zaw winApril 2, 20141min1352
– အလုပ်အတူတူမှာ ချစ်သူမထားပါနဲ့ မင်းရင်မောရလိမ့်မယ်။ – အဝေးကချစ်သူ မင်းချစ်ခဲ့ရင် တမ်းတမ်းတတ ပိုချစ်လာလိမ့်မယ်။ – ချစ်သူ အနေဝေးတော့ ကိုယ်ဆွေးဆွေးပြီး – ချစ်နေရပါတယ်။ မင်းသုတ 19း05 PM 1.4.2014


zaw winApril 1, 20141min1394
စကားလေးတစ်ခွန်းဟာ ခွန်အားပါ စကားလေးတစ်ခွန်းအား တွန်းအားပါ စကားလေးတစ်ခွန်းဟာ ချစ်ချင်စရာ စကားလေးတစ်ခွန်းဟာ နာကျည်းခံပြင်းစရာ စကားလေးတစ်ခွန်းဟာ စိတ်ဓာတ်ကျစရာ သေမိန့်ပါ စကားလေးတစ်ခွန်းကြောင့် ဂလဲ့စားချေမှာ ထိန်းထိန်းသိမ်းသိမ်း သတိထားစွာပြောကြပါ။ မင်းသုတ 23:50 PM 30.3.2014


zaw winMarch 25, 20141min1626
မာနကို ခဝါချလို့ ဘယ်သူ့ကိုမှ မနိုင်ချင်၊ မရဏကို မနိုင်သ၍ မင်းဟာ အရှုံးသမားပင်၊ မင်းရှိတဲ့ စည်းစိမ်-အာဏာ ထားခဲ့ရမှာ အမှန်ပင်၊ ကျန်နေခဲ့တဲ့ အချိန်များမှာ သံသရာ အကျိုးမဲ့ မဖြစ်စေချင်။ (အသက် ၆ဝ နှစ်ပြည့် မွေးနေ့အမှတ်တရ) မင်းသုတ 10း26 P.M 23.3.2014


zaw winFebruary 24, 20141min1475
အလုပ်မရှိ အလုပ်ရှာ သစ်တောခုတ်သုံးရာ ဂေဟံစနစ်ပျက်ယွင်း နိုင်ငံဆင်းရဲတွင်း မြို့ရွာနယ်အနှံ့ အလုပ်ရုံများစွာ လူတကာအတွက်ပါ ပူလောင်ဝမ်းစာပြည့်ပါမှ နိုင်ငံဖွံ့ဖြိုးရ။ မင်းသုတ 21း15 P.M 23.2.2014


zaw winNovember 3, 20131min811
– တချောင်းသောလက် အားမရှိပါ ငါးချောင်းသောလက် ပေါင်းစပ်ပါမှ အားရှိပါ၏ ရွှေမြန်မာတွေ လက်သီးဆုပ်ထားကြ။ – ပြိုင်ဘက်ကိုအနိုင်ယူ တောင့်တင်းတဲ့လက်သီး ဘာမထီမြန်မာဟာ ကမ္ဘာမှာထိပ်သီး အနှိမ်ခံ အပစ်ပယ်ခံ တနေ့ကျရင် ဒင်းတို့ကို အနိုင်ယူမဲ့ ငါတို့ရဲ့လက်သီး။ – ငါတို့ချင်း မညီညွတ်လို့ သွေးကွဲနေကြတဲ့အခါ ဒင်းတို့ရဲ့မြေမှာ ရွာဇနပုဒ်မှ ကျောက်စိမ်းမြို့တော် ဖွံ့ဖြိုးဆဲနိုင်ငံမှ ချမ်းသာတဲ့နိုင်ငံ ငါတို့ကိုမှီပြီး ဂုတ်သွေးစုပ်ကြ နွားကွဲရင် ကျားကိုက်တဲ့ဥပမာ ရင်နာတဲ့အဖြစ်ဆိုးများ ပြည်တွင်းစစ်ပြေးဒုက္ခသည်များ – ပေါင်းစည်းပါ နားလည်မှုပေး လိုက်လျောပါ ညီညွတ်သွေးစည်းကြပါ လက်ချောင်းလေးတွေ ပေါင်းစုလို့ လက်သီးဆုပ်ပြီး အားမာန်ပြပါ ဒါဟာ ကမ္ဘာမှာ မြန်မာဟေ့လို့ ခေါင်းမော့ကာ စွမ်းရည်ပြပါ။ မင်းသုတ 15း00 P.M. 2.11.2013


zaw winOctober 14, 20131min972
– စကားတွေ အများကြီးမပြောပါနဲ့ ကိုယ်အသုံးမကျတာတွေ လူတွေသိကုန်လိမ့်မယ်။ – ကိုယ့်ကြောင့် လူတွေဒုက္ခမရောက်ကြပါစေနဲ့။ – မိမိ ဘာမှားနေသလဲ ချို့ယွင်းချက် – အားနည်းချက် – လုပ်ဆောင်ချက် အတွေးအခေါ်အယူအဆ – ငွေကြေးအလေအလွင့် ဒါတွေကို သုံးသပ်ဝေဖန်ဆင်ခြင်ပါ မိမိအမှားများကို သတ္တိရှိရှိဖြင့် ပြင်ပါ ဝန်ခံပါ – မိမိကိုယ်မိမိ ပြင်ဆင်ပြီးရင် မိသားစု – မိတ်ဆွေ – ပတ်ဝန်းကျင်အတွက် ကောင်းအောင်လုပ်ပါ။ – တစ်ယောက်ချင်းအမှားပြင် နိုင်ငံကောင်းဖို့အတွက် နိုင်ငံချစ်စိတ်ဝင်။ မင်းသုတ 16:20 P.M 14.10.2013


zaw winSeptember 18, 20131min1456
– သားသားမီးမီးတို့ လွတ်လွတ်လပ်လပ် ပျော်ရွှင်ချင်ပါတယ်။ – သားသားမီးမီးတို့ လွတ်လွတ်လပ်လပ် ဆော့ကစားချင်ပါတယ်။ လူမျိုး ဘာသာ အယူစွဲ အကြမ်းဖက်မှုဆိုတာ မသိပါ။ – သားသားမီးမီးတို့ လွတ်လွတ်လပ်လပ် ပညာသင်ကြားချင်ပါတယ်။ ဆင်းရဲမွဲတေမှုဆိုတာ မသိပါ။ – သားသားမီးမီးတို့ ထူးချွန်အောင်မြင် ဦးဆောင်နိုင်သူတစ်ယောက် ဖြစ်ချင်ပါတယ်။ ထောက်ပံ့ လမ်းပြ ကူညီ လက်တွဲခေါ်သူ မရှိပါ။ – အားလုံး အားလုံးသော လူကြီးများ ကလေးတစ်ယောက်ရဲ့ဆန္ဒကို အသိအမှတ်ပြုကြပါ။


zaw winApril 10, 20131min1045
မင်းဟာ အရန်လူ ဒါပေမဲ့ သာမန်လူတွေထက် ထူးတဲ့သူပါဘဲ။ အဓိကလူတွေ နားသွားတဲ့အခါ ထိခိုက်ကျဆုံးသွားတဲ့အခါ တဖက်တိုက်စစ်ကို မခုခံနိုင်တော့တဲ့အခါ မင်းကနေရာယူလာပြီး တန်ပြန်တိုက်စစ်နဲ့ တဖက်ပြိုင်ဘက်ကို ပြိုလဲသွားစေရမယ်။ ဒါဟာ အရန်လူရဲ့ ဘက်စုံပြည့်စုံတဲ့အရည်အချင်းပါဘဲ။ မင်းသုတ 12:10 P.M 10.4.2013


zaw winMarch 31, 20131min2206
ဒါလေးက ဘာဖြစ်တာလဲ ဘယ်ကနေ ဘယ်လိုဖြစ်လာရတာလဲ ဒီလိုဖြစ်ရင် ဘာတွေထပ်ပြီး ဖြစ်နိုင်သေးလဲ ဘယ်လိုအကျိုးအပြစ်တွေ ဖြစ်ပေါ်လာနိုင်သလဲ ဒါဆိုရင် ဘယ်လိုအသုံးချခံစား ကာကွယ်တားဆီးမလဲ အားနည်းချက် အားသာချက်တွေကို လေ့လာရမယ် မှတ်တမ်း စမ်းသပ်ချက်တွေအဆင့်ဆင့် ထားရှိလုပ်ဆောင်ရမယ် လူနဲ့လူ့ပတ်ဝန်းကျင် တိုးတက်ဖွံ့ဖြိုးနိုင်ရန် ဒီလိုသုတေသနပြုလုပ် လေ့လာဆောင်ရွက်မှုတွေဟာ အရေးကြီးဆုံးပါ။ သင်ရော သင့်ဘဝမှာ သင့်ဝန်းကျင်မှာ သုတေသနလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပြီးပါရဲ့လား။ မင်းသုတ 21:30 PM 28.3.2013


zaw winNovember 6, 20121min691
သူသူငါငါ လောကလယ်မှာ လောဘ၊ ဒေါသ၊ မောဟ၊ မာန်၊ မာန မနာလို၊ ဝန်တို-စိတ်ရောင်စုံများ ပြည့်နှက်နေကြ၊ ကုသိုလ်၊ အကုသိုလ် မြင့်အောင်ကြည့် သိအောင်လေ့လာ သင်ရှောင်ကြဉ်ပါ လောကဓမ္မတာ ထွက်ပေါက်ကိုရှာ ငြိမ်းအေးရာသို့ကျင့်ကြံပါ။ မင်းသုတ 01:05 AM 7.10.2010


zaw winNovember 5, 20121min853
မင်းဟာ အမြင့်ပျံငှက်ကလေးတစ်ကောင်ပါ လှောင်အိမ်ထဲမှာမမြင်လိုပါ မင်းဟာ အနိမ့်မှာလည်း ကျက်စားလို့ရတယ် အမြင့်မှာလည်း ကျက်စားလို့ရတယ် မင်းဟာ ပတ်ဝန်းကျင်နဲ့နေလို့လည်းရတယ် တစ်ဦးထဲလည်း နေထိုင်လို့ရတယ် မင်းဟာ လွတ်လပ်မှုအပြည့်အဝရထားတဲ့ ငှက်ကလေးတစ်ကောင်ပါ လောကမှာ မင်းလုပ်ချင်တာလုပ်ယူလို့ရတယ် ကြိုက်သလိုပုံဖော်လို့ရတယ် မဆိုင်တဲ့အကြောင်းအရာတွေကို ခေါင်းထဲမှာ ထည့်မထားနဲ့ ကိုယ်ပိုင်အချိန်တွေ ဆုံးရှုံးလိမ့်မယ် လွတ်လပ်စွာပျံသန်းပါ ငှက်ကလေး မင်းရဲ့ရည်မှန်းချက်တွေအောင်မြင်ပါလိမ့်မယ်။ မင်းသုတ 3.7.2001


zaw winSeptember 10, 20121min841
ဒို့နိုင်ငံမှာ ခေတ်သစ်ပြောင်းခဲ့ပြီ ဒို့ရင်ထဲမှာ အတွေးအခေါ်တွေပြောင်းခဲ့ပြီ နှစ်ပေါင်းများစွာ ဟိုလူ့ကိုညာ ဒီလူ့ကိုညာ မိမိကိုယ်ညာ ညာခဲ့ပေါင်းလည်းများခဲ့ပြီ ဒို့နိုင်ငံလည်း မွဲပြာကျခဲ့ပြီ ကိုယ့်နိုင်ငံကိုတိုးတက်စေဖို့ မိမိကိုယ်မိမိမညာဘဲ ကြိုးစားကြပါစို့ အလုပ်လုပ်ကြပါစို့ သူငယ်ချင်း။ မင်းသုတ 21:00 PM 10.9.2012


zaw winAugust 5, 20121min1073
အမောင်လုလင် စာကိုသင်လော့ စာဖတ်များမှ တွေးခေါ်ကောင်းမည် နည်းလမ်းသိမှ တိုးတက်မည် ကိုယ်ကျင့်ကောင်းမှ အောင်မြင်မည် အောက်ကျ နောက်ကျ တို့တိုင်းပြည် ငါတို့ကယ်တင်မည်။ မင်းသုတ 10:00 AM 5.8.2012