– – – – – – –   ================  {မှတ်ချက် ။     ။ ဒီကဗျာကို တင်မို့ လုပ်တုန်း ဂဇက်က ဂွမ်းသွားလေတော့ ဖွဘုတ်မှာ တင်ပလိုက်ဒယ်။ ခု မကျေနပ်ချက်နဲ့ ဒီမှာ တင်ဒယ် …။ ဒါဘာဗျဲစ် ..။} ================ ကျနော့်ဟာ ….. ================ ဒိုင်း .. ဒိုင်း … ဒိုင်း … ဒက် .. ဒက် .. ဒက် … ” မင်း သေပြီမှတ် … “ ငယ်ငယ်က ရက်ဆက် ဆော့ကစားခဲ့တဲ့ ထန်းလက် သေနတ်လေးဟာ … ကျနော့်ဟာ ……။ […]


– – ====================== ဘရန်ဒီ တစ်ပြားနဲ့ ခပ်ပါးပါးကျနေတဲ့ မိုးစက်တွေအောက်မှာ တစ်ယောက်တည်း လျှောက်လှမ်းနေမိတယ်။ ဘာသိဘာသာ နေနေကြတဲ့ လမ်းဘေး ခွေးတစ်အုပ်က လူကို မြင်ကာမှ တဝုတ်ဝုတ်နဲ့ ဟောင်တယ်။ “ဘားမားပြည်ကြီးဟာ အရင်လိုပါပဲလား” လို့ စိတ်အတွင်း မှတ်ချက်ပြုရင်းနဲ့ ဟောင်နေတဲ့ ခွေးတစ်အုပ်ကို မသိကျိုးကျွံပြုကာ ကိုယ်ရဲ့ ဦးတည်ရာဆီ ဆက်လက် ချီတက်လာခဲ့ပါတယ်။ “ဘိ” သံတွေ အဆက်မပြတ်ထွက်လာတဲ့ ခန္ဓာကိုယ်မှာ မန်မိုရီ ကြောင်တာထက် ဂရပ်ဖစ် ပြဿနာပဲ ဖြစ်ဖို့ များပါတယ်။ ဘီယာနဲ့ ဘရန်ဒီကို ရောချလို့ခဲ့လို့ အမြင်တွေ ဝေဝါး ရမ်းခါနေတာတော့ မဖြစ်နိုင်ကြောင်း သဘောပေါက်မိသည်။ ဘီးတပ် ယာဉ်တစ်စင်းဆီမှ “ကျွီ” ခနဲ အသံခပ်ပြင်းပြင်း နားအတွင်း ဝင်ရောက်လာတော့ ဘေးကို […]


– –  ======================== ကျနော်များ  မန်းဂဇက်မှာဆိုရင် လောလောဆယ် Media က နည်းနည်း ကွိုင်နေလို့မို့ ပုံတွေ တင်ရတာ အခက်အခဲလို ဖြစ်နေပါတယ်။ ဒီအခက်အခဲကလည်း တာရှည် မနေပါဘူး။ သဂျီး ပြင်ပြီးတာနဲ့ ကောင်းသွားမှာပါ။ အခု မကောင်းခင် စပ်ကြား ပုံတွေ တင်ချင်တဲ့ သူတွေအတွက် ပုံတင်လို့ရတဲ့ အခြား နည်းလမ်းတစ်ခုကို ပြောပါရစေဗျား။ ဒီလိုပါ …။ အင်တာနက် ပေါ်မှာပေါ့ဗျာ။ ပုံတွေကို ဝေမျှတဲ့ ဝက်ဘ်ဆိုက်တွေ များစွာရှိပါတယ်။ ဒီဆိုက်တွေမှာ မန်ဘာဝင်ဖို့အတွက်ဆိုရင်လည်း Free ပါပဲ။ ဆိုလိုချင်တာက ဒီလို ပုံဝေမျှတဲ့ ဆိုက်တွေမှာ ကိုယ် တင်ချင်တဲ့ ပုံတွေကို အရင်တင်၊ ပြီးမှ ပုံရဲ့ လင့်ခ်ကို ယူပြီး ဂဇက်မှာ […]


– – – +++++++++++++++++++++++++++++ ကျုပ်တို့ တွေးတတ်ကာစ ကတည်းက ကမ္ဘာကြီး ပြားတယ်၊ လုံးတယ် ဆိုတာနဲ့ စပြီး ပြဿနာ တက်ခဲ့ကြတယ်။ စာထဲမှာ သင်ရတာက ကမ္ဘာကြီးဟာ လုံးဝန်းတယ်။ ကျုပ်တို့ မျက်မြင် ကိုယ်တွေ့ တွေ့နေရတာက ကမ္ဘာကြီးက ပြားနေတယ်။ ဒီလို လုံးတယ်၊ ပြားတယ်နဲ့ ပတ်သက်ပြီး ကျုပ် ငယ်ရွယ်စဉ်က စာသင်ကျောင်းမှာ ငလုံး၊ ငပြား ဇာတ်လမ်းတောင် ဖြစ်ခဲ့သေးတယ်။ (ကွန်မန့် 200 – ရရင် ပြောပြမယ်။) အဓိက ကျုပ် ဆိုလိုချင်တာကတော့ လူတွေဟာ တွေးတတ်လာကတည်းက ပြဿနာနဲ့ တည့်တည့် တိုးတာပဲ။ အတွေး ဆိုတာ ဝင်လာ ကတည်းက ဒွိဟ သံသယနဲ့ စိတ်တွေဟာ […]


– – ++++++++++++++++++++++++++++++++++++   တစ်နေ့သ၌ လွန်စွာမှ ဝဖိုင့်သော လူကြီးတစ်ဦးနှင့် လွန်စွာမှ ပိန်ညှောင်သော လူကြီးတစ်ဦးတို့သည် ကျဉ်းမြောင်းလှသော တစ်ယောက်သွား လမ်းကြပ်လေးအတွင်း ရင်ဆိုင် တိုးမိကြလေ၏။ ထိုအခါ လူဝကြီး မှ ….. “……….. ဟေ့ကောင် နံပိန်၊ ဘေးကို ကပ်စမ်း ……..” – ဟူ၍ အမိန့်ဆန်ဆန် လေသံဖြင့် ဆိုလေရာ လွန်စွာမှ ပိန်ညှောင်သော လူပိန်ကြီးမှ ခပ်မာမာ လေသံဖြင့် ဤသို့ ခွန်းတုံ့ပြန်လေ၏။ “……….. ဟေ့ကောင် ဝက်ကြီး၊ မင်းသာ ထိုင်လိုက်စမ်း၊ ငါ မင်းအပေါ်က ကျော်ခွသွားမလို့ ……..”   ထို့နောက်  ၎င်းတို့ နှစ်ယောက်သည် ဤသို့ အချေအတင် ပြောကြလေ၏။   […]


– – +++++++++++++++++++++++++++++++ တစ်နေ့သ၌ “သွားရေကျ” မည်သော လက်ဖက်ရည်ဆိုင်လေး၏ လွန်စွာ ချောင်ကျသော စားပွဲဝိုင်း တစ်ခုတွင် ဆိုင်နံရံအား ကျောမှီလျက် (၂၀) တန် ဆေးပေါ့လိပ်အား ဇိမ်ခံ ဖွာရှိုက်လျက် ရှိသော အသက်အားဖြင့် (၃၀) ဝန်းကျင်ရှိ လူရွယ်တစ်ဦးအား တွေ့ရလေ၏။ ထိုလူရွယ်သည် ခြေကလိန်ချိတ် ထိုင်နေခြင်း ဖြစ်ပြီး ၎င်း၏ မျက်လုံးများကိုလည်း မှေးစင်းထားကာ တစ်စုံတစ်ခုသော အကြောင်းအရာအား လေးနက်စွာ တွေးတောနေလျက် ရှိသည်ကို တွေ့ရလေ၏။ များမကြာမီ အချိန်တွင် လွန်စွာမှ အသားမည်းနက်လှသော လူတစ်ဦးသည် အဆိုပါ လက်ဖက်ရည်ဆိုင်လေးအတွင်းသို့ ဝင်ရောက်၍ လာပြန်လေ၏။ ထိုလူသည် လူရွယ်ထိုင်နေလျက်ရှိသော စားပွဲဝိုင်းသို့ သွားရောက်ကာ ထိုင်လေ၏။ ပြီးနောက် စားပွဲပေါ်တွင် လူရွယ်တင်ထားဟန်ရှိသော (၂၀) […]


– – +++++++++++++++++++++++++++++++   “သင်က ဒါကို ပြဿနာ လို့ သဘောမထားသရွှေ့၊ ဒီအရာဟာ သင့်အတွက် ပြဿနာ မဟုတ်ပါဘူး” ….. တဲ့ ….။   ကျနော်တို့ ဘဝ တစ်ခုကို ဖြတ်သန်းကြတဲ့ အခါမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ တွေ့ကြုံရတတ်ပါတယ်။ မတွေ့ကြုံဖူးသူဆို အတော့်အတော်ကြီးကို ရှားပါးပါလိမ့်မယ်။ ကျနော့်အထင် ပုဆိုး၊ ထမိန် ကို ခေါင်းမြီးခြုံပြီး အိပ်နေတဲ့ လူတွေပဲ ပြဿနာကို တွေ့ဖူးတာ နည်းကြမယ် ထင်ပါရဲ့။ ဒါလေးတောင် ရှိသေးတယ် ….။ ဘာတဲ့ …။ “အသက် တစ်ရာ မနေရ၊ အမှု တစ်ရာ ပွေရ” …… တဲ့ ….။ ဒီတော့ကာ … […]


– – ++++++++++++++++++++++++++++++ တစ်နေ့သ၌ ကျွန်ုပ်သည် ရန်ကုန်မြို့ စာအုပ် အဟောင်းဆိုင် တစ်ဆိုင်မှ ဝယ်ယူလာခဲ့သော စာအုပ်ထူကြီး တစ်အုပ်အား ဦးမိုးညို ကုန်စုံဆိုင်မှ ဝယ်ယူထားသည့် “ဂျိုးသိန်း” ဆေးပေါ့လိပ်ဟူသည့် အမြည်းနှင့် ဇိမ်ပြေနပြေ ဖတ်ရှုလျှက် ရှိနေပေသည်။ အဆိုပါ စာအုပ်ထူကြီးမှာ သားရေဖုံးဖြင့် သေချာစွာ အကျအန ထုပ်ပိုးထားသည်ကို ထောက်ရှုသဖြင့် စာအုပ်ပိုင်ရှင်မှာ လွန်စွာမှ သေသပ်စွာ နေတတ်သူ တစ်ဦး၏ စာအုပ်ဖြစ်ကြောင်းကို ငြင်းဖွယ် မရှိပါပေ။ စာအုပ်ကြီး၏ ပထမဆုံး စာမျက်နှာတွင် “မောင်ဘဖြူ၏ မှတ်တမ်း” ဟူသော စာလုံးကြီးကို ရေးထိုးထားလေသည်။ အတွင်း စာမျက်နှာ များတွင်မူ လွန်စွာ ထိတ်လန့်ဖွယ်ရာ ကောင်းသော၊ လွန်စွာ အံ့ဩဖွယ်ရာ ကောင်းသော၊ လွန်စွာ ဆန်းကြယ်သော […]


– – ++++++++++++++++++++++++++++++++++   ဟင်းးးးး သက်ပြင်းတွေ ချနေမိတော့တယ် … လူကလည်း ရူးသလိုလိုပဲ … ” ငါ ဘာလုပ်ရမလဲ ??? “ အတွေးများနဲ့ ချာချာ လည်နေဆဲ …….။   အတင်းးးး ငါ့ အတင်း ဘယ်သူတွေများ ပြောနေကြမလဲ??? ပြောချင်တာ ပြောကြစေကွယ် ငါ မမှုရင် ပြီးတာပါပဲ … ဒါပေမယ့်လို့လည်း … တစ်ခါတစ်ခါမယ် … ကိုယ့်ကိုယ်ကိုပဲ အတင်းတုပ်မိတယ် .. ” အတော် ကြောင်တောင်တောင် နိုင်တဲ့ကောင်ပဲ “   ဟူးးးး တားတယ် .. မရဘူးးးး ထပ်တားတယ် … မရဘူးးးး ထပ်တားပြန်တယ် … မရပြန်ပါဘူးရယ် […]


– – +++++++++++++++++++++++++++++++   +++++++++++++++++++++++++++++++     +++++++++++++++++++++++++++++++     +++++++++++++++++++++++++++++++     +++++++++++++++++++++++++++++++     +++++++++++++++++++++++++++++++ ဘာမှ မဟုတ်ဘူးဗျာ …။ ပျင်းလို့ လျှောက်တင်လိုက်တာ …။ မကျေနပ်လည်း အသေသာ သတ်သွားကြတော့ …။ ဒါဘာဗျဲ .. ငွင်းး ငွင်းး ……..။ +++++++++++++++++++++++++++++++


– – +++++++++++++++++++++++++++++++++   မြင်ကွင်း (၁)   “ဒို့အရေး” ကို အားကြိုးမာန်တက် အော်ဟစ်လိုက်သလိုမျိုးပေါ့ …….။   “ကျွတ် ဆို ကျွတ် ….. သီတင်းကျွတ်” “ကျွတ် ဆို ကျွတ် ….. သီတင်းကျွတ်”   — ဆိုပြီး လက်သီး လက်မောင်းတွေ ဆန့်တန်းလို့ အော်ဟစ်နေတဲ့ လူတစ်ယောက် …..။ သူ ….. ယောက်ျားတစ်ယောက် မဟုတ်ပါဘူး …..။ သူ ….. ရုပ်ရည်လေး သနားကမားနဲ့ (၂၀) ကျော်အရွယ် မိန်းကလေး တစ်ယောက်ရယ်ပါ …..။   သူမရဲ့ အော်ဟစ်သံတွေမှာ ရင်ခေါင်းသံတွေ ပါနေသလိုပဲ ….။ စူးရှတယ် …၊ ကျယ်လောင်တယ် […]


– – ++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++ အရင်တုန်းက တစ်ပုဒ် ရေးခဲ့ဖူးပါသေးတယ် …. ဖတ်ချင်သပ ဆိုရင်ဖြင့် အောက်မှာ နှိပ်ဖွင့်ပြီးသာ ဖတ်ကြဗျာ …..။ ကျုပ်အကြောင်း (နည်းနည်း) ++++++++++++++++++++++++++++++++++++++++   ငယ်ငယ်တည်းက စ .. အဆူခံ ခဲ့ရတယ် …. “….. စုတ်စုတ်ပြတ်ပြတ် မနေစမ်းနဲ့ သပ်သပ်ရပ်ရပ် နေစမ်း …..” …… တဲ့ ……..။   ဒီလိုတွေ ပြောနေပေမယ့်လည်း သောင်ပြင်မှာ အရုပ်ရေးသလိုပါပဲ … ခဏတာပဲ နေတတ်ခဲ့ … ရော် …. ခက်ပါဘိရဲ့ ငါမှ အဲ့ဒီလို မနေတတ်ဘဲနဲ့ … ငါ့ ပုံစံကြည့် ကြိုက်သူလည်း မရှိခဲ့ တကယ်ဆို .. […]


– – +++++++++++++++++++++++++++++++   လက်ချိုးရေတွက်စရာ နေ့ရက်တွေလည်း မရှိ … မင်းလေးနဲ့ဝေးနေတာ ဘယ်လောက်ကြာပြီမသိ ………..။ ရိသဲ့သဲ့ ပြောခဲ့တဲ့ ငါ့အတွက် မင်း မရက်စက်ပါနဲ့ … သိရဲ့နဲ့ဖောခဲ့တဲ့ မင်းစကားတွေလည်း ဟက်ထိပါတယ် …. ရက်ဆက်တာက ပြက္ခဒိန် ဆက်လိမ်နေလည်း မထူးတော့ ခပ်ရေးရေးလေးတော့ မျှော်လင့်ချက်ပေး ………..။ အီးပေါက်ချင်တယ်… ဒါမယ့် .. အီးပေါက်ရုံနဲ့ ခေါင်းကိုက်တာမပျောက် … ပေါက်ကရတွေ လျှောက်စားနေလည်း .. အောက်ကလေတွေ ဖောက်ချလိုက်တာ မနည်း (( ဘူးဘွမ်ဘွမ် )) ……………..။ အချစ်အတွက်ဆို အားလုံးနဲ့ စစ်ခင်းမယ်ဆိုတဲ့ ငါ့စိတ်တွေလည်း အခါခါ ကျရှုံးခဲ့ … ပေးထားတဲ့မျှော်လင့်ချက် နောင်မှာရက်စက်ဘို့အတွက် ကြိုတင်ကာ ချည်နှောင်တဲ့ […]