ေမာင္ရိုးOctober 3, 20121min37276
မကြာမီက .….မောင်ဆာမိတစ်ယောက် ထောင်မှထွက်လာသည် ။ အပြစ်ကတော ့ အခြားမဟုတ် ….. ရပ်ကွက်အတွင်းတွင် နားစွန်နားဖျား ကြားခဲ ့သော“ပြည်သူပိုင်ပစ္စည်း ခိုးလျှင် အပြစ်မရှိ”ဟူသောစကားကြောင့် ရထားလမ်းဘေးတွင် ပုံထားသော မီးရထားသံလမ်းများကို တောင်ဒဂုံ သံရည်ကြိုစက်သို ့ ရောင်းစားခဲ့ လေသဖြင် ့ အိုးဘိုထောင် သို့ ထမင်းစားကြွခဲ့ရခြင်းဖြစ်လေတော့သည် ။ မိမိနေထိုင်ရာ ရပ်ကွက်တွင်းသို့ ပြန်ရောက်သော် ထောင်ထွက်ဆာမိဟုခေါ်ကြသည် ။ ထိုမျှမကသေး …. အတိတ်က ဘဝစာမျက်နှာများကိုလှန်လှော၍ ကြာကူလီဆာမိဟုလည်း မကြားတကြား ပြောပြန်သေးသည် ။ အဖြစ်ကဤသို့တည်း……။ တစ်ခါက မင်းဓမ္မလမ်းဘေးရှိ ရေအိုင်ကြီးများထဲတွင်ပေါက်သော ကြာပင် ၊ ကြာရိုး များကို စည်းနှောင်ထမ်းပိုး၍ ဒညင်းကုန်းဈေးသို့ပို့သောအခါ ………ကုန်စိ်မ်းသည်မလေးများက ချစ်စနိုးဖြင် ့ ကြာပင်များထမ်းလာသောဆာမိကို …..ကြာကူလီဆာမိ […]


ေမာင္ရိုးAugust 22, 20121min71160
MGရွာထဲကပုံပြောကောင်းတဲ.ဦးဦးပါလေရာကိုအားကျလို. ပုံပြင်လေးတစ်ပုံလောက်တော.ပြောချင်ပါရဲ.ဗျာ ….။ ပုံပြင်ဆိုလို.ထူးထူးဆန်းဆန်းတော.မဟုတ်ပါဘူး ။ ကြားဖူးပြီးသားဖြစ်တဲ.မူလတန်းဖတ်စာထဲက ပုံပြင်လေးပါပဲဗျာ ….။ တစ်ခါက ….ကျေးညီနောင်နှစ်ကောင်ရှိသတဲ. ..။ တစ်နေ.မှာလေပြင်းမုန်တိုင်းတိုက်လို.တစ်ယောက်တစ်နေရာစီလွင်.မျောခဲ.ပါတယ်။တစ်ကောင်ကအကျင်.သီလကောင်းတဲ. ရသေ.ကြီးထံပါးမှာရောက်ရှိပြီး ၊ တစ်ကောင်ကတော.ခိုးသားဓားပြတွေဆီမှာနားခိုမိတာပေါ. …..။ အဲ …..ဆာမိ စဉ်းစားမိတာတော.အကျင်.သီလကောင်းတဲ.ရသေ.ကြီးဆီမှာရောက်သွားတဲ.ကျေးသားလေးကဆင်းရဲမှာပါ…ခိုးသားဓားပြ တွေဆီမှာရောက်ရှိခဲ.တဲ.ကျေးသားလေးကတော. ချမ်းသာရှာမပေါ. ။ ဒီလိုနဲ. ……ခုလဲ ….. ပုံပြင်ထဲက ကျေးညီနောင်နှစ်ကောင်ဟာ လေဘေးသင်.ပြီး ရန်ကုန်မြို.ကိုရောက်ရှိလာပြန်ပါတော.တယ် ……..။ ====== ======= ======== ========== =========== အခုရာသီကတော.စိုစိုစွတ်စွတ် မိုးရာသီပါ ။ ဒီဇတ်လမ်းရဲ.အစပျိုးချိန်ကတော. ပြီးခဲ.တဲ.ဆောင်းရာသီကပေါ. …။ ရန်ကုန်ဆောင်းဟာသိတော်မူတဲ.အတိုင်းသိပ်မချမ်းပါဘူး ။ အနွေးထည်အမိုက်စားလေးတွေလက်ဆောင်ရရင်တောင်မှ မဝတ်ရဘဲသိမ်းထားရတဲ.ဆောင်းဥတုပါ ။ နောက်ပြီး ရန်ကုန်သားတွေအိပ်ယာထချိန်ကလည်း မနက်(၈)နာရီ ဆိုတော. သိပ်မချမ်းတော.ဘူးပေါ.ဗျာ …..။ဒါပေမဲ. နှစ်စဉ်လိုလို မြောက်ဘက်ကလေအေးတွေ ဝင်တဲ.အခါတိုင်းတော. […]


အချိန်ကား …..သက္ကရဇ် AD 2212 ခုနှစ် ….။ ယခင်က ဗားကရာသင်္ဘောဆိပ်ဟုခေါ်တွင်ခဲ.၍ ငှက်ပျောသီး လှေများ ၊ ငါးဖမ်းလှေများ ဆိုက်ကပ်ခဲ.သောနေရာတွင် တိုင်ငုတ်တိုများ အုတ်ကျိုး အုတ်ပဲ.များသာရှိ၍ပျက်စီးယိုယွင်းနေပြီဖြစ်သော မြို.ပျက်ကြီးတစ်ခုကိုအနားသပ်ထားသည်. ရန်ကုန်မြစ်ဟု အမည်တွင်သော ခဲ တစ်ပစ်စာမျှမြောင်းသာသာ မြစ်ကမ်းဘေးတွင် အဖိုးအိုတစ်ယောက်သည် အလုပ်ရှုပ်လျက်ရှိလေသည် ။ဆံပင်များဖြူ၍ မုတ်ဆိပ်မွှေး တဖွားဖွားနှင်. ထိုအဖိုးအိုသည်လက်ထဲရှိအိပ်ကလေးအတွင်းမှ ပဲကြီးလှော်များကို ကလေးတစ်သိုက်အားဝေပေးလျက်ရှိချေတော.သည် ။ ဗိုက်ကလေး ၊ မောင်ပေ ၊ ကောက်ပို ၊ ကြီးမိုက် ၊ အောင်ဘု အစရှိသောကလေးများသည် အဖိုးအိုဝေပေးသော ပဲကြီးလှော်များကို မိန်ရှက် စွာစားသောက်ရင်း အဖိုးအိုပြောသော ပုံပြင်ကို ပဲကြီးလှော်မျက်နှာထောက်၍ ပျင်းရိငြီးငွေ.စွာ နားထောင်ကြရလေတော.သည် ။ ဗိုက်ကလေးသည်ကား ပဲကြီးလှော်ဝါးလိုက် ၊ လက်ထဲရှိပုလင်းထဲမှ […]