zaw winJuly 29, 20121min854
အသင်ရထားကြီး သင်ဖြတ်သွားသော် ငယ်စဉ်ကလေးဘဝ ဘာကြောင့်ရယ်မသိ ငါတို့ပျော်၏ အသင်ရထားကြီး ငါကြီးလာသော် ပညာရှာမှီး မြို့သို့သွားရန် သင့်ကိုစီး၏ အသင်ရထားကြီး ငါအရွယ်ရောက်သော် ပညာတတ်မြောက် လုပ်ငန်းရောက်၍ မြန်ပြည်တလွှား သင်သွားလိုရာ သွားနိုင်စေရန် ငါ့ပညာဖြင့် လမ်းဖောက်-တံတားဆောက် လုပ်ဆောင်ခြင်းဖြင့် သင်လည်းပျော်ရွှင် ပြည်သူအများ ဝမ်းမြောက်ပါစေသတည်း။ မင်းသုတ 10:25 AM 13.2.2012


zaw winJuly 24, 20121min843
လောကဓမ္မတာကြုံတွေ့လာရ တချိန်တည်းမှာ ကိုယ့်ရည်မှန်းချက်အောင်မြင်ရေးအတွက် ကြိုးပမ်းနေကြ အောင်မြင်မှုအတွက် ပြုံးပျော်နေကြ ဆုံးရှုံးမှုအတွက် စိတ်ဓာတ်ကျလျက် တစ်လုပ်စားဖို့ အသပြာငွေရှာခက်လျက် ဘဝလည်းဆုံး တန်ဖိုးရှုံးပေမဲ့ ပြေလည်တဲ့အခြေအနေများမှာ ငွေဟာ ရေလို လေလို ပေါများပါ၏။ မင်းသုတ 10း25AM 13.2.2012


zaw winJune 14, 20121min1042
နုနုရွရွလက်ကလေးကိုကိုင်ကာ မောင့်မှာမရဲဝံ့ပါ အခြေအနေမပေးတော့ အနေဝေးရမှာ မောင်ကြိုးစားရဦးမှာ မကြာခင် မောင်ပြန်လာခဲ့မှာ အချစ်ကလေး စောင့်မျှော်နေရစ်ပါ မင်းသုတ 8:35 AM 12.6.2012