zaw winFebruary 21, 20131min561
– ငါ့သားလေး ငါ့သမီးလေး ကြိုးစားထား ကြိုးစားမှအောင်မြင်မယ် စိတ်ပါလည်းလုပ် စိတ်မပါလည်းလုပ် မိဘစိတ်ချမ်းသာဖို့ ဖြစ်စေချင်တာဖြစ်ဖို့ ကိုယ်ဆန္ဒမပါ ကြိုးစားလုပ် ဒါမှငါ့သမီးလေး ငါ့သားလေး လူတကာရှေ့ မော်ကြွားပေး ကြီးလာတော့ ကိုယ်လုပ်ချင်တာကိုယ်လုပ် – ငါ့တပည့်လေး ကြိုးစားပေး ငါဖြစ်စေချင်တာအကုန်လုပ် အောင်မြင်စေဖို့ ကြိုးစားလုပ် စိတ်ပါလည်းလုပ် စိတ်မပါလည်းလုပ် ဒါမှငါ့တပည့်လေး သိပ်ဟုတ် လူတကာရှေ့ မော်ကြွားဖို့လုပ် အောင်မြင်လာတော့ ကိုယ်လုပ်ချင်တာကိုယ်လုပ် – အကြီးအကဲက လက်အောက်ငယ်သားအပေါ် ငါခိုင်းတာအကုန်လုပ် ဘာတွေညာတွေ လာမပြောနဲ့ မှားမှားမှန်မှန် အကုန်လုပ် ငါလည်းလူကြီးဖြစ်လာတော့ ငါထင်တာ ငါလုပ်ချင်တာ အကုန်လုပ် – နက်နက်ရှိုင်းရှိုင်းတွေးကြပါ တဖက်သားရဲ့စိတ်ကူးနဲ့ ဖြစ်ချင်တာတွေမပါ လွဲချော်မှုပေါင်းများစွာ ခင်ဗျားတို့ပြင်ကြပါ။ မင်းသုတ 21-2-2013 01း15 AM


zaw winNovember 20, 20121min1152
ဘာကြောင့်လဲ သိလား အမေစုရဲ့ ရင်တွင်းပီတိလှိုင်းတွေလေ ခေတ်အဆက်ဆက် ကိုယ့်တိုင်းပြည်အတွက် အသက်စွန့်ခဲ့တဲ့ နောင်တော် ညီတော် ကျောင်းသူကျောင်းသားများရဲ့ ရည်မှန်းချက်များ အောင်မြင်တဲ့နေ့ ဖြစ်လို့ပါ။ ငါတို့ရဲ့ မဟာရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးရဲ့ ဘွဲ့နှင်းသဘင်ခန်းမကြီးမှာ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အမေရိကန်သမ္မတ ဘားရတ် အိုဘားမား ကိုယ်တိုင် တက်ရောက် ဂုဏ်ပြုစကားပြောကြားခဲ့တဲ့နေ့ဖြစ်တယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးမှာ ခေတ်အဆက်ဆက် လှုပ်ရှားခဲ့တဲ့ ကျောင်းသူကျောင်းသားများရဲ့အောင်ပွဲကို အသိအမှတ်ပြု ဂုဏ်ပြုခဲ့လို့ဖြစ်တယ်။ ဒီလိုပွဲမျိုးဖြစ်မြောက်အောင် အမေစု ဘယ်လောက်ကြိုးစားခဲ့ရသလဲ အားလုံးအသိ ကမ္ဘာအသိပါ။ တစ်သက်လုံး မျက်ရည်မဝဲခဲ့တဲ့ အမေစု ဒီနေ့တော့ ဝမ်းသာလွန်းလို့ မျက်ရည်ဝဲခဲ့ပါပြီ။ မင်းသုတ 22:50 PM 19.11.2012


zaw winNovember 20, 20121min1627
သူများပြောတာ နားယောင် ဟိုယောင်ယောင် ဒီယောင်ယောင် အတွေးအခေါ်တုံးတုံး အကြံဉာဏ်တုံးတုံး လုပ်ဆောင်ချက်တုံးတုံး မင်းတို့ရဲ့ ယောင်ထုံးခေတ်ကုန်ဆုံး မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် သွက်သွက်လက်လက် လုပ်ဆောင်ချက်ကောင်း အကျိုးရှိမဲ့ မြန်ကောင်းခေတ်ကို ရောက်ပါပြီ။ မင်းသုတ 22:55 PM 19.11.2012


zaw winSeptember 16, 20121min813
အဖေဟာ • ရိုးသားတယ် • ရဲရင့်တယ် • ပြတ်သားတယ် • တည်ကြည်တယ် • ကြွားဝါခြင်းမရှိဘူး • အများအတွက် အနစ်နာခံတယ် • ကိုယ်ကျိုးစွန့်ခဲ့တယ် သမီးလည်း အားကျမိတယ်အဖေ အဖေဟာ သမီးရဲ့ မဟာသူရဲကောင်းကြီးပါ သမီးဂုဏ်ယူနေလျက်ပါ အဖေ့ရဲ့အမွေဆက်ခံနိုင်ဖို့ အဖေ့ခြေရာ နင်းနိုင်ဖို့ ကြိုးစားနေလျှက်ပါ နောင်ကိုလည်း ကြိုးစားနေမှာပါအဖေ မင်းသုတ 17:30 PM 13.9.2012


zaw winApril 24, 20121min842
၁၃၆၉ ခု နှစ်ဆန်းတစ်ရက်နေ့ အင်္ဂါမှာပိတောက်ပွင့် ဒေါ်စုအောင်ပွဲဆင့် တံခွန်ထိပ်က အောင်လံထူ ပြည်သူ့စံနမူ နိုင်ငံသစ်ထူ မြန်မာပြည်သူ ကမာ္ဘ ့ထိပ်ရောက် နေရာယူ။ မင်းသုတ 18း00 PM 17.4.2007


zaw winApril 9, 20121min871
ဒို့တတွေဟာ တသွေးတည်းမို့ အရောင်တွေမကွဲပြားပါ နှစ် ၆ဝကျော် အချင်းချင်းဖြစ်ကြ အခြေအနေ အယူအဆကြောင့်ပါ တူတာတွေကို ပေါင်းစည်းလို့ မတူတာတွေ ဖြေးဖြေးညှိပါ မျိုးဆက်သစ်တွေ ကောင်းစားဖို့ ဒို့တတွေ အနစ်နာခံကြမှာ ဒို့နိုင်ငံ စံပြဖြစ်ဖို့ ကမ္ဘာ့အလယ် လက်တွေ့ပြပါ တချောင်းချင်းပေါင်းစည်းလို့ လက်သီးဆုပ်ခါ တသွေးတည်းပါ။ မင်းသုတ 8:30 AM 7.4.2012


zaw winApril 5, 20121min1779
အဖေတို့ အမေတို့ရယ် သားတို့ သမီးတို့ နေရာစုံမှာကြိုးစားခဲ့ပါတယ် လောကကြီးက မတရားပါကွယ် မင်းတော်နေသလား ဘေးဖယ်ထား ငါ့လူကိုထား မင်းကြိုးစားနေသလား နှိမ်လို့ထား ကြီးပွားချင်သလား တိုင်းတပါးမှာ ကျွန်ခံသွား ကယ်သူဝေးလို့ ဘဝပျက်သွား။ မင်းသုတ 21:00 PM 2.4.2012


zaw winApril 2, 20121min1075
ညအမှောင်ဟာ မဟူရာလို မဲနက်စွာရှိပါ့ ကြယ်လေးတွေရယ် အမှန်တကယ်မစွမ်းနိုင်ကြ လမ်းပြမဲ့ကြယ်တံခွန်ဟာ အာကာတခွင်ထွန်းလင်းတောက်ပ။     မင်းသုတ 19:00 PM 2.4.2012


zaw winMarch 9, 20121min1961
အောက်ဆိုဒ်ဒါ အန်ကယ်ကိုကိုကြီး ဌာနတစ်ခုမှာ အရာရှိကြီး အန်ကယ်ကိုကိုကြီး အောက်ဆိုဒ်ဝင်ငွေ သိပ်ကောင်းပြီး လက်တွဲလာတဲ့ မယားကြီး အိမ်မှာတညည်းညည်း မာဆတ် – ကာရာအိုကေမှာ ပျော်ရွှင်ပြီး သမီးအရွယ်ကောင်မလေးတွေနဲ့ စပ်ဖြီးဖြီး မင်းကိုမင်းတော့ သိပ်အထင်ကြီး အောက်ဆိုဒ်ဒါ အန်ကယ်ကိုကိုကြီး။   မင်းသုတ 12:00 PM 5.2.2012   ချိန်ခွင် အိုချိန်ခွင်လေးရယ် ဘက်မလိုက်ပါနဲ့ကွယ် မင်းအလေးသာခဲ့ရင် တဖက်သားမှာ နစ်နာတယ် တစ်ယောက်သောသူကို မတော်လောဘ အားပေးရာရောက်ပါတယ်။ မင်းသုတ 0:30 AM 6.2.2012   လူကြီး ငါဟာ အသက်ကြီးသလား ဂုဏ်ကြီးသလား ပညာကြီးသလား ကိုယ့်ဘာသာကိုယ် မေးကြည့်လိုက်တယ် ဘာကိုကြီးတဲ့ လူကြီးလဲ တရား-မတရား မှန်ကန်ဆုံးဖြတ် ရိုးသားဖြောင့်မတ် လူကြီးလား။   မင်းသုတ […]


zaw winFebruary 18, 20121min4148
</pပိတောက်ရွက်ကြွေ နှမအခက်ပွေ မောင်မှာထွေးပိုက်လို့လေ အန္တရာယ်တွေ ရန်စွယ်တွေ မောင်ရှင်းပစ်မလေ ပန်းခင်းတဲ့လမ်း မင်းလျှောက်တော့လေ မင်းသုတ 9း30 AM 18.2.2012