒီကနေ တရားရိပ်သာတွေမှာ တရားအားထုတ်ဖြစ်လာတော့ ရိပ်သာထဲနေစဉ်ရော ရိပ်သာက အပြန်မှာပါ ကိုယ်နေတဲ့ နေရာပတ်ဝန်းကျင်သာမက ကိုယ်တက်ခဲ့တဲ့ အိမ်သာတွေကိုပါ သန့်ရှင်းရေးလုပ်တဲ့ အကျင့်လေးကျင့်သုံးခဲ့ပါတယ်။ သံသရာကြွေး မပါစေချင်လို့ပါ။ ဘာသာရေးသင်တန်းတွေ တက်ဖြစ်တဲ့အခါမှာလည်း သင်တန်းဖော်တွေနဲ့ အတူ သင်တန်းရဲ့ အိမ်သာတွေ အပတ်စဉ်ကုသိုလ်ယူ ဆေးဖြစ်ကြပါတယ်။ ဆေးသာဆေးရတယ် ဒီအိမ်သာတွေဟာ သုံးသူတွေကလည်း စည်းကမ်းရှိကြတော့ ဖုံတင်တာ ဖိနပ်ရာထင်တာတွေလောက်ကိုသာ သန့်အောင် ကြွေရောင်တောက်အောင် ဆေးပေးရတာမျိုးပါ။အရမ်းညစ်ပတ်နေတာမျိုးမရှိပါဘူး။ (ဒီနေရာမှာ စကားအတင်းစပ်ရရင် သဂျီးပြောပြောနေတဲ့ ဘာသာရေးကြောင့် ဒီတိုင်းပြည်ကလူတွေ စိတ်ဓာတ်ပျော့ညံ့လာတယ်ဆိုတဲ့ သဘောမမှန်ကြောင်း ပြချင်ပါတယ် ၊ရိပ်သာတွေ ၊ဘာသာရေးသင်တန်းကျောင်းတွေကို ရောက်လာတဲ့သူတွေ အားလုံးနီးပါးဟာ အလိုလို စည်းကမ်းလိုက်နာတတ်သူများဖြစ်လာတယ်ဆိုတာ အခြား အများသုံးအိမ်သာတွေနဲ့ ယှဉ်ကြည့်ရင် သိသာပါတယ် ၊နောက်ပြီး ရိပ်သာမှာ ဘာသာရေးသင်တန်းမှာ အာဟာရဒါနကြွေးတဲ့အခါ လုယက်ယူတာမရှိပါဘူး၊တစ်ယောက်နဲ့တစ်ယောက် ညှာတာကြတာတွေ […]


padonmarFebruary 24, 20121min50520
နောက်ထပ် မှတ်မှတ်ရရ ဆေးဖြစ်ခဲ့တဲ့ အိမ်သာလေးကတော့ လက်ခုပ်ကုန်းဘုန်းကြီးကျောင်းက အိမ်သာဖြစ်ပါတယ်။ ရောက်ခဲ့တဲ့ အချိန်ကတော့ ကျွန်မ ဆေးကျောင်းနောက်ဆုံးနှစ် အပိုင်း(ခ)မှာ ခြေလျင်တောင်တက် အသင်းနဲ့ ခရီးထွက်စဉ်ကပါ။ ရန်ကုန်တစ်ဖက်ကမ်း ဒလကနေ ကွမ်းခြံကုန်းမြို့ အရောက် ခရီးရှည် လမ်းလျှောက်ပြီး ကွမ်းခြံကုန်းအထက်တန်းကျောင်းမှာ ညအိပ်ကြပါတယ်။ မနက်ကျတော့ ကွမ်းခြံကုန်းကနေမှ မော်တော်စီးပြီး လက်ခုပ်ကုန်းကိုသွားကြပါတယ်။လက်ခုပ်ကုန်းရောက်တော့ ဘုန်းကြီးကျောင်းမှာတစ်ညနား၊ ည မီးပုံပွဲလုပ်ပြီး နောက်တစ်နေ့ နေ့လည်ပြန်ကြပါတယ်။ အတန်းကြီးငယ်အားလုံး လူ၂၀ဝ လောက်မှာ မိန်းကလေး ၁၀ဝ ကျော်ပါပါတယ်။ အဲဒီ ၁၀ဝ ကျော်အတွက် အိမ်သာ ၂ လုံးရှိပါတယ် ။ရေကို အင်တုံလေးနဲ့ ထည့်ပြီး သုံးရတဲ့ ရေလောင်းအိမ်သာမျိုးပါ။ ကျွန်မတော့ အဲဒီအိမ်သာဝင်ကြည့်ပြီး ဝမ်းချုပ်သွားပါတယ်။ ပြဿနာက ပြန်ခါနီး တည်းခဲ့တဲ့နေရာကို သန့်ရှင်းရေးပြန်လုပ်ပေးရတော့ […]


padonmarFebruary 23, 20121min45222
ကျွန်မတို့ငယ်ငယ်က တစ်မြို့လုံးမှာ ပြေးကြည့်လို့မှ ကား၃စီးပဲရှိတဲ့ နယ်မြို့လေးမှာနေပါတယ်။ တစ်စီးက ဘုရားလှည့်ရင်သုံးတဲ့ ဘုရားကားပါ ။နောက်တစ်စီးက မီးသတ်ကားပါ ၊နောက်ဆုံးတစ်စီးက မိလ္လာသိမ်းတဲ့ -ျီးကားပါ။ ဟုတ်ပါတယ်။ကျွန်မတို့မြို့မှာ အိမ်သာတွေက ပုံးအိမ်သာလို့ခေါ်ပါတယ်။ အခုခေတ်ကလေးတွေတော့ မြင်ဖူးမယ်မထင်ဘူး။ သစ်သားဇလားတွေကို အိမ်သာအောက်မှာထားပါတယ်။ နှစ်ရက်သုံးရက် တစ်ခါလောက် မိလ္လာကျုံးတဲ့သူဟာ ပုဆိုးခါးတောင်းကျိုက်၊ဦးထုပ်ငိုက်ငိုက်ဆောင်း ၊မျက်နှာမှာ ပုဆိုးပိုင်းကို နှာခေါင်းပါးစပ်လုံအောင်အုပြ်ပီး ပေါက်တူးတစ်လက်၊လက်ဆွဲပုံးတစ်လုံးနဲ့ အိမ်ကြားကနေ အိမ်နောက်ဖေးဝင် အိမ်သာအောက်ဇလားထဲက အညစ်အကြေးတွေကို လက်ဆွဲပုံးထဲထည့်ပါတယ်။ အခု ဆရာတော်ကြီးတွေရဲ့ အဋ္ဌကထာမြန်မာပြန်တွေမှာပါတဲ့ ပန်းမှိုက်သွန် ဘင်ကျုံးသမားသည် ရလာမည့် အခကြေးငွေကို မျှော်မှန်း၍ အညစ်အကြေးသိမ်းခြင်းကို ဝမ်းမြောက်ဝမ်းသာလုပ်သကဲ့သို့ ဆိုတဲ့ဥပမာဟာ ကျွန်မလိုတောသူအတွက်တော့ ကွက်ကွက်ကွင်းကွင်းပါပဲ။ အဲဒီပုံးထဲက မိလ္လာတွေကို မိလ္လာကားပေါ်က ပုံးကြီးတွေထဲထည့်ပြီး ကားက မြို့ပတ်သိမ်းပါတယ်။ပြီးမှမြို့ပြင်ကတွင်းထဲ သွားသွန်ပါတယ်။ ညနေစောင်း အဲဒီကားကြီးမြို့ပတ်ရင် […]


padonmarFebruary 20, 20121min96244
ကိုဘလက်က အလုပ်ပေးထားတာ အိမ်သာတက်ရင်း သေသွားရတဲ့အကြောင်း ဖြေပေးဖို့။ ကျွန်မက အဲဒါလေး အကြွေးထားပြီး အိမ်သာ version တစ်ခုရေးချင်ပါတယ်။ တီချာနုက ကိုသစ်ရဲ့ post တစ်ခု မှာ မန့်တဲ့အထဲ (ဒီစာရေးထားတာကြာတော့ နည်းနည်း အလှမ်းဝေးသွားပါတယ်) အင်မတန်ပြည့်စုံတဲ့ လေဆိပ်ကအိမ်သာမှာတောင် ဆိုတာလေးရေးသွားတော့ မကြာခင်ကရောက်ခဲ့တဲ့ လေဆိပ်အိမ်သာလေးသတိရမိပါတယ်။ ကျွန်မတူမလေး ပြန်လာတာကို သွားကြိုရင်း အချိန်ကလည်းစောသေး၊ရာသီဥတုကလည်းအေးတော့ ဝိတ်လျှော့ဖို့ လေဆိပ်အိမ်သာကိုသွားမိပါတယ်။ (ဒီနေရာမှာကြုံလို့ ကိုပေါက်စကားလိုကြွယ်ပြရရင် ကျွန်မက စားသောက်ဆိုင်အသစ်တစ်ခုခုသွားရရင်ဖြစ်စေ၊ မရောက်ဖူးတဲ့နေရာကို အကဲခပ်ချင်ရင်ဖြစ်စေ အိမ်သာကို သွားကြည့်လေ့ရှိပါတယ်။ ရှေ့မှာဘယ်လို ပန်းအိုးတွေ အလှပြထားပါစေ အိမ်သာ သန့်သန့်လေးမှမရှိတဲ့ နေရာကို အထင်မကြီးချင်ပါဘူး။ ( ဒီလိုရေးပြလို့ ကျွန်မကို အိမ်လည်ခေါ်ဖို့တော့ မတွန့်ကြနဲ့နော်၊မကြည့်စေချင်ရင် မကြည့်ပါဘူး):D အိမ်သာက ကျွန်မစိတ်ထင် ၆ […]


padonmarFebruary 16, 20121min82049
ဒီနေရာမှာ double click လုပ်ပါ၊Excel File နဲ့ ဇယားလေးတွေ့ပါမယ်။ SayaHtet တလောက အမျိုးသမီးတစ်လောက်က အဝလွန်နေတယ် ဆရာထက် ဆီမှာ အဆီကျဆေးမရှိဘူးလားမေးပါတယ်။အမျိုးသမီးက အဝလွန်နေပါတယ်။ ဆိုက္ကားမဆန့်အောင်ဝတာပါ။ ကျွန်တော်က အဆီအဆိမ့်ရှောင်ဖို့ ပြောပါတယ် သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျည်းရောဂါ၊ ဆီးချိုသွေးချိုရောဂါတွေရလာနိုင်ကြောင်းပြောတော့ နှလုံးသွေးကြောကျည်းတယ် သွေးတိုးတယ်လို့ ဖြေပါတယ်။ တကယ် အဆီကျချင်သူတွေက ဆေးထက် မိမိကိုယ်ကို ဂရုစိုက်ရပါမယ်။ အစားအသောက်ကို ဆင်ခြင်ရမယ်။နံနက်စာကို ၁၂နာရီမထိုးမှီစားပြီး ညနေစာကို လျှော့စားရပါမယ် နောက် လမ်းလျှောက်တာလည်း လုပ်ရပါမယ်။ အိပ်တာလည်း ဆင်ခြင်ရပါမယ်။အဓိကတော့ ဝမ်းမှန်ဆီးမှန်ပြီးအားလုံးသမမျှတမူရှိနေရပါမယ်။ ကိုယ်တိုင် ဆင်ခြင်မူ မရှိဘဲ ဆေးအားကိုးရုံနဲ့ တော့ မရနိုင်ပါဘူး။တအားအိပ် တအားစား အဆီအဆိမ့်တွေစား၊ နေရင် လည်း ဘယ်လိုမှ မပိန်နိုင်ပါဘူး။နောက် အမျိုးသမီးကိစ္စတွေ မှန်ကန်နေရပါမယ်။ဓမ္မတာကိစ္စမှန်ကန်မျှတနေရမယ်။ဒါကြောင့်တိုင်းရင်းဆေးအနေနဲ့တော့ […]


padonmarFebruary 16, 20121min1306
ပြည်သူ့ရင်ပြင်မှာ သာသနာနှစ် ၂၆၀ဝ အထိမ်းအမှတ် တရားအလှူပေးဖို့ ပြင်ဆင်နေတာတွေ တွေ့ရတော့ နိဗ္ဗာန် အကျိုးမျှော် နှိုးဆော်လိုက်အုံးမယ်လို့ ကင်မရာစုတ်ကလေးဆွဲပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ တရားဟောစင်မြင့်ကြီး ပြင်ဆင်နေဆဲပါ ။ပြည်သူ့ရင်ပြင် နေရာကျယ်ကြီးဆိုတော့ ပရိသတ်ပေါင်းများစွာ နာယူနိုင်ပါတဲ့ နေရာကောင်းပါပဲ ။နေရာရွေး စိတ်ကူးရတဲ့သူ၊တရားပွဲမတည်တဲ့သူ ၊ဝေယျာဝစ္စကူသူတွေကို သာဓုခေါ်မိပါတယ်။ ရွေတိဂံဘုရားကြီးကို မျက်နှာမူပြီး တရားနာရမှာ ကြည်နူးစရာပါ။ ပုံမှာပါတဲ့အတိုင်း ဖေဖော်ဝါရီ ၁ရ ရက်ကစလို့ ၅ည တိုင်တိုင် ည ရနာရီခွဲ စပါမယ်တဲ့။ တရားဟောဆရာတော်တွေကလည်း အသိရော အကျင့်ပါ လေးစားလောက်တဲ့ ဆရာတော်ကြီးတွေပါ။ ၁ရ ရက်နေ့- ယောဆရာတော်ကြီးဟာ တိပိဋကဆရာတော်ကြီး ဖြစ်ပေမယ့် ပါဠိတွေ မရွတ်ပဲ အများနားလည်စေဖို့ မြန်မာလို ရှင်းရှင်းလေးတွေကို ကဗျာလေးတွေနဲ့ နားဝင်အောင် ဟောလေ့ရှိပါတယ်။ ၁၈ရက်နေ့- […]


padonmarFebruary 14, 20121min110945
ချိုချင်ရင် အနီရွေးပါလို့၊ အဆိမ့်လေး အဖြူပါ ပဲပြုတ်လည်းလာ၊ နံနံသာ ထည့်ပါတော့မနှေး၊ နှမ်းထောင်းပါ မကျန်ရတယ်ကွယ်၊ ပျားသလက်တဲ့လေး။ မြန်မာ့စားစရာတွေပုံ ပြက္ခဒိန်ထုတ်ချင်တယ်လို့ သူကြီးစာဖတ်ရတော့ မြန်မာ့ရိုးရာစစ်စစ် မုန့်ပျားသလက်(မုန့်ပျစ်စလက်လို့လည်း ခေါ်တတ်ကြတယ်လေ)ကို သတိရမိပါတယ်။ ဒါနဲ့ စမ်းချောင်းမဟာဘောဂလမ်းက ရွှေရည် လက်ဖက်ရည်ဆိုင်မှာ ရောင်းတဲ့ မုန့်ပျားသလက်သည်လေးကို သွားရိုက်လာပါတယ်။ ပုံကတော့ မကောင်းပါဘူး။ ကလေးမလေးကိုလည်း လုလင်လို သရုပ်မဆောင်ခိုင်းတတ်တော့ ပုံက လှလှပပ မထွက်လာဘူး၊ idea လေးပေးချင်တာပါ။ဒါ့ပုံဆရာတွေ ရိုက်ပေးကြပေါ့။ မရေးတတ်ပဲရေးထားတဲ့ ကဗျာကိုကဗျာဆရာတွေကတော့ ရီမှာပဲ။ ကဲ ဘာပဲဖြစ်ဖြစ် မုန့်လုပ်နည်းလေး ရေးဖူးတယ်ရှိအောင် အိမ်တွင်းမှုစာအုပ်ကကူးပေးမယ်။ (ဂီဂီကပြောတယ်လေ ဦးမာတို့ဦးကြာတို့က မုန့်လုပ်နည်း၊ဇာထိုးနည်းတွေ မရေးလို့ သများတို့ ခြောက်ရပါတယ်တဲ့) တရားခံမဖြစ်အောင် လိုင်းပြောင်းမယ်ရွာစားရေ။ လူ၂ဝဦးစာမုန့်ပျားသလက်လုပ်နည်း ဆန်ကြမ်း နို့ဆီဘူး ၄လုံး […]