jackyangonMay 11, 20101min751
သီတဂူဆရာတော်၏ အတွေ့အကြုံများကား လွန်စွာ စိတ်ဝင်စားစရာ ကောင်းလှ၏။လူငယ်တို့အတွက် အတုယူဖွယ်တို့ ပြည့်နှက်နေ၏။အတွေးအမြင်စာစောင်တွင် ဖော်ပြခဲ့သော ဆရာဘိုးလှိုင်၏ “သီတဂူဆရာတော်”ဆောင်းပါးများကို လေ့လာဖတ်ရှုသင့်၏။ဆရာတော်၏ ၂၄နာရီပတ်လုံး သာသနာတော်အတွက် ဆောင်ရွက်နေပုံများမှာ အင်မတန် ကြည်ညိုစရာပါ။ သီတဂူစာစဉ် ၁ မှာပါရှိသော ဆရာတော်၏စာတန်းကလေးအကြောင်းကို ပြန်လည်မျှဝေလိုပါသည်။ဆရာတော်၏ ပညာရှာပုံကို တစေ့တစောင်း အကဲခတ်နိုင်ပါလိမ့်မည်။အားကျကြည်ညိုရုံသာမက အတုယူ ကျင့်ကြံကြဖို့လည်း တိုက်တွန်းလိုပါသည်။ မိမိသည် အစိုးရ ဓမာစရိယအတန်းကို အောင်ပြီးသောအခါ ကမ~ဘာသို့ လှည့်လည်ရျ် မြတ်ဗုဒ္ဓဒေသနာတော်များကို ဟောပြောချင်လှသောကြောင့် ရန်ကုန်မြို့ ကမ~ဘာအေးကုန်းမြေ သံဃတကသိုလ်သို့ ဝင်ရောက်ရ အင်္ဂလိပ်စာနှင့် အခြားလောကီပညာများကို သင်ကြားခဲ့သည်။ သုံးနှစ်မျှသင်ကြားခဲ့ရပြီး သုံးနှစ်မျှ အဆက်ပြတ်သွားပါသည်။အဆက်ပြတ်ခဲ့ရသည့် သုံးနှစ်အတွင်း မြန်မာ့ကျေးလက်တောရွာရှိ ဆင်းရဲနွမ်းပါးသော ကလေးတို့အား ပညာသင်ပေးခြင်း ဗုဒ္ဓဘာသာ အခြေခံ ယဉ်ကျေးမှုများကို သင်ပြခြင်းဖြင့် အချိန်ကုန်ခဲ့ပါသည်။ […]


lu ta loneMay 4, 20101min1383
စစ်ရှူံးစဉ်လည်း ဒါနကို မမေ့ မဟာဝင်၌ တွေ့ရသော သီဟိုဠ်မဟာရာဇာတို့တွင် ဒုဋ္ဌဂါမဏိမဟာရာဇာ၏ သာသနာ ကြည်ညိုပုံသည် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်ကို အားအရစေဆုံး အနှစ်သက်စေဆုံး ဖြစ်၏။ ထိုမဟာရာဇာသည် ညီတော် တိဿနှင့် စစ်ဖြစ်၍ စစ်ရှူံးခိုက် မြင်းတစ်စီး၊ အမတ်တစ်ယောက်မျှဖြင့် တိမ်းရှောင်နေရာ တောထဲမှာပင် လွန်စွာ ဆာလောင်နေစဉ် အမတ်၏ တစ်ယောက်စာပွဲတော်ကို (မြင်း၊ အမတ်၊ မိမိတို့အပြင် လှူဖို့ပါ) ၄ စု ခွဲ၍ အလှူခံပုဂ္ဂိုလ်ကို ကြွေးကြော် ပင့်ယူလေသည်။ အလှူခံပုဂ္ဂိုလ်သည် ဒိဗ္ဗသောတအဘိညာဉ်ဖြင့် ကြား၍ ကြွရောက်လာသဖြင့် မိမိတို့ဖို့ မှန်းထားသော အဖို့အစုကိုပါ အားလုံး လှူလိုက်ကြလေသည်။ နတ်ရွာစံခါနီး၌ကား မိမိ၏ အလှူတော်စာရင်းကို ဖတ်စေရာဝယ် အခြားသော စေတီတော်ကြီး၊ ကျောင်းတော်ကြီးများ အလှူထက် ဤအလှူကို […]


lu ta loneApril 30, 20101min1335
… ဝိပဿနာကို ယခုနေအခါ ဟောတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဟောပုံချင်းကတော့ တစ်ဦးနဲ့တစ်ဦး တူချင်မှ တူမယ်။ အရေးကြီးတာကတော့ ဟောတဲ့အတိုင်း အားထုတ်သူမှာ ကျမ်းဂန်နှင့်အညီ ဝိပဿနာဉာဏ်အစစ်တွေ ဖြစ်ဖို့ ကိုယ်တိုင်တွေ့ဖြစ်ဖို့ လိုပါတယ်။ ဘုန်းကြီးကတော့ အားထုတ်သူမှာ ကျမ်းဂန်နှင့်အညီ ဝိပဿနာဉာဏ်အစစ် မဂ်ဖိုလ်ဉာဏ်အစစ် ဖြစ်တာကို ကိုယ်တိုင်တွေ့ ဖြစ်စေနိုင်တဲ့ ဝိပဿနာလုပ်ငန်းစဉ်တရားကို ဟောနေပါတယ်။ ယခု အဲဒီ လုပ်ငန်းစဉ်တရားကို ဟောရမယ်။ အခြေခံ ဂါထာတစ်ပုဒ်ကို ရှေးဦးစွာ ရွတ်ပြရမယ်။ သတ္တိသုတ် (သံယုတ်ပါဠိ၊ ပဌမ ၁၂) သတ္တိယာ ဝိယ ဩမဋ္ဌော၊ ဒယှမာနောဝ မတ္ထကေ။ ကာမရာဂပ္ပဟာနာယ၊ သတော ဘိက္ခု ပရိဗ္ဗဇေ။ ဒါက အမည်ဖော်ပြမထားဘဲ ‘အညတရာ ဒေဝတာ’ဆိုတဲ့ […]


lu ta loneApril 30, 20101min1556
အော်.. ပါးစပ်.. ပါးစပ်..။ တော်တော် ထိန်းရခက်တဲ့ ပါးစပ်ပါပဲ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဆုံးမဩဝါဒ ပေးခဲ့ပါတယ်..။ လူတွေကို အကုသိုလ်အပေးဆုံးဟာ စိတ်ပြီးရင် နှုတ်ဆိုတဲ ပါးစပ်ပါပဲတဲ့။ ဟုတ်ပါတယ်နော်..။ မုန်းစေချင်ရင်လည်း ဒီပါးစပ်.. ချစ်စေချင်ရင်လည်း ဒီပါးစပ်ပါပဲ..။ ဒီပါးစပ်ကြောင့် အများသူငါကို စိတ်ချမ်းသာအောင် ပြောဆိုနိုင်သလို.. အများသူငါကို အကုသိုလ်တွေ ပွားစေအောင် လုပ်နိုင်ပါတယ်နော်။ ဒီနှုတ်ကြောင့် အကုသိုလ်တွေ အများဆုံး ဖြစ်စေနိုင်ပြီးတော့ အပါယ်သို့ ဆင်းသွားရတဲ့ သာဓကတွေ.. သံသာရာတလျောက်လုံးမှာ ခန္ဓာနဲ့ အဆမတန်အောင် ပေးဆပ်သွားရတဲ့ သာဓကတွေ အများကြီးပါပဲ။ ဒါ့ကြောင့်လည်း ဝစီဆိုတဲ့ နှုတ်လေးကို ထိန်းစေချင်တာပါ။ ပြောလိုက်တဲ့ စကားလေးတစ်ခွန်းဟာ (၅)စက္ကန့်လောက်တောင် မကြာလိုက်ပေမယ့် ပေးဆပ်လိုက်ရာတာတွေက ဘဝ(၅၀၀)မကအောင်ပါပဲနော်။ ဒါ့ကြောင့်လည်း ပါးစပ်ထဲက ဓါးမတစ်ချောင်းလို့ ပြောလိုက်ရတာပါ။ […]


lu ta loneApril 29, 20101min1333
ငယ်ကတည်းက အမေ ဘုန်းကြီးကျောင်းသွားတိုင်း လိုက်တော့ ဘုန်းကြီးကျောင်းဆိုတာ ကိုယ်နဲ. သိပ်စိမ်းလှတဲ့ နေရာတခု မဟုတ်ဘူးပေ့ါနော်.. ဘုန်းကြီးကျောင်းက အစပြုလို. ဘာသာရေးဆိုတာ ပိုပြီးစိတ်ဝင်စား လာမိတာပါဘဲ .. အမေ သွားလေရာ နောက်လိုက်တော့ ဥပုဒ် စောင့်သွားလည်း ပါတော့တာပေါ့ အစကတော့ ဘုန်းကြီးကျောင်းမှာ မုန့်စားရ ကစားရ ပြီးတေ့ာ ပုံပြင်လည်းနားထောင်ရတော့ သွားမယ်ဆို တက်ကြွ နေတာဘဲ… ဘုန်းကြီးကျောင်းက မုန်.တွေကလည်း အလွန် အရသာရှိတာလား ဈေးထဲက မုန့်အရသာ နဲ.မတူဘူးလေ အလှူရှင်တွေရဲ. စေတနာပါ ပေါင်းထားလို.လားမသိ.. ထန်းသီးမုန့်တို. ငှက်ပျောသီး ဇနွင်းမကင်းတို. ဘိန်းမုန့်တို.ဆိုတာ အရသာရှိမှရှိ .. ဘုန်းဘုန်းက ရှေ.က တရားချပေးရင် လူကြီးတွေနဲ.အပြိုင် လိုက် အော်ရတာကိုလည်း ပျော်တာကိုး.. ပုံတိုပတ်စလေး တွေနဲ. […]


lu ta loneApril 28, 20101min38023
ဆရာကျင်ဟာ ဆီဆုံတွေလုပ်ပြီးရောင်းတယ်။ တစ်ရက်တော့မြို့ပေါ်က မှာထားတဲ့ ဆီဆုံတစ်ခု ပို့လိုက်တယ်။ ဆီဆုံပို့ပြီး ငွေယူရအောင်သွားတော့ ဆီဆုံဝယ်တဲ့ မြို့ပေါ်က လင်မယားက မတန်တဆ ဈေးနှိမ်တယ်…ဒါကြောင့် ကတောက်ကဆ စကားပြောရတာပေါ့ ။ ဒါပေမဲ့ ဆရာကျင်ဘက်ကမှန်တော့ တန်ဘိုးအပြည့်အဝရတယ်။ ဗုဒ္ဓဘာသာတွေ ထုံးစံအတိုင်း ပိုက်ဆံရှင်းပြီးတော့ အိမ်ရှင်လင်မယားက ဆရာကျင်ကို ထမင်းကျွေးတယ်။ ဆရာကျင်ကလည်း ထုံးစံအတိုင်း သရဏဂုံလေးဆောက်တည်ပြီး ပထမထမင်းလုပ် ဝါးပြီးမျိုချတယ် အဲဒီမှာတင် ထမင်းလုပ်ဟာ လည်ချောင်းဝမှာ တစ်နေတယ်။ ဒါအန္တရာယ်ပဲလို့ သူ့စိတ်က အလိုလိုသိတယ်။ ဒါနဲ့ အိမ်အပြင်သွားပြီးတော့ အာခေါင်ကို လက်နဲ့ လက်ညိုးထိုးအန်ချလိုက်တော့ ကြွက်အသေကောင်ကြီးထွက်လာတယ် ဒါစုန်းပညာနဲ့သူ့ကို သေအောင်သတ်တာပဲလို့သိလိုက်တယ်။ ဒါပေမဲ့ ဆရာကျင်ကမသေဘူးလေ။ အိမ်ရှင်လင်မယားကလည်း မျက်နှာပျက်နေတယ် သူတို့လုပ်ထားတာကို။ ဒါနဲ့ဆရာကျင်က ထမင်းဆက်မစားတော့ပဲ ရွာပြန်လာတယ်။ နောက်နေ့ကျတော့ အဲဒီအမျိုးသမီးက […]


lu ta loneApril 28, 20101min1094
ကဆုန်လပြည့် ဗုဒ္ဓနေ့ သန္ဓေယူခါ၊ ဆယ်လကြာသော် မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ရှစ်ကြုံ ကဆုန်လပြည့်၊ သောကြာနေ့ဝယ် ချမ်းမြေ့စုံညီ၊ လုမ္ဗိနီ၌ မဟီလှိုက်ဆူ၊ ဖွားတော်မူသည် နတ်လူအောင်မြို့ လမ်းပါကို။ (ခုနစ်နေ့ ဗုဒ္ဓဝင်ဘုရားရှိခိုး၊ လယ်တီဆရာတော်ဘုရားကြီး) +++++ မဟာသက္ကရာဇ် ၆၈ ခု ဥတုဂိမှာန ကဆုန်လပြည့် သောကြာနေ့ ဤနေ့ နံနက်အခါ၌ ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်တို့ကြားတွင် ရှိသော လုမ္ဗိနီ အမည်ရှိသည့် မင်္ဂလာအင်ကြင်းဥယျာဉ်တော်သည် အမြစ်ရင်းမှ အခက်ဖျားတိုင်အောင် အလုံးစုံ တစ်ခဲနက် ပင်လုံးကျွတ် ပွင့်ခြင်းသို့ ရောက်၏။ နတ်တို့၏ နန္ဒဝန်ဥယျာဉ်နှင့် အသွင်တူ၏။ အရွယ်နုပျို လူထိုထို၏ စိတ်ကို ဖောက်ပြား ချောက်ချား တုန်လှုပ်စေနိုင်သော၊ ပန်းမျိုးစုံ ပန်ဆင်၊ ပုတီးနားဍောင်းတို့ ဆင်ယင်၊ သွယ်ပျောင်းသော ကိုယ်အင်္ဂါအစိတ်အပိုင်း ကြီးငယ်ကို […]