hmeeAugust 15, 20141min23924
အိပ်မက်ရဲ့အဖြေ ညက အိပ်မက်မက်သည်။ ကြောက်စရာလည်းမကောင်းပါ။ ထမင်းလုံး တစ္ဆေကဲ့သို့ အမြင့်ကြီးက ပြုတ်ကျသလို ရင်ထဲ တလှပ်လှပ်လည်း ဖြစ်မနေ။ သို့ပေမဲ့ ကျွန်မ တုန်လှုပ်နေတာတော့ အမှန်။ အိပ်မက်က လန့်နိုးတိုင်း ပါးပြင်မှာ မျက်ရည်စီးကြောင်းတွေနှင့်။ တပုံစံတည်း မကြာမကြာမက်တတ်သည်မို့ ကျွန်မအတွက် အလွတ်တောင် ရနေသည့် အိပ်မက်။ အမရယ် အငယ်လေးကို ခါးတစ်ခွင်ကာ အလတ်မကို လက်ကဆွဲလျှက် ကျွန်မရှေ့မှာ အမြဲလာလာရပ်သည်။ မျက်နှာသည် ဝမ်းနည်းနေသယောင်ယောင်။ ကျွန်မကို သေချာ ငေးကြည့်နေပြီး ဆတ်ခနဲ နောက်လှည့်ကာ တရွေ့ရွေ့ ထွက်သွားလေသည်။ ကျွန်မ ဘယ်လိုပင် ခေါ်ခေါ် လှည့်မကြည့်တော့ပါ။ ကျွန်မမှာ အမ လှည့်ကြည့်လေမလားလို့ အခါခါခေါ်ရင်း နောက်ဆုံး အသံတွေတုန်ကာ အမြဲ ငိုမိသည်။ ကျွန်မ ဝမ်းနည်းလွန်းရျ်ဖြစ်မည် […]


hmeeAugust 14, 20141min39549
အဖြူရောင်မီးတောက်ကလေးများ မီး…..ဟုတ်တယ်။ အဲ့ဒါက မီးဆိုတာတော့ အသေအချာပဲ။ ဘာလို့လည်းဆို သိပ်ပူတာကိုး။ ပြီးတော့ သူ့ပတ်ဝန်းကျင်ကိုလည်း အပူဟပ်တတ်သေးတာမို့ မီးဆိုတာတော့ ငြင်းမရနိုင်ဘူး။ တခုပဲ ထူးဆန်းတာက သူက အဖြူရောင် သက်သက်လေး။ တကယ့်ကိုမှ အဖြူရောင်လေး။ စိုးရိမ်စိတ်ကို အသာထိန်းရင်းနံရံထက်က နာရီကို မော့ကြည့်လိုက်တော့ နေ့လည် ၁၂နာရီ။ ရှိပါစေ ရှိပါစေလို့ အကြိမ်ကြိမ်အခါခါ ဆုတောင်းရင်း ကျွန်မ ဖုံးဆက်ဖို့ကြိုးစားရတယ်။ တထိတ်ထိတ်ခုန်နေတဲ့ ရင်အစုံကို အသာအယာ လက်နဲ့ဖိထားရင်း တဖက်က အသံကို အားစိုက်နားထောင်ရတယ်။ မပြန်ပါစေနဲ့ဦးလို့ တခါ ထပ်ပြီး ဆုတောင်းမိပြန်ပါသေးတယ်။ “ ဝိတိုရိယဆေးရုံကြီးကပါရှင်” တဖက်က အသံမဆုံးခင် ကျွန်မတယောက် အလောသုံးဆယ်မေးမိပြန်ပါတယ်။ “ကလေးအထူးကု ဒေါက်တာ……. ပြန်သွားပါပြီလားရှင်” ”ခဏလေးစောင့်ပါရှင်။ မေးပေးပါ့မယ်” စောင့်နေတဲ့ အချိန်ဟာ […]


hmeeJune 15, 20141min35935
ကြံပန်းခိုင်                                             (၃၀.၃.၁၄) တနင်္ဂနွေနေ့ ဒီနေ့မနက် ကျွန်မဈေးကို ဈေးဝယ်ဖို့ ဈေးကို သွားခဲ့ပါတယ်။ ကလေးနှစ်ယောက်နဲ့ အိမ်မှာ ကျန်နေရစ်ဖို့ ငြင်းဆန်ပြီး ဈေးဝယ်တာဝန် ယူထားတဲ့ အိမ်ကြီးရှင်ကို ဒီတခါတော့ ထားခဲ့ပြီး ကျွန်မ ဇွတ်ထွက်လာခဲ့တာပါ။ ယောက်ကျားသားမို့ သူဈေးဝယ်လာရင် ပုံစံချထားသလို။ အပတ်တိုင်း အစဉ်လိုက် ချက်စားရတာ။ ငြီးငွေ့လာလို့ ကျွန်မ မြည်တွန်တောက်တီးတိုင်း စာရင်းနဲ့မှာဖို့ သူကတပြန်ဆိုပါတယ်။ ချက်ရမဲ့ အမယ်တွေကို အစပ်အဟပ်တည့်အောင် စိတ်ကူးပြီး ချက်ဖို့ဆိုတာကလည်း မျက်စေ့နဲ့ မြင်မှ စဉ်းစားလို့ရမှာ။ ဈေးထဲမှာ ဘာရှိလည်း ကျွန်မမှ မမြင်ရတာမို့ ဘယ့်နှယ့်လိုလုပ်မှာမလဲ။ ဒါ့ကြောင့် ဒီတခါတော့ ကိုယ်တိုင်ပဲ သွားမယ်ဆိုကာ ဇွတ်ထွက်လာခဲ့ရတယ်။ ဈေးတွေရဲ့ ထုံးစံလိုဖြစ်နေတဲ့အတိုင်း ဈေးရုံထဲမှာ မစည်ကားပဲ ဈေးအပြင်ဘက်မှာ တောသည်လေးတွေနဲ့ တော်တော်လေးကို […]


hmeeJanuary 2, 20141min1726
“အတောင်စုံချိန်”   ကျွန်မအခန်းက အိမ်ရဲ့ အနောက်ဘက်အကျဆုံး အရှေ့ဘက်အခြမ်းမှာ ရှိပါတယ်။  ခြံကလည်း ခေါင်းရင်းဘက်ခြမ်းက မြေနေရာလွတ ်ပိုကျယ်တာမို့ သစ်ပင်တွေက အစုံပါ။ အခန်းနဲ့ ကပ်လျှက်မှာ အုန်းပင်၊ သူ့ဘေးမှာက ပိန္နဲပင်၊ အိမ်နဲ့ကပ်လျှက် သူတို့ရှေ့မှာက သရက်ပင် နှစ်ပင်ပါ။ သရက်ပင်ရဲ့ဘေး အုတ်တံတိုင်းနဲ့ ကပ်လျှက်က မန်ကျီးပင်။ အပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့မို့  အရိပ်လည်း အတော်ကိုရတာ။ မနက်နေရောင်ခြည်လည်း ထင်သလောက် တိုးမဖေါက်နိုင်ရှာဘူး။ ကျွန်မအခန်းနဲ့ ကပ်လျှက်ဘေးခြံကလည်း အုတ်တံတိုင်းတလျှောက် သရက်ပင်တွေ တန်းစီစိုက်ထားလေတော့ တကယ့်ကို တောအုပ်ကလေးလို  ဖြစ်နေတာ။ ညနေဘက်ဆိုရင်တော့ အိမ်အရိပ်ပါလာပြီမို့ နေပြောက်တပြောက်တောင် မထိုးနိုင်တော့ဘူး။ သစ်ပင်အောက်ခြေ မြေသားက နုနုလေးမို့ ဂရုတစိုက်ပြောင်အောင် ရှင်းထားတဲ့အခါ တကယ့်ကို တလင်းပြောင်လေးမို့ သားနဲ့ သမီးအတွက် သဘာဝကပေးတဲ့ […]


hmeeDecember 5, 20131min53322
“မိဘဝတ် (သို့)  မိဘဝဋ်” မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိန်းမြှားခြင်းလျှင် ဝတ်ငါးအင် ဖခင်မယ်တို့တာ။ မိဘဝတ်တရား ငါးပါးထဲမှာ အတတ်သင်စေလို့ ပါပါတယ်။ ပညာကမှ လူတယောက်ကို အကျိုးအကြောင်း ဆင်ခြင်တတ်စေနိုင်တာမို့ သားသမီးကို ချစ်နည်းမှန်စွာ ချစ်တတ်တဲ့မိဘတိုင်းက ကိုယ့်သားသမီးကို မဖြစ်မနေ ပညာသင်ယူစေပါတယ်။ …………………………………………………………………………. ဝဋ် ဆိုတာ ဝဋဆိုတဲ့ ပါဠိစကားမှ ဆင်းသက်လာပါတယ်။ သံသရာလည်ပတ်ခြင်း။ အကြောင်းပြီးအကျိုး အကျိုးပြီးအကြောင်း ဆက်စပ်ဖြစ်ပျက်ခြင်း။ မကောင်းမှုပြုသည့်အတွက် သံသရာဘဝခရီး၌ ဆိုးကြိုးတစုံတရာကို ခံစားရစေခြင်း စသောအဓိပ္ပါယ် များစွာရှိပါတယ်။ သည် ဝဋ်ကတော့ သံသရာလည်ခြင်းကို ဆိုလိုချင်တာပါ။ (မိဘဝဋ် = မိဘသံသရာလည်ပတ်ခြင်း) ……………………………………………………………………………………. “မသွားချင်ဘူး။ ဟီး….ဟီး” “ မသွားလို့ မရဘူးလေ သမီးရဲ့” မေလအကုန်မို့ […]


hmeeNovember 15, 20131min41422
“ဖက်” တဲ့လား   “ထွက်မသွားပါနဲ့ တားပေမဲ့…. မင်းနဲ့ ဘဝကို တည်ဆောက်ဖို့ အတွက်ပဲတဲ့။ ခိုင်မာတဲ့ အကြောင်းပြချက်နဲ့ ဝေဒနာတွေ ငါ့ကို  တပုံကြီး ပေးခဲ့” “ဟင်း …ဟင်း..ဒီသီချင်းပေါ့” မချိတင်ကဲနဲ့  ခနိုးခနဲ့ ရီရင်း ပြောနေတဲ့ အေး မျက်နှာကို ကျွန်မ ငေးကြည့်မိလိုက်တယ်။ “သီချင်းဆိုတဲ့သူလား။ ဒါမှမဟုတ် ရေးတဲ့သူ ကိုယ်တိုင်ပဲ ခံစားခဲ့ရသလား မပြောတတ်ဘူး။ ဒါ့အပြင် ဒီလိုကြုံရတဲ့ သူတွေပဲ ထောင်သောင်းမက ရှိနေလို့ ရေးသူက အငှားခံစား ရေးသလား။ ငါကတော့ ငါ့ကို စောင်းပြီး ဆိုနေတယ်ပဲ ထင်တာ” ခပ်ပြုံးပြုံးလေး ပြုံးကာလှည့်ကြည့်ရင်း ပြောလာတဲ့ အေးမျက်နှာမှာ သေချာကြည့်မယ်ဆို နာကျင်မှုတွေ အပြည့်။ အေး စကားကြောင့် ကျွန်မစိတ်ထဲ အေးထက်မပိုတောင် […]


hmeeAugust 24, 20131min38628
အစိမ်းသေ စာအုပ်တအုပ်မှာ ကျွန်မဖတ်ဖူးတယ်။ တိုင်းပြည်ရဲ့ သယံဇာတဆိုတာဟာ ကျွန်းသစ်၊ ကျောက်သံပတ္တမြားတွေ စတဲ့ မြေပေါ်မြေအောက်ကဟာတွေ မဟုတ်ဘူးတဲ့။  ထူးချွန်ထက်မြက်တဲ့ လူငယ်လူရွယ်လေးတွေကမှ  တိုင်းပြည်ရဲ့ အနာဂါတ်၊ တိုင်းပြည်ရဲ့ သယံဇာတလေးတွေပါတဲ့။  သူတို့လေးတွေကမှ နောင်အနာဂါတ်မှာ တိုင်းပြည်ဂုဏ်ဆောင်မဲ့ တိုးတက်စေမဲ့ အဖိုးတန် အရင်းအမြစ်ပါတဲ့။ ထူးချွန်ထက်မြက်တဲ့ သားကောင်းများလေ တိုင်းပြည်အတွက် စိတ်ချရလေလို့ဆိုပါတယ်။  ဒီလိုဆို ထူးချွန်ထက်မြက်တဲ့ သားကောင်းတွေများမှ  ကျွန်မတို့တိုင်းပြည် နောင်ရေး စိတ်အေးရပေမပေါ့။ ရွာကို ပြန်ရောက်ပြီး တတိယမြောက်နေ့။ ကျွန်မတို့အိမ်က ရွာလမ်းမကြီး အနောက်ဘက်ခြမ်း။ အိမ်က လမ်းကို ခေါင်းထားပြီး တောင်ဘက်ကို မျက်နှာလှည့်ထားတယ်။ တောင်ဘက်ကို မျက်နှာလှည့်ထားတဲ့ အိမ်တွေ ထုံးစံအတိုင်း လေ၊မိုး၊နေ အထိဆုံး။ တောင်ဘက်မှာလည်း အပင်ကြီး မရှိလို့ ဒဏ်ခံရတာပိုဆိုးစေတယ်။  ဒါကြောင့် အိမ်မျက်နှာစာမှာ […]


hmeeAugust 10, 20131min36221
လိုက်လည်းလိုက်တဲ့……….သားအမိတွေ။ အခုမှ မဟုတ်ဘူး။ ဟိုး…တုန်းကတည်းက အမေလုပ်နေကျ၊ မေးနေကျ ကိစ္စမို့ သိပ်တော့ မထူးဆန်းလှဘူးလေ။ ရန်ကုန်ကို ဆင်းလာခါနီးတိုင်း မေးတတ်တာက အမေ့ အကျင့်ကို ဖြစ်နေပြီ။ အမေ ရန်ကုန်ကို လဆန်းလောက် လာဖြစ်မယ် ဘာမှာကျမှာတုန်း၊ ဘာစားချင်ကြတုန်း ဆိုတဲ့ မေးခွန်းပါ။  ရန်ကုန်မှာကလည်း  ကျွန်မတို့ စားချင်တဲ့ အညာမုန့်၊ နောက်…. ရိုးရာမုန့်တွေက  မရှိတော့ ကျွန်မတို့ကလည်း တခုတ်တရ မှာတတ်တာကိုး။  ဒါကြောင့် အမေက ဝတ္တရားမပျက် အမြဲကို လှမ်းမေးတာ။ အခုလည်း ရန်ကုန်ဆင်းလာခါနီးမို့ အမေက မေးတော့ ကျွန်မလည်း ငါ ဘာများစားချင်သလဲလို့ အပြေးအလွှား စဉ်းစားရတယ်။ ရုတ်တရက်မို့ အဖြေကမထွက်ဘူး။ ဟိုဟာလည်း စားချင်။ ဒီဟာလည်း လွမ်းချင်ကိုး။   သမီးလေးကလည်း ငယ်သေးတာမို့ […]


hmeeJuly 19, 20131min37933
အိမ်အပြန်   ဇန်နဝါရီ ၂၅ ရက် “ အမေကြီး …… ဟိုဟိုဒီဒီ လျှောက်မလုပ်နဲ့။ အလေးကြီးတွေ မ မနေနဲ့နော်။ တို့ပြန်လာမှလုပ်မယ်” အလုပ်သွားခါနီး မိန်းမကို စိတ်မချလို့ မှာနေတာပါ။ ကျွန်မကလည်း စိတ်မချချင်စရာကို လုပ်တတ်တာမို့ အကြောင်းသိခြင်း အထပ်ထပ်အခါခါ မှာနေတာ ဒါနဲ့ဆို ဘယ်နှစ်ကြိမ်မှန်းမသိ။ သားကတော့ လုပ်နေကျအတိုင်း နှုက်ဆက်ပြီး ပြန်ပြေးဝင်သွားတာမို့ ကျွန်မလည်း ကသုတ်ကရက် နှုတ်ဆက် တံခါးပိတ်ပြီး သားနောက်ကို ပြေးလိုက်ရတယ်။ မလိုက်လို့ကမဖြစ် ဧည့်ခန်းထဲမှာ အထုတ်တွေနဲ့ ရှုပ်ပွနေတာ မတော်တိုက်မိလို့ လဲကွဲရင်ဒုက္ခ။ သူ့ကားတွန်းကားကို  စိတ်ဝင်တစား ကြည့်နေတာတွေ့မှ စိတ်ချပြီး ကိုယ့်အလုပ်ကို လုပ်ဖို့ပြင်ရပါတယ်။ စက္ကူပုံးလေးပုံး၊ ခရီးဆောင်အိတ်ကြီးက နှစ်လုံး အားလုံးကတော့ အဆင်သင့်ပဲဟေ့လို့ ပြောနေသလိုပါ။ ဆိုဖာပေါ်မှာက […]


hmeeJanuary 25, 20121min44320
ဘယ်ဖက်က ကြက်သား။ ညာဖက်က အမဲသား။ ဝက်သားဆိုင် မရှိဘူးလားလို့ မေးတဲ့ သဂျီးအတွက် ရုရှားတွေ ရောင်းတဲ့ ဝက်သားဆိုင်။ Jaffa ပို့စ်မှာ ကျန်ခဲ့တဲ့ လိမ္မော်ပင်။ လိမ္မော်ပင်။


hmeeJanuary 23, 20123min32027
ဂေါ်ဖီနှင့် မုန်လာဥနီ လှီးထားတာ။ မကြော်ရသေးတဲ့ပုံ။ ကော်ပြန့်အဆာ။ အဆင့်(၁) အဆင့်(၂) အဆင့် (၃) အဆင့် (၄) အဖျားမှာ ကော်သုတ်ပြီး လိပ်လိုက်ရင် ကော်ပြန့်ရပြီ။ လိပ်ပြီး နောက်ဆုံးအဆင့် ကော်ပြန့်။ ထမင်းပေါင်းအိုး အပေါ်အံလေးမှာ အခုလို ပေါင်းတယ်။ ကော်ပြန့်စိမ်းလေး စားသွားပါဦးနော့်။ ကိုသစ်မင်းက တခါက မေးဖူးတယ် ကော်ပြန့်စိမ်း လုပ်တတ်ပါသလားလို့ပါ။ ကိုသစ်မင်း မေးပြီး သိပ်မကြာဘူး လုပ်စားဖြစ်လို့  ကော်ပြန့်စိမ်း လုပ်နည်း အဆင့်ဆင့်ကို  ဓါတ်ပုံ ရိုက်ထားတာပါ။ တင်မယ်စဉ်းစားပေမဲ့ အခုမှပဲ တင်ဖြစ်ပါတော့တယ်။ ပထမဆုံး ဂေါ်ဖီကို သေးသေးလေးတွေ လှီးပါတယ်။ မုန်လာဥနီကိုလည်း သေးသေးလေးတွေ လှီးထားပါတယ်။ ကြက်ဥတလုံးကို ဖေါက်ပြီး ပန်းကန်ထဲထည့်  ဆားနည်းနည်းထည့်ကာ  သေသေချာချာ ခေါက်ထားပါ။  ဒယ်အိုးထဲကို […]


hmeeJanuary 23, 20126min22025
မြင်လေရာရာ သစ်ပင်မရှိတဲ့ နေရာ။ UNESCO က အသိအမှတ်ပြု ထားတာ။ အစ္စရေးအလံ။ ပင်လယ်သေ ဟိုး… တဖက်က ဂျော်ဒန်။ တောင်ခြေမှာ တောင်ပုံ ပုံစံငယ်လေး ပြထားတာ။ အပေါ်မှာ လုံခြုံရေး ကင်မရာပါတယ်။ တောင် ပုံစံငယ် ရောမစစ်တပ် လာရောက် တိုက်ခိုက်ပုံ။ ရှေးဟောင်း ဂျုးစာ။ ကြွင်းကျန်နေသေးတဲ့ အဆောက်အဦး အပိုင်းအစများ။ ထိမ်းသိမ်းထားတဲ့ နံရံဆေးရေး ပန်းချီတွေ။ အဝေးက မြင်ရတဲ့ Masada တောင်။ Cable car နဲ့လည်း တက်လို့ရတယ်။ ခြေလျှင် တက်တဲ့လမ်း။ နံရံမှာ ကျောက်တုံးတွေနဲ့ အလှဆင်ထားတာ။ Cable Car နဲ့ တက်ရတယ်။ နံရံမှာ ကျောက်တုံးတွေနဲ့ အလှဆင်ထားတာ။ Masada တောင်က ပင်လယ်သေ […]


hmeeJanuary 14, 20124min36944
ရွာလမ်းမ။ green house အတွင်းပိုင်း။ Green House ဌက်ပျောခင်း ခြင်ထောင်ထောင်ထားတဲ့ပုံ။ အပင်အောက်ခြေမှာ ရေပေးတဲ့ပိုက်။ ဌက်ပျောစိုက်ခင်း အတွင်းဖက်။ ပန်းပင်အောက်မှာ ပိုက်လေးတွေသွယ်ထားသလို စိုက်ခင်းတွေမှာလည်း ဒီလိုပဲ သွယ်ထားတာ။ စတော်ဘယ်ရီပင်လေး။ စိုက်ခင်း ရေပေးနေတဲ့ပုံ။ အစ္စရေးစိုက်ပျိုးရေးခြံတွေကို အလည်သွားတုန်းက ဓါတ်ပုံတွေ ရိုက်ရတဲ့ ရည်ရွယ်ချက်က ကျွန်မ အဖေကို ပြဖို့ အတွက် ရည်ရွယ်ပြီး ရိုက်လာတာပါ။ အဖေကလည်း တောင်သူလယ်သမားကိုး။ အဖေတို့ လုပ်ကိုင်နေတာနဲ့ ခေတ်မှီတဲ့နိုင်ငံရဲ့ လယ်ယာလုပ်ငန်းခွင် ဘယ်လိုကွာတယ် ဆိုတာရယ်၊ လယ်လုပ်နေတဲ့ လယ်သမားဆိုပေမဲ့ ဘယ်လောက် အဆင့်အတန်းမြင့်မြင့်နေနိုင်တယ် ဆိုတာကို ပြချင်တာပါ။ ကျွန်မတို့ တိုင်းပြည်လို ရေမြေအခံကောင်းကောင်း မရှိပေမဲ့ သဲမြေမှာ သဘာဝကို အန်တုပြီး အောင်မြင်အောင် ဘယ်လိုတွေ ကြိုးစားကြတယ်ဆိုတာ […]