lapyaewonJune 10, 20111min620
အကုသလောဓမ္မော အကုသလဿဓမ္မဿ ဥပနိဿယပစ္စယေနပစ္စယော- အကုသိုလ်က အကုသိုလ်ကို ပြန်ကျေးဇူးပြုတယ်လို့ဆိုလိုပါတယ်။ဘယ်လိုကျေးဇူးပြုသလဲဆိုတော့ ရာဂံ ဥပနိဿာယ ပါဏံ ဟနတိ၊ အဒိန္နံ အာဒိယတိ၊ မုသာ ဘဏတိ၊ ပိသုဏံ ဘဏတိ၊ ဖရုသံ ဘဏတိ…- တဲ့အချစ်ဆိုတဲ့ရာဂကို အမှီပြုပြီး အချစ်အတွက် သူတစ်ပါးအသက်ကိုသတ်မယ်၊ သူတစ်ပါးဥစ္စာကိုခိုးမယ်၊လိမ်ပြောမယ်၊ ကုန်းထိုးစကားကိုပြောမယ်၊ ကြမ်းတမ်းတဲ့စကားကိုပြောမယ်စသည့်ဖြင့်ပြုမိ ပြောမိကြမယ်ဆိုရင် အချစ်ကနေ ကုသိုလ်မဖြစ်ဘဲအကုသိုလ်ဖြစ်သွားတယ်ဆိုလိုပါတယ်။ ရဟန်းသံဃာအများစုကတော့ ဒီပဋ္ဌာန်းပါဠိတော်ကိုရထားပြီး သိထားပြီးသာဖြစ်ကြပါတယ်။ စာဖတ်သူဓမ္မမိတ်ဆွေအများစုလည်းရကောင်းရပါလိမ့်မယ်။ စာရေးသူတင်ပြချင်တာက အချစ်ကြောင့် သူခိုးဖြစ်ခဲ့ရတဲ့အကြောင်းလေးကိုတင်ပြချင်တာရယ်ကိုယ်ချစ်တဲ့သူနှင့်တုပြီးတော့အကုသိုလ်မဖြစ်ပွားရအောင် သင်္ဂဇာဆရာတော်ဘုရား၏အဆုံးမလေးကိုသိစေချင်သောကြောင့်ဒီဆောင်းပါးလေးကိုရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဒေသနာ တစ်ခါတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း မင်းပြုလုပ်နေစဉ် ဘုရားအလောင်းသည် အာကာသစိုးနတ်ဖြစ်ပါတယ်။ ဗာရာဏသီပြည်သူ/သားတို့သည် တန်ဆောင်မုန်းလနက္ခတ်နှင့်ယှဉ်သော ပွဲလမ်းသဘင်များ ကျင်းပရာဆင်းရဲသားလင်းမယားနစ်ယောက်လည်းရှိခဲ့ပါတယ်။ မိန်းမလုပ်သူက မောင်ရေ ကျမလေ အဝတ်အစားကောင်းကောင်းများဝတ်ဆင်ကာ မောင်နှင့်အတူလက်ချင်းတွဲပြီးပွဲလှည့်လည်ချင်တယ် လို့မိန်းမကပြောတယ်။ ယောက်ျားလုပ်သူကလည်း တို့ကမချမ်းသာဘူးလေ […]


lapyaewonJune 10, 20111min560
သာသနေ ကုလပုတ္တာနံ၊ ပတိဋ္ဌာ နတ္ထိ ယံ ဝိနာ- သာသနာတော်၌ လောကလူသားတို့အား သီလနှင့်ကင်း၍ထောက်တည်ရာမရှိဘူး။ န ဂင်္ဂါ ယမုနာစာ ပိ၊ သရဘူ ဝါ သရသွတီ- လောကလူသားတွေမှာ စွဲကပ်နေတဲ့ ရာဂစတဲ့အညစ်ကြေးကို ဘယ်မြစ်ရေချောင်းရေနှင့်မျှ ဆေးကြောလို့မစင်ကြယ်နိုင်ဘူး၊ သီလတည်းဟူသောရေနှင့်ဆေးကြောမှသာ စင်ကြယ်နိုင်ပါတယ်။ သမယန္တီဓ သတ္တာနံ၊ ပရိဠာဟံ သုရက္ခိတံ- လောကလူသားတို့ရဲ့ ပူပန်မူကိုရေ၊ လေ၊ စန္ဒကူး၊ လရောင်၊ ပန်းစံပယ်စသောအအေးဓာတ်တို့ဖြင့်ရစ်ပတ်လွှမ်းခြုံပေးသော်လည်း အေးချမ်းမူ့ကို မဖြစ်နိုင်ဘူး၊ သီလတည်းဟူသောအအေးဓာတ်ဖြင့်ရစ်ပတ်ပေးမှသာ အေးချမ်းမူကို ဖြစ်စေနိုင်ပါတယ်။ သဂ္ဂါရောဟဏ သောပါဏံ။ အညံ သီလသမံ ကုတော- ကောင်းသောသုဂတိဘုံကို တက်ဖို့သီလနှင့်တူတဲ့စောင်းတန်းလှေခါးဆိုတာမရှိဘူး၊ နိဗ္ဗာန်ရွှေပြည်ကြီးကိုဝင်ဖို့ရာလည်း သီလနှင့်တူတဲ့တံခါးပေါက်ဟာ ဘယ်မှာမျှမရှိဘူးလို့ဆိုလိုပါတယ်။ ပထမဦးစွာ ဘာကြောင့် သီလလို့ခေါ်သလဲဆိုတာလေးကိုလေးကို တည်တောဆရာတော်ဘုရားကြီးက အောက်ပါအတိုင်းရှင်းပြထားတာကိုတွေ့ရပါတယ်။ ၁။ ဦးခေါင်းနှင့်တူသော […]


အပိုင်း(၁) မနေ ့ကသူဌေးများ… ယနေ ့တော့သူတောင်းစား…. ကံတရား၏ ရက်ရက်စက်စက် ဆုံးဖြတ်ချက်ကို အယူခံဝင်ခွင့်မရဘဲ ခါးကော့အောင် သူမ ခံလိုက်ရသည်။ ဆယ်သက်စားမကုန်သော ပစ္စည်းဥစ္စာများ ယခုတော့… ပါးပြင်ပေါ်ကျလာသည့် မျက်ရည်စက်များကို လက်နှစ်ဖက်ဖြင့် ကြမ်းတမ်းစွာသုတ်ပစ်လိုက်သည်။ မျက်ရည်ကျတယ်ဆိုတာ အရှုံးပေးတာပဲ..စိတ်ဓါတ်ပျော့ညံ့သူတွေ အားငယ်တတ်သူတွေရဲ ့လက်နက်ပဲ၊ မျက်ရည်ဘာလို ့ကျရမှာလဲ..ဘဝကိုဘာလို ့အရှုံးပေးရမှာလဲ။ ဖန်တီးလာစမ်းပါစေ။ဒီကံဆိုးခြင်းတွေ၊ ခါးမကော့ဘဲ ခေါင်းမော့ပြီးရင်ဆိုင်ရဲအောင်ကြိုးစားမည်။.လောကဓံကိုသူမရင်ဆိုင်လိုက်မည်။ ရင်ဆိုင်နိုင်အောင်လဲ သူမ သတ္တိမွေးရမည်။ လောကမှာ လူဖြစ်လာလျှင် ကြုံတွေ ့ရမည့်အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းရမှာ လူ ့တာဝန်တစ်ရပ်မဟုတ်လား.။ မိမိဘာသာအားပေး၊မိမိဘာသာအားတွေမွေးပြီး စတုဒီသာအလှူမဏ္ဍပ် ဆီသို ့ခြေလှမ်းကိုဦးတည်လိုက်သည်။ လောလောဆယ်တော့ ဘယ်သွားလို ့ဘယ်လာရမှန်းမသိသေးတာမို ့ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် မရှက်သုံးပါးမှာ တစ်ပါး ပါလိုက်ရပေဦးမည်။ငတ်တော့လည်းမရှက်နိုင်ပြီလေ။ ခြေလှမ်းများက အလှူမဏ္ဍပ်နဲ ့နီးလာတာမို […]


လူတွေဟာ အချို ့က လှပြီး အချို ့ကရုပ်ဆိုးတယ်၊အချို ့မှာ ချမ်းသာပြီး အချို ့မှ ဆင်းရဲတယ်။ရှုပ်ထွေးစုံ တဲ့ လောကဇာတ်ခုံ လူတို ့ဘုံဟာ တစ်ပြေးညီတည်းရှိမနေတာတော့ အမှန်ပါပဲ။ဘာ့ကြောင့်များလှလှပပတွေချည်းဖြစ်မနေတာလဲ။ဘာ့ကြောင့်များချမ်းချမ်းသာသာကြီးရှိမနေရတာလဲ။ သူမဘဝကို စိတ်ပျက်အားငယ်မိတိုင်း ဒီအတွေးဒီမေးခွန်းတွေ ရင်ထဲအထိတိုးဝင်လာပြီး တနုံ ့နုံ ့ခံစားရစမြဲ။ ငယ်စဉ်က သူများတွေ “ခါးကုန်းတဲ့ရုပ်ဆိုးမ”လို ့စနောက်ခံရတိုင်း အမေ့ကိုငိုယို ရန်တွေ ့မိ၏။ “ကျွန်မကို ဘာလို ့ခါးကုန်းပြီးရုပ်ဆိုးအောင် မွေးခဲ့တာလဲအမေ။လှလှပပလေးဘာလို ့မမွေးခဲ့တာလဲ”။ “ဟဲ့….မိန်းကလေးရဲ ့၊သားသမီးတွေအားလုံး အချောအလှချည်းပဲ နင်တစ်ယောက်ပဲ ဘယ် ကအဘွားကြီးဝင်စားမှန်းမသိ၊နင့်ဘာသာနင် ခါးကုန်း ပြီး ငါ့ဗိုက်ထဲက ထွက်လာတာငါကဘာတတ်နိုင်မှာတုန်း” “ရှင်မ ဗိုက်ထဲက ထွက်လာတာဟုတ်လို ့လား..ကျုပ်အမှိုက်ပုံထဲကကောက်ပြီးမွေးစားခဲ့တာလေ၊ဒါ့ကြောင့်ခါးကုန်းပြီး ရုပ်ဆိုးနေတာပေါ့” အမေတစ်လှည့်အဖေတစ်လှည့် သူမကို ချစ်စနိုးနဲ ့ကျီစယ်နေသောအခါ […]


ashinindakaDecember 15, 20101min61726
ဟိုတစ်နေ့က တရုတ်ဗုဒ္ဓဘာသာဝင်တစ်ဦးရောက်လာတယ်။ ဟိုအကြောင်း ဒီအကြောင်းစပ်စုပြီး ဗုဒ္ဓဘာသာဝင်တို့ရဲ့ပန်းတိုင်ဖြစ်တဲ့နိဗ္ဗာန်အကြောင်းမေးပါတယ်။ တချိန်တည်းမှာဘဲ ဒီနိဗ္ဗာန်ကို ရောက်ဖို့ ရဖို့ ခံစားရဖို့ တွေ့ကြုံရဖို့ ရဟန်းမဖြစ်မနေပြုရပါသလား။ ဗုဒ္ဓဘာသာရှုဒေါင့်က အိမ်ထောင်ပြုမှုအပေါ် ဘယ်လိုမြင်ပါသလဲလို့ ဆက်မေးပါတယ်။ အိမ်ထောင်ပြုခြင်း ဆိုတာ လူ့မှုလုပ်ငန်းတွေထဲက လုပ်ရိုးလုပ်စဉ်တစ်ခုပါ။ ဒီအိမ်ထောင်ပြုခြင်းလို့ခေါ်တဲ့ သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းသင်းဆက်ဆံခြင်းဆိုတာ လူသားမှာ မရှိမဖြစ်လိုအပ်ပါတယ်။ လူနဲ့ တိရိစ္ဆာန် မတူတဲ့ အချက်တွေထဲမှာ ဒီအချက်က အဓိကပါဝင်တယ်လို့ ဆိုချင်ပါတယ်။ ဒါ့ကြောင့် လူတစ်ဦးတစ်ယောက်အိမ်ထောင်ပြုတာဟာ ကုသိုလ်၊ အကုသိုလ်နဲ့ မဆိုင်ပါဘူး၊ အိမ်ထောင်ပြုတာ ကောင်းတယ်၊ အိမ်ထောင်ပြုတာ မကောင်းဘူးလို့ ပြောလို့မရပါဘူး။ ဒီထက်ရှင်းရှင်းပြောရရင် အိမ်ထောင်ပြုတာဟာ ဘာသာရေးနဲ့လုံးဝ မပတ်သက်ပါဘူး။ အိမ်ထောင်ပြုတယ် မပြုဘူးဆိုတာ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စပါ။ လူဖြစ်လာလို့ လူ့လုပ်ရိုးလုပ်စဉ်တစ်ခုကို လုပ်လိုက်တာပါဘဲ။ ဗုဒ္ဓဘာသာက […]


panpanOctober 14, 201015min1700
မေးလ်ထဲကရထားတာပါ။ ဓမ္မဒါနပြုပါတယ်။ သင့်တော်သော အချိန်၌ တရားနာယူခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပေ၏။ တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏။ တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏။ တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏။ တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံသောဆင်းရဲကို အောင်နိုင်၏။ ဆက်လက်မျှဝေ ကုသိုလ်ခြွေကြဖို့လည်း တိုက်တွန်းပါတယ် ခင်ဗျာ.. လေးစားရိုသေစွာဖြင့် http://www.dhammaonline.org/ ပိုင်းလော့ဆရာတော်၊ အရှင်ပုညာနန္ဒ၊ အရှင်အာဒိစ္စရံသီ တို့၏ တရားတော်များ http://theinngu.org/ သဲအင်းဂူဆရာတော် http://www.mahasi.org.mm/ မဟာစည်ဆရာတော်-၁ http://www.mahasi.org/ မဟာစည်ဆရာတော်-၂ http://www.dhammaceti.org/home.htm ဘုန်းဘုန်းဦးကောသလ္လ (လင့်ပျက်နေ) http://www.dhammadutabago.net/ အရှင်ပညိဿရ-ဓမ္မဒူတ http://www.shweparami.net/ အရှင်ဆန္ဒာဓိက http://www.yawainwe.net/ အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ) -၁ http://yawainwe.blogspot.com/ အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ) -၂ http://mettashin.com/ အရှင်ဇဝန […]


Khin Thida SoeJune 30, 20101min1801
ဩကာသ ဘုရားရှိခိုး အကြောင်းသိကောင်းစရာ….. ဩကာသ ဘုရားရှိခိုး အကြောင်းကို မှတ်သားထားသလောက် ပြန်လည်တင်ပြချင်ပါတယ် သိပြီးသားတွေလည်းဖြစ်ကြမှာပါ အခုဆိုရင် နွေရာသီ ကျောင်းပိတ်ရက် ဖြစ်တဲ့ အတွက် မန္တလေး မှာ ဘုန်းကြီးကျောင်းတော်တော်များများမှာ ယဉ်ကျေးမှုသင်တန်း လေးတွေ ဖွင့်ပြီး ကလေး တွေကို လိမ်မာအောင် သင်ပေးနေကြပါတယ် သင်ပေးနေတဲ့ အထဲက ဩကာသ ဘုရားရှိခိုး အကြောင်းလေးကို သိသလောက် အသေးစိတ်တင်ပြချင်ပါတယ်…. ဩကာသ…ဩကာသ….ဩကာသ ကာယကံ၊ ဝစီကံ ၊ မနောကံ၊ သဗ္ဗ ဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ၊ ပထမ ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ် ၊ သုံးကြိမ် မြောက်အောင် ၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ […]


Khin Thida SoeJune 29, 20101min1265
ကိုယ် ကျင့် တရား အလေးအနက်ထား လူ့ဘဝ တွင် အရေးကြီးဆုံးသော အရာမှာ ကိုယ်ကျင့် တရားဖြစ်သည်။ ကိုယ်ကျင့်တရားမကောင်းသူသည် အများပြည်သူ၏ အန္တရယ်ဖြစ်သည်။ ကမ္ဘာပေါ်တွင် အကောင်းဆုံးကိုယ်ကျင့် တရား သည် ငါးပါးသီလ ဖြစ်သည်။ ငါးပါးသီလ စောင့်ထိန်းခြင်းသည် တရားမှုများကို ရှောင်ကြဉ် ၍ တရား မျှတ မှုကို လုပ်ဆောင် ခြင်းဖြစ်သည်။ ကိုယ် အပြု အမူ နှင့် နှုတ်အပြောအဆို တို့ ကို အပြစ်ကင်းအောင် စောင့်ထိန်းခြင်းဖြစ်သည်။ ယဉ်ကျေးမှု ဆိုသည်မှာ လည်း ကိုယ်နှုတ် အမူအရာကို တို့အပြစ်ကင်းပြီး ယဉ်ကျေး သိမ်မွေ့ခြင်းကို ဆိုလိုပါသည်။ ကိုယ်နှုတ်ယဉ်ကျေးမှ စိတ်ပါ ယဉ်ကျေးနိုင်မည်။ ကိုယ်နှုတ် စိတ်သုံးပါး ယဉ်ကျေးသူမှာ အယဉ်ကျေးဆုံးပုဂိုလ်  ဖြစ်မည်။ […]


Khin Thida SoeJune 29, 20101min1004
မသေခင် ဘာလုပ်ကြမလဲ ? လူသားတွေ ရဲ့ ဘဝ မှာ စိတ်ဝင်စားစရာ အကောင်းဆုံးအရာ ဟာ သေခြင်းတရားဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် သေခြင်းတရားဟာ လူသား အားလုံးနဲ့ သက်ဆိုင်နေလို့ပါပဲ။ လူသားတစ်ဦးချင်း မှာ သူ့ ဘဝ နဲ့ သူ စိတ်ဝင်စားစရာ အကောင်းဆုံး အရာတွေ အသီးသီး ရှိကြပါတယ်။ သူ့ရဲ့ လက်ရှိ ဘဝ ၊ လက်ရှိ အခြေအနေ  လက်ရှိ ခံစားချက် အပေါ်မူတည်ပြီး စိတ်ဝင်စားကြမှာ မို့ လူသားတစ်ဦး နဲ့ တစ်ဦး စိတ်အဝင်စားဆုံး အရာတွေ ဟာ လည်း မတူ ဘဲ ကွဲပြားနေကြမှာ မလွဲပါဘူး။ ကုန်သည် တစ်ယောက် ရဲ့ စိတ်ဝင်စားဆုံး ကုန်ပစ္စည်း တစ်ခု […]


Khin Thida SoeJune 28, 20101min1432
ခင်ပွန်းကြီး (၁၀) ပါး ၁။ ဘုရား ၂။ ပစ္စေကဗုဒ္ဒါ ၃။ ရဟန္တာ ၄။ အဂ္ဂသာဝက ၅။ မိခင် ၆။ ဖခင် ၇။ ပညာသင်ဆရာ ၈။ လောကနီတိ ပညာသင်ဆရာ (သီလဂုဏ်၊ သမာဓီဂုဏ်၊ပညာဂုဏ် တို့ရှိကြကုန်သော ရဟန်းပုဂ္ဂိုလ်၊လူပုဂ္ဂိုလ်) ၉။ ဓမ္မကထိက (ဓမ္မရေးရာသင်)ဆရာ ၁၀။ ကျေးဇူးပြု အကူအညီပေးဖူးသူ( မိမိ အပေါ် အကူအညီ အထောက်အပံ့ ပေးကမ်းချီးမြင့်ဖူးသောကျေးဇူးရှင်) ခင်ပွန်းကြီး (၁၀)ပါး ဘုရားရရှိခိုး ဗုဒ္ဒေါ ပစ္စေကဗုဒ္ဒါ စ၊ အရဟာ အဂ္ဂသာဝကာ မာတာပိတု ဂုရု သတ္ထာ ဓမ္မဒေသကာ စ ဒါယကာ က္ကုမေ ဒသ မဟာရုဏေ အဟံ သန္ဒာမိ သဗ္ဒဒါ […]


Khin Thida SoeJune 28, 20101min1262
မိတ်ဆွေတု ( ၄ ) မျိုး (က) – ကိုယ်ကျိုးကြည့် မိတ်ဆွေတု ၁။ သူတစ်ပါးထံမှ သာယူ၍ မိမိ ကမူ ပေးကမ်းမှု မရှိခြင်း ၂။ နည်းနည်းသာပေး၍ များများရလိုခြင်း။ ၃။ ဘေးရောက်သည့် အခါ ခိုကိုးရာအဖြစ် သူတစ်ပါးထဲ သွားရောက်၍ လုပ်စရာရှိသမျှကို လုပ်ကိုင်ပေးခြင်း ၄။ ကိုယ်ကျိုးအတွက် သူတစ်ပါးနှင့် ပေါင်းသင်းခြင်း၊ ဤအင်္ဂ ါလေးပါး နှင့် ပြည့်စုံသူကို အညဒတ္တုဟရ မိတ်ဆွေတု၊ ကိုယ်ကျိုးကြည့်မိတ်ဆွေတု ဟုခေါ်သည်။ (ခ) – အပြောသမား မိတ်ဆွေ တု ၁။ ရှေးက ဖြစ်ထွန်းခဲ့ဘူးသည့်စည်းစိတ်ဥစ္စာ ကို မပေးခဲ့ ရခြင်းကြောင့် စိတ်မကောင်းကြောင်းပြောလေ့ရှိခြင်း၊ ၂၊ နောင်အခါ ဖြစ်ထွန်းလာမည့် စည်းစိမ်ဥစ္စာ […]


Khin Thida SoeJune 28, 20102min971
တကယ် မသေခင် အစမ်းသေကြည့်ရအောင် ဒီဘဝ ဒီခန္ဓာ နဲ့ သံသရာ ဝဋ်ဇတ် အမြစ်ပြတ် အောင် အားမထုတ်နိုင်သေးဘူး ဆိုရင်တော့ သေလွန်ပြီးတဲ့ နောက် ကောင်းရာ သုကတိ ရောက်ဖို့ ကိစ္စ ကို အရေး တကြီး ထည့်သွင်း စဉ်းစားရပါဦးမယ်။ သောတပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ အရိယာပုဂိုလ် ကတော့ ကောင်းရာ သုဂတိ ရောက်ဖို့ သေချာပြီးသာပါ။ အောက်ဆုံး အရိယာ ဖြစ်တဲ့ သောတာပန် ပုဂိ္ဂုလ် ဖြစ်သွားပြီ ဆိုရင် ပဲ အပ္ပါယ် လေးပါး ဆိုတဲ့ မကောင်းရာ ဒုဂ္ဂတိ ကို လုံးဝ မရောက်နိုင်တော့ပါဘူး။ သောတာပန် မှ မဖြစ်သေးဘူး ဆိုရင်တော့ ဘယ်လောက် ကောင်းတဲ့ ပုထုဇဉ်ဖြစ်ဖြစ် […]