ေမာင္ရိုးFebruary 19, 20131min29127
လွန်ခဲ ့တဲ ့ရက်ပိုင်းက ဖတ်ခဲ့ရတဲ ့အမြန်လမ်းက သတင်းကိုအကြောင်းပြုရင်း ဒီပို ့စ်ကိုရေးမိတာပါ ။ မူရင်းသတင်းကိုလည်း ခွင် ့တောင်းပြီး အောက်မှာကူးတင်ပေးထားပါတယ် ။ အမြန်လမ်း ကသိတဲ့အတိုင်းပဲ ပဲခူးရိုးမတောင်ခြေနားက ကပ်ပြီး ဖေါက်ထားတာဖြစ်တဲ ့အတွက် ပုံမှန်အားဖြင် ့ လူနေမြို ့ရွာများနဲ ့ ဝေးပါတယ် ။ ဒါကြောင် ့ တစ်ခုခုဖြစ်ရင် အကူအညီ မလွယ်သလို လုံခြုံရေးလည်း မကောင်းလှပါဘူး။ သိပ်မကြာခင်က ကြားမိသေးတယ် ….. ညဖက် အမြန်လမ်းပေါ်မှာ တုံး တစ်ချို ့တားပြီးလက်ဆော ့ထားတာ ။ ဒါနဲ ့ တွေ ့ကာစက ဓားပြ တိုက်တာလားလို ့ လန် သွားပေမဲ ့ ကိုယ်တိုင် […]


ေမာင္ရိုးFebruary 17, 20131min32641
ဒုတိယမြောက်ဖုန်းမြည်သံ အပြီးတွင် ပါဝါမပိတ်ဘဲ ဘက်ထရီကိုဆွဲဖြုတ်လိုက်သည် ။တစ်ဖက်တွင်တော ့ အလိုအလျောက်ဖြေကြားစက်မှ ဧရိယာပြင်ပရောက်နေကြောင်း ဖြေနေမည်ထင်၏ ။ မေ တစ်ယောက်တော ့ စိတ်ကောက်နေလောက်ပြီ ဟုမသက်မသာတွေးရင်း ခေါင်းတစ်ချက်ရမ်းမိသည် ။ ဖုန်း ကိုင်၍မဖြစ်သေး …. လောလောဆယ်ဆယ် လုပ်စရာတွေ များလွန်းနေ၍ တစ်ဘက်မှချစ်သူ မေ ၏ စကားနာထိုးခြင်းကို ရှောင်ရလိမ် ့ဦးမည် ။ လွန်ခဲ ့တဲ ့ တစ်ရက်ကျော်ကလည်း သူ နှင် ့မေ အကြား အလွဲလွဲ အချော်ချော် … ” ကို …. မနက်ဖြန် ဘာနေ ့လဲ သိလား ” ” ကြာသာပတေးနေ ့လေ ” “အာာ …. […]


ေမာင္ရိုးFebruary 10, 20131min20733
အဖျက်ခံရနိုင်တဲ့ ပို့စ် တစ်ခု ဖြစ်ကြောင်းကြိုပြောထားပါရစေ …   အခုတလော မအားလပ်တာနဲ့ ရွာထဲမမြဲပါဘူး …။. ဒါပေမဲ့ မကြာမကြာ ဟိုချောင်းဒီချောင်းနဲ့ ဆိုတော့ .. ဘော်ဘော်များရှယ်တဲ့ သတင်းလေးတစ်ခုကိုဖတ်မိရာက  အတွေးလေးတစ်ခု ရလာလို့ပါ …. ရွာထဲအေးနေလို့ ဖွ တာတော ့မဟုတ်ပါဘူး …. ကြိုပြောထားပါရစေ …. ဒီပို့စ်ကို တာဝန်ရှိသူများက မသင် ့တော်ဘူးလို့ထင်ရင်  အချိန်မရွေးဖျက်နိင်ပါတယ် …. ဘယ်လိုမှ သဘောမထားပါဘူး …..။   ကဲဗျာ ….. လိုရင်းကိုစလိုက်ကြရအောင် ……. ကျနော် ဒီစာကိုရေးနေတဲ့အချိန်မှာ ဘယ်ဘာသာကိုမှ ပြစ်တင်ရှုံ ့ချလိုစိတ်မရှိပါဘူး ။ ယခင်ကတည်းကလည်း သူ ့သဘောသူဆောင် ဆိုပြီး ကိုယ် ့ကိစ္စကိုယ်လုပ်ခဲ ့တာပါ …။ […]


ေမာင္ရိုးJanuary 31, 20131min39756
“ဇမ္ဗူလက်ျာ တောင်ကျွန်း ဩဘာနိမိတ်ထွန်း ”  တဲ ့ …. ကျနော်တို့ ငယ်စဉ်ကတည်းက ကြားဖူးခဲ ့တာ …။ ကျနော်တို့ နေတဲ ့ နေရာက ဘာကျွန်းလည်းမသိပေမဲ့ အတိတ်နိမိတ် ၊ တဘောင် တွေကတော့ဖြင် ့ ခေတ်အဆက်ဆက် လက်ဆင် ့ကမ်းလာခဲ့ကြပါတယ် …။ အင်းဝ မပျက်ခင်က “အင်းကိုဟင်္သာဆင်းအံ ့ ၊ မုဆိုး လေးနှင့်ခွင်းအံ့ …”ဆိုပြီး တဘောင် စကားထွက်ခဲ့ဖူးတယ်လို့တော့ ကြားဖူးပါတယ် ။ ဆိုလိုတာက အင်းဝ ကို ဟံသာဝတီကသိမ်းပြီး ၊ ဟံသာဝတီ ကို မုဆိုးဖိုရွာသူကြီးက တော်လှန်မယ်ပေါ ့ ….။ ဒီလို….ဒီလို..နဲ ့ အတိတ် တဘောင်တွေ ပေါ်လာလိုက်တာ ခုထိဆိုပါတော့ […]