lu ta loneMay 26, 20101min20313
တခါတုန်းက ကောင်လေးတယောက် မွေးဖွားလာရာ သူ့မိဘတွေက သူ့ကို “မောင်ထူးဆန်း”ဟု နာမည်ပေးသည်။ ထိုသူငယ် ကျောင်းစ,နေသောအခါ အတန်းဖော် သူငယ်ချင်းများက သူ့နာမည်ကို စကြ, နောက်ကြ, လှောင်ကြ, ပြောင်ကြသည်။ သို့သော် သူက အပြုံးမပျက်၊ ရင်ကော့ပြီး ဘာမှမဖြစ်သလိုဘဲနေသည်။ သို့ဖြင့် ကောင်လေး အရွယ်ရောက်လာပြီး အောင်မြင်ကြီးပွားသော ရှေ့နေတယောက် ဖြစ်လာခဲ့သည်။သို့သော်လည်း လူတွေကသူ့နာမည်နဲ့ပတ်သက်ပြီး စတုန်း၊ နောက်တုန်းပင်။ နောက် အသက်အရွယ်တဖြည်းဖြည်း အိုမင်းလာရာ အဘိုးကြီး” ဦးထူးဆန်း”က သူ့မိသားစုအား ငါ့နာမည်နဲ့ပတ်သက်ပြီး ငါ့ဘဝတလျှောက်လုံးမှာ အလှောင်ခံခဲ့ရ၊ အစအနောက် ခံခဲ့ရတယ်။ ငါသေလွန်ပြီးတဲ့နောက်မှာတော့ ငါ အလှောင်အပြောင် မခံချင်တော့ဘူး။ ဒါကြောင့် ငါသေပြီးလို့ ဂူသွင်းရင် ကမ္ဗည်းတိုင်မှာ ဘာနာမည်မှ မရေးကြပါနဲ့-ဟု မှာကြားခဲ့သည်။မကြာမီ သူ-သေဆုံးသွားခဲ့သည်။ မိသားစုက သူ၏မှာကြားချက်အတိုင်း […]


lu ta loneMay 26, 20102min18611
သင်္ကြန်တုန်းက ပုံတွေကတော့ တင်ပြီးသားမို့ ထပ်မထည့်တော့ဘူး… Resources တွေကတော့ Mostly Myanmar Celebrity ကပါ… ချစ်ဖို့ကောင်းလို့တင်လိုက်တာပါ… လူတလုံး Crazy ဆိုလည်း မမှားပါဘူး… 😛


lu ta loneMay 26, 20101min2015
အမျိုးသားများ မသွားလာထိုက်သော မိန်းမ(၂၀) ၁-မိခင်စောင့်ထိန်းသောမိန်းမ။ ၂-ဘခင်စောင့်ထိန်းသောမိန်းမ။ ၃-မိဘနှစ်ပါးစောင့်ထိန်းသောမိန်းမ။ ၄-မောင်ကြီးမောင်ငယ်စောင့်ထိန်းသောမိန်းမ။ ၅-အစ်မညီမစောင့်ထိန်းသောမိန်းမ။ ၆-ဆွေမျိုးစောင့်ထိန်းသောမိန်းမ။ ၇-အနွယ်တူစောင့်ထိန်းသောမိန်းမ။ ၈-သီတင်းသုံးဖော်စောင့်ထိန်းသောမိန်းမ၊ ၉-ဝမ်းတွင်းကပင်မှန်း၍စောင့်ရှောက်ထားေသောမိန်းမ။(အမိဝမ်းတွင်းကပင် ဖွားမြင်လာလျှင် မယားအဖြစ်လက်ထပ်ယူရန် တောင်းရမ်းသတ်မှတ်ထားသောမိန်းမ)။ ၁၀-မင်းဒဏ်ထားသောမိန်းမ(အာဏာပိုင်တို့က ကိုယ်တိုင်သိမ်းပိုက်ရန်ရည်ရွယ်ထားသဖြင့်ဤမိန်းမကိုသွားလာကျူးလွန်လျှင် ဤအပြစ်ဒဏ်သင့်စေ ဟု သတ်မှတ်ထားသောမိန်းမ) ၁၀-ဥစ္စာဖြင့်ဝယ်ယူထားသောမယား။ ၁၂-အလိုတူနေထိုင်သောမယား။ ၁၃-စည်းစိမ်အတွက်သွားရောက်နေထိုင်သောမယား(ယောက်ျားထံမှ ဆုံ၊ကျည်ပွေ့ စသော အိမ်အသုံးအဆောင်ကိုရ၍ မယားအဖြစ်ခံယူသောမိန်းမ)။ ၁၄-ထမီအတွက်နေထိုင်သောမယား(ဝတ်ရုံလောက်ကာမျှသော အဝတ်ထမီကိုရ၍ မယား အဖြစ်ခံယူသောမိန်းမ)။ ၁၅-ရေခွက်၌ လက်နှစ်ဘက်ချ၍ ထိမ်းမြားသောမယား( ဤရေသည်မကွဲမပြားသကဲ့သို့ သင်တို့နှစ်ယောက်မကွဲမပြားစေသတည်းဟု ရေတစ်ခွက်တည်း၌ လက်နှစ်ဘက်ကိုချကာ မိဘနှစ်ပါးစုံထိမ်းမြားပေးသောမယား)။ ၁၆-ခေါင်းခုကိုချခိုင်း၍ နေစေသောမယား(ထင်းခွေ၊ ရေခပ်ခြင်းအမှုကို ပြုလုပ်နေသောအမျိုးသမီးကို မယားအဖြစ် သိမ်းပိုက်လို၍ သင်ယနေ့မှစ၍ ထင်းခွေ၊ ရေခပ်ခြင်းအမှုကို မပြုနဲ့တော့ ဟုပြောဆိုသိမ်းပိုက်ထားသောမယား)။ ၁၇-ကျွန် မယား(မယားအဖြစ်သိမ်းပိုက်ထားသောကျွန်မ)၊ ၁၈-အမှုလုပ်မယား(မယားအဖြစ်သိမ်းပိုက်ထားသော အိမ်စေမိန်းမ)။ ၁၉-စစ်အောင်သဖြင့် […]


lu ta loneMay 26, 20101min662
ကြောက်တာပေါ့အမေရ တစ်ခါက ခွဲစိတ်ခန်းကနေ လူနာတစ်ယောက် ထွက်ပြေးလာတာကို အပြင်မှာရှိတဲ့လူနာရှင်အမေက မေးတယ်….. အမေ။ ။သားခွဲစိတ်လို့ မပြီးသေးဘဲနဲ့ ဘာလို့ ထွက်လာတာလဲ… သား။ ။မကြောက်ပါနဲ့ ခွဲစိတ်မှုအောင်မြင်မှာပါလို့ ပြောလို့အမေရ အမေ။ ။ဪသားကလည်း ဒါကအားပေးစကားလေ ကြောက်ပြီးထွက်ပြေးစရာမလိုပါဘူး…သားကြောက်မှာစိုးလို့ပြောတဲ့ဟာကို… သား။ ။ကြောက်တာပေါ့အမေရ..သားကိုပြောတာမှ မဟုတ်တာ..သူနာပြုဆရာမက ဆရာဝန်လက်တုန်နေတာတွေ့လို့ ပြောတာအမေရ… အမှန်အတိုင်း ရေပြင်တစ်နေရာရှိ သင်္ဘောတစ်စင်းတွင် သင်္ဘောသားနှင့် ကက်ပတိန် ၂ ယောက်သာရှိသည်။ ၂ ယောက်တည်းရှိသောကြောင့် သင်္ဘော၏ တစ်နေ့တာဖြစ်စဉ်များကို မှတ်တမ်းရေးရန် တစ်ယောက်တစ်လှည့်တာဝန်ယူရသည်။ ကက်ပတိန်အလှည့်တွင် သင်္ဘောသားအရက်မူးနေသောကြောင့် “ယနေ့ သင်္ဘောသားအရက်မူးသည်” ဟုရေးလိုက်သည်။ သင်္ဘောသားအမူးပြေသောအခါ “ကျနော်အရက်တစ်ခါပဲသောက်မိသောကြောင့် အရက်သမားအဖြစ်မခံနိုင်ပါ။ ထိုမှတ်ချက်ကိုပြန်ဖျက်ပေးပါ” ဟုပြောသောအခါ ကက်ပတိန်က “အမှန်ကိုအမှန်အတိုင်းရေးတာကွ” ဟုဆိုကာ မဖျက်ပေးဘဲနေသည်။ သင်္ဘောသားစိတ်ဆိုးပြီး မှတ်ထားသည်။ နောက်နေ့ […]


lu ta loneMay 26, 20101min953
၁။ ဗေဒါပန်း = ကိုယ့်အချစ်ကိုလှည့်စားမနေပါနဲ့တော့ ၂။ ဒန်းပန်း = မင်းရောက်လာသည်အထိကိုယ်စောင့်နေပါ့မယ် ၃။ ခေါင်းလောင်းပန်း= နံနက်မိုးလင်းလျှင်လင်းခြင်း လာတွေ့ပါ ၄။ အပြာရောင်ခေါင်းလောင်းပန်း= ကိုယ့်အချစ်ကိုယုံကြည်စိတ်ချပါ ၅။ ချယ်ရီပန်း = မိတ်ဆွေတစ်ယောက်အဖြစ်ရော အသိအမှတ်မပြုတော့ဘူးလားကွယ် ၆။ ဂန္ဓမာပန်း (အနီ) = ကိုယ်တော့မင်းကိုချစ်နေမိပြီကွယ် ၇။ ဂန္ဓမာပန်း (အဝါ) = မင်းအချစ်ကိုတော့ကိုယ်မယုံနိုင်ပါ ၈။ ဂန္ဓမာပန်း (အဖြူ)= ကိုယ်တော့မင်းကိုချစ်လည်းချစ်တယ်၊ ယုံလည်း ယုံကြည်ပါတယ်ကွယ် ၉။ ဆပ်သဖူးပန်း = မင်းရဲ့ချစ်ခွင့်ပန်မှုကိုလက်ခံလိုက်ပါပြီကွယ် ၁၀။ ဒေလီယာပန်း(အနီ)= သိပ်ပြီးတော့လည်း အဖြစ်သည်းလွန်းမနေစမ်းပါနဲ့ ၁၁။ ဒေလီယာပန်း(အဖြူ) = ကိုယ်အခု အိမ်မှာမရှိသေးပါ။ ၁၂။ ဂမုန်းပန်း = မင်းရဲ့ထံပါးမှာအချစ်ရဲ့ကျေးကျွန်အဖြစ်နေခွင့်မရဘူးလားကွယ် ၁၃။ နှင်းပန်း […]


lu ta loneMay 26, 20101min1223
ဒီကောင်က ဘာပြသနာပေးလဲ ဆိုတော့… စက်ကို ပိုးစိုးပက်စက်လေးစေတယ်… 1  Ctrl+Alt+Del နှိပ်လိုက်… Perfomance Tab မှာ နှိပ်လိုက်… CPU Usage က 100% ဖြစ်နေလိမ့်မယ်… Processes Tab မှာ နှိပ်လိုက်… reg.svr.exe ကိုတွေ့ရင် End Process လုပ်လိုက်ပါ… ဘယ်နှခုရှိလဲ ရှိသလောက်ကို End Process  လုပ်ပါ… 2   run box ကနေ msconfig ခေါ်ပြီး… Start Up Tab ကိုနှိပ်လိုက်ပါ… ပြီးရင်တော့ Disable All ကိုနှိပ် Apply လုပ် Close ပေါ့… Restart or Exit Without Restart ဆိုရင် […]


lu ta loneMay 21, 20101min1578
“မြန်မာ ရုပ်ရှင်ကား တွေဟာ 18+ တွေချည်းပဲ ဖြစ်ကုန်ပြီ” ဟု မိတ်ဆွေ တယောက်က ပြောဖူးသည်။ အစကတော့ သိပ်နားမလည် လက်မခံနိုင်ခဲ့။ သို့သော် အခုတော့ ကောင်းကောင်းကြီး နားလည်သွားပါပြီ။ ကျနော့် ဆွေမျိုးတွေ အလှူတခုရှိသဖြင့် ညအိပ်သွားကူပေးခဲ့စဉ်က ညဘက် မြန်မာ ဗီဒီယို ဇာတ်ကားများ ငှားပြီး ကြည့်ကြသည်။ အတူ ထိုင်ကြည့်နေကြသူတွေက ကျနော်တို့ ညီအစ်ကို ၂ ယောက်၊ ကျတော့်အစ်မများ အဒေါ်များနှင့် ကျနော့် တူ၊ တူမလေးများ လည်း ပါနေသည်။ ကျနော့် သဘောအရတော့ တူ၊ တူမလေးများကို “မကြည့်နဲ့ သွားအိပ်တော့” ဟု ပိတ်ပင်ချင်သည်။ သို့မဟုတ်လည်း “ကလေးတွေ ကြည့်လို့ရတဲ့ တခြားကား ပြောင်းကြည့်ကြပါလား” ဟု တကယ်ပင် […]


lu ta loneMay 20, 20101min772
မြန်မာနိုုင်ငံကိုု ၇၂နာရီ အတွင်း မုုန်တိုုင်းဝင်မည်…ဟု ဦးထွန်းလွင်မှ မကြာသေးခင်ကမှ ပြောကြားပါသည်… မည်မျှ အားရှိသည်တော့ မပြောကြားသေးပါ… ကျွန်တော့် အထင်ပြောရရင်…မုန်တိုင်းက လမ်းကြောင်းပြောင်းသွားတာနဲ့ တူတယ်ဗျ…အောက်က လင့်ကို သွားကြည့်လိုက်ပါဗျာ… http://www.weather.com/maps/geography/asia/indiasatellite_large_animated.html Trace ကို ကြည့်ချင်ရင်… http://www.wunderground.com/tropical/tracking/ni201001.html#a_topad


lu ta loneMay 20, 20103min992
Free Download From MediaFire All Full. 1>>Download Kaspersky Internet Security 2010 2>>Download Fsecure Internet Security 2010 3>>Download Norton Internet Security 2010 4>>Download Panda Internet Security 2010 5>>Download Trend Micro Internet Security 2010 6>>Download Panda Internet Security 2010 6>>Download Avast Internet Security 5 7>>Download McAfee Internet Security 2010 8>>download AVG Internet Security v 9.0.785 9>>Ad4ware.Pro.Internet Security […]


lu ta loneMay 20, 20101min1645
AIDS ရောဂါကိုကူးဆက်ခံနေရတဲ့ ဝေဒနာသည်တွေ နဲ့ ထိတွေ့နေရတဲ့ လုပ်အားပေးသူများကို ကာကွယ်နိုင်တဲ့ဆေးကို ပထမဦးဆုံးတွေ့ခဲ့ပါပြီ။ ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့တဲ့ စမ်းသပ်ချက် အများအပြား အရ ဆေးထိုးခြင်းမှုကူးဆက်ခြင်းကို ၃၁.၂% အောက်အထိ လျှော့ချနိုင် ခဲ့ပါတယ်။ အမေရိကန်က ထောက်ပံ့ပြီး လုပ်အားပေးသူ ၁၆၄၀၂ ယောက်အပေါ် လေ့လာခဲ့တဲ့ ဤတွေ့ရှိချက် တွေဟာ HIV/AIDS အတွက် ကွယ်ဆေးထုတ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု နဲ့ ထိုင်းနိုင်ငံရှိ သုတေသန ပညာရှင်တွေရဲ့ ၆နှစ်ကြာ လေ့လာ တွေ့ရှိမှု တွေဟာ HIV/AIDS ရောဂါကာကွယ်ဆေး ဖော်ထုတ်ရန်အတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်လို့ ကျန်းမာရေးဝန်ကြီး Witthaya Kaewparadai ကဘန်ကောင်မြို့တွင် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဤရောဂါစတင်ဖြစ်ပေါ်သော ၁၉၈ဝပြည်နှစ်တွေ […]