padonmarJune 9, 20131min71361
မဲရုံ မဲရုံကိုလာ့၊ငွေဖလားကြီးနဲ့၊ပျော်ပျော်ရွှင်ရွှင်ခင်ခင်မင်မင် ချစ်လှစွာသော ဂဇက်ချစ်သူ မန်ဘာများနဲ့ မန်မဘာများ ရှင့် ဂဇက်ချစ်သူများ စာပေဆုလေး ရွေးချယ်ပြီးပေးလာတာ ၉ ဆုရွေးခဲ့ပြီးပါပြီ။ ဧပြီလကတော့ ခရီးယာယီတွေ များကြလို့ ပို့စ်တွေနည်းမှာကတစ်ကြောင်း ဖတ်ရတဲ့ ဖတ်ရွေးတွေ မအားလပ်တာကတစ်ကြောင်းကြောင့် မေလနဲ့ ပေါင်းပြီးမှ ရွေးမယ်လို့ ပြောထားပါတယ်။ ဧပြီလ ဆုရတဲ့ မောင်ဂီရဲ့ Change ခေါင်းစဉ်နဲ့ အပြိုင် ဖတ်ရွေးတွေရဲ့ ပခုံးပေါ်က ဝန်ထုပ်ကြီးလည်း သက်သာအောင် ဆုရွေးမယ့် ပုံစံပြောင်းမယ်လို့ လည်း ပြောထားပါတယ်။ အခု ဧပြီ+မေက စလို့ မန်ဘာများက ဗုတ်ပေးရမယ့် စနစ်ကို စမ်းသပ်ပါမယ်။ ဒီလမှာ ဖတ်ရွေးတွေက အမှတ်မပေးတော့ပဲ ဖတ်ပြီးသမျှထဲမှာ ကိုယ်ကြိုက်တဲ့ ပို့စ်လေးတွေ ရွေးပြီး အတွင်းရေးမှူးကြီးဆီပို့ထားပါတယ်။ ဒါကို မကြာခင် ပို့စ်အဖြစ်တင်ပါမယ်။ […]


padonmarJune 9, 20131min124259
ဆေးတက္ကသိုလ် တက်စဉ်တုံးက ခင်မင်သိကျွမ်းခဲ့ရတဲ့ သူငယ်ချင်းတွေထဲမှာ မြန်မာပြည်တောင်ပိုင်း ကမ်းရိုး တန်းမြို့လေး တစ်မြို့က မြို့သူလေး ၂ ယောက်ကို သီးခြားစီခင်မင်ခွင့် ရခဲ့ပါတယ်။ ချိုချိုနဲ့ ရည်မွန် လို့ နာမည် အတုလေးပေးပြီးခေါ်ခွင့်ပြုပါ။ တစ်မြို့တည်းသူတွေဖြစ်ပေမယ့် သူတို့နှစ်ယောက်ရဲ့ဘဝအခြေခံတွေ မတူခဲ့ပါဘူး။ ချိုချို ချိုချိုရဲ့ မိဘတွေက ကုန်သည်တွေပါ။ ချိုချိုတို့ ငယ်စဉ်မှာ သူ့မိဘတွေဟာ ကုန်စုံဆိုင်လေးတစ်ခုနဲ့ အရောင်းအဝယ်လုပ်ပြီး သားသမီး ၅ ယောက်ကိုရှာဖွေကျွေးရပါတယ်။ သိပ်ချို့တဲ့လှတဲ့ အခြေအနေမဟုတ်ပေမယ့် သုံးနိုင်ဖြုန်းနိုင်တော့ မဟုတ်ပါဘူး။ သူ့မိဘတွေကလည်း သာမန်ရေးနိုင်ဖတ်နိုင်ရုံ သူတို့ခေတ်ရဲ့ မူလတန်း အလယ်တန်းလောက်ဘဲ ဆိုပါတော့။ ဒါပေမယ့် သားသမီးတွေအပေါ်မှာ စည်းကမ်းကြီးကြီးထားပါတယ်။ သားသမီးပညာရေးကိုလည်း သူတို့နားမလည်ပေမယ့် တတ်နိုင်သလောက် ဖြည့်ဆည်းပေးပါတယ်။ ကျူရှင်ယူဖို့လိုရင် ကျူရှင်ခရအောင် ရှာကြံ ပေးပါတယ်။ စာကိုတစ်ဖက်က […]


padonmarMay 28, 20131min29621
မနေ့က ကျောင်းနေဖက် သူငယ်ချင်းတွေဆီက e-mail လေး ဝင်လာပါတယ်။ သူငယ်ချင်း သန်းထွန်းအောင်ရဲ့ သားငယ်လေး ဝင်း ရေကူးမှာ ဆုရလို့တဲ့။ ထုံးစံအတိုင်း Conratulations မြန်မြန်ပို့ပြီးမှ စာကို သေချာဖတ်ကြည့်တော့ သူကလေးက လွန်ခဲ့တဲ့ ၁၈ နှစ်က အမေရိကားရဲ့ National Swimming Record ဒီ အသက်အုပ်စု မှာ မီတာ ၁၀ဝ အလွတ်ကူးစံချိန်ကို ချိုးလိုက်နိုင်တာကိုး။ ဒို့ မြန်မာ့နွယ်ဖွား ၁ဝနှစ်သားကလေးက အမေရိကားရဲ့ စံချိန်ချိုးနိုင်တယ်ဆိုတော့ အားလုံး ဂုဏ်ယူနိုင်ကြဖို့ မျှဝေပေးချင်တာနဲ့ တတ်သလောက် မှတ်သလောက် ဘာသာပြန်ပေးလိုက်ပါတယ်။ မှားတာတွေ့ရင်လည်း ထောက်ပြကြအုံးနော်။ အခု လတ်တလော စံချိန်ချိုးလိုက်တဲ့ သူ့စံချိန်က မီတာ ၁၀ဝ အလွတ်တန်း (၁ဝနှစ်တန်းမှာ) 1:01:21. ပါ။ […]


padonmarMay 27, 20134min30430
မနှစ်က ဧပြီ ၁ရက်နေ့မှာ ကျမရဲ့ ဇာတိမြို့လေးက ကလေးတွေနဲ့ အကျီင်္လေးတွေ ပေးရင်း စိတ်ဓာတ်မြှင့်တင်ရေး စာမေးစာဖြေလေးတွေ လုပ်ခဲ့ကြတဲ့အကြောင်း ပဒုမ္မာရဲ့ ချစ်စရာ့အရွယ် Cover Story post လေးကို မှတ်မိကြပါသေးလား။ ပဒုမ္မာရဲ့ချစ်စရာ့အရွယ် Cover Story နောင်နှစ်ထပ်သွားရင်တော့ ကလေးတွေ အခြေအနေ ဘယ်လိုနေပါ့မလဲလို့ ကျမ ရေးခဲ့ပါတယ်။ ဒီနှစ်တော့ မတ်လ 26 ရက်နေ့က မြို့လေးကို ပြန်ရင်း ကလေးတွေနဲ့ ထပ်တွေ့ခဲ့ရပါတယ်။ တပေါင်းပွဲတွေရှိတော့ တစ်ချို့ကလေးတွေလည်း ဘုရားပွဲတွေကို အလည်သွားနေတာဖြစ်လို့ ဒီတစ်ခါ လူနည်းပါတယ်။မနှစ်က ပါတဲ့ကလေးတွေရော၊မနှစ်က မပါတဲ့ကလေးတွေရော ရောက်လာကြပါတယ်။ မနှစ်က ထုံးစံအတိုင်း ကျမတို့လာပြီကြားတာနဲ့ ရောက်လာကြတဲ့ ကလေးတွေကို အတန်းစဉ်လိုက် တန်းစီခိုင်းလိုက်ပါတယ်။ အတန်းကြီးဆုံးက ၆တန်း၊ရတန်းနဲ့ ၈တန်းကျောင်းသားတွေပါ။ သူတို့ကတော့ […]


padonmarMay 24, 20131min31240
စိုစိစိ၊ ညောင်နာနာ၊ အေးတိအေးစက်၊ ရီးတီးယားတား၊ ပျင်းရိပျင်းတွဲ၊ လေးတိလေးကန်၊ ပေါ့တီးပေါ့ဆ၊ မတုန်မလှုပ် ပျောတိပျောညံ့၊ သိမ်ဖျင်းအားနည်းတဲ့ သူတွေလို့ ကျေးဇူးတော်ရှင် ပဏ္ဍိတာရာမ ဆရာတော်ကြီးက သင်္ကြန်အတက်နေ့ တရားပွဲမှာ မြန်မာပြည်ကဗုဒ္ဓဘာသာဝင်တွေအကြောင်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့အနေနဲ့ ဆုံးမဟောပြသွားပါတယ်။ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ အလုပ်တွေကိုလုပ်ရမယ် ဆိုတာဗုဒ္ဓဘာသာဝင်တိုင်း သိကြပေမယ့် ဘယ်လိုဒါန၊ သီလ၊ ဘာဝနာမျိုးတွေလုပ်နေကြပါသလဲ။ ဒါနဆိုတာ ခံယူရတဲ့သူတစ်ဖက်သားချမ်းသာအောင် ကိုယ့်ပစ္စည်းကိုပေးတာကိုခေါ်ပါတယ်။ ကိုယ်ပိုင်ပစ္စည်းကိုပေးတာ ဟာ လောဘကင်းမှပေးလို့ရပါတယ်။ အလှူခံပုဂ္ဂိုလ် ချမ်းသာပါစေလို့ မေတ္တာထားပေးရပါတယ်။ ဒီလိုမေတ္တာထားမှ ကြင်နာသနားခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း၊ အနစ်နာခံခြင်း၊ သည်းခံခြင်း၊ စွန့်လွှတ်ခြင်းဆိုတာတွေနောက်က ကပ်ပါလာပါတယ်။ ဒါကြောင့်ပေးလှူသူဟာ ဒေါသကင်းလာပါတယ်။ ရက်စက်မှုကင်းပြီး ကြင်နာမှု ယှဉ်လာပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတာရမယ်ဆိုတဲ့ အခြေခံပေါ်မှာ ကိုယ့်အကျိုးမမျှော်မှန်းတဲ့ အသိဉာဏ်ယှဉ်တဲ့ အလှူမျိုးမှ […]


padonmarMay 24, 20131min43541
ကျမကလေ အချိုအဆိမ့်သိပ်ကြိုက်ပါတယ်။ ဒီအသက်အရွယ်ရောက်တာတောင်မှ ကုံးအိုက်စကရင်မ်(ဝေဖါခွက်လေးနဲ့ရေခဲမုန့်)ကို ကြုံရင် စားတုံး။ ဒီပါဝလီမှာ ဟိန္ဒူတွေ လက်ဆောင်ပေးတဲ့ မလိုင် ဆိုသိပ်ကြိုက်။ ရွှေပုဇွန်မှာ ဆို ကူလ်ဖီးပဲ စားတယ်။(ကြုံရင် ဝယ်ကျွေးနိုင်ပါတယ်) အုန်းထန်းလျက်၊ မြေပဲယို၊နှမ်းပျစ်၊ ဇီးထုပ် ၊ဇီးတော်ဖီ တွေလည်း မပြတ်စားတုံး။ (ဒါကြောင့်လည်း ရွာထဲမှာ ကလေးတွေနဲ့ပေါင်းပြီး ကလေးဗိုလ်ကြီး လုပ်နေမိတာ ဖြစ်မှာပဲ) အချိုစားလွန်းလို့ ကျမအကိုက နင်ဒီအရွယ်ထိ အချိုကြိုက်နေရင် ဆီးချိုဖြစ်လိမ့်မယ် လို့ ဆူခံရသေး။ (ဒီအဖွားကြီးကို ဆူမယ့်သူရှိသေးတယ်ဆိုတာ မယုံမရှိပါနဲ့၊အိမ်မှာဆို ကလေးပါ) ဒီလောက် အချိုတွေစားပေမယ့် ဝိတ်မတက် သွယ်လျနေတာကိုတော့ မနာလိုမရှိကြပါနဲ့။ ကိုယ်ကုသိုလ်နဲ့ကိုယ်ဖြစ်တာပါနော။ အဲဒီတော့ ဘယ်လိုအကြောင်းပြပြီး ချိုချိုဆိမ့်ဆိမ့်တွေ စားရပါ့မလဲလို့ အမြဲ ကြံစည်နေပါတယ်။ ကဆုန်လပြည့်နားနီးတော့ ဗုဒ္ဓဝင်မှာ မြတ်စွာဘုရားအလောင်း သိဒ္ဓတ္ထတောထွက်ရဟန်းကို […]


padonmarMay 20, 20131min46449
`အဟံပထမံ´တဲ့။ ဒီစကားလုံးလေး ဖတ်ဖူးမှတ်ဖူးတာကတော့ ဆရာကြီးငွေဥဒေါင်းရဲ့ ဗုဒ္ဓစာပန်းချီစတုတ္ထတွဲ ထဲမှာပါ။ နောက်ခံ ဇာတ်ကြောင်းလေး နည်းနည်းရှင်းပြပါရစေ။ မြတ်စွာဘုရားလက်ထက်က ဝေသာလီပြည် မှာ လိစ္ဆဝီမင်း တွေက တိုင်းပြည်ကို ဂဏစံနစ် နဲ့ အုပ်ချုပ်ပါတယ်။ ဂဏစနစ်ဆိုတာ အခုခေတ် ဒီမိုကရေစီလို့ ခေါ်နေတဲ့ စနစ်ရဲ့ အစပါပဲ။ သက်ဦးဆံပိုင်ဘုရင် တစ်ပါးတည်းက တိုင်းပြည်ကို မင်းလုပ်အုပ်ချုပ်တာမဟုတ်ပဲ ဂဏလို့ ခေါ်တဲ့ အဖွဲ့အစည်းကအုပ်ချုပ်တာပါ။ အလှည့်ကျသူက အကြီးအကဲ ဂဏသဘာပတိလုပ်ရပါတယ်။ တိုင်းပြည်ရဲ့ အရေးကိစ္စပေါ်လာတိုင်း ဂဏသဘာ (ဦးဆောင်အဖွဲ့အစည်းအဝေး) လုပ်ပြီး ဆုံးဖြတ်ပါတယ်တဲ့။ အစည်းအဝေးလို့ ခေါ်တိုင်းလည်း လူစုံတက်စုံ အချိန်မီ အချိန်မှန် ရောက်ရပါတယ်။ (ဒီအချက်ကလည်း အဖွဲ့အစည်းတွေ ကြီးပွားတိုးတက်ကြောင်းမှာ ပါပါတယ်။ အစည်းအဝေးကို လူစုံမရောက်တာ၊အချိန်မီ အချိန်မှန်မရောက်တာ အဖွဲ့အစည်း ဆုတ်ယုတ်ကြောင်းမှာ […]


padonmarMarch 26, 20131min35717
VIP အခွင့်ထူးခံသင့် မသင့် တစ်ခေတ် တစ်ချိန်က VIP ဆိုတဲ့ စကားကို တော်တော်လေးကြားခဲ့ရပါတယ်။ ကားလက်မှတ်သွားဝယ်ရင် VIP တွက်အကောင်းဆုံးနေရာချန်ထားရတယ်၊သူတို့ မလိုက်ဖြစ်ရင်တော့ ရမယ်ဆိုတာမျိုး ကြားရတတ်ပါတယ်။ သင်္ဘောစီးရင် အကောင်းဆုံးအခန်းကို VIP တွက်ချန်ပေးထားတယ်။ VIP မလိုက်ဖြစ်တော့မှ ရိုးရိုးလူတွေ နေရာရပါမယ်။ ရထားစီးရင် လည်း ဒီလိုပါပဲ။ လေယာဉ်ပျံတော့ ခဏခဏမစီးရလို့ မသိပါ။ ဆေးရုံတွေမှာလည်း ဆရာဝန်ဆရာမနဲ့ အနီးဆုံး၊ စောင့်ရှောက်မှု အရနိုင်ဆုံး ၊ သန့်ရှင်းမှု အရှိဆုံး ၊ အကျယ်ဝန်းဆုံးခန်းဟာ VIPတွက်အခန်းပါ။ ဆေးခန်းမှာ အထူးကုပြဖို့ တန်းစီစောင့်နေချိန်မှာလည်း VIP ဆိုသူတွေက တန်းစီ စောင့်နေတဲ့ လူနာတန်းကြီးကို ကျော်ဖြတ်ပြီး အခန်းထဲဝင်ဝင်သွားတာတွေ တွေ့ကြဖူးမှာပါ။ စတိတ်ရှိုးတွေ ၊ ဇာတ်ပွဲတွေမှာလည်း VIP […]


padonmarMarch 22, 20132min31428
နေ့ရက်- ခရစ်နှစ် ၂၀၁၃ မတ်လ ၂ဝရက် အချိန် -နေ့ ၁ဝ နာရီ ၃ဝ မိနစ် နေရာ -သမိုင်းဘူတာရုံလမ်း၊ဘုရင့်နောင်မီးပွိုင့်အနီး သမိုင်းခုံးကျော်တံတားမှ အဆင်း ၊ ရှေ့မှာ မီးပွိင့်အလွှတ်ကို စောင့်နေတဲ့ ကားတန်းကြီးက တစ်မျှော်တစ်ခေါ်၊ (ခုတလော လမ်းမကြီး တစ်ဖက်တစ်ချက်ကို စီမံကိန်းအရ လမ်းပြင်နေတဲ့ အတွက် ယာဉ်ကြောကျဉ်းမြောင်းပြီး မီးပွိုင့်တန်းစီချိန် ပိုကြာနေပါတယ်၊ ဒါပေမယ့် ရေရှည် ကောင်းဖို့ လုပ်နေတာဆိုတော့ သည်းခံစောင့်ဆိုင်းကြရပါတယ်) အဲဒီအချိန် လူလည်လုပ်နေကျ ဘတ်စကား တစ်စီးက ဝူးကနဲ ဆန့်ကျင်ဖက်လမ်းကနေ ကျော်တက်မောင်းသွား၊ ခဏနေတော့ နောက်ကနေ ဆိုင်ကယ်နဲ့ ယာဉ်ထိန်း နှစ်ယောက် နောက်က လိုက်လာ၊ ကျော်တက်တဲ့ ဘတ်စကားကို Moderntech ဆိုင်ဘေး လမ်းကြားထဲ မောင်းခိုင်းလိုင်စင်သိမ်း၊ […]


padonmarMarch 18, 20131min57038
ကျမနေ့စဉ် အလုပ်သွားလုပ်နေရတဲ့ လူအများစုဝေးရာ နေရာလေးတစ်ခုမှာ အလှူရှင်တစ်ဦးက Water Cooler လှူထားတာရှိပါတယ်။ ရေသန့်အေးအေးလေးလှူသူက လှူထားပေမယ့် ဘုံရေခွက်နဲ့ သောက်ရမယ်ဆိုတော့ မှန်တာပြောရရင် ရွံကြပါတယ်။ ဟုတ်တယ်လေ။ ရောဂါပိုးတွေ ခွက် နှုတ်ခမ်းတွေကတစ်ဆင့် တစ်ယောက်ကို တစ်ယောက် ကူးနိုင်တာ ဆိုတော့ ဘုံရေခွက်နဲ့တော့ မသောက်သင့်တာအမှန်ပါပဲ။ အဲတော့ တော်ရုံရေဆာရုံနဲ့တော့ မသောက်ဖြစ်တော့ပြန်ဘူး။ ရေငတ်ခံနေရတာပေါ့။ ဒါမှမဟုတ် ကိုယ့်ကိုယ်ပိုင် ရေခွက်၊ရေဘူးလေးတွေ ယူလာဖို့ ကရိကထကျတော့လည်း မခံချင်ကြပြန်ဘူး။ ဒါနဲ့ တစ်ခါသုံးရေခွက်ကလေးတွေ ဝယ်လှူကြရအောင်လို့ သူငယ်ချင်းတွေ တိုင်ပင်ကြပါတယ်။ ဒီအကြံကို မိုးနတ်မင်းကြီး ကြားသွားသလားမသိဘူး။ လူကြီးတွေက အဲဒီ ရေအေးစက်ကလေးက ရေကို အများ သောက်ကြဖို့ တစ်ခါသုံး ပလပ်စတစ်ခွက်ကလေးတွေကို အများပိုင်ငွေထဲက ဝယ်ပြီး ပိုပိုလျှံလျှံကို ထားပေးလိုက်ကြပါတယ်။ အဲဒီတော့မှ […]


padonmarMarch 17, 20132min23816
အမှိုက်ကိစ္စ ခရေဇီဖြစ်တဲ့ ကျမကို M-လုလင် က အမှိုက်နဲ့လူနေမှုဘဝ ဓာတ်ပုံပြပွဲအကြောင်း ဒီလိုသတင်းပေးလာပါတယ်။ Mလုလင် says: (Edit) “အမှိုက်များနှင့် လူနေမှုဘဝ ဓါတ်ပုံပြပွဲအတွက် ပုံများပေးပို့နိုင်ပါသည်” Myanmar Youths In Action မှ ကျင်းပပြုလုပ်မည့် “ အမှိုက်များနှင့် လူနေမှုဘဝ “ အမည်ရှိ ဓာတ်ပုံ ပြပွဲကို မတ်လ (၁၇) ရက်နေ့ ၊ နေ့လည် (၂းဝ၀) မှ (၅းဝ၀) အထိ ပြည်သူ့ရင်ပြင်(Natural World) ရှိ မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ လူသားများ၏ နေ့စဉ်ဘဝတွင် အမှိုက်ဆိုသော အရာများသည် တဖြည်းဖြည်းဖြင့် အန္တရာယ်ရှိသော အရာများ အဖြစ် ဖြစ်ထွန်း လာနေပါသည်။ လူသားများသည် နေ့စဉ်နဲ့ […]


padonmarMarch 9, 20131min37217
ဒီရက်ထဲ ရန်ကုန်နဲ့ အနီးတစ်ဝိုက်မှာ မိုးနည်းနည်းရွာသွားတယ်။ ရာသီဥတုက တအားပူနေရာကနေ နည်းနည်း အေးသွားတာပေါ့။ ဒီကနေ့ အိပ်ရာက နိုးတော့ အိမ်ရှေ့ကပိတောက်ပင်ကြီးပွင့်နေတယ်။ ပိတောက်ပန်းကို ကြိုက်လှချည်ရဲ့ မဟုတ်ပေမယ့် ပိတောက်ပွင့်တာမြင်ရင် မိတ်ဆွေဟောင်းနဲ့ ပြန်တွေ့ရသလို ဝမ်းသာမိပါတယ်။ ရန်ကုန်မြို့ထဲလည်း ပန်းပိတောက်တွေ ကားတွေပေါ်မှာ၊မိန်းမလှဆံကေသာတွေပေါ်မှာ တွေ့နေရပါတယ်။ ဒီလို ထူးထူးခြားခြား အခါထက်စောပြီးပွင့်လိုက်တဲ့ ပိတောက်တွေဟာ ဒီနေ့ မတ်လ ၉ ရက်မှာ စတင်ကျင်းပတဲ့ NLD ရဲ့ ညီလာခံကြီးကို ကြိုဆိုတဲ့ ပိတောက်လို့ ပြောနိုင်ပါတယ်။ ညီလာခံကြီးကနေ မြန်မာပြည်ကြီးရဲ့ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်သော အနာဂတ်ပန်းချီကား ရေးဆွဲနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ မနှစ်ကလည်း ဒီ ပိတောက်ပင်ကြီး အခါမဟုတ်ပွင့်လို့ ဓာတ်ပုံရိုက်ပြီး လက်ဆောင်ပေးခဲ့ပါသေးတယ်။ https://myanmargazette.net/83168/creative-writing ရွာသူရွာသားတို့အတွက် ပိတောက်လက်ဆောင်ပေးပါရစေ– padonmar Posted […]


padonmarMarch 6, 20131min45038
ဦးဦးပါလေရာ အစစ်ရေ ဦးပါက ပို့စ်တစ်ခုမှာ အစိုးရကို လမ်းဘေးဈေးသည်ပဲ နိုင်အောင် ရှင်းပါအုံး လို့ ရေးထားတာလေး မှတ်မိလိုက်ပါတယ်။ ဘယ်ပို့စ်လဲတော့ မသိတော့ဘူး။ တနင်္ဂနွေနေ့ညနေက ဘိလပ်ပြန် အဘဆွေနဲ့ ရွာသူားတွေ တွေ့ကြပြီးတော့ ဦးပါက ကျမကို မြို့ထဲ လမ်းကြုံပို့ပေးတယ်မလား။ ။ အဲဒီနေ့က လမ်းမတော်မီးပွိုင့်လွန်ကတည်းက မဟာဗန္ဓုလလမ်းမကြီးရဲ့ ဘယ်ညာမှာ ခင်းထားတဲ့ လမ်းဘေးဈေးဆိုင်တွေ နဲ့ လမ်းလယ်မှာ လူတင်ချတဲ့ ဘတ်စကားတွေကြားက ဘုရားတပြီး စလိုးမိုးရှင်းနဲ့ မောင်းခဲ့ရတယ်လေ။ ကျမတို့ လမ်းထိပ်ရောက်တော့ မဟာဗန္ဓုလလမ်းမကြီးရဲ့ ကတ္တရာလမ်းပေါ် မီးဖိုတွေ၊စားပွဲ ကုလားထိုင်တွေချပြီး ယာယီအမိုးတဲတွေထိုးပြီး ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေ နဲ့ လမ်းထိပ်မှာ ကန့်လန့်ရပ်ထားတဲ့ စည်းကမ်းမဲ့ကားတွေကြားက အသက်အောင့်ပြီး ကွေ့ဝင်ခဲ့ရတယ်။ နောက်တနေ့ 4.3.2013 တနင်္လာနေ့ညနေ မြို့ထဲရောက်တော့ […]