padonmarMarch 3, 20131min44140
သတင်းဆန်းတော့မဟုတ်ပါဘူး။ မတ်လ ၁ရက်နေ့က ဟံသာဝတီလမ်းကဖြတ်ရင်း ဟံသာဝတီကားပွဲစားတန်းကို သီရိမင်္ဂလာဈေး မရွှေ့ချင်လို့ ဒုတိယနေ့ ဆန္ဒပြနေကြတာ လက်ဆော့လာတာလေးပါ။ အမျိုးထဲလည်း ကားပွဲစားမရှိ၊ရွှေ့လို့ပြောင်းလို့လွယ်တဲ့ သူတို့က ဘာလို့ မပြောင်းချင်မှန်းလည်းမသိ။ အဲဒီနေရာမှာ အလုပ်လုပ်မယ့်ကမ်ပနီကိုလည်း မသိ၊ဘာတွေလုပ်မယ်မှန်းလည်းမသိ။ အဲဒီလို မြို့လည်နေရာ အများပြည်သူပိုင် သင်တန်းကျောင်း၊တက္ကသိုလ်၊ဆေးရုံ ဆောက်လို့ရမရလည်းမသိ။ ဆောက်ပေးချင်တဲ့ ကမ်ပနီတွေ ရှိမရှိလည်းမသိ။ ကိုယ်သိတာ ဘာမှမရှိပါဘူး။ (ကိုဆာမိပြောသလို ဘာဘာ ဘာမှမသိပါဘူး) ဒါပေမယ့် အဘဖေါရဲ့ စိုင်းနော်ခမ်းမှာ မန့်ထားတာတွေ ဖတ်ပြီး လက်ပံတောင်းက သေသူတွေပြန်ရှင်ပြီး အမှာစကားပြောတဲ့ သရုပ်ပြပွဲတို့၊မီးလောင်ဗုံးရေမြှပ်ပစ်တဲ့ သရုပ်ပြပွဲတို့၊ လှိုင်သာယာက ဝါးကပ်တွေလာချပေးတယ်တို့၊ ဈေးတွေကလည်း ပိတ်ရက်မရှိဘူးဆိုလို့ ဆန္ဒပြတယ်တဲ့။ ဖွင့်ရက်ကို ပိတ်ရင်လည်း စည်းကမ်းချက်တွေလာမှာမို့လို့တဲ့။ (စည်းကမ်းက ဘာလာမယ်မှန်းမသိသေးဘူး၊ဘာလာလာ ကြိုပြီး မကြိုက်ဘူးအော်ကြတာပဲနော်၊ အမှန်တော့ ပိတ်တဲ့သူများလူညီရင် […]


padonmarFebruary 25, 20132min26520
ကဲ….ဒီအမှိုက်တွေကို ဘယ်လိုရှင်းကြမလဲ၊နောင်ဒီလို မမြင်ရအောင် ဘယ်လို ကြံဆောင်ကြမလဲ။ ဝိုင်းဝန်းအဖြေရှာလိုက်တော့ ခိုင်ဇာ says: (Edit) ဒီမှာတော့ လူများတဲ့ နေရာ၊ ၂၄ နာရီ ဝန်ဆောင်မှုရှိတဲ့ နေရာတိုင်းမှာ အမှိုက်ပုံးတွေကို Plastic, Paper , Can ဆိုပြီး ဆိုင်ရာ အမှိုက်ထည့်လို့ရအောင် လုပ်ပေးထားတယ်။ -ပီကေ လို ကွမ်းလို ဟာမျိုးလည်း တရားဝင်စားလို့မရဘူးလေ။ -အမှိုက်တကယ်ပစ်ရင် တကယ်ဒဏ်ရိုက်တယ်။ -ကားပေါ်၊ရထားပေါ် အစား စားလို့ ရဘူး။ -ကျောင်းက ပရော့ဂျက် အသေးလေးတွေကလည်း ရီဆိုင်ကယ်လုပ်နိုင်တဲ့ ပစ္စည်းတွေပစ်ချင်ရင် သူတို့ပေးတဲ့ အိတ်ထဲမှာ ထည့်ခိုင်းပြီး တာဝန်ကျတဲ့ ကျောင်းသားလေးတွေက လာယူတယ်။ စာအုပ်၊ သတင်းစာ၊ အဝတ်ဟောင်းစသည်ဖြင့်ပေါ့။ -ခုဆို ဆေးလိပ်သောက်လို့ရတဲ့နေရာ ရှား ရှားလာပြီ။ တားမြစ်နယ်မြေတွေ […]


padonmarFebruary 22, 20132min20814
ကျမတို့တတွေ နေ့စဉ်နဲ့အမျှ တွေ့နေရတဲ့ ကိုယ်ပိုင်ဆိုင်တဲ့ ပြည်သူပိုင်လမ်းတွေ၊ပြည်သူပိုင် အပန်းဖြေရာ အလုပ်လုပ်ရာဌာနတွေမှာ ပစ်မိနေတဲ့ အမှိုက်မျိုးစုံပါ။ (၁) စားကြွင်းစားကျန်အမှိုက်များ -ထမင်းကျန်ဟင်းကျန်တွေကို ခွေးကြွေးသလိုလို ၊ စာကလေးတွေ ၊ ခိုတွေကြွေးသလိုလို နဲ့ လမ်းဘေးမှာ အလွယ်တကူ ကြွက်စာချခြင်း။ -အိုဘားမားအကြောင်း ၊ မာလာလာအကြောင်း ၊ -ရွှေစင်အကြောင်း ၊ သဇင်အကြောင်း ၊ -လိုင်ဇာအကြောင်း ၊ မောင်တောအကြောင်း ၊ -မန်ယူအကြောင်း၊ဇေယျာရွှေမြေအကြောင်း၊ -ပညတ်အကြောင်း ၊ ပရမတ်အကြောင်း အခြေအတင် ဆွေးနွေးရာက ထွက်လာတဲ့ ဘေးထွက်ပစ္စည်းတွေဖြစ်တဲ့ နေကြာစေ့အခွံ ၊ မြေပဲခွံ ၊ ဖရုံစေ့ခွံတွေ -ဆေးလိပ်တို တစ်ညိုလောက် ရော့သောက်တော့ပေး တွေ -ကျန်းမာရေးအတွက် တစ်နေ့တစ်လုံး မှန်မှန်စားရင် ဆရာဝန်တွေကို ဘေးဖယ်ထားနိုင်မယ်ဆိုတဲ့ […]


padonmarFebruary 22, 20131min28119
လမ်း၌ယဉ်ကျေးမှု (၁) က ယာဉ်မောင်းတွေနဲ့သက်ဆိုင်ပြီး လမ်း၌ယဉ်ကျေးမှု (၂) က အဖွဲ့အစည်းတွေအတွက် ရည်ရွယ်ပြောခဲ့ပါတယ်။ အခု လမ်း၌ယဉ်ကျေးမှု (၃) မှာတော့ တစ်ဦးချင်းအတွက်ပြောချင်ပါတယ်။ ဒီအကြောင်းမပြောခင် ပုံပြင်လေးတစ်ပုဒ် ပြောပြချင်ပါတယ်။ ဟိုရှေးရှေးတုန်းကအလွန်ချမ်းသာတဲ့ သူဋ္ဌေးကြီးတစ်ယောက်ရှိပါတယ်။( ခုခေတ်ဆို အပေါ်ဖားအောက်ဖိ ခရိုနီကြီးခေါ်ခံရမှာပေါ့။) အဲဒီ သူဋ္ဌေးကြီးမှာ အလွန်ကျယ်ဝန်းသာယာလှပတဲ့ ခြံကြီးတစ်ခြံပိုင်ပါတယ်တဲ့။ (သူက တစ်ခြံထဲပိုင်တယ်ဆိုတော့ ခုခေတ် သူဋ္ဌေးကြီးတွေလောက် မချမ်းသာရှာဘူးပေါ့။) တစ်နေ့တော့ သူခြံထဲမှာ ဧည့်ခံပွဲကြီးကျင်းပဖို့ ခြံကိုပြင်ဆင်ပါတယ်။ အဲဒီလို ပြင်ဆင်နေတာကို လှည့်ပတ် ကြည့်ရှု့ကြီးကြပ် လိုအပ်သည်များကိုမှာစားရင်း ခြံစပ်တစ်နေရာမှာ ခြံအလှကိုဖျက်တဲ့ ကျောက်ခဲပုံကြီး ပုံထားတာတွေ့ပါတယ်။ ဒီတော့ သူကခြံစည်းရိုးကို ကျော်ပြီးလွယ်လွယ်ကူကူ ခြံအပြင်ဘက်လမ်းပေါ် မြန်မြန်လွှင့်ပစ်လိုက်ကြကွာလို့ ခိုင်းပါတယ်။ သူ့အလုပ်သမားတွေကလည်း သူဋ္ဌေးကြီးရဲ့ Blessing ရတော့ ခပ်လွယ်လွယ်ပဲ […]


padonmarFebruary 18, 20131min24240
မေတ္တာစက်ဝန်းလေးဖြန့်ကြရအောင် နိုင်ငံကျော် ရုပ်ရှင်မင်းသား အဆိုတော် ဒါရိုက်တာ စာရေးဆရာ လို့သုံးနှုန်းရင် ခုခေတ်လူငယ်တွေက စိုင်းစို်င်းခမ်းလှိုင်ပဲ မြင်ကြမှာပါ။ အခြားဒီလို စွယ်စုံရတွေလည်း ကျွန်မ မသိတဲ့ အနုပညာရှင်တွေ ရှိကြအုံးမှာပါ။ ကျွန်မတို့ ငယ်စဉ်ကတော့ ဒီလိုသုံးနှုန်းရင် ကွယ်လွန်သူ ကိုဝင်းဦးကြီးကိုဘဲ မျက်စိထဲ ပြေးမြင်ကြပါတယ်။ သူ့ရဲ့စွယ်စုံ အရည်အချင်းတွေထဲမှာ ကျွန်မအကြိုက်ဆုံးကတော့ သူရေးတဲ့ ဝတ္ထုတွေပါဘဲ။ အခုပြောချင်တာကတော့ သူ့ဝတ္ထုတွေထဲက ရုပ်ရှင်လည်း ရိုက်ဖြစ်တဲ့ ကြင်နာသူ့အသဲ ဆိုတဲ့ဝတ္ထုလေးပါ။ ဇာတ်လမ်း ကျောရိုးကတော့ နိုင်ငံခြားရုပ်ရှင်တစ်ခုကို မှီငြမ်းထားတယ်လို့ ဆိုကြပါတယ်။ ရုပ်ရှင်ရိုက်တော့ ဝင်းဦး၊ မြင့်မြင့်ခင်၊ မြင့်မြင့်ခိုင် ဖိုးပါကြီး၊ ဦးသိုက်စိုး၊ ကျော်စွာဝင်း တို့ပါပါတယ်။ ဝတ္ထုလေးက ကောင်းသလောက် ရုပ်ရှင်မှာ ကိုဝင်းဦးကို အလှအပ အသားပေးတဲ့ အပြင် ဟာသတွေ […]


padonmarFebruary 14, 20131min59860
တိုက်တိုက်နဲ့ အုပ်အုပ်၊ ဆူးနဲ့ သူ၏ကိုကို၊ လုလင်နဲ့ ချစ်ချစ် ချာတူးလေးနဲ့ သူ၏မူပိုင်ရှင် အာဂ နဲ့ နွယ်ပင်၊ ဖက်ဖက်ကက်နဲ့ အငယ်လေး တုံတုံနဲ့ မောင်ကြေးအိုး၊ အပါအဝင် တူတူမလေးတွေရေ ဝါကျွတ်ကတည်းက ရွာထဲက အိမ်ထောင်ပြုမယ်လို့ သတင်းကြားတဲ့၊တစ်နေ့မှာ မျိုးဆက်သစ်မွေးထုတ်မယ့် တူတူမတွေကို (ဦးကျောက်၊မောင်ဂီ၊မောင်ပေ၊ရှုံးလူ၊အလက်ဆင်း၊မောင်အံ၊စိန်ဗိုက်၊မောင်မတ်၊ကရင်စည်သူ၊နီပေပါ၊ကမ်းကြီး တို့နဲ့ ဝေဝေ၊သကြားလုံးကြော်၊မယ်ဆွိ၊မယ်ပု၊မွန်မွန်၊မိုးဇက်၊ပန်ပန်၊ရွှေအိ၊ငြိမ်းငြိမ်း၊လကဗျာ၊ရွှေကြည်၊Wow တို့လည်း ပါပါတယ်) အန်တီသိတာလေး မျှဝေပေးမယ် စိတ်ကူးရင်း လက်နဲ့ ကီးဘုတ် မကပ်နိုင်တာရော၊ တစ်ခြား ရှေ့တန်းရောက်လာတဲ့ ရေးချင်စရာလေးတွေက နေရာယူသွားတာရောကြောင့် ဒီပို့စ်လေး မတင်နိုင်ဖြစ်နေပါတယ်။ ခုတော့ အကြွားသန်တဲ့ တိုက်တိုက် ကို ကွန်ကရစ် ကျူလိပ်ရှင်းရင်းနဲ့ သိမ်းထားရာက ဖုန်ခါ ထုတ်လိုက်ပါပြီ။ အခုရေးမယ့် ပို့စ်လေးက ဓမ္မဒူတဆရာတော် အရှင် ဆေကိန္ဒရဲ့ ဘဝဖြောင့်ကြောင်း […]


padonmarFebruary 4, 20131min47565
ဒီပို့စ် တစ်ပုဒ်ကိုတော့ ခေါင်းမှာ သံခမောက်ဆောင်းပြီးရေးပါတယ်။ လမ်း၌ယဉ်ကျေးမှု(၁)က ယာဉ်မောင်းတွေနဲ့ ပတ်သက်လို့ ပြောချင်တာဖြစ်ပြီး အခုရေးမယ့် (၂)ကတော့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်တာဖြစ်ပါတယ်။ ၂၀၁၃တွက် မီးသတ်ဦးစီးဌာနက ထုတ်ဝေတဲ့ ပြက္ခဒိန်မှာ မီးသတ်ဝတ်စုံနဲ့ မင်းသားမင်းသမီးပုံတွေကြား မထင်မရှားဖြစ်နေတဲ့ အသိ၊သတိပေးစာကောင်းလေးတွေကို ကြိုးစားဖတ်ပြီး အလုပ်ထဲမှာ ကပ်ပေးဖို့ ကူးရင်း အောက်ကစာလေးကို သတိထားမိပါတယ်။ ရပ်ရွာအခြေပြု မီးဘေးကာကွယ်ရေး လုပ်ငန်းများ ၁။ ရပ်ကွက်၊ ကျေးရွာ၏ပတ်ဝန်းကျင်ကိုရှင်းလင်းထားပါ။ ၂။ ရပ်ကွက်၊ ကျေးရွာ၊ အတွင်းရှိလမ်းများအား မီးသတ် ကားဝင်နိုင်လောက်အောင် ကျယ်ကျယ်ဖောက်လုပ် ထားပါ။ ၃။ မီးသတ်တပ်ဖွဲ့မှ မီးဘေးလုံခြုံရေးအတွက် လာရောက် စစ်ဆေးသည့်အခါ ကူညီပါ၊ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ။ ၄။ မီးဘေးတားဆီးရေးအတွက် ပြည်သူလူထုမှကူညီ ဆောင်ရွက်ပါ။ ၅။ လမ်းများကို မည်သည့်အချိန်တွင်မဆို […]


padonmarJanuary 30, 20133min33730
လမ်းဆိုတာ လူတွေ ယာဉ်တွေ သွားလာဖို့ ပြုပြင် ဖန်တီးထားတာပါ။ အိမ်ဆိုရင် တစ်ဦးတစ်ယောက် တစ်မိသားစုပိုင်ဆိုင်မှုဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သလို လမ်းဆိုတဲ့ စကားလုံးလေး မြင်ရင် ကြားရင် အများဆိုင် ဆိုတဲ့ အဓိပ္ပါယ်ကို တန်းပြီး မြင်ယောင်ကြပါလိမ့်မယ်။ (တစ်ချို့အိမ်တွေမှာ ကိုယ်ပိုင်လမ်း ဆိုတဲ့ အသုံးအနှုန်းလေးရှိပေမယ့် လူတစ်ဦးတစ်ယောက်ထဲပဲ အသုံးပြုတာတော့ မဖြစ်နိုင်ပါဘူး) အဲဒီ အများဆိုင်ပညတ် ဖြစ်တဲ့ လမ်း ပေါ်မှာ သွားလာကျက်စားကြပြီဆိုရင် အများနဲ့ ဆိုင်ပြီမို့ လူအများကို မထိခိုက် မနစ်နာစေရေး အတွက် လိုက်နာ ဆောင်ရွက်သင့်တဲ့ အချက်တွေ ရှိပါတယ်။ အဲဒါကို ရှေးက ကျောင်းသင်ရိုးညွှန်းတန်းတွေမှာ ပါတဲ့ ပြည်သူ့နီတိထဲက လမ်း၌ယဉ်ကျေးမှု ဆိုတဲ ့ စကားလုံးလေး သုံးပြီး ရေးချင်ပါတယ်။ (သူ့မူရင်းမှာတော့ […]


padonmarJanuary 25, 20131min41136
သတင်းစာဆောင်းပါးတစ်ခုထဲမှာ ဖတ်လိုက်ရပါတယ်။ လူ ၁၀ဝ မှာ ၁ဝ ယောက်ဟာ သူ့ပင်ကိုယ် အသိစိတ်ဓာတ်ကကိုကောင်းတယ်။ မတရားတဲ့ အခွင့်အရေးမယူဘူး။ မျှတတဲ့စိတ်ဓာတ်ရှိတယ်။ လူလူချင်း စာနာထောက်ထားတတ်တယ်ဆိုတဲ့ Emotional Quotient အပြည့်ရှိတတ်ကြပါတယ်။ ၂ဝ ယောက်သောသူတွေကတော့ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်စေ သူတစ်ပါးအပေါ် မငဲ့ညှာတတ် ၊ ကိုယ်အတွက်သာ ဦးစားပေးတတ် ၊ အများအကျိုး ပရဟိတ အလုပ်လုပ်တယ် ဆိုတာ နွားကျပါတယ်လို့ထင်၊ အခွင့်အရေးဆိုတာ ယူခွင့်ရှိရှိမရှိရှိ မယူတတ်ရင် မိုက်လို့ဘဲလို့ ထင်တတ်တဲ့ Egotist အတ္တသမား တွေဖြစ်ကြပါတယ်။ ကျန် ၇ဝ ယောက်သော လူများစုကြီးကတော့ ပင်ကိုယ်စိတ်က ပရဟိတ လူလူချင်းစာနာထောက်ထားမှု သာတူညီမျှ စနစ်ဆိုတာတွေ အပေါ် နားလည်သက်ဝင်လိုက်နာချင်ပေမယ့် လက်တွေ့မှာတော့ မျက်စိရှေ့မှာ အခြားသူက လူလည်ကျသွားတာဖြစ်ရင် […]


padonmarJanuary 23, 20132min78853
၂၀-၀၁-၂၀၁၃ မန္တလေးဂဇက် အဖွဲ့ဝင်များ ဆုံစည်းပွဲမှာ P.Chogyi က အမှတ်တရ ဂဇက်လိုဂို ပါတဲ့ သော့ချိတ်ကလေးတွေကို တက်ရောက်လာသူတိုင်းကို လက်ဆောင်အဖြစ်ပေးပါတယ်။ (သဂျီး အတုယူဖွယ်) ပွဲမတက်လိုက်ဖြစ်တဲ့သူတွေကို ကြွားထှာ။ စိတ်ကူးကောင်းတဲ့ ကို ပီချိုကြီး ကိုလည်း ကျေးဇူးတင်ပါတယ်ပြောရင်း မောင်အံတို့ စိန်ဗိုက်တို့ပေးနေကျဆုလေး တောင်းပေးလိုက်ပါတယ်။ ဆော်ကြည်ထီပေါက် နိဗ္ဗာန်ရောက်ပါစေ။ တက်ရောက်လာသူတိုင်းကို သစ်သီးဖျော်ရည်အအေး တစ်ခွက်စီ ကြိုက်ရာ မှာစေပြီး ဧည့်ခံရင်း မိတ်ဆက်ပွဲစလိုက်ပါတယ်။ ဂဇက်မန်ဘာတွေ တစ်ဦးချင်းမိတ်ဆက်တာကတော့ ဆြာအုပ်ရဲ့ ပို့စ်မှာ ဖတ်ကြပါ။ မိတ်ဆက်တဲ့ အချိန်မှာ ဦးကျောက်နဲ့ ဦးမိုက်တို့ တစ်ယောက်တစ်ပြန် မိုက်လုပြောနေကြတာကိုက ပျော်စရာ ဖြစ်ခဲ့ရပါတယ်။ Willie Smith (ဒီနာမည်မှန်ရဲ့လား) နဲ့ ကျော်ဟိန်းရောက်နေတယ်မှတ်ပြီး စားပွဲထိုးလေးတွေတောင် ဝိုင်းရယ်နေကြပါတယ်။ အားလုံးမိတ်ဆက်ပြီးတော့ ဆုပေးပွဲပါ။ […]


padonmarJanuary 21, 20131min53431
အခမ်းအနားစဖို့ လူတွေနေရာယူမယ်လို့ပြင်နေတုန်း ခေါင်းပေါင်းကြီးနဲ့ တိုက်ပုံအဖြူဝတ်လို့ ရွှေတိုက်နဲ့ နင်လားငါလား ထွားကျိုင်းတဲ့ အရပ်ပိုင်ရှင် ဝင်လာပါတယ်။ အို ဂဇက်ရွာသူသားတွေကို ဒီလို ရုပ်ဖျက်လာလို့ ဘယ်ရမလဲ။ လူတိုင်းက မိုင်နိမ်းအစ်စ် ဖတ်ထားတဲ့သူတွေပဲ၊ `ဂန္ဓာရီစာအုပ်´လို့ ဝိုင်းအော်လိုက်ကြတာပေါ့။ ဆုယူမယ့်သူ ၆ယောက်မှာ တစ်ယောက်လိုနေသေးတော့ ခဏစောင့်နေတုန်း လိမ့်လိမ့်လိမ့်လိမ့်နဲ့ တောင်ကြီးနှစ်လုံးလို Fatty Cat တို့စုံတွဲ ရောက်လာပါတယ်။ အာဂနဲ့နွယ်ပင် မောင်နှစ်မ(အာဂအပြောပါ)လည်း ကရဝိက်ဖက်ကနေ ရောက်လာပါတယ်။ ဘာမှ မပတ်သက်ပါဘူးဆိုတဲ့ အိတုံနဲ့ ဒေါက်တာ AKKO ကတော့ လူရင်းတွေပီပီ အစောကြီးကတည်းက ကြိုဆို နေရာချပေးနေပါတယ်။ အဲဒီအချိန် လူတစ်အုပ်ဝင်လာတာတွေ့တော့ ဘယ်သူတွေများပါလိမ့်လို့ ဝိုင်းအကဲခတ်ကြပါတယ်။ မောင်ဝါဝါ ကတော့ သူ့အဗာတာ ပုံအတိုင်း ပြေတီဦးထက်ချောတဲ့ ရုပ်နဲ့ဆိုတော့ မှတ်မိကြပါတယ်။ ရင်နင့်အောင် […]


padonmarJanuary 20, 20131min104543
ဂဇက် တွေ့ဆုံပွဲက ၂၀-၀၁-၂၀၁၃ နံနက်၉နာရီမှာ စပါမယ်တဲ့။ ရွာတော်ရှင်ဆူးက လူသိများတော့ ဧည့်ခံကြိုဆိုရေး ဥက္ကဋ္ဌ အမတ်မင်း အဖွဲ့ဝင် ရွှေတိုက်စိုး နဲ့ အခမ်းအနားပြင်ဆင်ရေး ဥက္ကဋ္ဌ ရွှေတိုက်စိုး အဖွဲ့ဝင် အမတ်မင်းတို့ကိုကူဖို့ စောစောသွားနှင့်ပါတယ်။ အနောင်စာလုပ်ဖို့ မှန်ရှေ့မှာ လေ့ကျင့်ရင်း ခါးနာသွားတဲ့ မမ ကြာကြာမထိုင်နိုင်မှာစိုးလို့ ကျမတို့ အမွှာညီအမ နှစ်ယောက် ကိုနေချား မောင်းပို့တဲ့ ကားနဲ့ P3 ထိုင်း စားသောက်ဆိုင် ကို ၉နာရီအရောက်သွားကြပါတယ်။ ကန်တော်ကြီးထဲ ဂန္ဓာရီလမ်းညွှန်အတိုင်း မောင်းဝင်သွားလိုက်တာ ရွှေရောင်စဉ့်အိုးကြီးတွေ ရှေ့မှာ P3 စားသောက်ဆိုင်ကိုရောက်လာပါတယ်။ ဝင်ပေါက်ကနေ အထဲကို ကဲကြည့်လိုက်တော့ လူတွေ တော်တော်ရောက်နေကြပါပြီ။ ထိုင်ခုံမှာထိုင်နေတဲ့ အန်တီချောချောကြီးကိုမြင်မြင်ချင်း မိုချိုမိတ်ဆက်ပေးထားတဲ့ မိုချို့အမေပါပဲလို့ သိလိုက်ရတဲ့အတွက် သွားပြီးနှုတ်ခွန်းဆက် ဂါရဝပြုလိုက်ပါတယ်။ […]


padonmarJanuary 20, 20131min33854
ပန်းတနော် အလှူတုံးက ကိုပေါက်က ပြောခဲ့ပါတယ်။ လူချင်းမတွေ့ဖူးပေမယ့် စိတ်ချင်းခင်ကြတဲ့ လေထဲကမိတ်ဆွေတွေ စုပေါင်းလှူဒါန်းတဲ့ အလှူလေးပါလို့။ ဝင့်ပြုံးမြင့်ကတော့ တိမ်ယံကြားက ဂဇက်ရွာပါတဲ့။ ဟုတ်ပါတယ်။ လေလှိုင်းထဲက (ပိုတိကျအောင်ပြောရရင် အင်တာနက်ထဲက) မိတ်ဆွေတွေ တွေ့ဆုံကြဖို့ အခွင့်အရေးလေး ရခဲ့ပါပြီ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော် ရှုံးလူ မြန်မာပြည်ပြန်ရောက်တုံး တွေ့ကြဖို့ Moonpoem က စီစဉ်ပေမယ့် လူချောင်းပွဲလေးဖြစ်ပြီး တွေ့ခွင့်မသာခဲ့ပါဘူး။ ကြားထဲမှာ အလှူတွေ စီစဉ်ကြရင်း တွေ့ဖူးပြီးသားမိတ်ဆွေ အသိုင်းအဝိုင်းလေး ပိုပြီး ကျယ်ပြန့်လာပါတယ်။ ဒီတစ်ခေါက်တော့ မန်းဂဇက်ချစ်သူများ စာပေဆုပေးပွဲလေး စီစဉ်ဖြစ်ရင်း သူကြီးအဆို ဂဇက် ကွန်ဖရင့် လုပ်ဖြစ်သွားပါပြီ။ အင်တာနက်ထဲမှာ ကွန်မန့်တွေနဲ့ နောက်လိုက်ပြောင်လိုက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြစ်ခဲ့ရတဲ့ ရွာသူားတွေ ဆိုတာ လူသားစင်စစ်တွေပါလားလို့ မျက်ဝါးထင်ထင်မြင်ခဲ့ကြရပါပြီ။ […]